mindset

ကိုယ့်ကိုကိုယ် နားလည်မှကိုယ့်ကိုကိုယ် စိတ်ဆင်းရဲမှုကနည်းအောင်လုပ်နိုင်မယ်။

ကိုယ့်ကို နားလည်တဲ့သူ ရှာနေတာ ရပ်ပါ ချစ်သူ ဆီ ရှာတယ်သူငယ်ချင်း ဆီ ရှာတယ်Social media ပေါ် ရှာတယ် “ဘယ်သူမှ ငါ့ကို နားမလည်ဘူး” ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်ကော ကိုယ် ဘာလို့ စိတ်ဆိုးနေတာလဲ — သိလားကိုယ် ဘာ ကြောက်နေတာလဲ — သိလားကိုယ့် ခံစားချက်ရဲ့ အောက်မှာ ဘာ ရှိလဲ — သိလား ဒေါသ ဆိုတာ ပထမထပ်အောက်မှာ ကြောက်တာ ရှိတယ်ဒါမှမဟုတ် နာကျင်တာ ရှိတယ်ဒါမှမဟုတ် ချစ်ခံချင်တာ ရှိနိုင်တယ် ဒါကို မရှာဘူး“သူများကြောင့်” ဆိုပြီး ပစ်ချတယ် တူညီတဲ့ ပြဿနာ ထပ်ခါထပ်ခါ ဖြစ်နေတယ်ချစ်သူ ပြောင်းလည်း ပြဿနာ မပြောင်းဘူးသူငယ်ချင်း ပြောင်းလည်း ခံစားချက် မပြောင်းဘူး […]

ကိုယ့်ကိုကိုယ် နားလည်မှကိုယ့်ကိုကိုယ် စိတ်ဆင်းရဲမှုကနည်းအောင်လုပ်နိုင်မယ်။ Read More »

အမြင်ပြောင်းရင် အမြင့်ပြောင်းတယ်။

အမြင်မတူရင် အမြင့်မတူဘူး။ လူနှစ်ယောက် တူတူကြည့်တယ်။တစ်ယောက်က ပြဿနာမြင်တယ်။တစ်ယောက်က အခွင့်အလမ်းမြင်တယ်။ မြင်တာမတူလို့ လုပ်တာမတူတယ်။လုပ်တာမတူလို့ ရောက်တာမတူတယ်။ ဒါဆို အမြင်က ဘယ်ကလာသလဲ? နံပါတ် ၁ က ပညာ။စာအုပ်တစ်အုပ်ဖတ်လိုက်ရင်ကိုယ့်မျက်စိမှာ lens တစ်ခု ထပ်တပ်လိုက်တာ။ကမ္ဘာကို ကြည့်တဲ့ angle ပြောင်းသွားတယ်။ Marketing မသိခင်ကိုယ် ပစ္စည်းရောင်းတာ ရောင်းတာပဲမြင်တယ်။Marketing သိပြီးတဲ့နောက်လူတွေရဲ့ စိတ်ပိုင်းခြားမှု မြင်လာတယ်။ Psychology မသိခင်လူတွေဘာလို့ ဒီလိုလုပ်တာလဲ နားမလည်ဘူး။Psychology သိပြီးတဲ့နောက်ကိုယ့်ကိုယ်ကိုတောင် ပိုနားလည်လာတယ်။ ပညာတစ်ခုတိုးတိုင်းကမ္ဘာက ပိုကျယ်လာတယ်။ နံပါတ် ၂ က SEE။Significant Emotional Event။ဘဝမှာ ဟတ်ထိမိတဲ့ အဖြစ်အပျက်တစ်ခု။ ပညာက lens မျက်မှန် ပေးတယ်။SEE ကတော့ lens ကို အတင်းတပ်ပေးလိုက်တာ။ ငွေကုန်ပြီး လုပ်ငန်းပျက်ဖူးတဲ့သူငွေကို

အမြင်ပြောင်းရင် အမြင့်ပြောင်းတယ်။ Read More »

