life

ဘေးမှာနေပြီး ဝေဖန်တာဟာ
အစွမ်းအစတွေကို ဆိတ်သုန်းစေတယ်။

ခင်ဗျားရဲ့ အနီးစပ်ဆုံးသမီးရည်းစား၊ လင်မယား၊မိဘတွေကကိုယ့်ကို judge မလုပ်ပဲကိုယ့်ရဲ့အရှိကို အရှိအတိုင်းလက်ခံပြီးကိုယ့်ရဲ့ဖြစ်တည်မှုအတွက်ထပ်တူဂုဏ်ယူတဲ့အခါခင်ဗျားဘဝ ပြောင်းလဲပြီ။ ဘေးမှာနေပြီး ဝေဖန်တာဟာအစွမ်းအစတွေကို ဆိတ်သုန်းစေတယ်။ Parenting မှာလဲ အဲ့လိုပဲစဉ်းစားတယ်။ဘာဖြစ်ရမယ်ဆိုတဲ့ expectation မရှိဘူး။ဘဝမှာ ပျော်ပျော်ရွင်ရွင်နဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ပဲလေ့ကျင့်ပေးထားဖို့ စဉ်းစားထားတယ်။ Phyo Paing @ Derek

ဘေးမှာနေပြီး ဝေဖန်တာဟာ
အစွမ်းအစတွေကို ဆိတ်သုန်းစေတယ်။
Read More »

Bad day

လူတိုင်းမှာ bad day ရှိတတ်ကြတယ်။ဒီ bad day ကြောင့် အကြည်ဓာတ်positive vibes လဲ ပျောက်ကောင်းပျောက်မယ်။ အဲ့ဒီအချိန် ဘာလုပ်သင့်လဲဆိုရင်တုန့်ပြန်ဖို့ react လုပ်တာကို လျော့ကြည့်ကြည့်။ အဲ့ဒီတစ်ရက်တာကို ပြန် သုံးသပ်ကြည့်။ပုံမှန်အားဖြင့် bad day ဆိုတာတစ်စုံတစ်ယောက်အပြုအမူကြောင့်ကိုယ့်စိတ်ခံစားမှုကို လွမ်းမိုးတာများတယ်။ ဒိီတော့ bad day ဖြစ်တဲ့ အခြေအနေကိုပြန်မေးကြည့်ကြည့်။ငါ ဒီက ဘာသင်ခန်းစာရသလဲ။နောက်တစ်ခါ ဒီလိုမဖြစ်အောင်ဘယ်လို ဥပဒေတွေ၊ အထာလေးတွေထားမလဲ။ ပုံမှန်တော့ mental toughness training တွေသေချာလုပ်ထားရင် ပြဿနာဘယ်လောက်ကြုံကြုံ သွေးမပျက်အေးဆေးလေး ဖြတ်သန်းနိုင်တယ်။ ဘယ်သူနဲ့ တွေ့ပြီးရင် ပြဿနာတွေဖြစ်တတ်လဲ။ဘယ်လို အလုပ်တွေလုပ်မိရင်ပြဿနာတွေ ပိုတက်တတ်လဲ ပြန်မေးကြည့်ပြီးကိုယ့်ရဲ့ ဘဝနေထိုင်မှုစနစ်ကိုပြင်သွားလို့ရတယ်။ Phyo Paing @ Derek

Bad day Read More »

