စိတ်ကသိကအောင့်ဖြစ်စရာ
ဒဏ်ရာတွေအတွက်
ဖြေဆေးတစ်ခု
စိတ်ကသိကအောင့်ဖြစ်စရာဒဏ်ရာတွေအတွက်ဖြေဆေးတစ်ခုကကျေးဇူးတင်စိတ်နဲ့လွတ်ချတတ်တဲ့စိတ်ပဲ။ Phyo Paing @ Derek
စိတ်ကသိကအောင့်ဖြစ်စရာ
ဒဏ်ရာတွေအတွက်
ဖြေဆေးတစ်ခု Read More »
စိတ်ကသိကအောင့်ဖြစ်စရာဒဏ်ရာတွေအတွက်ဖြေဆေးတစ်ခုကကျေးဇူးတင်စိတ်နဲ့လွတ်ချတတ်တဲ့စိတ်ပဲ။ Phyo Paing @ Derek
စိတ်ကသိကအောင့်ဖြစ်စရာ
ဒဏ်ရာတွေအတွက်
ဖြေဆေးတစ်ခု Read More »
ပျက်နေရင်ပြင်။ဒရွတ်တိုက်မသွားနဲ့။ ကိုယ်တစ်ယောက်တည်းမဟုတ်တဲ့အခါပြင်လို့မရတဲ့အရာတွေရှိတယ်။ အမြင်သာဆုံးကတော့အချစ်ရေးမှာ relationshipစီးပွားရေးမှာ partnership သွားနေတဲ့လမ်းကြောင်းကကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရေရှည်မရောက်စေနိုင်လောက်ဘူးဆိုရင်၁။ တစ်ဖက်လူကိုပြင်၂။ ပြင်လို့မရရင်ပြောင်း၃။ ပြောင်းလိုမရတော့ရင် ကိုယ့်အတွေးကိုယ်ပြင်၄။ ဒီသုံးခုမဟုတ်ဘဲ ဒရွတ်တိုက်သွားတာကအကောင်းဆုံးရလဒ်ကိုရဖို့ခက်နိုင်တယ်။ Phyo Paing @ Derek
ပျက်နေရင်ပြင်။
ဒရွတ်တိုက်မသွားနဲ့။ Read More »
အပျော်ရွင်ဆုံးအရာတစ်ခုက ပြဿနာတွေ ဖြေရှင်းတာ။ အထူးသဖြင့်စဥ်းစားသုံးသပ်ပြီးပြဿနာဖြေရှင်းရတဲ့အရသာက ဘာနဲ့မှ လဲလို့မရဘူး။ ပြဿနာဖြေရှင်းဖို့ စဥ်းစားတတ်ဖို့လိုတယ်။ စဥ်းစားနည်းတွေအများကြီးရှိတယ်။ ၁။ ပေါင်းစုတွေးခေါ်မှု (Convergent Thinking) ဥပမာ: သင်္ချာဆရာက သင့်ကို “2+2” ကို တွက်ခိုင်းတဲ့အခါ အဖြေမှန်တစ်ခုတည်းက “4” ဆိုတာ သင်သိပါတယ်။ တခြားအဖြေမှန် မရှိနိုင်ပါဘူး။ ၂။ ကွဲပြားတွေးခေါ်မှု (Divergent Thinking) ဥပမာ: ဒီဇိုင်နာတစ်ယောက်က ခုံအမျိုးအစားအသစ်တစ်ခုကို ဖန်တီးချင်တဲ့အခါ၊ သူတို့က ပြန်လည်အသုံးပြုနိုင်တဲ့ ပလတ်စတစ်နဲ့ လုပ်ထားတဲ့ခုံ၊ မျက်နှာကျက်ကနေ ဆွဲထားတဲ့ခုံ၊ ဒါမှမဟုတ် စပီကာပါတဲ့ခုံ စသဖြင့် စိတ်ကူးအမျိုးမျိုးကို ထုတ်နိုင်ပါတယ်။ ၃။ ဝေဖန်ပိုင်းခြားတွေးခေါ်မှု (Critical Thinking) ဥပမာ: သတင်းဆောင်းပါးတစ်ခုမှာ အစားအသောက်အသစ်တစ်ခုက တစ်ပတ်အတွင်း ပေါင် ၁၀ ပေါင်ကျစေတယ်လို့
