lifestyle

ကိုယ်နဲ့မတန်တာတွေနဲ့ ဘဝကိုဖြစ်သလို
မဖြတ်သန်းပါနဲ့။

ကိုယ့်ကိုကိုယ် အကောင်းဆုံးတွေနဲ့ထိုက်တန်တယ်ဆိုတာ အကြွင်းမဲ့ယုံကြည်ပါ။အကောင်းဆုံးသင်၊အကောင်းဆုံးလက်တွဲဖော်၊အကောင်းဆုံးစီးပွါးရေးပါတနာ၊အကောင်းဆုံးသူတွေနဲ့အကောင်းဆုံးဘဝ။ကိုယ်နဲ့မတန်တာတွေနဲ့ ဘဝကိုဖြစ်သလိုမဖြတ်သန်းပါနဲ့။ Phyo Paing @ Derek

ကိုယ်နဲ့မတန်တာတွေနဲ့ ဘဝကိုဖြစ်သလို
မဖြတ်သန်းပါနဲ့။
Read More »

နေ့စဉ်

၁။ စာဖတ်၂။ လေ့ကျင့်ခန်းလုပ်၃။ အစားအသောက်အောင် သင့်တင့်အောင်စား၄။ ခေတ်ပညာအသစ်တစ်ခုစမ်းသပ်လေ့လာ၅။ ကိုယ်လုပ်နေတဲ့အလုပ်ကို ပိုကောင်းအောင်နည်းလမ်းရှာ၆။ ဝင်ငွေပိုတိုးပွါးအောင်နည်းလမ်းရှာ၇။ ကိုယ့်ရဲ့တစ်ရက်တာဖြတ်သန်းမှုကိုမှတ်တမ်းတင်ပြီး ကိုယ့်ကိုကိုယ်လေ့လာ၊ ဖြည့်ဆည်း Phyo Paing @ Derek

နေ့စဉ် Read More »

ကောင်းမွန်တဲ့ဘဝ တစ်ခုဘယ်လိုနေမလဲ?

၁။ လူ၊ နေရာ၊ ခေါင်းထဲထည့်တဲ့အိုင်ဒီယာကို သေချာရွေးချယ်၂။ ခေတ်၊ စနစ်နဲ့ ကိုက်ညီတဲ့ အမြင်၊ အသိနဲ့ အတတ်ပညာလိုတယ်၃။ ကိုယ့်ကိုကိုယ်နားလည်အောင်နေ့စဥ်လေ့လာ ၄။ ချစ်တဲ့အလုပ်ကိုလုပ် ဒါမှမဟုတ် လုပ်တဲ့အလုပ်ကိုချစ်၅။ တခြားသူတွေအပေါ်မျှော်မှန်းချက်ထားတာလျော့၊ ကိုယ့်ကိုကိုယ် မျှော်မှန်းချက်ပိုထား၆။ ရေရှည်အလုပ်မဖြစ်နိုင်တာတွေကို စွန့်လွတ်ဖို့ဝန်မလေးနဲ့၇။ မှန်ကန်တဲ့အမြင်ရှိဖို့ပညာသင်။ ကိုယ်လိုချင်တာရဖို့ မှန်ကန်တဲ့အမြင်လိုတယ်။ ကိုယ်ရထားတာ ပြန်လိုချင်ဖို့လဲ မှန်ကန်တဲ့အမြင်လိုတယ်။၈။ လူတွေကိုအထင်အမြင်ကို လိုတာထက်ပိုဂရုမစိုက်နဲ့။ ကိုယ့်အထာနဲ့ကိုယ်နေ။ ၉။ လူတိုင်းသွားတဲ့လမ်းနောက်မလိုက်နဲ့။ ကိုယ့်လမ်းကိုယ်ဖောက်။ ၁၀။ ဒီနေ့နဲ့ တစ်နေ့နဲ့မတူဘူး။ ဒီနေ့မှာ မကျွမ်းကျင်သေးပေမယ့် ဖြေးဖြေးအလုပ်လုပ်သွား၊ လေ့ကျင့်သွားတဲ့အခါ တစ်နေ့ကျ ပိုကောင်းလာမယ်။၁၁။ ကိုယ့်ကိုကိုယ် အပြစ်မတင်နဲ့။ ဖြစ်နိုင်ရင် အပြစ်မတင်နဲ့အဖြေရှာ။၁၂။ ပြိုင်မငြင်းနဲ့ မေး။ လူတိုင်းသူ့အမြင်နဲ့သူရှိတယ်။၁၃။ ဘဝရဲ့ပေးထားချက်ကို နားလည်အောင်လုပ်။ ရွေးထားချက်ကို မှန်ကန်အောင်လုပ်။ ၁၄။ နေ့တိုင်းစမ်းသပ်ပြုပြင်တဲ့