လူတွေကို ဒုက္ခပေးတာလဲ အတွေးပဲ။ပျော်စေတာလဲ အတွေးပဲ။

တစ်ယောက်ယောက်က ကိုယ့်ကို စကားဆိုးပြောတယ်။နာကျင်တာ သူ့စကားကြောင့်မဟုတ်ဘူး။ကိုယ်က ထပ်ခါထပ်ခါ ပြန်တွေးနေလို့။ အဲဒီစကား တစ်ခါပဲကြားရတယ်။ဒါပေမယ့် ကိုယ့်ခေါင်းထဲမှာအကြိမ် ၁၀၀ ပြန်ဖွင့်တယ်။ ဒုက္ခက အဲဒီ ၉၉ ကြိမ်မှာ။ ပျော်တာလဲ အတူတူပဲ။ကောင်းတဲ့အရာတစ်ခု ဖြစ်တယ်။ပြီးသွားပြီ။ဒါပေမယ့် ကိုယ်က ပြန်တွေးတယ်။ပြန်ခံစားတယ်။ပြန်ပျော်တယ်။ အတွေးက ဓားပဲ။ကိုင်တတ်ရင် ဟင်းချက်လို့ရတယ်။မကိုင်တတ်ရင် ကိုယ့်ကိုယ်ကို ခုတ်မိတယ်။ ဗုဒ္ဓက ဝိပဿနာ ပေးခဲ့တယ်။အတွေးကို မတွေးနဲ့လို့ မပြောဘူး။အတွေးကို ကြည့်နေလို့ ပြောတာ။ ပုစ္စုပ္ပာန် ရှုတယ်ဆိုတာအတွေးကို ရပ်တာမဟုတ်ဘူး။အတွေးကို ကြည့်ရင်းကိုယ်က အတွေးမဟုတ်ဘူးဆိုတာ သိသွားတာ။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင်အသက်ရှင်နေတုန်း မတွေးလို့ မရဘူး။အတွေးက ရှိမှာပဲ။ ဒါဆို ဘယ်လိုလုပ်မလဲ? တစ်ခုပဲ လုပ်ကြည့်ပါ။ အတွေးတစ်ခု ဝင်လာတိုင်း“ဒါ fact လား၊ story လား” လို့ ကိုယ့်ကိုကိုယ်

လူတွေကို ဒုက္ခပေးတာလဲ အတွေးပဲ။ပျော်စေတာလဲ အတွေးပဲ။ Read More »

အတွေးအခေါ်ဖြေဆေးလိုပါတယ်။

ကျွန်တော်ကတော့အတွေးအခေါ်ဖြေဆေးဖော်တယ်လို့ပဲကိုယ့်ကိုကိုယ် ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ဘဝမှာ ဒုက္ခတွေကြုံလာတဲ့အခါဒီ စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်းကိုလောကီမှာ ဖြေနိုင်ဖို့အတွေးအခေါ်ဖြေဆေးလိုပါတယ်။ ကိုယ့်အတွက်ကိုယ်ဖြေဆေးဖော်ရင်းကိုယ့်လိုလူတွေအတွက် ပြန်လည်မျှဝေပေးရင်းဒီ page လေးဖြစ်လာခဲ့ပါတယ်။ ဘဝမှာ တစ်ပို့စ်တစ်လေကကိုယ့်အတွက် ဖြေဆေးတစ်ခုဖြစ်ခဲ့မယ်ဆိုကျေနပ်ရပါပြီ။ အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။ Phyo Paing @ Derek

အတွေးအခေါ်ဖြေဆေးလိုပါတယ်။ Read More »

