motivation

အလုပ်တစ်ခု စလုပ်တဲ့အချိန် မဖြစ်နိုင်ကြောင်းဝေဖန်ကြလိမ့်မယ်။

ခင်ဗျားရဲ့ ခြေလှမ်းတွေကို မကြာမကြာအကဲဖြတ်ကြမယ်။ဘယ်တော့ ကျရှုံးမလည်းဆိုတာကြည့်မယ်။ နည်းနည်းသာသွားရင် မနာလိုဖြစ်ကြမယ်။လိုက်မမှီအောင် အများကြီးသာသွားရင် လေးစားအားကျလာလိမ့်မယ်။ လျှောက်နေတဲ့လမ်းမှာ ခလုပ်တိုက်တာချော်လှဲတာအရေးမကြီးဘူး။မြန်မြန်ဘယ်လောက်ပြန်ထနိုင်လည်းဝေးဝေးဘယ်လောက်လျှောက်နိုင်လည်းဘဲအရေးကြီးတယ်။ အရေးကြီးတာကတော့ ဟိုယောင်ယောင် ဒီယောင်ယောင်ဂယောင်တစ်ယောက်မဖြစ်ဖို့ဘဲ။ ဘာလုပ်ချင်လည်းသိဘယ်လိုလုပ်ရမလည်းသိဘာကြောင့်လုပ်ချင်တာလည်းသိတကယ်လုပ်မဖြစ်သေးရင် လမ်းကြောင်းပြင်ပြန်ပြီးကြိုးစား။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး အချိန်က အဆုံးဖြတ်ပေးလိမ့်မယ်။ Phyo Paing @ Derek

အလုပ်တစ်ခု စလုပ်တဲ့အချိန် မဖြစ်နိုင်ကြောင်းဝေဖန်ကြလိမ့်မယ်။ Read More »

အစွမ်းအစကို ဖုံးကွယ်စေတဲ့တိမ်အမျိုးအစားလေးမျိုး

လူတွေရဲ့အစွမ်းအစ နေမင်းလိုထွန်းလင်းဖို့ တိမ်ဖုံးနေတတ်တယ်။ အစွမ်းအစကို ဖုံးကွယ်စေတဲ့တိမ်အမျိုးအစားလေးမျိုးကတော့ ၁. မိမိကိုယ်ကိုယုံကြည်မှုမရှိခြင်း၂. သူတပါးကို အပြစ်တင်တတ်တဲ့စိတ်၃. စိတ်ပျက်အားငယ်တတ်ပြီးစိတ်ခံစားမှုကိုအစိုးမရခြင်း၄. တွေဝေဒွိဟစိတ် Phyo Paing @ Derek

အစွမ်းအစကို ဖုံးကွယ်စေတဲ့တိမ်အမျိုးအစားလေးမျိုး Read More »

တစ်ရက်တာအတွက် မနက်မှာပြုလုပ်တဲ့ ၁၀ မိနစ်ဟာ အသက်ပါ။

Motivated ဖြစ်ချင်ရင် စာအုပ်ဖတ်နေရုံနဲ.မရပါဘူး။ သင်တန်းတက်ရင် တစ်ပတ် နှစ်ပတ်သာခံပါတယ်။ Jim Rohn ပြောသလို Motivation ဆိုတာရေချိုးသလို နေ.တိုင်းလုပ်ဆောင်ပေးရပါတယ်။ နေ.စဉ် Motivated ဖြစ်အောင် ဘာတွေလုပ်မလည်း? Priming မနက်ထထချင်း မိမိကိုယ်စိတ်နှစ်ပါး peak အထွတ်အထိပ်အဆင်.ရောက်အောင် priming လုပ်ဖို.လိုပါတယ်။ အားကစားသမားတွေ လေ.ကျင်.ခန်းမလုပ်ခင် warm up သွေးပူလေ.ကျင်.ခန်းလုပ်သလိုဘဲ တစ်ရက်တာမစခင်မှာ exercise လုပ်ဖို.လိုပါတယ်။ exercise ဆိုတဲ.နေရာမှာ သာမာန် လေ.ကျင်.ခန်းပါသလို စိတ်လေ.ကျင်.ခန်းလည်းပါပါတယ်။ စိတ်လေ.ကျင်.ခန်းလုပ်ရာမှာ တစ်ရက်တာရဲ.အကောင်းဆုံးပုံရိပ်ကို visualization လုပ်တာပါသလို တစ်လတာ ရည်မှန်းချက်ကို visualization စိတ်ကူးပုံဖော်တာပါဝင်ပါတယ်။ Priming ပြုလုပ်နည်းများထဲမှာ 3 ချက်ကို ဖော်ပြလိုက်ပါတယ်။ 1. Be your goal ကိုယ်ဖြစ်ချင်တဲ. ရည်မှန်းချက်ပန်းတိုင်ရဲ.

