life

ဘဝကိုနေ့စဉ် အဓိပ္ပာယ်ရှိစေတဲ့အရာ
တစ်ခုတည်းကိုပြောပါဆို
“စမ်းသပ်မှု” ပဲ ဖြစ်တယ်။

စမ်းသပ်မှုတွေက “တွေ့ရှိမှု” အသစ်တွေဖြစ်တယ်။ တွေ့ရှိမှုက “နားလည်မှု” တွေဖြစ်လာတယ်။ ဒီ Experiment 🧪 ဒီ Discovery 💡 နဲ့ဒီ Insight တွေ ဟာ ဘဝကို နောက်တစ်ဆင့်တွန်းပို့ပေးတယ်။ လူကြောက်လေးတစ်ယောက်ကလူပေါင်းသင်းတတ်ဖို့ လေ့လာပြီးနည်းစနစ်တွေကို စမ်းကြည့်တယ်။ဒီကမှတစ်ဆင့် ပေါင်းသင်းဆက်ဆံရေးကောင်းသူဖြစ်လာခဲ့တယ်။ လူရှေ့သူရှေ့မှာ နာရီပေါင်းများစွာပြောတတ်ဖို့ စမ်းသပ်မှုတွေလုပ်ခဲ့တယ်။နောက်ပိုင်း လူရှေ့သူရှေ့ဟောပြောကျွမ်းကျင်တဲ့သူဖြစ်လာတယ်။ မြန်မာစကားကောင်းကောင်းမပြောတတ်တာကိုဥပစာနဲ့ ပုံပြင်တွေနဲ့ စာတိုတိုအတွင်းပေးချင်တဲ့ message ရောက်အောင်ပေးဖို့ စာရေးနည်းသစ် စမ်းသပ်ခဲ့တယ်။Content Marketing ကို ကွဲထွက်တဲ့ပုံစံနဲ့ မျှဝေလို့ရလာတယ်။ Website ကနေ ဝင်ငွေဖန်တီးဖို့စမ်းသပ်တယ်။တခြားသူတွေကို ပြန်ကူညီပေးနိုင်တယ်။ Coaching/Consulting ကို စွယ်စုံသိထားတဲ့ အသိပညာနဲ့ပေါင်းစပ်ပြီးတစ်ရက် client သုံးယောက်ကို 100% Online ကနေ ပေးနိုင်ဖို့ Derek’s Brain on Demand […]

ဘဝကိုနေ့စဉ် အဓိပ္ပာယ်ရှိစေတဲ့အရာ
တစ်ခုတည်းကိုပြောပါဆို
“စမ်းသပ်မှု” ပဲ ဖြစ်တယ်။
Read More »

သိပ်ပြောင်းလဲသွားတယ်။

ကျွန်တော့်သူငယ်ချင်းတွေပြောတယ်ဖြိုးပိုင်မင်းသိပ်ကိုပြောင်းလဲသွားတယ်။မှန်ပါတယ်။ ကျွန်တော် Dr Joe Dispenza ရေးတဲ့Breaking the habit of being yourselfစာအုပ်ကို ၂၀၁၃ မှာ ဖတ်ရတယ်။ဒါနဲ့ပတ်သက်လို့ status တစ်ခုတင်ဖူးတယ်။အဲ့အချိန်မှာ အသိတစ်ယောက်ကမဖြစ်နိုင်ဘူးပြောတယ်။ အဲ့ဒီနောက်ပိုင်း အသုံးချစိတ်ပညာ၊ Personalityသေချာလေ့လာဖြစ်တယ်။CBT, NLP, EFT, Reiki, Hypnosis, NAC,Quantum Healing, performance coaching,MBTI, DISC, Disc plus, WD, etc…အစရှိတာတွေပါတယ်။ သက်ဆိုင်ရာစာအုပ်တော်တော်များများလည်းဖတ်ဖြစ်တယ်။ ကိုယ်တိုင်အသုံးချတယ်။ အောင်မြင်တယ်။မားကတ်တင်းကလည်းဒါတွေနဲ့ဆက်စပ်နေတယ်။Marketing & Business Coaching အပြင်Instructional design နဲ့ လူတွေကိုအပြောင်းလဲလုပ်ပေးဖို့ elearning methodology တွေလေ့လာဖြစ်တယ်။ ကိုယ့်ကိုကိုယ်အပြောင်းအလဲ လုပ်လိုသူတွေကိုLife Coaching လုပ်ပေးတယ်။ခုနောက်ပိုင်း sustainable ပိုဖြစ်အောင်One-to-One နဲ့ Group Coachingတွေပဲစဖြစ်တော့တယ်။ဒီခေတ်မှာ