အမြင်မတူရင် အမြင့်မတူဘူး။

လူနှစ်ယောက် အတူတူ ကြည့်တယ်။တစ်ယောက်က ပြဿနာ မြင်တယ်။တစ်ယောက်က အခွင့်အလမ်း မြင်တယ်။ မြင်တာ မတူလို့ လုပ်တာ မတူတယ်။လုပ်တာ မတူလို့ ရောက်တာ မတူတယ်။ ကိုယ် ဘယ်လောက် ကြိုးစားကြိုးစားကိုယ့်အမြင်က နိမ့်ရင်ကိုယ့်အမြင့်က နိမ့်မှာပဲ။ အမြင်ကျဉ်းတဲ့သူက ရှေ့တည့်တည့်ပဲ မြင်တယ်။အမြင်ကျယ်တဲ့သူက ဘေးနားကိုပါ မြင်တယ်။အမြင်စူးရှတဲ့သူက သူများ မမြင်တာကို မြင်တယ်။ ဒါဆို အမြင်ကို ဘယ်လို မြှင့်မလဲ? လေ့လာပါ။ကိုယ် မသိတဲ့ နယ်ပယ်ကို ဖတ်ပါ။ကိုယ်နဲ့ မတူတဲ့ လူတွေနဲ့ စကားပြောပါ။ကိုယ် သဘောမတူတဲ့ အယူအဆကို နားထောင်ကြည့်ပါ။ လေ့ကျင့်ပါ။သိတာနဲ့ လုပ်တတ်တာ မတူဘူး။ဖတ်ပြီးရင် ရေးပါ။ ရေးပြီးရင် သင်ပါ။ သင်ပြီးရင် လုပ်ပါ။လုပ်မှ ကိုယ့်ဟာ ဖြစ်တယ်။ စမ်းသပ်ပါ။မှန်မမှန် မသိတာကို မှန်တယ်ဆိုပြီး မယုံပါနဲ့။ကိုယ်တိုင်

အမြင်မတူရင် အမြင့်မတူဘူး။ Read More »

မပြိုင်ဘဲနိုင်လို့ရတဲ့winning formula ရှိတယ်။

ကိုယ့်ကိုကိုယ် သူများနဲ့သွားနှိုင်းယှဥ်ပြီးချို့ယွင်းချက်တွေပဲမမြင်ပါနဲ့။ ကိုယ့်မှာ ဒုက္ခတွေကြီးလှပြီဆိုလဲစိတ်ညစ်ပြီး မနေပါနဲ့။ လူတိုင်းမှာ ကိုယ့်စူပါပါဝါပါတယ်။မပြိုင်ဘဲနိုင်လို့ရတဲ့winning formula ရှိတယ်။ ဘဝရဲ့ပေးထားချက်တွေသိရင်ရွေးထားချက်တွေမှန်လာလိမ့်မယ်။ ပြဿနာတက် ဒုက္ခရောက်တိုင်းစိတ်မညစ်နဲ့။ပြဿနာရဲ့တစ်ဖက်ခြမ်းမှာအခွင့်အလမ်းတွေရှိတယ်။ Phyo Paing @ Derek

မပြိုင်ဘဲနိုင်လို့ရတဲ့winning formula ရှိတယ်။ Read More »

တစ်ခုတည်းကို အားကုန်စိုက်။

တစ်ခုတည်းကို အားကုန်ထည့်လုပ်။အဲ့တစ်ခုကိုတွေ့ဖို့အချိန်ပေးရှာ၊သေချာအောင်စမ်းကြည့်၊တကယ်လုပ်သင့်တာ သေချာပြီဆိုတာနဲ့တစ်ခုတည်းကို အားကုန်စိုက်။ Phyo Paing @ Derek

တစ်ခုတည်းကို အားကုန်စိုက်။ Read More »

AI က လာနေပြီ။

မေးခွန်းက “လာမလား” မဟုတ်တော့ဘူး။“ဘယ်လောက် မြန်မလဲ” ဆိုတာပဲ။ ပြောင်းမယ့် အရာများ ၁။ အလုပ်အကိုင်အချို့အလုပ်တွေ ပျောက်မယ်။အချို့အလုပ်တွေ ပေါ်လာမယ်။အများစုက ပြောင်းသွားမယ်။ထပ်ခါထပ်ခါ လုပ်ရတဲ့အလုပ် – AI လုပ်မယ်။စဥ်းစားရတဲ့အလုပ် – လူနဲ့ AI အတူလုပ်မယ်။ဖန်တီးရတဲ့အလုပ် – လူက ဦးဆောင်မယ်၊ AI က ကူမယ်။ ၂။ ပညာရေးအလွတ်ကျက်တာ တန်ဖိုးမရှိတော့ဘူး။Google မှာ ရှာလို့ရတယ်။AI ကို မေးလို့ရတယ်။အရေးကြီးလာမယ့်အရာ –မေးခွန်းကောင်းကောင်း မေးတတ်တာ။AI Output ကို ဆန်းစစ်တတ်တာ။ဖန်တီးနိုင်တာ။ ၃။ စီးပွားရေးလူနည်းနည်းနဲ့ လုပ်ငန်းကြီးကြီး လုပ်လို့ရလာမယ်။တစ်ယောက်တည်း ကုမ္ပဏီ ဖြစ်လာမယ်။AI က ဝန်ထမ်း ၁၀ ယောက်စာ လုပ်ပေးမယ်။ ၄။ ကျန်းမာရေးရောဂါရှာဖွေမှု ပိုတိကျလာမယ်။ဆေးသစ်တွေ ပိုမြန်မြန် ထွက်လာမယ်။ကိုယ်ပိုင် ကျန်းမာရေး

