motivation

လူရှိန်အောင် အချိန်ကုန်မခံပါနဲ့။

ဝန်ထမ်းဘယ်နှစ်ယောက်ရှိသလဲ?ရုံးခန်းဘယ်လောက်ကျယ်သလဲ?လူတွေ အထင်ကြီးအောင် ဘယ်လောက်လုပ်နိုင်သလဲ? တခါတလေကျရင် လူအများစုယုံကြည်ထားတဲ့ ယူဆချက်အများတွေကြောင့်တချို့လူတွေ လမ်းလွဲသွားတတ်ကြတယ်။ အောင်မြင်မှုတစ်ခုကို တိုင်းတာတဲ့အခါဝန်ထမ်းများမှ၊ ရုံးခန်းကြီးမှ၊ ဆိုင်ခွဲတွေ အများကြီးရှိမှ၊ လူရှိန်အောင် Billboard တွေထောင်မှnecktie တွေ၊ suit တွေနဲ့မှအောင်မြင်မှုလို့သတ်မှတ်တတ်ကြတယ်။ ဒီ society က သတ်မှတ်ထားတဲ့ အယူအဆမှားတွေနဲ့ အထင်မြင်မှားတွေကိုမေးခွန်းထုတ်ဖို့လိုတယ်။ ပတ်ဝန်းကျင်က သတ်မှတ်ချက်အမှားတွေကကျွန်တော်တို့နှလုံးသားထဲကသွားချင်တဲ့လမ်းကြောင်းတွေကို လမ်းလွဲစေနိုင်တယ်။ ကောင်းမွန်တဲ့ဘဝတစ်ခုအတွက်မေးခွန်းကောင်းတွေလိုတယ်။ ကိုယ့်အလုပ်က လူတွေရဲ့ဘဝကို ဘယ်လောက် ကောင်းမွန်တဲ့သက်ရောက်မှုရှိစေမလဲ? လူတွေရဲ့ ဘဝပိုကောင်း၊ ပိုလှ၊ ပိုပျော်အောင်ဘာတွေလုပ်ပေးရမလဲ? လူတွေ လုပ်နေကျ ဘယ်အမှားတွေကိုမှန်အောင် လုပ်ပေးမလဲ? ကိုယ်ဒီနေ့လုပ်လိုက်တဲ့အလုပ်က ကိုယ့်ဘဝ တစ်လျှောက်လုံးနဲ့ကိုယ်မရှိတော့တဲ့အခါ နောက်လူတွေကိုအကျိုးပြုနေအောင် ဘာတွေလုပ်မလဲ? အဆိုးဆုံးအခြေအနေရောက်သွားတောင်ကိုယ့်ဖန်တီးမှုတွေ ဆက်လက်ရှင်သန်နေအောင်ဘယ်လို စီမံထားမလဲ? ဒီမေးခွန်းတချို့က သင်ဘယ်လောက်လူရှိန်အောင်လုပ်နိုင်လဲဆိုတဲ့ မေးခွန်းထက်အနှစ်သာရပိုရှိတယ်လို့ ခံစားရတယ်။ ကောင်းမွန်တဲ့အပြောင်းအလဲ တစ်ခုဖန်တီးတဲ့အခါလူရှိန်အောင်လုပ်ဖို့ အချိန်ကုန်မခံပါနဲ့။ […]

လူရှိန်အောင် အချိန်ကုန်မခံပါနဲ့။ Read More »

Dream List ကို အကောင်အထည်ဖော်ဖို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးပါ။