သိပ်ပြောင်းလဲသွားတယ်။ Read More »

နေ့ရက်တိုင်း အဓိပ္ပာယ်ရှိဖို့
နေ့ရက်တိုင်းကို စုဗူးတစ်ခုလို
စဥ်းစားကြည့်ပါ။

နေ့ရက်တိုင်းက ကိုယ့်အတွက်စုဗူးပဲ။ ပညာစုတယ်။ ငွေစုတယ်။ Asset စုတယ်။ ကုသိုလ်စုတယ်။ Relationship အတွက်စုတယ်။ ကျန်းမာရေးစုတယ်။ နေ့ရက်တိုင်းက အဓိပ္ပာယ်ရှိဖို့နေ့ရက်တိုင်းကို စုဗူးတစ်ခုလိုစဥ်းစားကြည့်ပါ။ Phyo Paing @ Derek

နေ့ရက်တိုင်း အဓိပ္ပာယ်ရှိဖို့
နေ့ရက်တိုင်းကို စုဗူးတစ်ခုလို
စဥ်းစားကြည့်ပါ။
Read More »

ဘဝမှာ အလုပ်လုပ်တာ level
တစ်ခုရောက်လာတာနဲ့အမျှ
သာမာန်ပြဿနာ BS တွေက
ဆေးမတိုးတော့ဘူး။

တော်ရုံကိစ္စမျိုးက ကိုယ့်ကိုစိတ်ကသိကအောင်ဖြစ်အောင်မလုပ်နိုင်သလို၊ပြဿနာတော်တော်များများကကိုယ့်ထက်သေးသွားတယ်။ ဘာကြောင့်လဲဆိုတော့ အရင် ပြဿနာပေါင်းစုံကိုဖြေရှင်းခဲ့တဲ့ အတွေ့အကြုံရှိလို့။ပြဿနာတွေကို လက်ခံအနိုင်ယူ ဖြေရှင်းဖို့လိုတယ်။ Phyo Paing @ Derek

ဘဝမှာ အလုပ်လုပ်တာ level
တစ်ခုရောက်လာတာနဲ့အမျှ
သာမာန်ပြဿနာ BS တွေက
ဆေးမတိုးတော့ဘူး။
Read More »

ဒုက္ခရောက်တဲ့အချိန် ကိုယ်ကပြဿနာကို ဘယ်လို တုန့်ပြန်လဲပေါ်မူတည်ပြီး ဘဝရဲ့ trajectory တွေကွာသွားတယ်။

လူတွေကို အပြောင်းအလဲဖြစ်စေတာ ပျော်တဲ့အချိန်မဟုတ်ဘူး။ စိတ်ညစ်တဲ့အချိန်။ ဒုက္ခရောက်တဲ့အချိန် ဖြစ်တယ်။ အဲ့ဒီအချိန်မှာ ကိုယ်ကပြဿနာကိုဘယ်လို တုန့်ပြန်လဲပေါ်မူတည်ပြီးဘဝရဲ့ trajectory တွေကွာသွားတယ်။ကိုယ်ဒုက္ခလှလှတွေ့ပြီဆို ဒုက္ခကိုအရင်ရှင်းပြီး ဘဝထဲ လှလှကို ခေါ်သွားဖို့လိုတာပဲ။ Phyo Paing @ Derek

ဒုက္ခရောက်တဲ့အချိန် ကိုယ်ကပြဿနာကို ဘယ်လို တုန့်ပြန်လဲပေါ်မူတည်ပြီး ဘဝရဲ့ trajectory တွေကွာသွားတယ်။ Read More »