AI က လာနေပြီ။ Read More »

ပိုက်ဆံသုံးတဲ့အပိုင်းမှာစိတ်ညစ်မခံဘူး။

တချို့ကတော့ပိုက်ဆံရှာတဲ့အပိုင်းမှာစိတ်ညစ်ခံတယ်။ ပိုက်ဆံသုံးတဲ့အပိုင်းမှာစိတ်ညစ်မခံဘူး။ ဥပမာ ကိုယ့်ကိုပိုက်ဆံပေးတဲ့သူနဲ့ဆိုအချိန်ဘယ်တော့မှ နောက်မကျအောင်ဂရုစိုက်တယ်။အကောင်းဆုံးဝန်ဆောင်မှုပေးတယ်။ကိုယ်နဲ့ အလုပ်လုပ်လို့စိတ်မဆင်းရဲစေရဘူး။ဒါက ကုမ္ပဏီဝန်ထမ်းလုပ်ကတည်းကဒီစိတ်ပဲထားတယ်။​ ကိုယ်ပိုက်ဆံသုံးတဲ့အခါမှာလဲစိတ်ညစ်မခံဘူး။ကိုယ်ပေးထားသလောက် ပြန်ရဖို့မျှော်မှန်းတယ်။အကောင်းဆုံးဝန်ဆောင်မှုပြန်ရဖို့မျှော်မှန်းတယ်။စိတ်ညစ်စေရင် တာ့တာပြတယ်။ ပိုက်ဆံသုံးပြီး စိတ်ညစ်မခံနဲ့။ဒီလိုလုပ်နိုင်အောင်လဲရှာတဲ့အချိန်တိုင်း လာရောင်းတဲ့သူရှိအောင်လုပ်ထားနိုင်ဖို့လိုတယ်။ Phyo Paing @ Derek drphyopaing

ပိုက်ဆံသုံးတဲ့အပိုင်းမှာစိတ်ညစ်မခံဘူး။ Read More »

တိုးတက်တဲ့သူတွေနားနေရင်ဘာကြောင့် တိုးတက်ဖို့အလားအလာပိုများသလဲ။

၂၄ ပစ္စည်းမှာ အာရမ္မဏပစ္စယောဆိုတဲ့အဓိပ္ပာယ်အာရုံဖြင့်အကျိုးပြုခြင်းလို့အဓိပ္ပာယ်ရတယ်။ မျက်စိကပုံကို မြင်မှ၊နားကအသံကို ကြားမှ၊တွေးစရာအတွေးတစ်ခုရှိမှစိတ်ဆိုတာဖြစ်ပေါ်တယ်။ ကိုယ်ကဆင်းရဲခြင်း၊​အမှိုက်တွေ၊အပြစ်တွေနဲ့ မကျေနပ်ချက်တွေ၊ဘူအတွေးအခေါ်တွေနဲ့ပဲအာရုံနဲ့ ထိတွေ့ခွင့်ပေးရင်စိတ်ကလဲ ညစ်ညမ်းနေမှာပဲ။​ ကိုယ်နေ့စဉ်ကြည့်တဲ့အရာတွေ၊နားထောင်တဲ့စကားတွေ၊တွေးတဲ့အတွေးတွေဟာဘဝအတွက် အင်မတန်အရေးကြီးတယ်။ ဒါကြောင့် ဘဝအတွက်အထောက်အပံ့မဖြစ်တဲ့လူတွေ၊ စကားတွေ၊ စာတွေ၊အတွေးတွေ အကုန်ရှောင်ခြင်းကသံသရာအတွက်ကောင်းသောပါရမီဖြည့်ခြင်းတစ်မျိုးပဲ။ Phyo Paing @ Derek

တိုးတက်တဲ့သူတွေနားနေရင်ဘာကြောင့် တိုးတက်ဖို့အလားအလာပိုများသလဲ။ Read More »