၂၀၁၂ ဘွဲ့ရတယ်။ ABE Graduate Diploma ပြီးတယ်။၂၀၁၃ Roche မှာအလုပ်ဝင်တယ်။ Part-time သင်တယ်။၂၀၁၄ တစ်နိုင်တပိုင် ဖုန်းတွေကလိပေးရင်း တရုတ်က ပစ္စည်းမှာပေးနေရာက ကိုယ်တိုင်ဆိုင်စဖွင့်တယ်။၂၀၁၅ ဆိုင်လွဲခဲ့တယ်။ MBA ပြီးတယ်။ကိုယ်ပိုင်သင်တန်းကျောင်းစတင်တယ်။၂၀၁၆ City of Oxford College (UK) Diploma တွေ စတင်ပို့ချခွင့်ရတယ်။ Training တွေစတယ်။၂၀၁၇ Yangon မှာ Public & Corporate Training စတယ်။၂၀၁၈ Coaching ကို ပီပီပြင်ပြင်စတယ်။၂၀၁၉ ToeTet ကိုစတယ်။ MBA Program စတယ်။၂၀၂၀ Dreamlab နဲ့ Akyanpay ကိုစတယ်။၂၀၂၁ Sapwar, Nyan Htet, Mindmax, Thukha ကိုစတယ်။ ဒါတွေအကုန်လုံးရဲ့ဆုံမှတ်က ၂၀၃၀

Dream List ကို အကောင်အထည်ဖော်ဖို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးပါ။ Read More »

စိတ်ညစ်ရင် အလုပ်ပိုလုပ်ပါ။

အခုလိုအချိန်မှာ နိုင်ငံရေးအရကိုယ်ဖြစ်စေချင်သလို မဖြစ်တာကြေကွဲရတဲ့ အဖြစ်အပျက်တွေတစ်ပတ်တစ်ခါလောက်မြင်နေကြားနေ ခံစားနေရတတ်တယ်။ ဒီ reality ကနေ escape ဖြစ်ဖို့အပြောင်းအလဲအတွက်အချိန်အများကြီးလိုတယ်နားလည်ထားတယ်။ခရီးလဲသွားဖို့ မဖြစ်နိုင်သေးသလို၊လွတ်မြောက်ရာထွက်ပေါက် လိုက်ရှာတော့အလုပ်ကိုသွားတွေ့တယ်။ ငယ်ငယ်ကစိတ်ညစ်ရင် ဂိမ်းနှိပ်တယ်။ပျင်းရင် ဂိမ်းနှိပ်တယ်။ဂိမ်းနှိပ်ရင် အာရုံအရမ်းစိုက်ထားတဲ့အတွက်ပတ်ဝန်းကျင်ကိုမေ့သွားတယ်။ အချိန်အများစုက အလုပ်ထဲမှာကုန်တတ်တော့အလုပ်ကို ဂိမ်းတစ်ခုလို ဖန်တီးဖို့စဉ်းစားမိတယ်။ ကိုယ်မကြိုက်တဲ့ ဂိမ်းကိုအကြာကြီးမဆော့နိုင်သလိုကိုယ်မကြိုက်တဲ့အလုပ်ကိုလုပ်တာကိုယ့်ကိုကိုယ် ညင်းဆဲရာကျတယ်။ဒါကြောင့်ကိုယ်ချစ်တဲ့အလုပ်ကိုပဲ လုပ်မယ်လို့ဆုံးဖြတ်ချက်ချခဲ့တယ်။ ဒါကြောင့် ကိုယ်ချစ်တဲ့အလုပ်ကိုရွေးချယ်ပါ။အလုပ်ကို ဂိမ်းတစ်ခုလိုလုပ်ပါ။စိတ်ညစ်ရင် အလုပ်ပိုလုပ်ပါ။ Phyo Paing @ Derek

စိတ်ညစ်ရင် အလုပ်ပိုလုပ်ပါ။ Read More »

