lifestyle

လူဖြစ်ရကျိုးနပ်ဖို့လိုတယ်။

လူတိုင်းက တစ်နေ့သေမှာပဲ။ သိပြီးသေမှာနဲ့၊ မသိဘဲသေသွားမှာပဲရှိတာ။ သေတဲ့အခါ အသက် ၈၂ နှစ်လောက်များနေခဲ့ရမယ်ဆို ရက်ပေါင်း ၃ သောင်းပတ်ခြာလည်ဒီဘဝမှာ ငါလူဖြစ်ရကျိုးနပ်ခဲ့လား။ ဒီမေးခွန်းအတွက် အဖြေကအရေးကြီးတယ်လို့ထင်တယ်။ ကိုယ်သွားချင်တဲ့ ကမ္ဘာ့ရဲ့နေရာတွေသွားကြည့်ခဲ့မယ်။ကိုယ်သိချင်တဲ့အရာတွေကို လေ့လာခဲ့မယ်။ ကိုယ်တွေ့ကြုံချင်တဲ့ အတွေ့အကြုံတွေကို ရယူခဲ့မယ်။ကိုယ်မျှဝေချင်တဲ့အရာတွေကိုပြန်လည်မျှဝေပေးခဲ့မယ်။ ဘဝကို လက်ဗလာနဲ့အားလုံးနှုတ်ဆက်ကြတဲ့အခါလူဖြစ်ရကျိုးနပ်ဖို့လိုတယ်။ Phyo Paing @ Derek

လူဖြစ်ရကျိုးနပ်ဖို့လိုတယ်။ Read More »

ဒီမေးခွန်းတွေက အဖြေရနိုင်တယ်။

အရှေ့အရပ်ကို သွားမယ်ဆိုပြီးတခြားအရပ်ကိုပြေးနေလို့မရဘူး။ ကိုယ်နေ့စဉ်လုပ်နေတဲ့ “လုပ်ရပ်” ကကိုယ်ရေရှည်ရချင်တဲ့ “ရလဒ်” ကိုရဖို့နေ့စဉ် အထောက်အပံ့ပြုနေဖို့လိုတယ်။ ဒီချိတ်ဆက်မှုကို ရှာဖွေတာက ပညာပဲ။ ပုံမှန်မပျက်လုပ်ဆောင်တာ ဝိရိယပဲ။ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်။ ကိုယ်နောက် ငါးနှစ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေရောက်ဖို့ ဒီနေ့လုပ်နေတဲ့အလုပ်ရဲ့ရာခိုင်နှုန်းဘယ်လောက်က အထောက်အကူပြုမလဲ။ အထောက်အကူပြုမည့် ရာခိုင်နှုန်းနည်းတယ်ဆို ဘယ်နေရာတွေသွားလေ့လာဖို့လိုမလဲ။ဘာအိုင်ဒီယာတွေ သွားလေ့လာဖို့လိုမလဲ။ဘယ်သူတွေနဲ့တွေ့ဖို့လိုမလဲ။ ဘာအသစ်တွေထပ်လုပ်ဖို့လိုမလဲ။ ဒီမေးခွန်းတွေက အဖြေရနိုင်တယ်။ ကိုယ့်လုပ်ရပ်တိုင်းက ကိုယ်လိုချင်တဲ့ရလဒ်ရဖို့အထောက်အပံ့ပြုဖို့ အရေးကြီးတယ်။ Phyo Paing @ Derek

ဒီမေးခွန်းတွေက အဖြေရနိုင်တယ်။ Read More »

အသက်ကြီးလာတာနဲ့အမျှ

အသက်ကြီးလာတာနဲ့အမျှကိုယ့်ကိုကိုယ်ဘယ်လိုစိတ်ချမ်းသာအောင်ထားရမလဲပိုပိုနားလည်လာတယ်။အဲ့ဒါအရေးကြီးတယ်မဟုတ်လား။ Phyo Paing @ Derek

အသက်ကြီးလာတာနဲ့အမျှ Read More »

