life

စမှတ် မတူလို့ စိတ်ဓာတ်မကျပါနဲ့။

လူတိုင်းမှာ ဘဝ စမှတ်ချင်းမတူကြဘူး။တချို့တွေက အားသာမှုတွေနဲ့မွေးကြတယ်။တချို့က ချမ်းသာတဲ့မိသားစုကပေါက်ဖွားတယ်။တချို့က ပညာတတ်မိသားစုက။တချို့က ငယ်ငယ်က ကျောင်းကောင်းကောင်းတတ်ရတယ်။တချို့ကလဲ ဘဝပေးကံ မကောင်းခဲ့ဘူး။ ဘဝပေးကံဆိုတာ ပေးထားချက်ပဲ။ ပေးထားချက် ပုစ္ဆာပေါ်မူတည်ပြီးသွားချင်တဲ့ပန်းတိုက်ရောက်အောင်သွားနိုင်တာက ပညာပဲ။ တချို့က လုပ်ငန်းစကတည်းက အိမ်က သိန်းသောင်းဂဏန်းထုတ်ပေးတာလဲရှိမယ်။တချို့က ချေးငှါးပြီးစရတာလဲရှိမယ်။အတွေ့အကြုံတွေမတူကြဘူး။ ဒါကလဲ ပြောသလောက်အရေးမကြီးဘူး။ လူအများစုက သူကတော့ ဝတ်ကောင်းစားလှနဲ့ ဓာတ်ပုံလှလှရိုက်ကားကောင်းကောင်းနဲ့ အိမ်ကောင်းကောင်းမှာနေတယ်။သူပျော်နေမှာပဲလို့ ဘေးလူအမြင်နဲ့မြင်တယ်။ ကိုယ့်ဘေးမှာ supermodel ငါးယောက်လောက်ဝိုင်းနေပြီးbeach မှာ လေပြည်လေးခံနေပေမယ့်ဗိုက်အောင့် ဝမ်းလျှောနေတဲ့အခါ သာယာမှုဆိုတဲ့ experience ခံစားဖို့မလွယ်ကူဘူး။ ဘဝဆိုတာ အဲ့လိုပဲ။ Supermodel ငါးယောက်နဲ့ သာယာနေတာပဲအပြင်လူတွေက မြင်ကောင်းမြင်မယ်။ဗိုက်အောင့်ဝမ်းလျှောနေတာ မြင်ချင်မှ မြင်လိမ့်မယ်။ ဒါကြောင့် စမှတ်တွေမတူတဲ့အတွက်နှိုင်းယှဉ်ပြီး ဘဝကို အပြစ်မပုံချလိုက်မိဖို့လိုတယ်။စမှတ်ကို ကိုယ်သတ်မှတ်လို့မရပေမယ့်ဆုံးမှတ်ကိုတော့ ကိုယ်ထိန်းချုပ်လို့ရနိုင်တယ်။ Phyo Paing @ Derek

စမှတ် မတူလို့ စိတ်ဓာတ်မကျပါနဲ့။ Read More »

အလုပ်လုပ်တဲ့အခါ
ကိုယ့် orgnanization ရဲ့
core values ကို
လေ့လာပါ။

Core Values ဆိုတာ လုပ်ငန်းရဲ့ဝိညာဉ်ပဲ။မှန်တယ်မှားတယ်ကိုဒီ core values က ဆုံးဖြတ်ပေးတယ်။ ဘယ်လို စိတ်နေစိတ်ထားနဲ့အလုပ်လုပ်မယ်ကို ဒီ core values ကလမ်းပြပေးတယ်။ Core Values ဆိုတာ လုပ်ငန်းကို ဦးဆောင်၊ တည်ထောင်သူရဲ့ personal values တွေကို reflect လုပ်တယ်။ ကျွန်တော်တို့ Team ထဲလာမယ်ဆိုရင်Customer first ဖြစ်ရမယ်။ကတိတည်ရမယ်။ Move fast ဖြစ်ရမယ်။ မြန်ရမယ်။အလုပ်ကို ဇိမ်ခံပြီး လုပ်နေလို့မရဘူး။ Work hard ဖြစ်ရမယ်။ အလုပ်ကို ပိုးစိုးပက်စက်လုပ်ရမယ်။work-life balance ဆိုတာ မရှိဘူး။Work is life ပဲ။ တကယ်လို့ work-life balance ဆိုရင်ရွေးချယ်စရာအလုပ်တွေအများကြီး။ကိုယ်လဲ အဲ့လိုပဲနေတယ်။Work-life balance ပေးနိုင်တဲ့MNC လဲ

အလုပ်လုပ်တဲ့အခါ
ကိုယ့် orgnanization ရဲ့
core values ကို
လေ့လာပါ။
Read More »

Personal, Private, Public
ကျွန်တော်တို့မှာ
ဘဝသုံးခုရှိတယ်။

တစ်ခုက Personal ကိုယ်တွေးတာ၊ ခံစားရတာ ကိုယ်ပဲသိတယ်။ နောက်တစ်ခုက Private ကိုယ်တွေးတာ၊ ခံစားတာ၊ လုပ်ဆောင်တာ၊ကန့်သတ်စည်းအတွင်းဝင်ခွင့်ရတဲ့လူတစ်စုသိထားတဲ့ ဘဝ။ နောက်တစ်ခုက Public လူအများစုတွေ့မြင်ပုံဖော်တဲ့ကိုယ့်ရဲ့ဘဝ။ အရေးအကြီးဆုံးက ကိုယ့်ရဲ့Private Life ကို access ပေးတဲ့သူအရမ်း အရေးကြီးတယ်။ ကိုယ့်ကို အမှန်တကယ်နားလည်စေတနာထားတဲ့ဖြစ်ဖို့လိုတယ်။တကိုယ်ကောင်းဆန်ပြီး တစ်ဖက်သတ်အမြတ်ထုတ်ဖို့ပဲ မစဉ်းစားတဲ့သူဖြစ်ဖို့ အရေးကြီးတယ်။ Phyo Paing @ Derek