လူတွေတံဆိပ်ကပ်တာတွေကြားက ကိုယ့်ကိုကိုယ် ပြန်ဖန်တီးပါ။

တက္ကသိုလ်တက်တုန်းက ဆေးကျောင်းသား၊အလုပ်ခွင်ဝင်တော့ ဆရာဝန်။ဆေးကုမ္ပဏီဝင်တော့ အရောင်းသမား။အချိန်ပိုင်းစာသင်တော့ သင်တန်းဆရာ။ဖောက်သည်တွေရအောင် ကူညီပေးတော့မားကတ်တင်း ကျွမ်းကျင်ပညာရှင်။ ကိုယ်တိုင်လုပ်ငန်းစတော့ အလုပ်ရှင်။ကိုယ်တိုင်သင်တန်းကျောင်းဖွင့်တော့သင်တန်းကျောင်း ပိုင်ရှင်။တိုင်ပင်ဆွေးနွေးအကြံပေးလုပ်တော့ အကြံပေး။Website တွေ၊ App တွေလုပ်တော့Digital Entrepreneur ဘာညာ။ လူတွေက ကိုယ်ဒီနေ့ လုပ်နေတဲ့ အလုပ်ကိုကြည့်ပြီးတံဆိပ်ကပ်ကြတယ်။ တချို့လူတွေမသိတာကToeTeter တွေကလူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲနေဖို့ကိုယ်ပိုင်ဆိုင်ထား၊ ရရှိထားတဲ့ အရာတွေကိုစွန့်လွတ်ပြီး ကိုယ့်ကိုကိုယ် ပြန်လည်ဖန်တီးရတဲ့အချိန်တွေ ရှိတယ်။ စွန့်လွတ်ရတဲ့အထဲမှာ အတွေးအခေါ်အဟောင်း၊ယုံကြည်မှုဟောင်း၊ လုပ်ပုံကိုင်ပုံအဟောင်း၊လုပ်နေကျအဟောင်းတွေပါဝင်တယ်။You have to give up to grow up. ကိုယ်နေ့စဉ် လုပ်နေတဲ့အရာတွေကကိုယ့်ကို next level ရောက်အောင်ကူညီပေးနိုင်ရမယ်။ Phyo Paing @ Derek

လူတွေတံဆိပ်ကပ်တာတွေကြားက ကိုယ့်ကိုကိုယ် ပြန်ဖန်တီးပါ။ Read More »

သက်လုံမကောင်းတဲ့
သင့်ပြိုင်ဖက်တွေက
ကျန်ခဲ့လိမ့်မယ်။

ဆယ်နှစ်၊ နှစ်နှစ်ဆယ်မှာ သက်လုံမကောင်းတဲ့ သင့်ပြိုင်ဖက်တွေကကျန်ခဲ့လိမ့်မယ်။တစ်နှစ်၊ နှစ်နှစ် မစဉ်းစားနဲ့ဆယ်နှစ်၊ နှစ်နှစ်ဆယ်အနည်းဆုံးစဉ်းစားထားဖို့လိုတယ်။ Phyo Paing @ Derek

သက်လုံမကောင်းတဲ့
သင့်ပြိုင်ဖက်တွေက
ကျန်ခဲ့လိမ့်မယ်။
Read More »

လောကဓံနဲ့ ကိုယ်နဲ့ဘယ်သူပိုသန်မာလဲနောက်ဆုံး မသေခင်ထိ အားပြိုင်ရမှာပဲ။

နံနက်ခင်းမှာ သတင်းကောင်းတစ်ခုကတော့Akyanpay App အသစ်ကိုApple က AppStore အတွက်Approved လုပ်လိုက်ပါပြီ။ အိမ်တော့ဆောက်ပြီးပြီအထဲမှာ decoration လုပ်ဖို့နဲ့လိုအပ်တာတွေ ဖြည့်ဖို့ပဲ ကျန်တော့မယ်။​ စမ်းသပ်ပြင်ဆင်စရာလေးတွေရှိပေမယ့်App ကို အစအဆုံးပြင်ဆင်မှုတွေပြန်လုပ်ရတဲ့အတွက် အချိန်ကသတ်မှတ်ချိန်ထက် တစ်လပိုကြာသွားမယ်။ ကျွန်တော့် personal mission ကကိုယ်မရှိတော့ရင်တောင် ကိုယ့်ရဲ့ဖန်တီးမှုတွေကို လုပ်ငန်းရှင်၊​စွန့်ဦးတီထွင်၊ ရည်မှန်းချက်ကြီးတဲ့သူတွေ၊တကယ်ကြိုးစားတဲ့သူတွေ၊တိုးတက်ရေးကို ရူးသွပ်သူတွေ၊ကိုယ့်အနာဂတ်၊ ကိုယ်နေထိုင်တဲ့နေရာအနာဂတ်ကို တိုးတက်အောင်ကူညီနေသူတွေအတွက်personal, professional, business developmentပိုင်းတွေ ဆက်လက်ပံပိုးပေးနေချင်တာပါ။ ဘဝတစ်ခုလုံးကိုကျွန်တော်တို့ တည်ဆောက်နေတဲ့အိမ်မက်ထဲမှာ ၁၀၀% ပေးထားတယ်။ဒါကြောင့်YEC-Managed Brand အခု 20+YEC-Business Services 7+ နဲ့YEC-Capital တွေကို အစပျိုးဖြစ်တာဖြစ်ပါတယ်။ဒီပထမအဆင့်ပြီးရင်တကယ်အရမ်းလုပ်ချင်နေတဲ့ဒုတိယအဆင့်လာမယ်။ Brand တည်ဆောက်တဲ့အခါBranded House လို့ခေါ်တဲ့ Sony တို့လို၊Caterpillar တို့လို ဘာလာလာ တစ်ခုတည်းတည်ဆောက်လို့ရသလို၊Houses of Brand