ပိုကောင်းတဲ့ဘဝတည်ဆောက်ဖို့
အနာဂတ်ပြဿနာတွေကို
ကြိုတင်အဖြေရှာဖို့လိုတယ်။

အနာဂတ်ပြဿနာကို ကြိုတင်ဖြေရှင်း။ တချို့ပြဿနာတွေကဖြစ်တဲ့အချိန်မှ ဖြေရှင်းရင်အချိန်ပိုကြာတယ်။ ပျက်ပြီးမှ ပြင်ရင်အချိန်ပိုကြာတယ်။ ဒါကြောင့် ပြဿနာအများစုမဖြစ်ချင်ကတည်းက ကြိုတင်အဖြေရှာတာပိုကောင်းတဲ့အကျင့်တစ်ခုပဲ။ ဒီလိုလုပ်ဖို့ အနာဂတ်ကိုကြိုတင်ခန့်မှန်းထားဖို့လိုတယ်။ ဒီလိုကြိုတင်ခန့်မှန်းနိုင်ဖို့ကိုယ့်သမိုင်း၊ တချို့သူတွေရဲ့သမိုင်းကိုပြန်ကြည့်ဖို့လိုလာတယ်။ သေချာတယ် အနာဂတ်မှာ အားလုံး အိုကြမှာပဲ။ဒီနေ့က အသက်အငယ်ဆုံးနေ့။မှန်ကြည့်တိုင်း ရုပ်ရင့်လာမှာပဲ။နာကြမှာပဲ။ ဖျားမယ်၊ အရိုးအဆစ်တွေမသန်းတော့ဘူး။ဂရုမစိုက်ရင် နာတာရှည်ရောဂါဖြစ်နိုင်တယ်။သေကြမှာပဲ။ သေဖို့မကျင့်ထားရင် အသက်ထွက်မှရုန်းရင်းဆန်ခတ်ဖြစ်နေမယ်။ ဘာသာတရား သို့ ကိုယ်ယုံကြည်တဲ့အဓိပ္ပာယ်တစ်ခုခုလိုတယ်။ ဒီနေ့မှာ အဆင်ပြေနေတိုင်းမနက်ဖြန်မှာ အဆင်ပြေဖို့မသေချာဘူး။ ဒီလို အခက်အခဲတွေအတွက်ကြိုတင်အဖြေရှာထားဖို့လိုတယ်။ ဆေးကျောင်းတက်နေရင်းနဲ့ငါ ကျောင်းပြီးလို့ ဆေးကုတဲ့အလုပ်မလုပ်ဖြစ်ရင်ဘာလုပ်မလဲ။ တခြားပညာရပ်တစ်ခုကို အသက်မွေးမှုအနေနဲ့ပြန်လေ့လာရမယ်။ဒီတော့ ဆေးကျောင်းတက်ရင်းသင်ယူမှုမြန်နှုန်းမြင့်အကြောင်း accelerated learning ကို လေ့လာထားမယ်။ အဲ့လိုပဲ အလုပ်သင်ဆရာဝန်လုပ်နေရင်းငါနောက်နှစ်ဆို ဘွဲ့ရပြီ။ဘွဲ့ရပြီး ဆေးကုတဲ့အပိုင်းမသွားရင်ငွေရှာဖို့အခြေကျတဲ့လုပ်ငန်းလုပ်ရမယ်။ဒါနဲ့ Getmebook linux tablet တွေစရောင်းတယ်။ iPhone Software တွေ freelance လုပ်တယ်။အဲ့ခေတ်က

ပိုကောင်းတဲ့ဘဝတည်ဆောက်ဖို့
အနာဂတ်ပြဿနာတွေကို
ကြိုတင်အဖြေရှာဖို့လိုတယ်။
Read More »

“ငါ” ဆိုတဲ့အရာကို
ပြန်ပြန်လွတ်ချရပြန်တယ်။

လွတ်ချလိုက်။ ဘဝရဲ့ အဆင်မပြေမှုတော်တော်များများက မလွတ်ချနိုင်လို့ပါ။ ဘာလို့ မလွတ်ချနိုင်လဲဆို တွယ်တာတပ်မက်နေလို့။ ဘာလို့တွယ်တာတပ်မက်နေလဲဆို ငါဆိုတဲ့အတ္တကြောင့်။ ဒီလိုလွတ်ချလိုက်ရင်လူတွေငါ့ကို ဘယ်လိုထင်နေမလဲ။ ဒီ identity ငါဆိုတဲ့အချက်က လူတွေကိုလွတ်ချနိုင်မှုက အတားအဆီးဖြစ်စေတယ်။ ဒါကြောင့်အပြောင်းအလဲလုပ်ချင်တိုင်း“ငါ” ဆိုတဲ့အရာကို ပြန်ပြန်လွတ်ချရပြန်တယ်။ Phyo Paing @ Derek

“ငါ” ဆိုတဲ့အရာကို
ပြန်ပြန်လွတ်ချရပြန်တယ်။
Read More »

အရာရာက အပေးအယူပဲ။
ကုသိုလ်၊ ဥစ္စာ၊ ပညာအပါပေါ့။

ကိုယ့်ကို ဒီနေ့ကောအနာဂတ်မှာပါ အကျိုးမပြုနိုင်တဲ့လူတွေ၊ အကြောင်းအရာနဲ့ အလုပ်ကြောင့်စိတ်ဆင်းရဲမခံပါနဲ့။ မတန်တာကို မလုပ်နဲ့။ ကိုယ့်အချိန်နဲ့ အာရုံပေးဖို့မတန်တဲ့အရာတွေမှာအားကုန်မခံနဲ့။အရေးမပါတာကို အရာမပေးနဲ့။ အမြဲ what is in it for me?ငါရချင်တာဘာလဲ။ဘာပြန်ပေးရမလဲ။အရာရာက အပေးအယူပဲ။ကုသိုလ်၊ ဥစ္စာ၊ ပညာအပါပေါ့။ Phyo Paing @ Derek