ဘဝမှာ သုညကပြန်စခဲ့ရလို့
အကုန်ရှုံးသွားရင်တောင် အရင်းပဲ။

သုံးတန်းပြီးတော့ ဘဝတစ်ဆစ်ချိုးတယ်။အိမ်က သစ်စက်၊ ကုန်ကား၊ ကျောက်စီးပွါးအကုန်ပျက်တယ်။မူးယစ်ဆေးဝါးရဲ့ အန္တရာယ်နားလည်သွားတယ်။ဆရာမတွေ မျက်နှာသာပေးနေရာကနေမျက်နှာမွဲဖြစ်သွားတဲ့အခါ ဘဝရဲ့ပထမ သင်ခန်းစာကိုသင်ခဲ့ရတယ်။ လေးတန်းကစပြီး အမေနဲ့သူ့မွေးရပ်မြေလိုက်သွားတယ်။ဆရာမအလုပ်ထွက်ပြီး စျေးစရောင်းတော့သားအကြီးဖြစ်တဲ့အတွက် အထုပ်တွေစျေးထဲပို့စျေးထဲမှာ စျေးရောင်းပြီးကြီးတယ်။ဒါကြောင့် မြင်းခေါင်းစွပ်ကြယ်၊ပုဆိုးတွေနဲ့ ကုန်ပစ္စည်းစျေးတော်တော်များများဘယ်နှစ်ခုနှစ် ဘယ်လောက်ပြောင်းသွားလဲစျေးတွေပါ အကုန်မှတ်မိနေတယ်။ ငယ်ကတည်းက စီးပွါးရေးကလုပ်ချင်တော့ဝေဖာမှာပါတဲ့ ပါဝါရိမ်းကျားအရုပ်တွေရောင်းတာ၊နည်းလမ်းပေါင်းစုံနဲ့ ဝယ်ရောင်းလုပ်လိုက်ကျောင်းပြေးလိုက်နဲ့ နောက်ထိန်းမရတာနဲ့ မန္တလေးအဆောင်ပို့လိုက်တယ်။ အဆောင်ပြီး ဆေးတက္ကသိုလ်တက်တော့လဲဂိုက်သင်၊ သူငယ်ချင်းနဲ့ပေါင်းတရုတ်ကပစ္စည်းတင်သွင်းနောက် website လေးတွေလုပ်ပစ္စည်းတွေရောင်းရင်း Linux tablet ကိုမြန်မာ font ထည့် အကုန်ရင်းလိုက်တော့မှန်းချက်နဲ့ နှမ်းထွက်မကိုက်ပဲ စီးပွါးရေးပညာကို စနစ်တကျလေ့လာမယ်ဆိုပြီးဖြစ်လာခဲ့တယ်။ Ofqual ABE Level 6 Diploma ကိုလေးလနဲ့ အပြတ်ဖြတ်ပြီးတော့MBA တက်ရင်း၊ MNC မှာအလုပ်လုပ်ရင်း၊ဆိုင်လဲဖွင့်ရင်း၊ part-time လဲ marketing လဲစာပြန်သင်အောက်သက်ကျေဖို့ အချိန်တစ်ခုပေးခဲ့တယ်။ အလုပ်လေးခုလောက်လုပ်တယ်။ ဘဝရဲ့

ဘဝမှာ သုညကပြန်စခဲ့ရလို့
အကုန်ရှုံးသွားရင်တောင် အရင်းပဲ။
Read More »

ကိုယ့်ဘဝ ကိုယ်နဲ့ ၁၀၀% ဆိုင်တဲ့အတွက်
ကိုယ့်ကိုကိုယ် တာဝန်ယူဖို့လိုတယ်။

ကိုယ့်ထက် အခြေနေဆိုးတွေကြားထဲဖြတ်သန်းလာတဲ့ ပလိပ်ရောဂါ၊အနူ အနာကြီးရောဂါ၊ အစုလိုက်အပြုံလိုက်ညင်းပန်း အသတ်ခံရတဲ့ concentration camp ထဲကလူတွေတောင် ပြန်ထွက်လာပြီးအတွေ့အကြုံတွေ ကမ္ဘာကြီးကိုပြန်ပြောပြနိုင်ခဲ့တယ်။ ဆောင်းအေးအေး ခေါင်းပေါ်ရေအေးစက်ချညှင်းပန်းနှိပ်စက်ခဲ့တဲ့ ဖက်စစ်တွေနဲ့နေမဝင်အင်ဘာယာတည်ဆောက်ခဲ့တဲ့အင်္ဂလိပ်တွေကို ခုခံတုန့်ပြန်ခဲ့ပြီးလွတ်လပ်ရေးရအောင် ယူခဲ့တဲ့ဗိုလ်ချုပ်သာဆိုလဲ အဲ့လိုပြောမှာပဲလို့ထင်တယ်။ Phyo Paing @ Derek