Personal, Private, Public
ကျွန်တော်တို့မှာ
ဘဝသုံးခုရှိတယ်။
Read More »

Good life

Rule 1 – မနှိုင်းယှဥ်ပါနဲ့။ သူများနဲ့ နှိုင်းယှဥ်တဲ့အခါ ကိုယ့်ကိုကိုယ် express လုပ်ဖို့ မေ့သွားတတ်တယ်။ လူတစ်ယောက်နဲ့တစ်ယောက်သွားတဲ့လမ်းကြောင်း Career inspiration နဲ့ Dream တွေ၊ Talent တွေမတူတဲ့အတွက် ကိုယ်နဲ့တစ်ခြားသူနဲ့ မနှိုင်းယှဥ်ပါနဲ့. Rule 2 – ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့။ တစ်ခုခုအမှားလုပ်မိတိုင်း ကိုယ့်ကိုကိုယ်အပြစ်တင်ဖူးလား။ ကျွန်တော်ငယ်စဥ်အခါက အမြဲအပြစ်တင်ဖူးတယ်။ ဒါက အကျင့်ကြီးတစ်ခုလိုဖြစ်လာခဲ့ဖူးတယ်။ နောက်တော့ ကိုယ့်ကိုကိုယ်ချစ်တဲ့စိတ်နဲ့ပဲကြည့်တယ်။ ခွင့်လွတ်တယ်။ အားပေးတယ်။ အပြစ်တင်မည့်အစား သင်ခန်းစာယူတယ်။ Rule 3 – ကိုယ့်ကိုကိုယ်သိအောင်လုပ်ပါ။ ဆယ်ကျော်သက်အရွယ်က ကိုယ့်ကိုကိုယ်သိဖို့ မလွယ်သေးဘူး။ Self-awareness လို့ဆိုပါတော့။ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်၊ ကိုယ့်ကို motivated ဖြစ်အောင်လုပ်ပေးတဲ့ drive နဲ့ inspiration

Good life Read More »

ဘဝ နောက်ပြန်လည့်ကြည့်ရင်
ပြင်ချင်စရာ မရှိဘူးလို့တောင်
ပြောရမယ်။

ဘာကြောင့်လဲဆိုတော့ ဘဝမှာ လက်ကိုင်ထားပြီးနေ့စဉ်အမြဲ update လုပ်နေတဲ့ဘဝနေထိုင်မှု ဥပဒေသတွေကြောင့်ပဲ။ ဒါကတော့ တစ်ခုခု ဆုံးဖြတ်ချက်ချစရာရှိရင်လုပ်မလား၊ မလုပ်ဘူးလား။တွေဝေမနေနဲ့။တွေဝေနေလို့ပဲ ဆုံးဖြတ်ချက်ပိုကောင်းလာမှာ မဟုတ်ဘူး။ စဉ်းစားနည်းစနစ်ကို အသုံးပြုချက်ချင်းဆုံးဖြတ်ချက်ချ။ နောက်တစ်ခုက အချိန်ကို အလဟဿ မဖြုန်းနဲ့။ အလုပ်ကို ပိုးစိုးပက်စက်လုပ်၊ နားရင် ပိုးစိုးပက်စက်နား။ အနားယူဖို့ plan လုပ်မနေနဲ့ပင်ပန်းတယ်ထင်ရင် နားလိုက်။ပြန်ကောင်းရင် အလုပ်ကိုပိုးစိုးပက်စက်ပြန်လုပ်။ ဘဝမှာ ကိုယ်တိုင်ထားတဲ့ personal rules တွေအရေးကြီးတယ်။ Phyo Paing @ Derek

ဘဝ နောက်ပြန်လည့်ကြည့်ရင်
ပြင်ချင်စရာ မရှိဘူးလို့တောင်
ပြောရမယ်။
Read More »

ငယ်ငယ်က ကိုယ်လိုချင်တာတွေနောက် လိုက်တယ်။

ကြီးလာတော့ ကိုယ်လိုချင်တာတွေ ကိုယ့်နောက်လိုက်လာဖို့ပဲကိုယ့်ကိုကိုယ် တည်ဆောက်တော့တယ်။လူတွေနောက် လိုက်ရတာမောတယ်။ Phyo Paing @ Derek

ငယ်ငယ်က ကိုယ်လိုချင်တာတွေနောက် လိုက်တယ်။ Read More »

Self-discipline

ကိုယ့်စိတ်ကို ထိန်းချုပ်ပြီးလိုရာပန်းတိုင်ရောက်ဖို့အရေးအကြီးဆုံးစကားလုံးဖြစ်တယ်။ဝိတ်ပဲ ချချ၊ဘာသာစကားပဲ လေ့လာလာ၊အတတ်ပညာတစ်ခုပဲ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်အောင်လုပ်လုပ် အရေးအကြီးဆုံး စကားလုံးဖြစ်တယ်။ကိုယ့်စိတ်ကိုယ်နိုင်ဖို့အရေးကြီးတယ်။ Phyo Paing @ Derek

Self-discipline Read More »