အရာရာက အပေးအယူပဲ။
ကုသိုလ်၊ ဥစ္စာ၊ ပညာအပါပေါ့။
Read More »

အဆိုးဆုံးတွေက အကောင်းဆုံးဖြစ်နေနိုင်တယ်။

ဘဝမှာ အဆိုးဆုံးတချို့နဲ့ကြုံဖူးကြလိမ့်မယ်။ Break Up, Divorce ကွဲတာကစလို့၊ Crisis အကျဥ်းအကြပ်ထဲရောက်တာ၊ ရွေးချယ်စရာမရှိတော့တာ။ တချို့အရာတွေက ကိုယ်ရွေးချယ်လို့မရဘူး။သူသတ်မှတ်ထားတဲ့ အခြေအနေတွေရှိတယ်။ကိုယ်ရွေးချယ်လို့ရတာက ဒါကို ဘယ်လိုတုန့်ပြန်မလဲဆိုတဲ့အပိုင်းပဲ။ ငယ်ငယ်ရှိက်စပီးယားရဲ့စာကြောင်းလေးကိုသဘောကျတယ်။ “Nothing is good nor bad but thinking makes it so.”ကောင်းတယ်၊ ဆိုးတယ်ဆိုတာမရှိဘူး။ ကိုယ်တွေးတဲ့ပုံစံက အကောင်း၊ အဆိုးကိုအဓိပ္ပာယ်ဖွင့်တာပဲရှိတယ်။ လူတိုင်းဘဝမှာ ပေးထားချက်တွေရှိတယ်။ မွေးတဲ့နေရာ၊ ပေါက်ဖွားလာတဲ့မိသားစု၊ ဖြစ်တည်လာတဲ့ လူမျိုး၊ လက်ခံရရှိထားတဲ့နိုင်ငံသား၊ငယ်ဘဝဖြတ်သန်းမှုဒါတွေက ဘဝရဲ့ပေးထားချက်တွေပဲ။ လူတစ်ယောက်ချင်းစီရဲ့ ဒီပေးထားချက်တွေက မတူညီဘူး။ ဒါကို တခြားသူနဲ့နှိုင်းယှဥ်ပြီးစိတ်ညစ်နေရင်တော့ ဘဝမှာ စိတ်ညစ်လို့ပြီးမှာ မဟုတ်ဘူး။ အရေးကြီးတာ ကိုယ့်ဘဝရဲ့ပေးထားချက်ကို နားလည်ဖို့။ နောက် ကိုယ်ဘာကြောင့်မွေးဖွားလာလဲဆိုတဲ့သမိုင်းပေးတာဝန်ကို နားလည်ဖို့။ ကျွန်တော်ကတော့ အဓိပ္ပာယ်ရှိရှိမရှိရှိဘဝကို အဓိပ္ပာယ်တစ်ခုပေးလိုက်တယ်။ ဒါကို

အဆိုးဆုံးတွေက အကောင်းဆုံးဖြစ်နေနိုင်တယ်။ Read More »

အရေးကြီးတာ ဘဝမှာ
ကိုယ့်ရဲ့အကောင်းဆုံးပုံစံကိုဖန်တီးဖို့ပဲ။

ကျွန်တော်တို့ဘဝမှာဘယ်လောက်အောင်မြင်မြင်အထင်မကြီးတဲ့သူတွေရှိတယ်။ ဒီလိုပဲ တခြားသူတွေမှာလဲကိုယ်ဘယ်လောက်အောင်မြင်မြင်အထင်ကို မကြီးတဲ့သူတွေရှိတယ်။ အရေးကြီးတာ ဘဝမှာကိုယ့်ရဲ့အကောင်းဆုံးပုံစံကိုဖန်တီးဖို့ပဲ။သက်သေပြဖို့ မကြိုးစားနဲ့။ကိုယ့်ကိုကိုယ် ကိုယ်လုပ်ရင်ဖြစ်တယ်အကြွင်းမဲ့ယုံကြည်ထားဖို့လိုတတ်တယ်။ အချစ်ဆိုတာ အဲ့ဒါမျိုးလဲဖြစ်နိုင်တယ်။ကိုယ်က မဖြစ်သေးခင်ကတည်းကကိုယ့်ကိုယုံကြည်တဲ့သူမျိုး။ ဘဝမှာတော့ အချစ်ဆိုကိုသူစိမ်းတွေဆီက အဓိကရတာမျိုးလဲဖြစ်နိုင်တယ်။အရင်သူစိမ်း အခု family မိသားစုလဲဖြစ်နိုင်တယ်။ Phyo Paing @ Derek

