mindset

အတွေးအခေါ်မတူရင် (Philosophy)

ခေါင်းထဲထည့်ထားတဲ့ အတွေးအခေါ်မတူရင် (Philosophy) အထင်အမြင်မတူဘူး။ (Perception) အထင်အမြင်မတူရင်အယူအဆမတူဘူး။ (Concept) အယူအဆမတူရင်လောကအမြင်မတူဘူး။ (View) လောကအမြင်မတူရင်လုပ်ရပ်တွေလဲမတူဘူး။ (Action) လုပ်ရပ်မတူရင်ရလဒ်တွေလဲမတူဘူး။ (Result) Phyo Paing @ Derek

အတွေးအခေါ်မတူရင် (Philosophy) Read More »

အတွေး၊ အကြံအစီ၊ အလုပ်
အထူးအရေးကြီးတယ်။

လူတိုင်းကကိုယ်နဲ့ တန်ရာတန်ရာပဲရတတ်ကြတယ်။ကိုယ်နဲ့ကောင်းတာနဲ့ထိုက်တန်ဖို့ကာယကံ၊ ဝဇီကံ၊ မနောကံအတွေး၊ အကြံအစီ၊ အလုပ်အထူးအရေးကြီးတယ်။ Phyo Paing @ Derek

အတွေး၊ အကြံအစီ၊ အလုပ်
အထူးအရေးကြီးတယ်။
Read More »

ဥာဏ်နည်းလေ
အဖြေရှာဖို့ထက်
အပြစ်တင်တတ်လေပဲ။

မွဲတယ်ဆိုတာအတိတ်ဘဝ ကံနည်းတာ ပါရင်လဲပါမယ်။အဓိက မွဲစေတာကဥာဏ်နည်းတာ။ ဥာဏ်နည်းရင် ပြလဲမမြင်ဘူး။ဥာဏ်နည်းအောင်စာမဖတ်ခိုင်းနဲ့။ပညာမတတ်တာကို ဘွဲ့ပေး။ဘွဲ့ရပညာမတတ်ကဘွဲ့မရတာထက် ပိုဆိုးတယ်။ အလကားဘွဲ့ပေးလိုက်တာကိုပညာတတ်တယ်လို့ ထင်သွားတာ။ ပညာမတတ်ရင်မတွေးတတ်ဘူး။မတွေးရင် မမြင်ဘူး။ဒါကြောင့် အတွေးအမြင်လို့ခေါ်တာ။ မတွေးမမြင်တော့ဦးနှောက်နဲ့မဆုံးဖြတ်တတ်ဘူး။မျက်စိနဲ့မြင်တာကိုခံစားပြီးခံစားချက်နဲ့ပဲ ဆုံးဖြတ်တတ်မယ်။ ခံစားချက်နဲ့ဆုံးဖြတ်တော့အဖြေမရှာတတ်ဘူး။ခံစားချက်များလေ ဥာဏ်နည်းလေ။ ဒါကြောင့် ဥာဏ်နည်းလေအဖြေရှာဖို့ထက်အပြစ်တင်တတ်လေပဲ။ ကိုယ့်ကိုကိုယ်ဆုံးမရင်းရေးမိတာ။ Phyo Paing @ Derek

ဥာဏ်နည်းလေ
အဖြေရှာဖို့ထက်
အပြစ်တင်တတ်လေပဲ။
Read More »