လောကဓံနဲ့ ကိုယ်နဲ့ဘယ်သူပိုသန်မာလဲနောက်ဆုံး မသေခင်ထိ အားပြိုင်ရမှာပဲ။ Read More »

Motivation ရဖို့ video ‌တွေကြည့်၊ စာအုပ်တွေဖတ်နေတာ အဖြေမဟုတ်ပါဘူး။ အလုပ်တွေပြီးဖို့ Productivity System လိုပါတယ်။

ဒီနေ့လုပ်နေတဲ့ အလုပ်ကို “ပိုလွယ်အောင်”ဘယ်လိုလုပ်မလဲ။ “ပိုကောင်းအောင်” ဘယ်လိုလုပ်မလဲ။“ကိုယ့်လိုအပ်မှုအနည်းဆုံး” နဲ့လည်ပတ်အောင် ဘယ်လိုလုပ်မလဲ။ “ကိုယ်မလိုပဲ လည်ပတ်အောင်”ဘယ်လိုလုပ်မလဲ။ လူတွေက motivation ကို အပြင်ကလိုက်ရှာနေရရင်ဒါ productivity system မရှိသေးဘူးဆိုတဲ့သဘောပဲ။ ကျွန်တော်လဲ အရင်က youtube video တွေကြည့်၊ စာအုပ်တွေဖတ်ပြီး motivation ယူခဲ့ဖူးတယ်။ ဥပမာ ကိုယ်က thesis လုပ်ဖို့ပဲဖြစ်ဖြစ်၊စာဖတ်ဖို့ပဲဖြစ်ဖြစ် motivation ရလာပြီ၊လုပ်ရင်းနဲ့ ခက်တဲ့အပိုင်းရောက်လာတဲ့အခါအဲ့တောင်ကိုကျော်ဖို့ စိတ်ပိုင်းဆိုင်ရာအရအားထုတ်ရပြီး စိတ်ပင်ပန်းမှုဓာတ်ကိုမခံနိုင်ပဲအများစု လက်လျော့အချိန်ဆွဲသွားတတ်ကြတယ်။ ဒါက productivity system မရှိလို့ဖြစ်တယ်လို့ကျွန်တော်ကတော့ ယူဆတယ်။ ကျွန်တော့်ရဲ့ productivity system ထဲမှာအခွဲတစ်ခုဖြစ်တဲ့ EATER model ရှိတယ်။ ၁။ Eliminate ဘယ်အလုပ်တွေကို ရပ်တန်းကရပ်ရမလဲ?ဥပမာ ကိုယ်မလုပ်သင့်၊ လုပ်စရာမလိုပဲ လုပ်မိနေတဲ့အရာတွေ ရှိတတ်တယ်။ ၂။

Motivation ရဖို့ video ‌တွေကြည့်၊ စာအုပ်တွေဖတ်နေတာ အဖြေမဟုတ်ပါဘူး။ အလုပ်တွေပြီးဖို့ Productivity System လိုပါတယ်။ Read More »

Tipping point

ကိုယ်လုပ်တိုင်း ဖြစ်မလာလို့ လက်မလျော့လိုက်နဲ့။ Equation ထဲထည့်တွက်လို့မရတဲ့ ကံတရားဆိုတာ ကောင်းရင်လဲ ဇွတ်ကောင်းတတ်တယ်။ Phyo Paing @ Derek

