marketing

Leverage ကို အသုံးချဖို့

ဘယ်လောက်တော်တဲ့သူပဲဖြစ်ဖြစ်ပိရမစ်ကို တစ်ယောက်တည်းတည်ဆောက်လို့မရဘူး။မဟာတံတိုင်းကို တစ်ယောက်တည်းတည်ဆောက်လို့မရဘူး။ဘယ်ကြီးကျယ်တဲ့အရာမှတစ်ယောက်တည်းလုပ်လို့မလွယ်ဘူး။စီရိုနာဒို ဘယ်လောက်တော်တော်တစ်ယောက်တည်း တစ်သင်းလုပ်လို့မရနိုင်ဘူး။Leverage ကုတ်အား ကန်အားလိုတယ်။ဒါကြောင့် တချို့ ကျောင်းတုန်းက အဆင့်တစ်ရပြီးမွဲနေတာ လူတွေကို မခိုင်းတတ်လို့။ Leverage ယူ အသုံးချလို့ရတဲ့အရာတွေမှာ၁။ လူတွေရဲ့ အချိန်၊ ကျွမ်းကျင်မှု၂။ ငွေ၃။ နည်းပညာ၄။ နည်းစနစ် အစရှိတာတွေပါတယ်။ ဒါတွေကို ခိုင်းစေဖို့စီမံခန့်ခွဲမှုကို သေချာတတ်ဖို့လိုတယ်။ ကျွန်တော် လူတွေကို စီမံခန့်ခွဲမှုလုပ်ရတာကို အသေမုန်းတယ်။စိတ်လုံးဝ ရှည်လေ့မရှိခဲ့ဘူး။ကိုယ်သွားတဲ့ နှုန်းကိုမလိုက်နိုင်ဘူးဆိုပြီးခဏခဏစဉ်းစားခဲ့ဖူးတယ်။ နောက်ပိုင်းပြန်စဉ်းစားကြည့်တယ်။နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ဘူး။Leverage ကို အသုံးချဖို့လူတွေကို ဘယ်လိုစီမံခန့်ခွဲမလဲဘယ်လိုဦးဆောင်ပြီး အကောင်ထည်ဖော်ချင်တာတွေကိုဖြစ်အောင်လုပ်မလဲ သိဖို့လိုတယ်။ ဒါနဲ့ စီးပွါးစီမံကို လေ့လာခဲ့မိတယ်။၂၀၁၃ ကစလို့ Marketing Managementမားကတ်တင်းစီမံခန့်ခွဲမှုကိုBusiness School တစ်ခုမှာ သင်ရင်းနဲ့ပေါ့။ အတွေးအခေါ် ဘေးချော်ရင်အရေးပေါ်ပြင်ဖို့လိုတယ်။ #GMC

Leverage ကို အသုံးချဖို့ Read More »

မားကတ်တင်းဆိုတာ
“အထင်အမြင်ပြောင်းပညာ”

လူတွေကို ဒုက္ခအပေးဆုံးကတခြားသူတွေရဲ့ အထင်အမြင်။ကံကောင်းချင်တော့ကိုယ်က အထင်အမြင်ပြောင်းအလုပ်ဖြစ်တဲ့ marketing လုပ်နေရတာပဲ။မားကတ်တင်းဆိုတာ“အထင်အမြင်ပြောင်းပညာ”။ #GMC

မားကတ်တင်းဆိုတာ
“အထင်အမြင်ပြောင်းပညာ”
Read More »

