ဥာဏ်စဥ်
တွေးပြီး လောကကိုနားလည်အောင်ကြည့်တဲ့ဉာဏ်စဉ် ရှိတယ်။လုံးဝ မတွေးပဲလောကကို နားလည်အောင်ကြည့်တဲ့ဉာဏ်စဉ်ရှိတယ်။ ပညာရှိ ဆိုတာ ပညာရှိတာ။အဲ့ထက်ကျော်သွားရင်ကိုယ်တိုင်က ပညာဖြစ်သွားတယ်။တစ်သားတည်းဖြစ်သွားတယ်။ ပညာဆိုတာ အသိဥာဏ်။ ဥာဏ်ရှိရင် ရှိသလောက်မြင်တယ်။ဥာဏ်နိမ့်ရင် နိမ့်နိမ့်မြင်မယ်။ဥာဏ်မြင့်လာသမျှ မြင်တာမြင့်လာမယ်။မြင်တာ မြင့်လာသမျှလူတွေကို နားလည်တတ်လာမယ်။နည်းနည်းလေး မြင့်လာရင်လူတချို့ကို မေတ္တာထားတတ်လာမယ်။တော်တော်လေး မြင့်လာရင်လူတိုင်းကို မေတ္တာထားတတ်လာမယ်။ ယဿာနုဘာဝတော ယက္ခာ၊နေဝ ဒဿေန္တိ ဘီသနံ။မေတ္တာသုတ် ထိုင်ရွက်နေစရာမလိုပဲမေတ္တာထားတတ်တဲ့ အဆင့်ရောက်လာမယ်။ ဒီလိုဖြစ်လာတဲ့အခါဒေါသ၊ လောဘ၊ မောဟမကောင်းတဲ့ စေတသိတ်တွေကိုအနိုင်ယူလို့ ရလာမယ်။ ဒါတွေက မာန်နတ်တွေပဲ။ လူတွေမှာရှိတဲ့ကိုယ်စောင့်နတ်ဆိုးတွေကိုငြိမ်အောင်ထိန်းနိုင်ပြီးကိုယ်စောင့်နတ်ကောင်းတွေဖြစ်တဲ့ဥပက္ခာ တရား equanimityဂရုဏာ loving kindnessမေတ္တာ compassionတွေနဲ့ ကောင်းမွန်တဲ့ နတ်ကောင်းစေတသိတ်တွေကို နှိုးထအောင်နိုးဆွလာနိုင်မယ်။ ဘာရယ်မဟုတ်တွေးမိတာလေးရေးမိပြန်တယ်။ မှန်ချင်လဲမှန်မယ်၊မှန်ချင်မှလဲ မှန်လိမ့်မယ်။ Phyo Paing @ Derek