ကိုယ့်အတွက်အရေးမပါသူတွေရဲ့အထင်အမြင်ကကိုယ့်အတွက် အရေးမပါဘူး။

ကိုယ့်အတွက်အရေးမပါသူတွေရဲ့အထင်အမြင်ကကိုယ့်အတွက် အရေးမပါဘူး။ နည်းနည်းရှင်းပြပါရစေ။ တခါတလေ လူတော်တော်များများကလူတွေရဲ့အထင်အမြင်ကိုလိုတာထက် ဂရုစိုက်တတ်ကြတယ်။ တခါတလေလဲ လူတွေရဲ့အထင်အမြင်ကအရေးမကြီးဘူးဆိုပြီးလဲလုပ်မိတတ်ကြပြန်တယ်။ အဲ့တော့ ဒီနှစ်ခုကြားထဲကကြားနေ အတွေးအခေါ်တစ်ခုဖန်တီးပြီး ဘဝမှာ ကျင့်သုံးကြည့်တယ်။ ကိုယ့်အတွက် အရေးမပါတဲ့သူတွေရဲ့အထင်အမြင်က အရေးမပါဘူး။ ဘယ်လိုလူတွေက ကိုယ့်အတွက်အရေးမပါဘူးလဲ။ ကိုယ့်ရဲ့အောင်မြင်မှုကိုသူတို့ရဲ့ကျဆုံးမှုလို့ ယူဆတဲ့သူတွေ။ကိုယ့်ရဲ့တိုးတက်မှုကိုသူတို့ရဲ့ဆုတ်ယုတ်မှုလို့ ယူဆတဲ့သူတွေ။ကိုယ့်ရဲ့အကျိုးစီးပွါးကသူတို့အတွက် ဆုံးရှုံးမှုလို့ထင်တဲ့သူတွေ။ဒါတွေက ကိုယ့်အတွက်အရေးမပါတဲ့သူတွေပဲ။ ဒါကြောင့်ကိုယ့်အတွက် အရေးမပါတဲ့သူတွေရဲ့အထင်အမြင်ကကိုယ့်အတွက် အရေးမပါဘူး။ ဒါကတော့ ကျွန်တော်စဉ်းစားမိတဲ့အတွေးလေးတစ်ခု။လိုရင်လဲယူသုံးကြည့်။မလိုရင်လဲ ကျော်သွားပေါ့။လူတိုင်းအတွက် အသုံးတည့်ချင်မှတည့်မှာပေါ့။ Phyo Paing @ Derek

ကိုယ့်အတွက်အရေးမပါသူတွေရဲ့အထင်အမြင်ကကိုယ့်အတွက် အရေးမပါဘူး။ Read More »

ကိုယ်သေချာနားမလည်တဲ့အရာကို“မမုန်းပါနဲ့။”

ကိုယ်သေချာနားမလည်တဲ့အရာကို“မမုန်းပါနဲ့။” မနေ့က လူတစ်ယောက်ဝတ်ထားတဲ့T-shirt လေးတွေ့လိုက်တယ်။Don’t hate what you don’t understand တဲ့။ကိုယ်နားမလည်တာကို မမုန်းပါနဲ့တဲ့။ စဉ်းစားခြင်းက ခက်ခဲတယ်။ဒါကြောင့်လူအများစုကအထင်အမြင်နဲ့ဆုံးဖြတ်ချက်ချကြတယ်။ ဝမ်းနည်းဖို့ကောင်းတာလူမှုအဖွဲ့အစည်းတစ်ခုမှာပညာဥာဏ်နည်းပါးလေလေအထင်အမြင်နဲ့ ဆုံးဖြတ်ချက်ချလေလေ။ယုတ္တိနဲ့ ဆုံးဖြတ်ချက်နည်းလေလေ။ဆုံးဖြတ်ချက်အမှားတွေချလေလေ။ လူအများစုက နားလည်ဖို့နားမထောင်ဘူး။ပြန်ပြောဖို့ပဲ နားထောင်တတ်ကြတယ်။ ဘဝမှာ ဥပဒသတစ်ခုထားတယ်။ကိုယ်သေချာနားမလည်တဲ့အရာကိုမမုန်းပါနဲ့။ လူတွေက ကိုယ့်ကိုဖျက်ဆီးနေတဲ့အရာတွေကို ချစ်တတ်ကြပြီးကိုယ့်အတွေးအခေါ်နဲ့ဆန့်ကျင်တဲ့အရာတွေကိုမုန်းတီးတတ်ကြတယ်။ ကိုယ်သေချာနားမလည်တာကိုမမုန်းလိုက်ပါနဲ့။ အထင်အမြင်နဲ့ဆုံးဖြတ်ချက်ချမည့်အစားအတွေးအခေါ်နဲ့ ဆုံးဖြတ်ချက်ချပါ။ဘာကွာလဲ အတွေးအခေါ်နောက်မှာအချက်အလက်၊ လောဂျစ်နဲ့စဉ်းစားတဲ့အဆင့်တွေရှိတယ်။ Phyo Paing @ Derek