ကိုယ့်ဘဝ ကိုယ်နဲ့ ၁၀၀% ဆိုင်တဲ့အတွက်
ကိုယ့်ကိုကိုယ် တာဝန်ယူဖို့လိုတယ်။
Read More »

ဘဝဆိုတာ ဒုက္ခသစ္စာနဲ့ ကင်းလို့်မရတဲ့
အတွက် ပြဿနာတိုင်းအောက်မှာ
မြုပ်ခံမလား၊
ပြဿနာတွေကို အားယူ
လှေကားထစ်လုပ် ပြန်တက်မလား။

အိမ်မှာ သုံးမရတဲ့ ၇၅ ကျပ်တန်တွေတွေ့တော့အဖွားကို ငယ်ငယ်ကမေးခဲ့ဖူးတယ်။မျက်ရည်ဝဲဝဲနဲ့ ဖြေရှာတယ်။ ဒုက္ခဆိုတာ ဒီနေ့ခေတ်မှကြုံတာမဟုတ်ဘူး။ဦးနေဝင်းလုပ်လို့ နောက်နေ့မနက်ပြည်သူပိုင် သိမ်းခံရလို့ရူးမတတ်ဖြစ်ပြီး ရပ်သွားတဲ့သူတွေရှိသလိုသင်ခန်းစာယူ အသစ်ပြန်စနေရာတစ်ခု အခြေချသူတွေရှိတယ်။ ဘဝဆိုတာ ဒုက္ခသစ္စာနဲ့ ကင်းလို့်မရတဲ့အတွက် ပြဿနာတိုင်းအောက်မှာမြုပ်ခံမလား၊ပြဿနာတွေကို အားယူလှေကားထစ်လုပ် ပြန်တက်မလား။ 2022 ရဲ့ goal က limitless stoic တစ်ယောက် ဖြစ်လာဖို့ဖြစ်တဲ့အတွက်ဒုတ်ပြီးဓားပြီးဖြစ်သလိုစိတ်ညစ်စရာ BS တွေ proof ဖြစ်ဖို့နေ့စဉ် ကိုယ့်ကိုကိုယ်Mentally, Physically လေ့ကျင့်နေတယ်။ 2030 လောက်အတွက်ပဲ စဉ်းစားထားလိုက်တယ်။ Phyo Paing @ Derek

ဘဝဆိုတာ ဒုက္ခသစ္စာနဲ့ ကင်းလို့်မရတဲ့
အတွက် ပြဿနာတိုင်းအောက်မှာ
မြုပ်ခံမလား၊
ပြဿနာတွေကို အားယူ
လှေကားထစ်လုပ် ပြန်တက်မလား။
Read More »

လူအများစုက စာဖတ်ကြတယ်။
ဒါပေမယ့်စာအုပ်ကပေးချင်တဲ့
Central idea မရသွားကြဘူး။

ဥပမာ ဆင်းရဲဖေဖေ၊ ချမ်းသာဖေဖေRich Dad Poor Dad ဖတ်ဖူးလားဆိုဖတ်ဖူးတယ်။သူ့ရဲ့ central idea ဘာလဲ၊စာရေးဆရာက ဘယ်လိုရေးထားသလဲဆိုခေါင်းကုတ်တတ်ကြတယ်။ Think and Grow Rich ဆိုလဲဆရာရွှေဥဒေါင်းရေးတာ ဖတ်ဖူးတာပေါ့။ဒါဆို central idea ဘာလဲဆိုအင်းအင်းအဲအဲ ဖြစ်တတ်တယ်။ အဲ့လိုပဲကိုယ်နေ့စဉ်လုပ်နေတဲ့အလုပ်မှန်မမှန် ပြန်လည်သုံးသပ်တဲ့အချိန်လိုတယ်။ Phyo Paing @ Derek

လူအများစုက စာဖတ်ကြတယ်။
ဒါပေမယ့်စာအုပ်ကပေးချင်တဲ့
Central idea မရသွားကြဘူး။
Read More »