ဘဝမှာ ပြဿနာတွေအဖြေရှာဖို့
စဥ်းစားနည်းသိဖို့လိုတယ်။ Read More »
ဘဝကို ရင်ခုန်စွာနဲ့ဖြတ်သန်းချင်ရင်ဒီအမူအကျင့်လိုတယ်။ ငယ်တုန်းမှာ ဒီအကျင့်ရှိပေမယ့်အသက်ကြီးလာတဲ့အခါတဖြည်းဖြည်းနည်းလာတတ်ကြတယ်။ ဒီအမူအကျင့်က တက်ကြွမှုမော်တီဗေးရှင်းကိုဖြစ်နေတယ်။အသစ်သင်ယူမှုကိုလဲဖြစ်စေတယ်။ရင်ခုန်မှုကိုလဲဖြစ်စေတယ်။မှတ်ဥာဏ်တွေကိုလဲ ပိုကောင်းစေတယ်။ဘူဓာတ်တွေကိုလဲ ကျဆင်းစေတယ်။တွေ့ရှိမှုအသစ်တွေ၊နားလည်မှုအသစ်တွေဖြစ်တိုင်းဘဝကို ပိုစိတ်ကျေနပ်စေတယ်။ ဘာကြောင့်လဲဆိုဒီအမူအကျင့်ကိုလုပ်တိုင်းဒါလေးတွေပိုထုတ်လွတ်တယ်။Dopamine – “ရှာဖွေမှု”Norepinephrine (Noradrenaline) – “အာရုံစူးစိုက်မှု”Acetylcholine – “သင်ယူမှု”Serotonin – “စိတ်ခံစားမှု”GABA နှင့် Glutamate – “ဟန်ချက်ညီမှု”Endorphins နှင့် Enkephalins – သဘာဝ “ကောင်းမွန်သော ခံစားမှု”ဒီ ဦးနှောက်ဆဲလ်လေးတွေအချင်းချင်းဆက်သွယ်မှုမှာအသုံးပြုတဲ့မော်လီကျူးလေးတွေထွက်တယ်။ဒါကို neurotransmitters နူရိုထရမ်မစ်တာလို့ခေါ်တယ်။ ဒီအမူအကျင့်ကို သိပ္ပံပညာရှင်တွေမှာလဲတွေ့ရတယ်။အောင်မြင်တဲ့ စီးပွားရေးသမားတွေမှာလဲတွေ့ရတယ်။သူ့နယ်ပယ်မှာ ထိပ်ဆုံးရောက်နေတဲ့သူတွေမှာလဲတွေ့ရတယ်။လီယိုနာဒို ဒါဗင်ချီရဲ့ ပထမဆုံးလက်ကိုင်ထားတဲ့အချက်လဲဖြစ်တယ်။ ဒါကတော့ စူးစမ်းလေ့လာမှုCuriosity ပဲဖြစ်ပါတယ်။ စူးစမ်းလေ့လာဖို့မေးခွန်းကောင်းတွေမေးကြည့်ပါ။စမ်းသပ်ကြည့်ပါ။အမြဲမပြတ်သင်ယူပါ။မတူညီတဲ့နေရာတွေသွားကြည့်ပါ။မတူညီတဲ့ အိုင်ဒီယာတွေနဲ့ထိတွေ့ပါ။တစ်ခုခုဆိုဘာကြောင့်လဲဆိုတဲ့မေးခွန်းကိုမေးကြည့်ပါ။ငါသိ၊ ငါတတ်ပြီးသား မလုပ်ပါနဲ့။စိတ်တံခါးတွေကို မပိတ်ထားပါနဲ့။ကိုယ့်ဘဝမှာ သိချင်ပြီးမသိသေးတဲ့မေးခွန်းတွေကိုချရေးထားပါ။ သိဒ္ဓတ္ထမင်းသားဘဝကနိမိတ်ကြီးလေးပါးဖြစ်တဲ့လူအို၊ လူနာ၊ လူသေ၊ ရဟန်းကိုမြင်တွေ့ပြီးပထမသုံးခုဖြစ်တဲ့ လူသားတို့ရဲ့ဒုက္ခဆင်းရဲဖြစ်တဲ့ အမှန်တရားကိုရှာဖွေဖို့၂၉ နှစ်မှာ တောထွက်ရဟန်းကျင့်ခဲ့တယ်။ဒီစူးစမ်းအဖြေရှာစိတ်နဲ့