ကိုယ်သေချာနားမလည်တဲ့အရာကို“မမုန်းပါနဲ့။” Read More »

ယောကျာ်းဆိုတာက တာဝန်ယူမှုနဲ့
အားကိုးလို့ရတဲ့သူဖြစ်ရမယ်။

ကိုယ်သာ သားလေးရှိရင်ယောကျာ်းဆိုတာအချစ်ကို ကိုးကွယ်ရမှာမဟုတ်ဘူး။အချစ်က ကိုယ့်ကွယ်အောင်လုပ်ရမှာ။​ ဒီအတွက်ယောကျာ်းဆိုတာက တာဝန်ယူမှုနဲ့အားကိုးလို့ရတဲ့သူဖြစ်ရမယ်။ ဒီလိုဖြစ်ဖို့ Superior Manတန်ဖိုးရှိတဲ့ ယောကျာ်းဖြစ်ဖို့လိုတယ်။​ တန်ဖိုးရှိတဲ့ ယောကျာ်းတွေကအတင်းမပြောဘူး။စောင်းပြော၊ မြောင်းပြောမလုပ်ဘူး။ကိုယ့်အထင်အမြင်ကို ပွင့်ပွင့်လင်းလင်းပြောရတယ်။ အလုပ်ကိုသေချာလုပ်တယ်။မပျင်းဘူး။ကိုယ့်တာဝန်ကိုယ်ကျေတယ်။ ပြဿနာကို ခံစားချက်တွေနဲ့ဟိုလူ့အပြစ်တင် ဒီလူ့အပြစ်မတင်နေဘူး။ပြဿနာကို အဖြေရှာတယ်။အနိုင်ယူဖို့ထက်ပြေလည်ဖို့ အသားပေးတယ်။ အလုပ်အတွက် စည်းကမ်းရှိတယ်။ကိုယ့်မိဘ၊ သားသမီးနဲ့ အိမ်အတွက်တာဝန်ယူတယ်။ရည်မှန်းချက်ရှိတယ်။အားကိုးလို့ရတယ်။ သူ့ဟာနဲ့သူ လိင်ပိုင်းဆိုင်ရာsexual preference က ဘယ်လိုဖြစ်ဖြစ်ဒါက ခံယူချက်နဲ့ ဆိုင်တယ်လို့ထင်တယ်။ ဒါကတော့ တန်ဖိုးရှိတဲ့ယောကျာ်းလို့ထင်တယ်။ဒီနေ့ခေတ် တန်ဖိုးထားမှုတွေပြောင်းသွားပြီလားတော့သေချာမသိဘူး။ Phyo Paing @ Derek

ယောကျာ်းဆိုတာက တာဝန်ယူမှုနဲ့
အားကိုးလို့ရတဲ့သူဖြစ်ရမယ်။
Read More »

အတွေး၊ အကြံ၊ အလုပ်က
လွတ်မြောက်မှုကိုရောက်စေတယ်။

လူတွေကို ဆန္ဒတွေက ချုပ်နှောင်ထားပြီး၊အတွေး၊ အကြံ၊ အလုပ်ကလွတ်မြောက်မှုကိုရောက်စေတယ်။ Phyo Paing @ Derek