ကောင်းမွန်တဲ့ဘဝ တစ်ခုဘယ်လိုနေမလဲ? Read More »

ကိုယ့်ရဲ့အကောင်းဆုံးရည်မှန်းချက်ကိုဖော်ထုတ်ပြီး
အကောင်အထည်ဖော်လို့ရတယ်။

ရည်မှန်းချက်ကြီးတဲ့သူတွေရဲ့ပြဿနာတစ်ခုကဖြစ်ချင်တဲ့ စိတ်တွေများတာ။ ရည်မှန်းချက်တွေများတယ်။ ဘယ်တစ်ခုကို အာရုံစိုက်ရမလဲမသိဘူး။ ဒီပြဿနာကိုဖြေရှင်းဖို့ရည်မှန်းချက်ချတဲ့အခါသုဝဏ္ဏသာမဇာတ်တော်ထဲကအတိုင်းချလို့ရတယ်။ မျက်စိလဲပြန်မြင်၊ သားလဲမျှားဆိပ်ပြေ၊ ရွှေအိုးလဲထမ်း။ ဒီအတွက်မေးခွန်းမေးရမှာ“ငါတစ်ခုကို အောင်အောင်မြင်မြင်လုပ်နိုင်ပြီးဒီတစ်ခုကြောင့် ကိုယ်ဖြစ်ချင်တဲ့တခြားရည်မှန်းချက်တွေလွယ်ကူသွားမယ်ဆို ဒီတစ်ခုကဘာဖြစ်မလဲ။”ဒီမေးခွန်ကိုမေးပြီးကိုယ့်ရဲ့အကောင်းဆုံးရည်မှန်းချက်ကိုဖော်ထုတ်ပြီးအကောင်းအထည်ဖော်လို့ရတယ်။ ၁။ စီးပွားရေးနယ်ပယ် (Business & Career) လူတစ်ယောက်က လုပ်ငန်းသစ်တစ်ခုစချင်တယ်၊ စာအုပ်လည်း ရေးချင်တယ်၊ သင်တန်းတွေလည်း ပေးချင်တယ်၊ Public Speaker လည်း ဖြစ်ချင်တယ် ဆိုပါစို့။ ရည်မှန်းချက်တွေ များနေတဲ့အခါ ဘယ်ကစရမှန်း မသိဖြစ်တတ်ပါတယ်။ “ငါတစ်ခုကို အောင်မြင်အောင် လုပ်လိုက်တာနဲ့ ကျန်တာတွေ လွယ်ကူသွားစေမယ့် ‘တစ်ခု’ က ဘာလဲ?” အဖြေ (The One Thing): “အောင်မြင်တဲ့ Personal Brand တစ်ခု တည်ဆောက်ခြင်း” ဖြစ်နိုင်ပါတယ်။ အကယ်၍ သူသာ လူသိများပြီး ယုံကြည်ရတဲ့

ကိုယ့်ရဲ့အကောင်းဆုံးရည်မှန်းချက်ကိုဖော်ထုတ်ပြီး
အကောင်အထည်ဖော်လို့ရတယ်။
Read More »

တစ်ယောက်နဲ့တစ်ယောက်ရဲ့
ဦးစားပေး priority တော့တူချင်မှတူလိမ့်မယ်။

နောက် နှစ် ၁၀ နေရင်ဒီနေ့ရဲ့ ငယ်ရွယ်မှုကို ပြန်ပြီး သတိရနေလိမ့်မယ်။ဘဝကို နေ့စဉ် အကောင်းဆုံးအသက်ရှင်။နောင်တမရအောင်နေတတ်တာဘဝရဲ့ပညာပဲ။ နောင်တမရအောင် နေ့စဉ် ပါရမီဖြည့်။ ပါရမီဆိုတာ မြင့်မြတ်သူတို့အလုပ်တဲ့။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ဦးစားပေး priority တော့တူချင်မှတူလိမ့်မယ်။ ကျွန်တော့်အတွက်ကတော့ ပထမ ငါးခုကတော့ အပြည့်ဖြည့်နိုင်တယ်လို့ထင်တယ်။ ကျန်တဲ့ ငါးခုကတော့ ကြိုးစားတုန်း။ ပညာ ပါရမီ = အမှန်တိုင်းသိခြင်းအဓိဋ္ဌာန ပါရမီ = ခိုင်မာသော ဆုံးဖြတ်ချက်ရှိခြင်း။ဝီရိယ ပါရမီ = ဇွဲလုံ့လကြီးခြင်း။သစ္စာ ပါရမီ = မှန်ကန်ခြင်း။ဥပေက္ခာ ပါရမီ= ချစ်ခြင်း မုန်းခြင်း၊ ဆင်းရဲ ချမ်းသာကို ဂရုမထားဘဲ သင့်တင့်စွာ ဆင်ခြင်ခြင်း၊ သီလ ပါရမီ = ကိုယ်ကျင့်တရားကောင်းခြင်း။ဒါန ပါရမီ = ပေးကမ်းစွန့်ကြဲလှူဒါန်းမှု (သို့)