တစ်ရက်တာအတွက် မနက်မှာပြုလုပ်တဲ့ ၁၀ မိနစ်ဟာ အသက်ပါ။ Read More »

အရာအရာဟာ ပိုကောင်းဖို့ဖြစ်လာတာပါ။

2003 ခုနှစ် China မှာ SARS epidemic ဖြစ်ပြီး Alibaba Team မှ လူတစ်ယောက် ရောဂါရတယ်။ ဒါနဲ့ Alibaba Company မှ ဝန်ထမ်းတွေအကုန်လုံး quarantined လုပ်ခံရတယ်။ ဒါပေမယ့် Alibaba Team ဟာ အိမ်မှာနေပြီး Online ကနေအလုပ်တွေလုပ် ဖုန်းဖြေဆိုနေတုန်း။ လူတွေကလည်း SARS ကြောင့် အပြင်ထွက်ရမှာကြောက်ပြီး e-commerce ကို စတင်အသုံးပြုလာရာက Alibaba website traffic တွေတိုးတက်လာခဲ့တယ်။ Learning Point- ပြဿနာဟာ ပြဿနာမဟုတ်ပါ။ အရာရာဟာ ပိုကောင်းဖို့ဖြစ်လာတာပါ။ Phyo Paing @ Derek

အရာအရာဟာ ပိုကောင်းဖို့ဖြစ်လာတာပါ။ Read More »

လူတွေ စိတ်ဓာတ်ကျနေတဲ့အကြောင်းအရင်းနှစ်ခုဘဲ ရှိတယ်။

1. ရည်မှန်းချက်ပန်းတိုင်မရှိတာနဲ.။2. အနာဂတ်ဟာ အတိတ်လောက်မကောင်းနိုင်ဘူးလို.ယုံကြည်တာ။ ဘယ်လိုဖြစ်ဖြစ်အရေးအကြီးဆုံးက မိမိကိုယ်ကိုယုံကြည်ပါ။ ပြင်းထန်တဲ့လုပ်ရှားမှု Massive Action တွေရှိပါ။ Phyo Paing @ Derek

လူတွေ စိတ်ဓာတ်ကျနေတဲ့အကြောင်းအရင်းနှစ်ခုဘဲ ရှိတယ်။ Read More »

Motivated ဖြစ်ရန် အောက်ပါအချက်(၇)ချက်ကို လုပ်ဆောင်ပါ။

အကောင်းဆုံး motivation ဟာ sef-motivation ပဲဖြစ်ပါတယ်။ ဒီနေရာမှာ စိတ်ကူးအကြံဥာဏ်ကောင်းတွေ ဘယ်လိုရအောင်ယူမလဲ ဆိုတာကို ဖော်ပြသွားမှာဖြစ်ပါတယ်။ စိတ်ဓါတ်တက်ကြွမှုနှင့် စိတ်ကူးအကြံဥာဏ်ကောင်းတွေ ရရှိအောင် ဘယ်လိုနေထိုင်ရမလဲ? သင်ရဲ့ စွဲလမ်းမှုတွေ၊ စိတ်လှုပ်ရှားမှုတွေ နဲ့ ပူလောင်ခြင်းတွေကို ဘယ်လိုထိန်းချုပ်ရမလဲ? ဆိုတာတွေအား Self-motivators တွေရဲ့ ပုံမှန်လှုပ်ရှားမှုကို သုံးသပ်ခြင်းအားဖြင့် အောက်ပါအချက်တွေကို လေ့လာသိရှိရပါတယ်။ ၁။ လေးနက်မှု ရှိပါစေ= = = = = = = = = ထိပ်ဆုံးကို ရောက်ဖို့အတွက် အကောင်းဆုံးသော ဆုံးဖြတ်ချက်တွေချပါ။ အခုကစပြီး အဆိုပါအကြောင်းကိုပဲ တွေးနေပါ စဉ်းစားပါ သင့်စိတ်ကို သင်အောင်မြင်သွားပါလိမ့်မယ်။ အဲ့ဒီနောက် ထိပ်ဆုံးကိုသွားဖို့အတွက် နည်းလမ်းတွေ အားလုံးကိုလည်း သင့်အတွေးတွေထဲမှာ အစီအစဉ်တွေချထားပါ။ အဲ့အကြောင်းကိုပဲ