ဘဝကို ရင်ခုန်စွာနဲ့ဖြတ်သန်းချင်ရင်
ဒီအမူအကျင့်လိုတယ်။ Read More »
အလွယ်တကူ အရသာမခံပါနဲ့။ ဦးနှောက်မှာ ဆုပေးတဲ့ရသာခံအာရုံတွေရှိတယ်။တနည်းအားဖြင့်ဦးနှောက်ဆဲလ်အချင်းချင်းစကားပြောဆက်သွယ်သလိုဖြစ်တဲ့neurotransmitter တွေပေါ့။ လုပ်ရပ်တွေနဲ့ဆက်စပ်ပြီးဒီ ဦးနှောက်ဆက်သွယ်ရေးမက်ဆန်ဂျာတွေထွက်တယ်။ ရည်မှန်းချက်ပန်းတိုင်အပေါ်အာရုံစူးစိုက်တဲ့အခါ၊နားလည်မှုတစ်ခုကြောင့်သဘောပေါက်တဲ့အခါဒိုပါမင်း Dopamine ထွက်တယ်။လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ၊အန်ဒေါ်ဖင် Endorphins ထွက်တယ်။ပေါင်းသင်းဆက်ဆံရေးလုပ်တဲ့အခါသဘောကျကျေနပ်တဲ့အခါဆီလိုတိုနင် Serotonin ထွက်တယ်။ချစ်ကျွမ်းဝင်တဲ့အခါ၊ ချစ်ခြင်းမေတ္တာအတွက်အောက်ဆီဒိုစင် Oxytocin ထွက်တယ်။ တရားစထိုင်တဲ့အခါ အာရုံစူးစိုက်မှုဖြစ်ပြီးဒိုပါမင်းအဓိက dopamine-driven ကနေပီတိကိုဖြစ်စေတဲ့serotonin, GABA, melatonin, and anandamideထွက်ပေါ်စေပြီး အေးချမ်းစေတယ်။ ဒီ neurotransmitter တွေကကောင်းမွန်တဲ့လုပ်ရပ်တွေအတွက်ဆုပေးတဲ့ ဖြစ်စဥ်တွေဖြစ်တယ်။ ဒါတွေကို မကောင်းတဲ့လုပ်ရပ်နဲ့သွားချိပ်ဆက်မိတဲ့အခါဘဝရဲ့ ပြဿနာတွေဖြစ်နိုင်တယ်။ ဥပမာ လူမှုကွန်ယက်ကိုစွဲလမ်းတာcheap dopamine နဲ့လဲလိုက်မိတာမျိုး။ဆေးဝါးသုံးစွဲပြီးကိုယ့်ဦးနှောက်ရဲ့ reward mechanismဆုချတဲ့စနစ်ကို ဖျက်စီးလိုက်တာမျိုး။ တချို့ ပြင်ပလှုံ့ဆော်မှုတွေကအားပျော့တယ်။တချို့က နောက်ဆက်တွဲခံစားရတယ်။ ဥပမာ ကော်ဖီဆိုရင်ညနေစွမ်းအင်ကို ကြိုသုံးပြီးလေးနာရီ ခွန်အားကိုမြန်မြန်ယူထားတယ်။တချို့ဆေးဝါးတွေကနောက်တစ်နေ့မှာ ပြန်ပေးဆပ်ရတယ်။တချို့က အနာဂတ်မှာ ပြန်ပေးဆပ်ရတယ်။ တချို့ cheap dopamineTik Tok တို့၊
အလွယ်တကူ အရသာမခံပါနဲ့။ Read More »