တစ်ယောက်နဲ့တစ်ယောက်ရဲ့
ဦးစားပေး priority တော့တူချင်မှတူလိမ့်မယ်။
Read More »

အာရုံတွေ လာမနောက်ပါနဲ့။

“အ” သုံးလုံးတွေကွာလို့ ဘဝတွေ ကွာကြတယ်။ အာရုံပြုတဲ့အရာပေါ်မူတည်ပြီးအတွေးဖြစ်တယ်။ အတွေးပေေါ်မူတည်ပြီး အလုပ်ဖြစ်တယ်။ လုပ်ရပ်ပေါ်မူတည်ပြီးရလဒ်တွေကွာတယ်။ အာရုံ၊ အတွေး၊ အလုပ်ဒီ “အ” သုံးလုံးကြောင့်ဘဝတွေ ကွာသွားတယ်။ Phyo Paing @ Derek

အာရုံတွေ လာမနောက်ပါနဲ့။ Read More »

အရေးအကြီးဆုံး အချက် ၇ ချက်

၁။ ကျန်းမာကြံ့ခိုင်ရေး ၂။ အလုပ်အကိုင်၊ ငွေရေးကြေးရေး၃။ သားသမီး၊ အိမ်ထောင်အချစ်ရေး၄။ ပေါင်းသင်းဆက်ဆံရေး၅။ စိတ်အေးချမ်းရေး ၆။ ဘဝနောက်တစ်ဆင့်တိုးတက်ပြောင်းလဲရေး ၇။ သံသရာထဲကလွတ်မြောက်ရေး Phyo Paing @ Derek

အရေးအကြီးဆုံး အချက် ၇ ချက် Read More »

ဒီနေ့က တစ်သက်တာမှာ
အသက်အငယ်ဆုံးနေ့ပဲ။

သန်တုန်းမြန်တုန်းအလုပ်လုပ်နိုင်တုန်းအလုပ်ကိုသေချာလုပ်ရမှာ။ တစ်သက်လုံး အသက်ငယ်နေမှာမဟုတ်သလိုအခုလိုပဲ နုပျိုသန်မာနေမှာမဟုတ်ဘူး။ အချိန်နှောင်းရင်တချို့အလုပ်တွေက လုပ်လို့မလွယ်တော့ဘူး။ ငယ်ရွယ်တုန်းအလုပ်လုပ်ငွေပြန်ပွားပေးနိုင်တဲ့ ပိုင်ဆိုင်မှုတွေရှိထားရင်ဘယ်အချိန် နားနားနားလို့ရနိုင်တယ်။ ဘဝမှာ ပိုင်ဆိုင်မှုတွေ၊ အစွမ်းအစတွေ၊ပညာတွေက ပိုနေရင်ကောင်းတဲ့အရာတွေပဲ။ ဒီနေ့က တစ်သက်တာမှာအသက်အငယ်ဆုံးနေ့ပဲ။ နေသလိုဖြစ်တဲ့ဘဝမှာ သန်တုန်းမြန်တုန်းမှာ ဖြစ်သလိုနေရင်အသက်ကြီးမှ နောင်တရလိမ့်မယ်။ Phyo Paing @ Derek

ဒီနေ့က တစ်သက်တာမှာ
အသက်အငယ်ဆုံးနေ့ပဲ။
Read More »

တခြားသူတစ်ယောက်ရဲ့ဘဝက
ကိုယ့်ရဲ့အိမ်မက်ဖြစ်နေနိုင်သလို
ကိုယ့်ဘဝကလဲ
တခြားသူတစ်ယောက်ရဲ့အိမ်မက်ဖြစ်နေနိုင်တယ်။