Motivated ဖြစ်ရန် အောက်ပါအချက်(၇)ချက်ကို လုပ်ဆောင်ပါ။ Read More »

ရွေးချယ်လို့ရခြင်းဟာ Motivation တစ်မျိုး

စာမေးပွဲရှိလို့ စာဖတ်ရတယ်ဆိုတာထက် ငါစာမဖတ်လည်းရတယ်။ ဖတ်ချင်လို့ဖတ်တာ။ ဒီလို ရွေးချယ်လို့ရလေလေ အလုပ်တစ်ခုလုပ်ဖို့ပို တက်ကြွလေလေလို့ (The Power of Habit နဲ့ Smarter Faster Better) စာရေးဆရာ Charles Duhigg ကဆိုတယ်။ တနည်းအားဖြင့် အရာတစ်ခုကို လွမ်းမိုးနိုင်တဲ့အစွမ်းရှိလေလေ အလုပ်တစ်ခုလုပ်ဖို့ စိတ်ဓာတ်ပိုတက်ကြွလေလေ၊ ရွေးချယ်နိုင်စွမ်းရှိလေလေ အလုပ်လုပ်တဲ့နေရာမှာ ပိုစိတ်ပါဝင်စားမှုရှိလေလေ။ Phyo Paing @ Derek

ရွေးချယ်လို့ရခြင်းဟာ Motivation တစ်မျိုး Read More »

Motivation & 2P

🔑မနက်ထလာတယ် အလုပ်မလုပ်ချင် မကိုင်ချင်ဖြစ်ဘူးပါသလား? 🔑မကောင်းမှန်းသိပေမည့် မိမိကိုယ်ကို ပျက်စီးစေတဲ့ အမူအကျင့်တွေကို ဆက်လက်လုပ်ကိုင်နေမိပါသလား?🔑အောင်မြင်ဖို့အတွက် motivation လိုအပ်ပါတယ်။ Motivation ရဲ. အခြေခံကတော့ 2 P ဖြစ်တဲ့ Pain & Pleasure ဖြစ်တယ်။ လူတွေလုပ်နေတဲ့အလုပ်တိုင်းရဲ. ဇစ်မြစ်ကို ဒီနှစ်ခု ကြည့်နိုင်တယ်။ Painလူတွေဟာ နာကျင်မှုကို ရှောင်ရှားလိုကြတယ်။ နာကျင်မှုကို ကြောက်တဲ့အတွက် Pain ဟာ လူတစ်ယောက်ကို ကြီးမားတဲ့ motivation ဖြစ်စေပါတယ်။ ဥပမာ ဆေးလိပ်သောက်တဲ့သူတစ်ယောက် အသက်မဝတော့ဘူး ဆက်သောက်ရင် အဆုတ်ကင်ဆာနောက်တစ်ဆင့်တိုးတော့မယ်ဆိုတဲ့အချိန် သူဆေးလိပ်ဖြတ်ပြီ။ ကျောင်းသားတစ်ယောက် စာမေးပွဲကျမှာ အမှန်အကန်ကြောက်တဲ့အချိန်သူစာကြိုးစားမှာ ဖြစ်တယ်။ ရုံးနောက်ကျရင် လစာထဲက ဖြတ်ခံရမှာ အမှန်အကန်ကြောက်ရင် သူ အချိန်မှန်ရုံးလာမှာဖြစ်တယ်။ အစားတွေကို ဒီအတိုင်းဆက်စားနေရင် ပုံပျက်ပန်းပျက်ဖြစ်တာကို သူအမှန်တကယ်ကြောက်လာရင်

Motivation & 2P Read More »