မွေးကတည်းက သန်မာတာရှားတယ်။
ကိုယ့်ကို မသေစေတဲ့အရာက
သန်မာစေတဲ့အရာတွေဆိုတာ မှန်တယ်။

နှစ်ပေါင်းများစွာ စိတ်ညစ်ခဲ့ဖူးတယ်။စိတ်ဓာတ်ကျခဲ့ဖူးတယ်။ ကိုယ့်ကိုကိုယ် အပစ်တင်ခဲ့ဖူးတယ်။ ပြဿနာတစ်ခုခုကြုံလာတိုင်းဘယ်သူ့ပြေးအားကိုးရမှန်းမသိအကြိမ်ပေါင်းမနည်းဖြစ်ခဲ့ဖူးတယ်။ လုပ်နေတဲ့အလုပ်ကို ရပ်ပစ်ဖို့အကြိမ်တစ်ရာမက စဉ်းစားခဲ့ဖူးတယ်။ ငါလုပ်နေတာ ဟုတ်မှဟုတ်ရဲ့လား၊မှန်မှမှန်ရဲ့လား တွေဝေဒွိဟတွေအကြီးကြီးဖြစ်ခဲ့ဖူးတယ်။ ဝန်ထမ်းတွေ ကိုယ့်စကားနားမထောင်လို့စိတ်ညစ်တဲ့ရက်တွေ အများကြီးရှိခဲ့ဖူးတယ်။ ဆိုင်က အခိုးခံရတဲ့ CCTV ကိုပြန်ကြည့်ပြီး တော်တော်ဒေါသထွက်ခဲ့ဖူးတယ်။ အသည်းတွေ အကြီးအကျယ်ကွဲဖူးတယ်။အရက်ကို ရေလိုသောက်ဖူးတယ်။ လောင်းကစားကို ရေရေလည်လည်စွဲဖူးတယ်။ဘဝမှာ လမ်းတွေ အကြိမ်ကြိမ်ပျောက်ဖူးတယ်။ သေမလို ဆေးရုံနှစ်ခါတက်ဖူးသလိုဆေးမှားသောက်လို့ မျက်စိခြောက်လလောက်ကုခဲ့ဖူးတယ်။နားသိပ်မကြားရလို့ မန္တလေးက ဆရာဝန်ဦးကန်ညွန့်နဲ့ နှစ်နှစ်ကျော်ပြခဲ့ဖူးတယ်။ ငြိမ်းချမ်းခြင်းကိုလိုက်ရှာပြီးစမ်းချောင်းက Church ကျောင်း library မှာခြောက်လ လောက်နေဖူးတယ်။ ငွေအတိုးချေးပေးပြီး အလိမ်ခံရဖူးတယ်။စပ်တူလုပ်ပြီး ခွါပြဲဖူးတယ်။Social media ကို မသုံးတော့ဘူးဆိုပြီးအကြိမ်ကြိမ်စဉ်းစားခဲ့ဖူးတယ်။ မဖတ်တတ်တဲ့ စကားလုံးတွေများတော့dictionary နဲ့တစ်လုံးချင်းလိုက်ရှာစိတ်တွေ အကြိမ်ကြိမ်ညစ်ဖူးတယ်။ အတွေးအခေါ်မတူပဲ အမြဲစိတ်ညစ်ရလို့အသက်ကြီးရင် အမေနဲ့အတူမနေဖူးလို့ပြောပြီး အိမ်နဲ့ သုံးလလောက်အဆက်အသွယ် မလုပ်နေခဲ့ဖူးတယ်။ အဒေါ်တွေအိမ်ကပ်နေဖူးတယ်။အစ်ကို

မွေးကတည်းက သန်မာတာရှားတယ်။
ကိုယ့်ကို မသေစေတဲ့အရာက
သန်မာစေတဲ့အရာတွေဆိုတာ မှန်တယ်။
Read More »

ကျွန်တော့်ဘဝကို design လုပ်တဲ့
ပုံစံတစ်ခုရှိတယ်။

EACT လို့ အတိုကောက်မှတ်လို့ရတယ်။ 1. Emotion ဒါကတော့ နေ့စဉ် ဘယ်လို စိတ်ခံစားမှုတွေနဲ့ နေချင်လဲဆိုတာကိုအရင် စဉ်းစားသတ်မှတ်တာပဲဖြစ်တယ်။ နေ့စဉ် တိုးတက်မှု၊ ရင်ခုန်မှု၊အလုပ်ထဲစျာန်ဝင်မှု၊ အလုပ်အပေါ်ရူးသွပ်မှု၊တက်ကြွမှု၊ ပျော်ရွင်မှု၊ လွတ်လပ်မှုတွေနဲ့နေ့စဉ် ဖြတ်သန်းချင်တယ်။ ဒါကို habitual emotion လို့ခေါ်လို့ရတယ်။ 2. Activities ဒီ စိတ်ခံစားမှုတွေ နေ့စဉ်ခံစားရဖို့ ဘယ်လို အရာမျိုးတွေလုပ်နေမလဲစဉ်းစားကြည့်တယ်။ ဒီ activities တွေကိုချရေးတယ်။ လေ့လာမှုတွေလုပ်နေရရင်အတွေးအခေါ်အသစ်၊စမ်းသပ်မှုအသစ်၊ဖန်တီးမှုအသစ် ဒါတွေလုပ်နေရရင်ကို ပျော်နေတယ်။ 3. Creation ဒါဆို ဒီလုပ်ဆောင်မှုတွေပေါ်မူတည်ပြီး ဘယ်လို ဝန်ဆောင်မှုတွေ၊ ကုန်ပစ္စည်းတွေဖန်တီးမလဲ စဉ်းစားကြည့်တယ်။ဒီ product, service တွေကိုဖန်တီးတယ်။ 4. Target Customer နောက်တစ်ဆင့်က ဒီ ကုန်ပစ္စည်း၊ဝန်ဆောင်မှုတွေက ဘယ်သူတွေရဲ့ ပြဿနာကိုအကောင်းဆုံးဖြေရှင်းပေးနိုင်မလဲ၊ဒါမှမဟုတ် ဘယ်သူတွေကိုအကောင်းဆုံးအကျိုးပြုမလဲစဉ်းစားတယ်။