အတွေး၊ အကြံ၊ အလုပ်က
လွတ်မြောက်မှုကိုရောက်စေတယ်။
Read More »

Mindset is everything ဆိုတာ
တစ်ဝက်ပဲမှန်တယ်။
Mechanics (နည်းစနစ်)လဲလိုတယ်။

Mindset စိတ်ဓာတ်တစ်ခုတည်းနဲ့ မပြီးသွားဘူး။ စိတ်ဓာတ်ခိုင်မာပြီးဝိတ်ချ ဝိတ်မကျတဲ့သူဝိတ်တင် ဝိတ်မတက်သူအများကြီး။ စိတ်ဓာတ်တစ်ခုတည်းနဲ့ ဖြေချင်တဲ့စာမေးပွဲအောင်ဖို့အမှတ်ကောင်းဖို့မလွယ်ဘူး။ စိတ်ဓာတ်တစ်ခုတည်းနဲ့ မားကတ်တင်း၊ စီးပွားရေးရည်မှန်းချက်မရောက်သွားဘူး။ စိတ်ဓာတ်တစ်ခုရည်ရွယ်ချက်တစ်ခုရှိရုံနဲ့ အချစ်ရေးအဆင်ပြေမသွားဘူး။ စိတ်ဓာတ်တစ်ခုတည်းရှိရုံနဲ့ဘဝတိုက်ပွဲအောင်ဖို့မလွယ်ဘူး။ Mindset အပြင် ကိုးကွယ်တဲ့အရာတစ်ခုဘဝမှာထားထားတယ်။ဒါကတော့ Mechanics. Mindset is everything ဆိုတာတစ်ဝက်ပဲမှန်တယ်။ Mechanics (နည်းစနစ်)လဲလိုတယ်။ လူတွေက စိတ်ဓာတ် Mindset မကောင်းလို့လိုချင်တာ မရတာထက်နည်းစနစ် Mechanics မရှိလို့လိုချင်တာ မရတာများတယ်လို့တဖြည်းဖြည်း သိလာတယ်။ ဒါကြောင့်လဲ ဘဝမှာ တစ်ခုခု ရချင်ရင် Mechanics နည်းစနစ်ကိုလေ့လာဖို့ကို အချိန်ပေးလေ့လာဖြစ်လာတယ်။ Phyo Paing @ Derek

Mindset is everything ဆိုတာ
တစ်ဝက်ပဲမှန်တယ်။
Mechanics (နည်းစနစ်)လဲလိုတယ်။
Read More »

“ကိုယ့်စိတ်ကိုပြောင်းနိုင်ရင်
ကိုယ့်ဘဝကို ပြောင်းနိုင်တယ်”

အတွေးပြောင်းရင် ကိုယ်မြင်နေတဲ့ကမ္ဘာကြီးအပြင်ကိုယ့်ဆဲလ်တွေကိုပါအပြောင်းအလဲလုပ်နိုင်တယ်။ ဒါကို epigenetics အစ်ပီဂျနက်တစ် လို့ခေါ်တယ်။ ပတ်ဝန်ကျင်ကိုပြောင်းလို့မရရင်ပတ်ဝန်းကျင်ကို ပြောင်း။ လူကိုပြောင်းဖို့အတွေးအခေါ်ကို အရင်ပြောင်း။ ပြောင်းလဲဖို့အခက်ဆုံးကအတွေးအခေါ်ဖြစ်တတ်တယ်။ ဒါကြောင့် စိတ်ပညာရှင်ဝီလီယံဂျိမ်းက“ကိုယ့်စိတ်ကိုပြောင်းနိုင်ရင်ကိုယ့်ဘဝကို ပြောင်းနိုင်တယ်”တဲ့။ Phyo Paing @ Derek

“ကိုယ့်စိတ်ကိုပြောင်းနိုင်ရင်
ကိုယ့်ဘဝကို ပြောင်းနိုင်တယ်”
Read More »