မားကတ်တင်းသမားတစ်ယောက်ရဲ့
အဓိက တာဝန်တစ်ခု

မားကတ်တင်းသမားတစ်ယောက်ရဲ့အဓိက တာဝန်တစ်ခုကလူတွေရဲ့အထင်အမြင်ကိုပြောင်းဖို့ပဲ။ဒါမားကတ်တင်းရဲ့အရေးအကြီးဆုံးအချက်ပဲ။ လူတွေရဲ့အထင်အမြင်ပြောင်းမှခံစားချက်ပြောင်းမယ်။ခံစားချက်ပြောင်းမှ လုပ်ရပ်ပြောင်းမယ်။လုပ်ရပ်ပြောင်းမှ ကိုယ်လိုချင်တဲ့Call to action ရမယ်။ROAS တွေကောင်းမယ်။ လူတွေရဲ့အထင်အမြင်ကိုပြောင်းဖို့ကိုယ်ပေးချင်တဲ့ message လိုတယ်။ဒီ message ကို လူတွေစိတ်ထဲစွဲအောင်heart ထိအောင် ဘယ်လိုပုံစံpresentation လုပ်မလဲ။ဒါက သာမာန်မားကတ်တင်းသမားနဲ့Pro ကိုကွာသွားစေတဲ့အချက်ပဲဖြစ်မယ်။ #GMC

မားကတ်တင်းသမားတစ်ယောက်ရဲ့
အဓိက တာဝန်တစ်ခု
Read More »

Marketing 3.0

Marketing 3.0 တုန်ကကျတော့တစ်ဘို့ထဲမကြည့်နဲ့People, Profit နဲ့ Planet ကြည့်ကြဆိုပြီးtriple bottom line (3P) နဲ့ကုမ္ပဏီတွေက CSR တွေလုပ်ကြတယ်။ Marketing 4.0 ရောက်ပြန်တော့F factors တွေအရေးကြီးတယ်ဆိုတော့Facebook friends, followers နဲ့ fans တွေကိုdigital communication နဲ့အသုံးချနိုင်အောင်Aware, appeal, ask, act, advocate ဆိုပြီး5A နဲ့ လုပ်ခဲ့ကြတယ်။​ ဒီနေ့ခေတ် Marketing 5.0 မှာတော့data-driven marketing နဲ့agile marketing နဲ့ပေါင်းပြီးလုပ်ဆောင်လာကြတယ်။ဘယ် post ကို ဘယ်အချိန်မှာဘယ်ပုံစံနဲ့ ဘယ် platform ကတင်ရင်ဘယ်လို ဖြစ်မယ်ဆိုတဲ့predictive marketing နဲ့အခြေအနေ အချိန်အခါပေါ်ကြည့်ပြီးလုပ််ဆောင်ရတဲ့ contextual marketingအရေးကြီးလာခဲ့တယ်။ Predictive marketing အတွက်program

Marketing 3.0 Read More »

Multiple income streams (MIS)

ဒီနေ့ခေတ်က ကိုယ့်အလုပ်တစ်ခုဝင်ငွေနဲ့ပဲ ရပ်တည်တာဟာအန္တရာယ်တော်တော်များလှတယ်။ လူတွေရဲ့သဘောတရားအရကငွေဝင်လေ ပိုသုံးလေဖြစ်တတ်တယ်။ငွေပိုသုံးလေ ကိုယ့်ရဲ့လူနေမှုအဆင့်အတန်းlifestyle အတွက် ငွေပိုရှာရလေဖြစ်တတ်တယ်။ ဒါကြောင့် ကိုယ့်ရဲ့ဝင်ငွေကိုအလုပ်တစ်ခုထက်ပိုထားသင့်တယ်လို့မြင်တယ်။ဒါကို Multiple income streams (MIS) လို့ခေါ်တယ်။ ကိုယ်တိုင်အလုပ်လုပ်လို့ ဝင်တဲ့ဝင်ငွေActive incomeကိုယ်တိုင်အလုပ်မလုပ်ပဲအိပ်နေလဲငွေရှာပေးနေတဲ့ဝင်ငွေPassive incomeကိုယ့်လုပ်ငန်းကို အလုံးလိုက်အကောင်လိုက်ပြန်ရောင်းတဲ့အခါ ပြန်ရတဲ့ဝင်ငွေValue of the companyဒီသုံးခုပေါ်မူတည်ပြီး ဝင်ငွေတည်ဆောက်ထားဖို့လိုတယ်။ ဥာဏလုပ်သားတစ်ယောက်နဲ့ ဥပမာပေးကြည့်မယ်။ လုပ်ငန်းတစ်ခုက Digital Marketerတစ်ယောက်ဆိုပါတော့။သူ့လုပ်ငန်းမှာ ဝန်ထမ်းလုပ်တဲ့အတွက်လစာ salary ရမယ်။ သူ့အလုပ် ကျွမ်းကျင်မှုနဲ့SME လုပ်ငန်းတွေကို ဒီဂျစ်တယ်မားကတ်တင်းအလွတ်တန်းသမား freelancer အဖြစ်ရုံးချိန်ပြင်ပမှာ side gig အဖြစ်လုပ်မယ်။ဒါဆိုရင် သူ့ရဲ့ active income တိုးတက်လာမယ်။ Page တစ်ခုလုပ်မယ်။ကုမ္ပဏီတစ်ခုမှာ digital marketer အဖြစ်အလုပ်လုပ်လိုသူများအတွက်content တွေရေးပြီး မျှဝေမယ်။နောက် interview ဖြေတာကအစလုပ်ငန်းတစ်ခုမှာ

