motivation

experiment တွေကနေ
motivation တွေရလာတယ်။

ကိုယ့်ကို motivation ပေးတဲ့စကားလုံးက ဘာများဖြစ်မလဲ။ ၂၀၁၆ တုန်းက YouTube မှာvideo တစ်ခုတက်လာတယ်။Landmark forum က Tedtalk မှာပြောထားတဲ့ နာမည်သိပ်မကြီးတဲ့video တစ်ခု။ အဲ့ဒီထဲမှာ သူကမေးခွန်းတစ်ခုမေးတယ်။ခင်ဗျာငယ်ငယ်က ထမင်းမေ့ဟင်းမေ့နဲ့အလုပ်ထဲ စျာန်ဝင်တဲ့အချိန်တစ်ခုကဘာများဖြစ်မလဲတဲ့။ ဒီကနေ dream source ကိုရှာလို့ရတယ်တဲ့။ ကိုယ်လဲ ကိုယ့်ကိုကိုယ်ပြန်မေးတော့၇ တန်းမှာ စက်ဘီးမှာ ဒိုင်နမိုတပ်ပြီးမီးသီးတွေကို spoke တိုင်မှာလှည်အောင်စမ်းသပ်ပြီး ၇ ရက်တိတိ အိမ်တွင်းအောင်းခဲ့တာ သတိရတယ်။ အဲ့တုန်းက အင်တာနက်ဆိုတာမရှိမေးရမည့်သူမရှိတော့ တော်တော်ခေါင်းစားခဲ့ရတယ်။ အဲ့ကနေ ကိုယ့်ရဲ့ “dream source” ကိုရှာတဲ့အခါ ”စမ်းသပ်မှု” ဆိုတဲ့စကားလုံးကို သွားတွေ့တယ်။ ဒီ experiment လုပ်တယ်ဆိုတဲ့စကားလုံးနဲ့ motivation ယူပြီးအလုပ်တွေအကုန်လုပ်သွားတယ်။ဥပမာ အလုပ်ထွက်ပြီး ကိုယ်တိုင်လုပ်ငန်းစမ်းသပ်မှုလေးကို လုပ်မယ်။ လူရှေ့သူရှေ့မှာ စကားထွက်ပြောတဲ့Experiment […]

experiment တွေကနေ
motivation တွေရလာတယ်။
Read More »

Time + Energy + Motivation = Workdone

တခါတလေ အချိန်တော့အများကြီးရှိပြီးမလုပ်ချင် မကိုင်ချင်ဖြစ်နေတာလူတိုင်းမှာ ရှိတတ်ကြတယ်။ တခါတလေ လုပ်ချင်ကိုင်ချင်စိတ်တော့ရှိတယ်။ဒါပေမယ့် ပင်ပန်းပြီး စွမ်းအင်မရှိတဲ့အချိန်တွေလူတိုင်းတခါမဟုတ် တခါ ကြုံဖူးလိမ့်မယ်။ ဒါကြောင့် အလုပ်ပြီးမြောက်ဖို့အတွက် TEM လိုတယ်။ Time + Energy + Motivation ရှိမှ အလုပ်ပြီးမြောက်မှုက လာတယ်။ Expired date ရှိတဲ့ဘဝမှာ မသေခင် ကိုယ်ဂုဏ်ယူတဲ့အလုပ်တွေနေ့စဉ် လုပ်နေဖို့ အရေးကြီးတယ်။ Phyo Paing @ Derek

Time + Energy + Motivation = Workdone Read More »

စိတ်နဲ့ ခန္ဓာက ကားတစ်စီးလိုပဲ

နေ့စဉ် maintenance လုပ်ဂရုစိုက်ပေးဖို့လိုတယ်။ဒါမှ ကိုယ်သွားချင်တဲ့ ခရီးမြန်မြန်နဲ့ကောင်းကောင်းရောက်မှာ။ Phyo Paing @ Derek