ကျွန်တော်တို့ထင်ထားတဲ့သူတွေကကျွန်တော်တို့ထင်ထားတဲ့သူတွေဟုတ်ချင်မှ ဟုတ်မယ်။ အချိန်နဲ့အမျှပြောင်းလဲနေတတ်တယ်။မတူတဲ့နေရာ၊ ပတ်ဝန်းကျင်၊မတူတဲ့သူတွေနဲ့တွေ့ပြီး၊မတူညီတဲ့အိုင်ဒီယာနဲ့မတူညီတဲ့ပုံစံတွေတွေးပြီး၊မတူညီတဲ့ယုံကြည်မှုနဲ့ ဆန္ဒဖြစ်ပေါ်ပြီးမတူညီတဲ့လုပ်ရပ်တွေလုပ်တတ်ပြီးမတူညီတဲ့သူတစ်ယောက်အဖြစ်မြင်ရနိုင်တယ်။ ကျွန်တော်တို့ရဲ့အနီးဆုံးလူတွေကထင်ထားတဲ့ လူတစ်ယောက်တည်းကိုယ်ရည်ကိုယ်သွေးတစ်ခုတည်းမဟုတ်ဘူး။ Phyo Paing @ Derek
ကျွန်တော်တို့ထင်ထားတဲ့သူတွေက
ကျွန်တော်တို့ထင်ထားတဲ့သူတွေ
ဟုတ်ချင်မှ ဟုတ်မယ်။ Read More »
အေးချမ်းချင်ရင်လိပ်ပြာသန့်သန့်နဲ့ အသက်ရှင်ပါ။ ကိုယ့်အရည်အချင်းနဲ့ မထိုက်တန်တဲ့ချမ်းသာမှုကို မသမာနဲ့နည်း၊သမာအာဇီဝမကျတဲ့နည်းနဲ့မရှာနဲ့။ ချမ်းသာလိမ့်မယ်။ကြွယ်ဝမှာ မဟုတ်ဘူး။ ချမ်းသာတယ်ဆိုတာ ရှိတာ။ချက်ချင်းပြန်ကုန်သွားနိုင်တယ်။ကြွယ်ဝတယ်ဆိုတာ ပေါများကြွယ်ဝနေတာ။ မသမာနည်းနဲ့ သမာအာဇီဝမကျတဲ့နည်းနဲ့ငွေရှိလိမ့်မယ်။အတွင်းစိတ်အေးချမ်းမှာ မဟုတ်ဘူး။ ဒါကြောင့် ဒါကိုလဲအားမကျမိနဲ့။လူ့သဘောအရ စိတ်ယိုင်တတ်တယ်။ တွေ့ဖူးတဲ့ သူတပါးမျက်ရည်ကြီးငယ်ကျအောင်လုပ်ပြီးငွေရှာတဲ့သူတွေ၊ဘဝတွေပျက်အောင်လုပ် ငွေရှာတဲ့သူတွေပူလောင်နေကြတာများတယ်။ ဓာတ်ဆိုတာ ခံစားလို့ရတယ်။ ဒါကြောင့် ဗုဒ္ဓက သံသရာကလွတ်မြောက်ဖို့မဂ္ဂင်ရှစ်ပါးမှာသမာအာဇီဝ အသက်မွေးပါဖို့ဟောကြားခဲ့တယ်။ အနာဂတ်ရဲ့ ကံကိုကြွေးယူပြီး ဒီဘဝမှာ သုံးတာကောင်းတဲ့အလုပ် မဟုတ်နိုင်ဘူး။ ကိုယ်လိုချင်တာကို ရဖို့ထိုက်တန်တဲ့သူဖြစ်အောင်နေ့စဉ်ပါရမီဖြည့်ဖို့လိုပါတယ်။ Phyo Paing @ Derek
အေးချမ်းချင်ရင်
လိပ်ပြာသန့်သန့်နဲ့ အသက်ရှင်ပါ။ Read More »
အရှုံးကို လက်မခံနိုင်တဲ့ လူနဲ့လူမှုအဖွဲ့အစည်းတစ်ခုကရှေ့ရောက်ဖို့ခက်တယ်။ ဘဝမှာ အမြဲအဆင့် ၁ ရနေမှာမဟုတ်ဘူး။ အရှုံး၊ ကြေကွဲမှု၊ ဒဏ်ရာ၊ဝေဒနာ ဒီအချက်တွေကသင်ခန်းစာယူပြီးဘဝကို တည်ဆောက်ရတာမျိုး။ မွေးကတည်းက စာတော်၊ရုပ်ချော၊အိမ်ကချမ်းသာ၊ဂုဏ်ထူးတွေထွက်၊အကောင်းဆုံးတက္ကသိုလ်တွေတက်၊ပထမဆုံးချစ်ခဲ့တဲ့ချစ်သူနဲ့ညား၊လိုချင်တဲ့ကလေးတွေမွေး၊ကမ္ဘာပတ်၊အိမ်တွေဝယ်၊ ကားကောင်းကောင်းတွေရှိ၊မိဘဆီကအမွေရ၊လူတွေအသိအမှတ်ပြု အောင်မြင်။လိုတိုင်တရ။ ဒီလိုမြင်ရတာ ကိုရီးယားကားနဲ့social media ပေါ်မှာပဲရှိလိမ့်မယ်။ ဘဝမှာ မကျန်းမာတဲ့အချိန်၊အလုပ်ခွင်မှာ စိတ်ညစ်ရတဲ့အချိန်၊လုပ်ငန်းတွေအဆင်မပြေတဲ့အချိန်၊အချစ်ရေးမှာ ကြေကွဲတဲ့အချိန်၊လိုချင်တဲ့အတိုင်းမဖြစ်တဲ့အတွက်စိတ်ညစ်ရတဲ့အချိန်၊လူတွေကိုယ့်ကို ကဲ့ရဲ့တဲ့အချိန်၊အချုပ်အနှောင်တွေနဲ့နေရတဲ့အချိန်ဒါတွေက ဘဝရဲ့တစ်ကွေ့မဟုတ်တစ်ကွေ့မှာ ကြုံရမှာပဲ။ ဒါကို သူများကိုအပြစ်တင်ပြောနေတာနဲ့၊ကိုယ်တိုင်တိတ်တဆိတ်ကြေကွဲလိုက်၊အဖြေရှာလိုက်၊ ကျော်လွှားလိုက်ဒီနှစ်မျိုးပဲကွာကောင်းကွာလိမ့်မယ်။ လောကမှာ ရှင်သန်နေသမျှလောကဓံ ၈ ပါးနဲ့ကြုံနေအုံးမှာပဲ။ အရှုံးတိုင်းက အဆုံးမဟုတ်ဘူး။လမ်းဆုံးမဟုတ်သေးဘူး။အခက်အခဲတိုင်းရဲ့ တစ်ဖက်ခြမ်းမှာအခွင့်အလမ်းတွေရှိတယ်။ ဒါကြောင့် တရုတ်လို 危机အကြပ်အတည်းဆိုတဲ့စကားလုံးမှာပထမစကားလုံးက 危 ဝေးက အန္တရာယ်။ဒုတိယစကားလုံး 机 ကျီးက အခွင့်အလမ်း။အခက်အခဲတိုင်းရဲ့ တစ်ဖက်ခြမ်းမှာအခွင့်အလမ်းတွေရှိတယ်။ လဲကျပြန်ထ ဒါဘဝပါ။ Phyo Paing @ Derek
Life Partner ရွေးချယ်တာဘဝရဲ့အရေးအကြီးဆုံးတစ်ခုပဲ။ဒါက ကိုယ့်ရဲ့ပျော်ရွင်မှုနဲ့ဘဝကျေနပ်မှုအပေါ်အများကြီးသက်ရောက်မှုရှိတယ်။ ဘဝကို လုံးလုံးအပြောင်းအလဲဖြစ်စေနိုင်တယ်။ ခံယူချက်တူတဲ့သူအချင်ချင်းရှေ့သွားနောက်လိုက် အဆင်ပြေတယ်။ခံယူချက်မတူရင်တစ်ယောက်ကအရှေ့သွားသူကနောက်ဆွဲဖြစ်နေနိုင်တယ်။ ဘဝမှာ အသက်ကြီးလာလေလေအရေးပိုကြီးလာလေလေ။ အတူတူတိုးတက်နေလေလေဒုက္ခတွေများလှတဲ့ဘဝမှာပိုနေပျော်လေလေ။ ဘဝရဲ့ life hack တစ်ခုပဲ။ Phyo Paing @ Derek
ဘဝရဲ့ life hack တစ်ခု။ Read More »
ကမ္ဘာပေါ်က အကောင်းဆုံးတက္ကသိုလ်ကတော့ဘဝ လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့၂၄ နာရီ၊ ၇ ရက်အချိန်မရွေး၊ နေရာမရွေးသတိရှိပြီးလေ့လာရင်လေ့လာသလိုပညာတွေရတယ်။ Phyo Paing @ Derek
ကမ္ဘာပေါ်က အကောင်းဆုံး
တက္ကသိုလ် Read More »