Multiple income streams (MIS) Read More »

Guerrilla Marketing ဆိုတာ

ဘာကြောင့် အီလွန်မက်က သူ့ကား Telsa Roadster ကိုအင်္ဂါဂြိုလ်စက်ကွင်းထဲ ပို့လိုက်သလဲ။ $200,000 လောက် ကုန်ကျတဲ့ ကားကိုအာကာသထဲပို့လိုက်ပြီးတစ်ကမ္ဘာလုံးရဲ့ သတင်းတွေမှာလူသန်းရာပေါင်းများစွာတွေ့အောင်လုပ်ပြီးbreaking news ဖြစ်အောင်လုပ်ပြီးTesla ရဲ့ပေးချင်တဲ့ အမှတ်တံဆိပ်မတ်ဆေ့နဲ့အမှတ်တံဆိပ် ကိုယ်ရည်ကိုယ်သွေးလူတွေမှတ်မိ၊ ပြောဆိုအောင်လုပ်ခဲ့တယ်။ Guerrilla Marketing ဆိုတာကုန်ကျစရိတ်အနည်းဆုံး သို့ မရှိသလောက်နဲ့လူတွေသိ၊ မြင်၊ ပြော၊ ဝယ်အောင်လုပ်ဆောင်တဲ့ မားကတ်တင်းစနစ်တစ်ခုဖြစ်ပါတယ်။ #GMC

Guerrilla Marketing ဆိုတာ Read More »

ရင်းနှီးမြုပ်နှံမှုကိုလဲ leverage လုပ်လို့ရတယ်

ကိုယ့်လုပ်ငန်းနယ်ပယ်တူတွေထက်လေးငါးဆယ်ဆလောက်ကွာစေတဲ့အရာသုံးခုရှိတယ်လို့မြင်တယ်။ ၁။ Marketing လူပိုသိပြီးယုံကြည်အောင်လုပ်နိုင်စွမ်း၂။ Management ပန်းတိုင်ရောက်ဖို့ စီမံခန့်ခွဲနိုင်စွမ်း၃။ Machine/ Technology နည်းပညာအသုံးပြုနိုင်စွမ်း ဒီသုံးခုကို အသုံးပြု leverage လုပ်ပြီးကိုယ့်မဟာဗျူဟာကို စနစ်တကျတည်ဆောက်နိုင်ရင် ပြိုင်ဖက်ကိုအဝေးကြီးမျာ ချန်ခဲ့လို့ရတယ်။ နောက်တစ်ခုထပ်ဖြည့်ချင်ရင်Money ပေါ့။ရင်းနှီးမြုပ်နှံမှုကိုလဲ leverage လုပ်လို့ရတယ်။ #GMC

ရင်းနှီးမြုပ်နှံမှုကိုလဲ leverage လုပ်လို့ရတယ် Read More »