ကျွန်တော့်ဘဝကို design လုပ်တဲ့
ပုံစံတစ်ခုရှိတယ်။
Read More »

အခြေခိုင်ဖို့
အခြေခံတွေကို သေချာလုပ်ရမယ်။

ကိုယ့်မှာ သတ်မှတ်ထားတဲ့လိုအပ်တဲ့ အခြေခံ ငွေကြေးမဖူလုံရင်ထိန်းချုပ်ခံရမှာပဲ။ ငွေလိုနေရင် ကိုယ် service မပေးချင်တဲ့ဖောက်သည်မျိုးကိုလဲ ပေးရမှာပဲ။မကြိုက်တဲ့ အလုပ်မျိုးလဲလုပ်ရမှာပဲ။ရွေးချယ်စရာ များများစားစားမရှိဘူး။ တကယ်လို့ ကိုယ့်လုပ်ငန်းကBudgeting သေချာလုပ်ထားတယ်။စိုးရိမ်ပူပန်စရာမလိုရင်ကိုယ်သွားချင်တဲ့ လမ်းကြောင်းအေးအေးဆေးဆေး သွားလို့ရတယ်။ ဒါကြောင့် အခြေခိုင်ဖို့အခြေခံတွေကို သေချာလုပ်ရမယ်။ Phyo Paing @ Derek

အခြေခိုင်ဖို့
အခြေခံတွေကို သေချာလုပ်ရမယ်။
Read More »

နေ့တိုင်းက စာမေးပွဲသေးလေးတွေပဲ။

ကိုယ့်အိမ်မက်ကို ဘယ်လောက်ဇွဲရှိရှိ အကောင်အထည်ဖော်နေလဲ။ ကိုယ့်စိတ်ကို ဘယ်လောက်ထိန်းနိုင်လဲ။ဘယ်လောက် စည်းကမ်းရှိသလဲ။ဘယ်လောက် ဒူပေဒဏ်ပေခံသလဲ။ ဘယ်လောက် တိုးတက်အောင်လုပ်နေသလဲ။ဘယ်လောက် အမြင်မှန်နဲ့ ဘဝကို ဖြတ်သန်းသလဲ။ ဒီ small test လေးတွေက ဘဝ အမှတ်ပေးစာမေးပွဲကို အဆုံးအဖြတ်ပေးတဲ့ အရာပဲ။ အပျင်းထူ၊ အစားကြီး၊ ဘဝကြီးကို ဒီအတိုင်းဖြတ်သန်းတာကတော့လူပိန်းတိုင်း ဖြတ်သန်းနိုင်တယ်။ ပျော်ရွင်မှုဆိုတာ relative ဖြစ််တယ်။ မယုံရင် အလုပ်ကို ပိုးစိုးပက်စက်လုပ်တစ်ပတ်လောက်လုပ်ပြီးနှစ်ရက်လောက်နားကြည့် ဘယ်လောက်အရသာရှိလိုက်သလဲ။ ဒီအတိုင်း အမြဲတမ်းအနားယူနေတာထက်ပိုသာယာတာကို တွေ့လိမ့်မယ်။ Phyo Paing @ Derek

နေ့တိုင်းက စာမေးပွဲသေးလေးတွေပဲ။ Read More »

ကိုယ့်ကိုကိုယ်
ဒုက္ခရောက်စေတဲ့အရာတွေ
သတိထား ရှောင်ဖို့လိုတယ်။

ကျွန်တော်စဉ်းစားတဲ့ ပုံစံကရှင်းတယ်။ ၂၀၅၀ နဲ့အထက်ထိ ဘယ်သူ သက်လုံကောင်းမလဲ။ တချို့လဲ အဲ့အချိန်ရှိချင်မှ ရှိတော့မယ်။ တချို့လဲ အို၊ နာ၊ ကျိုး၊ ကန်းဖြစ်ချင်ဖြစ်နေမယ်။ တချို့လဲ အဲ့အချိန်ထိ ကျန်းမာသန်စွမ်းနေအုံးမယ်။၂၀၅၀ ဆို ကိုယ်လဲ မသေသေးရင်အသက် ၆၀ လောက်ရှိပြီ။ အဲ့အချိန် ကိုယ်ချစ်တဲ့သူတစ်ချို့လဲမရှိတော့ဘူး။ကိုယ်မုန်းတဲ့သူ တချို့လဲမရှိတော့ဘူး။ကိုယ့်ကိုမုန်းတဲ့သူတချို့လဲရှိချင်မှ ရှိတော့မယ်။ကိုယ်လဲ ရှိချင်မှ ရှိတော့မယ်။ သေချာတယ် မသေသေးရင်၊accident မဖြစ်ခဲ့ရင်၊ lifestyle အပိုင်းက ကိုယ် ထိန်းချုပ်လို့ရတယ်။ နိုင်ငံခြားမှာတော့ ၇၅ လောက်ကို ဗလတွေနေဲ့ မိုက်နေတုန်း။ ဘဝဆိုတဲ့ထဲက အရှင်တော့ထွက်လို့မရတာ သေချာတယ်။ အရှင်ထွက်မရတဲ့ ဘဝထဲကတော့မသေခင် ကျန်းမာပြီးဒူပေဒါပေခံဖို့လိုတယ်။ ဒီတော့ ကိုယ့်ကိုကိုယ် ဒုက္ခရောက်စေတဲ့အရာတွေသတိထား ရှောင်ဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ်
ဒုက္ခရောက်စေတဲ့အရာတွေ
သတိထား ရှောင်ဖို့လိုတယ်။
Read More »