စိတ်နဲ့ ခန္ဓာက ကားတစ်စီးလိုပဲ Read More »

လူအများစု တိုင်ပတ်ရတဲ့
အကြောင်းကတော့
ကိုယ့်ကိုကိုယ် မသိလို့ဖြစ်တယ်။

ကိုယ့်ကိုကိုယ် သိဖို့ ကိုယ့်ရဲ့ “စိတ်”နဲ့ “ကိုယ်”ကို လေ့လာဖို့အရေးကြီးတယ်။ ဒီလိုလေ့လာဖို့ စိတ်ငြိမ်ဖို့လိုတယ်။ စိတ်ငြိမ်ဖို့ တရားထိုင်ကြတယ်။ နောက်တစ်နည်းက ပြန်လည်သုံးသပ်ဖို့လိုတယ်။ဒီအတွက် ဂျာနယ် journaling လုပ်ကြတယ်။ နောက်တစ်နည်းက coachingလုပ်ကြတယ်။ နောက်တစ်နည်းက personality test တွေဖြေပြီး နားလည်အောင်လုပ်ကြတယ်။ ကိုယ့်ကိုကိုယ် နေ့စဥ်လေ့လာနေပြီး ပိုပို သိလာဖို့အရေးကြီးတယ်။ Phyo Paing @ Derek

လူအများစု တိုင်ပတ်ရတဲ့
အကြောင်းကတော့
ကိုယ့်ကိုကိုယ် မသိလို့ဖြစ်တယ်။
Read More »

ကျွန်တော့်အတွက်
motivation ရဲ့ ရန်သူက
expectation ပဲ။

ဒါကြောင့် motivation ကို စီမံခန့်ခွဲမှုထက်expectation ကို စီမံခန့်ခွဲမှုအရင်လုပ်တယ်။ Expectation မျှော်မှန်းချက်ဆိုတာအနာဂတ်မှာ ရရှိမည့်future reward ဖြစ်တဲ့အတွက် ဒါကို စဥ်းစားလိုက်ရင်တချို့က ရင်ခုန်တတ်တယ်။ ဒါကြောင့် တချို့ Strategic Planning တွေလုပ်တဲ့အခါ ရည်မှန်းချက်အကြီးကြီးတွေထားပြီး တက်ကြွတဲ့ ကြက်ဖတွေဖြစ်တတ်ကြတယ်။နှစ်လလောက်နေ အခြေနေမဟန်တော့ စိတ်ဓာတ်ကျတတ်ကြတယ်။ ဒီတော့ မျှော်မှန်းချက်တွေကrealistic ဖြစ် လက်တွေ့ကျဖို့လိုတယ်။ လက်တွေ့ကျဖို့ အရှိကိုအရှိအတိုင်းအနီးစပ်ဆုံးမြင်နိုင်ဖို့အတွက် data တွေလိုတယ်။ ဝေဒနာတွေနဲ့ မသုံးသပ်ပဲdata တွေနဲ့ သုံးသပ်ဖို့ စိတ်ခံစားမှုနဲ့ ဆုံးဖြတ်တာထက်စဥ်းစားမှုနဲ့ ဆုံးဖြတ်နိုင်ဖို့လိုတယ်။ ဒီလို expectation တွေ စီမံခန့်ခွဲနိုင်ဖို့ အိမ်မက်ကြီးကြီးထားပေမယ့်ခရီးလမ်းမှာရှိတဲ့ milestones တိုင်းကို သေးသေးလေးထားတယ်။ တစ်လမ်းချင်းသွားတယ်။ အဓိက သွားနေဖို့လိုတာပဲ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကHarvard က paper တစ်ခုအမှတ်မထင်

ကျွန်တော့်အတွက်
motivation ရဲ့ ရန်သူက
expectation ပဲ။
Read More »

ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ။

တစ်ရက်တစ်ရက် ကုန်သွားတိုင်းကိုယ့်ကိုကိုယ် ပြန်မေးကြည့်မိတယ်။ဒီနေ့ဟာ ကိုယ့်ကျန်းမာရေး၊စီးပွါးရေး၊ လူမှုရေး၊ အချစ်ရေး၊တိုးတက်ရေး၊ ငြိမ်းချမ်းရေးအတွက်“အရင်းအနှီး” ဖြစ်သွားလား၊“အလဟသ” ကုန်သွားလား။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ။ Read More »

မနက်ဖြန်အတွက် ဒီနေ့ကို
သေချာအသုံးချဖို့လိုနိုင်တယ်။

ဒီနေ့ရောက်နေတဲ့နေရာကလွန်ခဲ့တဲ့ ငါးနှစ်ကပြင်ဆင်ခဲ့လို့ဖြစ်နိုင်တယ်။နောက်လာမည့် ငါးနှစ်အတွက်ဒီနေ့က အရေးကြီးကောင်းကြီးနေနိုင်တယ်။ မနက်ဖြန်အတွက် ဒီနေ့ကိုသေချာအသုံးချဖို့လိုနိုင်တယ်။ Phyo Paing @ Derek

မနက်ဖြန်အတွက် ဒီနေ့ကို
သေချာအသုံးချဖို့လိုနိုင်တယ်။
Read More »

အမှားလုပ်ရမှာ မကြောက်ပါနဲ့။

ဘဝဆိုတာ စမ်းသပ်မှုတွေပြုလုပ်တဲ့နေရာလို့ ခံယူထားတယ်။အမှားတွေ အများကြီးလုပ်ခဲ့ဖူးတယ်။ဒီအမှားတွေကပေးတဲ့သင်ခန်းစာတွေကြောင့်တိုးတက်မှုပိုမြန်လာတယ်။စမ်းသပ်မှု = အမှား = သင်ခန်းစာ = တိုးတက်မှုဒါကြောင့် ကိုယ်မလုပ်ဖူးတဲ့အလုပ်လုပ်ရမှာ စမ်းကြည့်ရမှာမကြောက်ပါနဲ့။ဘဝက ပေးတဲ့ သင်ခန်းစာတစ်ခုကဘာများဖြစ်မလဲ?ကျွန်တော့်အတွက်ကတော့အမှားဆိုတာ သင်ခန်းစာ။သင်ခန်းစာဆိုတာ တိုးတက်ဖို့။ဒါကြောင့် အမှားလုပ်ရမှာမကြောက်ပါနဲ့။Phyo Paing @ Derek

အမှားလုပ်ရမှာ မကြောက်ပါနဲ့။ Read More »