မားကတ်တင်းမှာ 7P ဆိုတာရှိတယ်

မားကတ်တင်းမှာ 7P ဆိုတာရှိတယ်။တချို့လူတွေက ကတ်တီးကတ်သပ်49 P တွေ တွေ့သမျှ P တွေလျှောက်အော်နေတာမျိုးလဲ တွေ့ဖူးလိမ့်မယ်။သူတို့က ပိုသိတယ်ဆိုတာမျိုးပေါ့။အဲ့လိုပြောနေပြီဆိုကတည်းကသောက်တလွဲဆိုတာ နားလည်လိုက်တော့။ ဒီိနေ့ ညီငယ်၊ ညီမငယ်တို့ကို ပြောပြချင်တာ7P လို့ခေါ်တယ်။ဒါကို marketing mixes လို့ခေါ်သလိုဒိုရေမီဖာ တို့လို သံစဉ်တစ်ခုဖန်တီးဖို့ဒီ 7P က အရေးကြီးတယ်။ဒီ 7P အသုံးပြုပြီး သီချင်းတစ်ပုဒ်ဖန်တီးသလို ဖော်ပြတာကိုpositioning လို့ခေါ်တယ်။​ 7 P ဆိုတာကတော့Product ကုန်ပစ္စည်း၊ ဝန်ဆောင်မှု(သူ့ရဲ့ ဒီဇိုင်း၊ ကာလာ၊ ဘာညာ၊အနေအထားအကုန်ပါတယ်။)Price စျေးနှုန်းPlace ဖြန့်ချီမှုပုံစံPromotion စျေးကွက်ကို အသိပေးတဲ့ပုံစံPeople လူ၊ ဝန်ထမ်းProcess ဝန်ဆောင်မှုပေးတဲ့ဖြစ်စဉ်Physical evidence အဆောင်အယောင်ဒါကို ပြောတာဖြစ်တယ်။ ဖောက်သည်ဖက်ကတော့ဒါကို မြင်တဲ့အမြင်ကို7 C နဲ့ ဖော်ပြလို့ရသေးတယ်။Customer ValueCostConvenienceCommunicationConsiderationCo-ordinationConformation လို့ခေါ်တယ်။

မားကတ်တင်းမှာ 7P ဆိုတာရှိတယ် Read More »

STP ဆိုတာ ကြားဖူးပါသလား

၁။ STP ဆိုတာ ကွားဖူးပါသလား။၂။ 7 P ဆိုတဲ့ marketing mixes ဟာ P______ အတွက်အသုံးပြုတယ်။၃။ Product layers သုံးမျိုးကိုကြားဖူးပါသလား။၄။ Ansoff’s Matrix ဆိုတာ ကြားဖူးလား။၅။ Consumer’s buying behavior မှာ B2B နဲ့ B2C မတူတာသိပါသလား။ ဒီငါးမှတ်အောင်ရင် အခြေခံရှိတယ်လို့ယူဆလို့ရတယ်။ #GMC

STP ဆိုတာ ကြားဖူးပါသလား Read More »

လူတော်တော်များများမြင်အောင်
boost ကြတယ်

လူတော်တော်များများမြင်အောင် boost ကြတယ်။Follower တစ်သိန်းရှိတဲ့ Facebook page ရဲ့ကြော်ငြာစရာမလိုပဲ သွားတဲ့organic reach က 2-5% ပဲရှိတယ်။တစ်သိန်းမှာ ၂ ထောင်နဲ့ ငါးထောင်ပဲပုံမှန်မြင်တယ်။၅ ရာခိုင်နှုန်းဆိုရင်တောင်အခု ၂၀ တင်မှ အကုန်မြင်မှာ။လူတော်တော်များများမြင်အောင်boost ကြတယ်။တခြားနည်းလမ်းတွေ အများကြီးရှိသေးတယ်။အဲ့ဒါ Guerrilla Marketing Coach – Myanmar တွေ သိတယ်။ #GMC

လူတော်တော်များများမြင်အောင်
boost ကြတယ်
Read More »