အောင်မြင်မှု
အသက်အရွယ်တစ်ခုရောက်လာတော့အောင်မြင်မှုဆိုတာ ဘဝနေထိုင်မှု lifestyle တစ်ခုဆိုတာနားလည်လာတယ်။ အောင်မြင်မှုဆိုတာ တခဏဟန်ဆောင်လို့ရတဲ့ အရာ မဟုတ်ဘူး။ “ကိုယ့်မှာရှိတာထက် ပိုမသုံးဖို့”အနာဂတ်အတွက် ခြိုးခြံခြွေတာဖို့Live below your means ဆိုတာအမြဲလက်ခံတယ်။ ကိုယ်နေထိုင်နေတဲ့ ဘဝနေထိုင်မှုကိုအခြေအနေဘယ်လိုဖြစ်သွားပါစေဒုက္ခမရောက်သွားဖို့လိုတယ်။ ဒါကြောင့် ငွေကြေးစီမံခန့်ခွဲမှုအရေးကြီးတာ။မဟုတ်ရင် အရှင်လတ်လတ်ကိုယ်မလုပ်ချင်တဲ့အလုပ်ကိုမမြင်ချင်တဲ့သူတွေနဲ့နေ့တိုင်းလုပ်ပြီး ကိုယ်မကြိုက်တဲ့သူတွေ အထင်ကြီးဖို့ကိုယ့်ကိုယ်ကိုယ် ငြင်းဆဲနေမိမယ်။ Phyo Paing @ Derek