Mind + Matter

ပါးစပ်ထဲ အမှိုက်တွေထည့်လိုက်ရင်အမှိုက်ခန္ဓာကိုယ်ကြီးဖြစ်သွားသလိုခေါင်းထဲ အမှိုက်တွေထည့်လိုက်ရင်အမှိုက်တွေနဲ့ပြည့်တဲ့ ဘဝပဲဖြစ်လာမှာ။ စိတ်သွားတိုင်း ကိုယ်ပါနိုင်ဖို့စိတ်ဓာတ်ရေးရာလဲ နေ့စဉ်training ဆင်းရသလိုကိုယ်ခန္ဓာအတွက်လဲ နေ့စဉ်training ဆင်းဖို့လိုတယ်။ Mind + Body အတွက် ဘာတွေ input လုပ်လဲ သေချာဂရုစိုက်ဖို့လိုတယ်။ Mind + Matter Phyo Paing @ Derek

Mind + Matter Read More »

အချိန်က အဆုံးအဖြတ်ပေးမှာပဲ။

2030 ရောက်တဲ့အချိန်တချို့တွေ အသက်ရှင်ချင်မှရှင်တော့မယ်။အခု စင်ပေါ်ရောက်နေတဲ့လုပ်ငန်းတွေလဲအဲ့အချိန်စင်ပေါ်မှာရှိချင်မှရှိတော့မယ်။ကိုယ့် competitor လို့သတ်မှတ်ထားတဲ့သူတွေလဲ အဲ့အချိန်ရှိချင်မှရှိတော့မယ်။ 2040 မှာလဲ ပြောင်းလဲသွားမှာပဲ။ အလားတူပဲ 2050. ကိုယ်ကြည့်မရတဲ့သူတွေလဲအဲ့အချိန်ရှိချင်မှ ရှိတော့မယ်။ ကိုယ့်ကို ဖောင်းထုထားတဲ့ကောင်တွေလဲအဲ့အချိန် ကိုယ့်ပရိသတ်ဖြစ်ရင်ဖြစ်နေပြီ။ Accident နဲ့ တခြားအကြောင်းကြောင့်မဟုတ်ရင် စိတ်နဲ့ ကိုယ်ကျန်းမာရေးဂရုစိုက်ပြီးနေ့တိုင်း Training ဆင်းနေဖို့လိုတာပဲ။ ဒီခရီးက ဘယ်သူ စိတ်ပိုမာသလဲ။ဒူပဒေါပေခံသလဲ။ ဘယ်သူစိတ်မှတ်ပိုရှိသလဲ။ ဘယ်သူ ဥာဏ်ပိုရှိသလဲ။ ကစားပွဲတစ်ခုပဲ။ အချိန်က အဆုံးအဖြတ်ပေးမှာပဲ။ Phyo Paing @ Derek

အချိန်က အဆုံးအဖြတ်ပေးမှာပဲ။ Read More »

ဘဝပြည့်စုံမှုဆိုတာ

လူတွေက ပြီးပြည့်စုံမှုကိုရဖို့တခြားလူတွေဆီကလိုက်ရှာတယ်။ရုပ်ဝတ္ထုပစ္စည်းတွေက လိုက်ရှာတယ်။ဂုဏ်တွေ ငွေတွေက လိုက်ရှာတယ်။နောက်ဆုံး ရလေလိုလေဖြစ်လာတယ်။ ငွေရှာတာ မကောင်းဘူးပြောတာမဟုတ်ဘူး။ငွေတစ်ခုတည်းနဲ့ ဘဝပြည့်စုံမှုကိုမရဘူး။ဘဝပြည့်စုံမှုဆိုတာ ကိုယ့်ရဲ့စိတ်တွင်းမှာပဲရှိတယ်။ တစ်ယောက်တည်းမပျော်သမျှနှစ်ယောက်လဲပျော်ဖို့ မလွယ်ဘူး။ Phyo Paing @ Derek

ဘဝပြည့်စုံမှုဆိုတာ Read More »