အရေးကြီးတာ ဘဝမှာ
ကိုယ့်ရဲ့အကောင်းဆုံးပုံစံကိုဖန်တီးဖို့ပဲ။
Read More »

ကိုယ်ဘယ်လိုပုံစံ
ဘဝကိုဖြတ်သန်းချင်သလဲ
ဒီမေးခွန်းနဲ့စတင်တယ်။

လူတစ်ယောက်နဲ့ တစ်ယောက်ဘဝနေထိုင်ဖြတ်သန်းချင်တဲ့ပုံမတူကြဘူး။ ကိုယ်နေချင်တဲ့ပုံစံနဲံဘဝကို နေ့စဥ်ဖြတ်သန်းနိုင်တာအောင်မြင်မှုတစ်ခုပဲ။ ကိုယ်ဘယ်လိုပုံစံဘဝကိုဖြတ်သန်းချင်သလဲဒီမေးခွန်းနဲ့စတင်တယ်။ Phyo Paing @ Derek

ကိုယ်ဘယ်လိုပုံစံ
ဘဝကိုဖြတ်သန်းချင်သလဲ
ဒီမေးခွန်းနဲ့စတင်တယ်။
Read More »

ဒီလိုဖြတ်သန်းဖို့ ဥပဒေသ တချို့နဲ့နေကြည့်တယ်။

ဒီဘဝတစ်ခုကို ကောင်းကောင်းမွန်မွန်ပဲဖြတ်သန်းချင်တယ်။ ဒီလိုဖြတ်သန်းဖို့ ဥပဒေသ တချို့နဲ့နေကြည့်တယ်။ ၁။ စည်းကမ်းရှိပါ။ စည်းကမ်းသည်လူ၏တန်ဖိုးပဲ။အလုပ်စည်းကမ်း၊ ကျန်းမာကြံ့ခိုင်ရေး၊ ငွေရေးကြေးရေး၊ပေါင်းသင်းဆက်ဆံရေး၊ မိဘသားသမီး။ ၂။ ကိုယ်ပိုင်အတွေးအခေါ်ရှိပါ။ ကိုယ်ပိုင်စဥ်းစားတဲ့ပုံစံ၊ တန်ဖိုးထားမှု၊ ယုံကြည်ချက်ဒါတွေကိုရှင်းရှင်းလင်းလင်းသိမှကိုယ်ပိုင်အတွေးအခေါ်ရှိမယ်။ ၃။ ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းကို နေ့စဥ်တည်ဆောက်ပါ။တစ်သက်မှာတစ်ခါ လူလာလုပ်တာ။ ရည်ရွယ်ချက်တစ်ခုတော့ ရှိဖို့လိုတယ်။ လောကမှာ ထိန်းချုပ်လို့မရတဲ့အရာတွေအများကြီးပဲ။ ကိုယ့်ကိုကိုယ်တော့ ထိန်းချုပ်လို့ရတယ်။ကိုယ့်ပြဿနာကိုယ်ဖြေရှင်းနိုင်အောင်ကြိုးစား။ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းတည်ဆောက်ပါ။ ၄။ အနာဂတ်ပြဿနာတွေကို ကြိုတင်အဖြေရှာပါ။ပြဿနာဖြစ်မှ မဖြေရှင်းနဲ့။ မဖြစ်သေးပဲ ဖြစ်နိုင်တဲ့ပြဿနာတွေကိုကြိုတင်စဥ်းစား၊ အဖြေရှာထားပါ။ ၅။ အပြစ်မတင်နဲ့ အဖြေရှာ။ အပြစ်တင်ဖို့ကလွယ်တယ်။ဥာဏ်သုံးစရာမလိုဘူး။အဖြေရှာဖို့က ပိုခက်တယ်။ ဦးနှောက်သုံးရတယ်။အားထုတ်ရတယ်။ ဒီတော့ အပြစ်မတင်နဲ့ အဖြေရှာ။ ၆။ ပြိုင်မငြင်းနဲ့ မေး။ လောကမှာ ကိုယ်မသိတာ၊ နားမလည်တာအများကြီး။ ကိုယ့်အထင်အမြင်ကိုယ် မှန်တယ်ထင်တာ လူတွေကို စိတ်ဒုက္ခအပေးဆုံးပဲ။ ပြိုင်ငြင်းမည့်အစား မေးပါ။ ၇။

ဒီလိုဖြတ်သန်းဖို့ ဥပဒေသ တချို့နဲ့နေကြည့်တယ်။ Read More »