Tipping point Read More »

ငွေတစ်ခုတည်းအတွက်ဆို
တခြားအလုပ်တွေလုပ်မှာပေါ့။
ဘာကြောင့် အပင်ပန်းခံပြီး
ကိုယ့် passion project တွေလုပ်နေမလဲ။

လူတွေကို ပျော်ရွင်စေတဲ့အရာတစ်ယောက်နဲ့ တစ်ယောက်မတူကြဘူး။တချို့တွေအတွက်က power, တချို့တွေအတွက်က prosperity.တချို့တွေအတွက်က freedom. ကျွန်တော်တို့အတွက်က freedom to experiment ပဲ။ Enthusiasm နဲ့ လေ့လာသင်ယူမှုတွေကကျွန်တော်တို့ ထပ်သွားမည့် next level လမ်းတွေကို ပွင့်စေတယ်။ ငွေက အရေးကြီးတယ်။ဘာကြောင့်လဲဆိုတော့ ကိုယ့် experiment တွေကို fund လုပ်ဖို့ အရေးကြီးတယ်။ရသမျှလဲ project အသစ်တွေထဲပဲပြန်သုံးတယ်။ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တယ်။ ဒီနေရာမှာ ငါတို့ရှိနေတဲ့အတွက် တိုးတက်လာလား၊ ဆုပ်ယုတ်သွားလား၊ ဗိုလ်နေမြဲ၊ ကျားနေမြဲလား။ ကျွန်တော်ထင်တယ် ကျွန်တော်တို့ရှိနေတဲ့အတွက်ကျွန်တော်တို့နဲ့ ထိတွေ့တဲ့ သူတွေကိုတော့အနည်းနဲ့ အများတော့ positive impact တစ်ခုရှိစေလိမ့်မယ်လို့။ Phyo Paing @ Derek

ငွေတစ်ခုတည်းအတွက်ဆို
တခြားအလုပ်တွေလုပ်မှာပေါ့။
ဘာကြောင့် အပင်ပန်းခံပြီး
ကိုယ့် passion project တွေလုပ်နေမလဲ။
Read More »

ပိုရယူ သိလူကစား ဖြစ်အောင်လုပ်

Motivation ဖြစ်တဲ့စာတွေရေးတာများတာလား၊ မများတာလားတော့မသိဘူး။ကျွန်တော့်ဘဝမှာ Unlimited Power ဆိုတဲ့စာအုပ်ဖတ်ပြီးကတည်းက သူ့မှာပါတဲ့ empowering belief ၇ ခုကို “ပိုရယူ သိလူကစား ဖြစ်အောင်လုပ်” ဆိုတဲ့ စကားလုံး ၇ လုံးနဲ့ အတိုကောက်မှတ်ထားပြီးဘဝကို အဲ့ယုံကြည်မှုနဲ့ပဲနေထိုင်တယ်။ ၁။ အရာရာ “ပို” ကောင်းဖို့ဖြစ်လာတာပါ။ ၂။ အရှုံးဆိုတာမရှိဘူး။ “ရ” လဒ်တွေပဲရှိတယ်။ လုပ်ရပ်ပြောင်းရင် ရလဒ်ပြောင်းတယ်။၃။ ဘာပဲဖြစ်ဖြစ် တာဝန်”ယူ”ပါ။၄။ တစ်ခုခုကို အသုံးချဖို့ အကုန် “သိ” နေစရာမလိုဘူး။ တချို့အလုပ်တွေက လုပ်ရင်းနဲ့သိသွားကြမယ်။ ၅။ “လူ” ကြောဆိုတာ ရွှေကြော။ လူတွေက အကောင်းဆုံးအရင်းအမြစ်။ သေချာထိန်းသိမ်းပေါင်းသင်းဆက်ဆံတတ်ဖို့လိုတယ်။ ၆။ အလုပ်ဆိုတာ “ကစား”တာ။ Game တစ်ခုပဲ။ Work is play လို့ခံယူထားရမယ်။

ပိုရယူ သိလူကစား ဖြစ်အောင်လုပ် Read More »