အသက်ရှူနေတဲ့လေလောက်ဘယ်အရာမှ တန်ဖိုးမကြီးဘူး။ဒါမရှိရင် အသက်ငင်နေရမှာ။ သောက်နေတဲ့ရေကလဲ တန်ဖိုးကြီးတယ်။ ဒါမရှိရင် အသက်မရှိနိုင်ဘူး။ ဘဝမှာ ကျေးဇူးတင်တတ်မယ်ဆို သဘာဝတရား ရှင်သန်မှုဖြစ်စဥ်မှာ ကျေးဇူးတင်လို့ရတဲ့အရာတွေရှိပါသေးတယ်။ လူ့လောကထဲရောက်လာရင်ကို ကိုယ်ဒုက္ခ၊ စိတ်ဒုက္ခတော့အနည်းနဲ့ အများရှိကြမှာပဲ။ စိတ်မထားတတ်လေလေစိတ်ဒုက္ခပိုများလေလေ။ အသက်ရှူမဝလို့အသက်ငင်နေတဲ့သူတွေ၊ ကိုယ့်လက်မှာ အသက်ကယ်ပေးရင်းသေဆုံးသွားတဲ့သူတွေ၊ ရောဂါကြောင့် နေဝင်ချိန်ကိုအားငယ်စွာနဲ့ စောင့်နေတဲ့သူတွေနဲ့ကြုံဆုံခဲ့တဲ့ အတွေ့အကြုံကလောကအမြင်ကို အကြီးအကျယ်ပြောင်းစေတယ်။ အခုရှူနေတဲ့လေ၊ သောက်တဲ့ရေရှိနေတာကလဲကျေးဇူးတင်တတ်ရင်ကျေးဇူးတင်လို့ရပါတယ်။ ကောင်းကင်ပေါ်ပျံမှမဟုတ်ဘူး၊မြေကြီးပေါ်မှာ လမ်းလျှောက်နေနိုင်တာလဲအံ့ဖွယ်တစ်ခုပဲလို့ဆရာတော် သစ်နော့ဟန်ကဆိုခဲ့တယ်။ လေယာဥ်ပျံစီးတာများတော့ကောင်းကင်ပေါ်ပျံတာက အဆန်းလို့ မခံစားရတော့ဘူး။ သောက်သုံးရေပုံမှန်ရှိနေတော့သောက်သုံးရေရှိတာ အဆန်းလို့မခံစားရတော့ဘူး။ ရှူစရာလေကောင်းလေသန့်ရှိနေတာပုံမှန်ဆိုတော့အဆန်းလို့ မခံစားရတော့ဘူး။ တခြားသူတစ်ယောက်ရဲ့ဘဝကကိုယ့်ရဲ့အိမ်မက်ဖြစ်နေနိုင်သလိုကိုယ့်ဘဝကလဲ တခြားသူတစ်ယောက်ရဲ့အိမ်မက်ဖြစ်နေနိုင်တယ်။ ဘဝမှာ ကိုယ့်ဘဝကိုယ်စိတ်တိုင်းကျချင်ရင်ကျေးဇူးတင်စိတ်လေးနဲ့စကြည့်ကြည့်ပါ။ ကိုယ့်မိဘ၊ ဆွေမျိုး၊ သားသမီး၊ သမီးရည်းစားလင်မယား၊ အပေါင်းအသင်း၊ စားနေရတဲ့ဆန်စပါးစိုက်ပျိုးပေးတဲ့တောင်သူကြီးများအစရှိသည်ပေါ့။ Phyo Paing @ Derek

တခြားသူတစ်ယောက်ရဲ့ဘဝက
ကိုယ့်ရဲ့အိမ်မက်ဖြစ်နေနိုင်သလို
ကိုယ့်ဘဝကလဲ
တခြားသူတစ်ယောက်ရဲ့အိမ်မက်ဖြစ်နေနိုင်တယ်။
Read More »

လူဖြစ်ရကျိုးနပ်ဖို့လိုတယ်။

လူတိုင်းက တစ်နေ့သေမှာပဲ။ သိပြီးသေမှာနဲ့၊ မသိဘဲသေသွားမှာပဲရှိတာ။ သေတဲ့အခါ အသက် ၈၂ နှစ်လောက်များနေခဲ့ရမယ်ဆို ရက်ပေါင်း ၃ သောင်းပတ်ခြာလည်ဒီဘဝမှာ ငါလူဖြစ်ရကျိုးနပ်ခဲ့လား။ ဒီမေးခွန်းအတွက် အဖြေကအရေးကြီးတယ်လို့ထင်တယ်။ ကိုယ်သွားချင်တဲ့ ကမ္ဘာ့ရဲ့နေရာတွေသွားကြည့်ခဲ့မယ်။ကိုယ်သိချင်တဲ့အရာတွေကို လေ့လာခဲ့မယ်။ ကိုယ်တွေ့ကြုံချင်တဲ့ အတွေ့အကြုံတွေကို ရယူခဲ့မယ်။ကိုယ်မျှဝေချင်တဲ့အရာတွေကိုပြန်လည်မျှဝေပေးခဲ့မယ်။ ဘဝကို လက်ဗလာနဲ့အားလုံးနှုတ်ဆက်ကြတဲ့အခါလူဖြစ်ရကျိုးနပ်ဖို့လိုတယ်။ Phyo Paing @ Derek

လူဖြစ်ရကျိုးနပ်ဖို့လိုတယ်။ Read More »