ပြောင်းလဲလို့မရတဲ့သူတွေထဲမှာ
အသစ်သင်ယူမှု
မလုပ်ချင်တဲ့သူတွေပါတယ်။

တချို့အချိန်တွေမှာ တချို့လူတွေကိုကျွန်တော်တို့ တဖြည်းဖြည်းပြောင်းလဲသွားရင် ရမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ ဘဝဆုံးဖြတ်ချက်တွေ ချခဲ့တဲ့ အချိန်တွေ ရှိကောင်းရှိလိမ့်မယ်။ အစပိုင်းမှာ အောင်မြင်သလိုလိုရှိပြီး နောက်ပိုင်းမှာ လူတွေမပြောင်းလဲချင်ရင်ပြောင်းလဲ ပေးလို့မရဘူးဆိုတာသိလာတဲ့ အချိန်တွေ ရှိကောင်းရှိမယ်။ ပြောင်းလဲလို့မရတဲ့သူတွေထဲမှာ အသစ်သင်ယူမှု မလုပ်ချင်တဲ့သူတွေပါတယ်။အသစ်သင်ယူမှု မလုပ်တဲ့အခါနှစ်ပေါင်းများစွာခေါင်းထဲရှိခဲ့တဲ့အတွေးအခေါ်ကို ပြောင်းလဲဖို့ မဖြစ်နိုင်သလောက် ခဲရင်းလာတယ်။ ဒီလို လေ့လာသင်ယူမှု မရှိဘဝကို တရားသေသတ်မှတ်ပြီးကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်မှုမရှိတခြားသူအကြောင်းပဲ အဓိကစဥ်းစား ကိုယ့်ကို အထင်ကြီးဖို့ ဟန်ဆောင်ကြိုးစားအပြင်ကို ပြတဲ့ ပုံရိပ်နဲ့တကယ့်လက်တွေ့ ဘဝနဲ့ ကွာဟချက်တွေရှိတဲ့ သူကို ပြုပြင်ပြောင်းလဲဖို့ဆိုတာ လွယ်မလိုလိုနဲ့ ဖြစ်နိုင်ခြေအရမ်းနည်းတယ်ဆိုပြီးခံစားရတဲ့အချိန်တွေ တချို့လူတွေ တွေ့ဖူးကောင်းတွေ့ဖူးခဲ့ကြလိမ့်မယ်။ လူတွေကို ပြောင်းလဲဖို့ မျှော်လင့်ချက်တွေအများကြီးမထားထားပါနဲ့။ ကိုယ့်ကြောင့် ပြောင်းလဲသွားမယ်ဆိုပြီးလဲကိုယ့်ကိုကိုယ် အထင်မကြီးထားနဲ့။ လောကမှာ ပြောရမယ်ဆို မပြောင်းလဲချင်သူကို အနုနည်းနဲ့ ပြောင်းလဲရမှာ အခက်အခဲဆုံးပဲ။ Phyo Paing

ပြောင်းလဲလို့မရတဲ့သူတွေထဲမှာ
အသစ်သင်ယူမှု
မလုပ်ချင်တဲ့သူတွေပါတယ်။
Read More »

စကားနောက် တရားပါတဲ့အတွက် ကိုယ့်ကိုအကျိုးမရှိစေတဲ့စကားတွေ မပြောဘူး။
နားမထောင်ဘူး။

လူအများစုရဲ့ နေ့စဥ်ဘဝတွေအဆင်ပြေရဲ့လားလို့မေးကြည့်။ဒီလိုပါပဲ။ ငရဲရောက်နေသလိုပဲ။ဒီလို အဖြေအများစု ကြားဖူးကြလိမ့်မယ်။​ ကျွန်တော်အမုန်းဆုံးမေးခွန်းက“အဆင်ပြေလား” ဆိုတဲ့မေးခွန်းပဲ။ဒီက စာမေးပွဲအောင်သလားဆိုတဲ့မေးခွန်းနဲ့ တူတယ်။ ဘယ်လို အခြေအနေမျိုးဖြစ်နေနေအဆင်ပြေနေတာကအခြေခံ standard ပဲ။ စကားနောက် တရားပါတဲ့အတွက်ကိုယ့်ကိုအကျိုးမရှိစေတဲ့စကားတွေ မပြောဘူး။နားမထောင်ဘူး။ အပြင် culture တွေ၊ politics တွေ၊economy တွေ ကိုတိုက်ရိုက်လွမ်းမိုးလို့မရနိုင်ဘူး။​ဘာတွေဆက်ဖြစ်မယ်ဆိုတာဘယ်သူမှလဲ ကောင်းကောင်းမသိဘူး။ ဒီတော့ လုပ်လို့ရတာကိုယ့်ရဲ့ attitude, belief နဲ့ စဥ်းစားပုံကို၁၀၀% လွမ်းမိုးလို့ရတယ်။ဒီကနေ စရမယ် လို့စဥ်းစားမိတယ်။ အားလုံးလိုချင်တာရဖို့ကကိုယ့်ကိုကိုယ်အရင်တည်ဆောက်ယူဖို့ပဲမဟုတ်လား။ Phyo Paing @ Derek

စကားနောက် တရားပါတဲ့အတွက် ကိုယ့်ကိုအကျိုးမရှိစေတဲ့စကားတွေ မပြောဘူး။
နားမထောင်ဘူး။
Read More »