problem

အခွင့်အလမ်းဆိုတာ ပြဿနာ

အခွင့်အလမ်းဆိုတာ ပြဿနာအယောင်ဆောင်ပြီးလာလေ့ရှိတယ်။ပြဿနာတွေ၊ စိန်ခေါ်မှုတွေ၊ကိုယ့်ကို တိုက်ခိုက်မှုတွေရှိလာခဲ့ရင်ဒါကို အမြတ်ပြန်ထုတ်ပါ။ Phyo Paing @ Derek

အခွင့်အလမ်းဆိုတာ ပြဿနာ Read More »

ဘဝရဲ့ ပေးထားချက်ပြဿနာတွေကို

မသိချင်ယောင်ဆောင်၊ ရှောင်ပြေးဖို့ထက်ပြေးတွေ့၊ ဖြေရှင်း၊ အနိုင်ယူရင်ဘဝအကျဥ်းစားဘဝကလွတ်မြောက်သွားမှာပဲ။ Phyo Paing @ Derek

ဘဝရဲ့ ပေးထားချက်ပြဿနာတွေကို Read More »

ကိုယ့်အရည်အချင်းထက်မြင့်တဲ့
ရည်မှန်းချက်ပန်းတိုင်တွေကို
ချမှတ်ထားဖို့လိုတယ်။

ကိုယ့်အရည်အချင်းထက်ကြီးတဲ့ပြဿနာတွေ ဖြေရှင်းနေဖို့လိုတယ်။ ကိုယ့်အရည်အချင်းထက်မြင့်တဲ့ရည်မှန်းချက်ပန်းတိုင်တွေကိုချမှတ်ထားဖို့လိုတယ်။ ဘဝမှာ ကိုယ်ဖြေရှင်းတဲ့ ပြဿနာကကိုယ့်skill ထက် သေးနေရင်စိတ်လေလာလိမ့်မယ်။ Phyo Paing @ Derek

ကိုယ့်အရည်အချင်းထက်မြင့်တဲ့
ရည်မှန်းချက်ပန်းတိုင်တွေကို
ချမှတ်ထားဖို့လိုတယ်။
Read More »

ဒီနေ့ဆို Jan 2023 ကုန်ပြီ

ဒီနေ့ဆို Jan 2023 ကုန်ပြီ။တစ်လ၊ တစ်လဆိုတာ ကုန်တာအရမ်းမြန်တယ်။ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊အလုပ်အကိုင်၊ အချစ်ရေးဘာတွေများ တိုးတက်လာလဲ? တချို့တွေ အသက် ၆၀ ဆိုအိုနာကျိုးကန်းဖြစ်နေပြီးတချို့တွေ အသက် ၆၀၊ ၇၀ ဆိုမိုက်နေတုန်း။ တကယ်လို့ အက်စီးဒန့်ကြောင့်မဟုတ်ရင်အသက် ၁၀၀ ကျော်ထိနေချင်တယ်။ကမ္ဘာပေါ်မှာ လူတွေကိုအများဆုံးသေစေတာနှလုံးရောဂါ၊ အဆုပ်ရောဂါ၊ကင်ဆာ၊ လေဖြတ်တာ၊ ဦးနှောက်သွေးကြောပေါက်တာ၊အူမကြီးရောဂါ၊ ဆီးချို၊ သူငယ်ပြန်တာ၊တုတ်ကွေး၊ ကျောက်ကပ်နဲ့စိတ်ကျရောဂါ။ အများစုက ဘဝနေထိုင်မှုပုံစံပြောင်းရင်ကာကွယ်လို့ရတယ်။​ဆေးလိပ်မသောက်နဲ့။အရက်မသောက်နဲ့။ဝိုင်အနီကို တစ်ရက် ၅ အောင်စ၊​နှစ်ခွက်ထက်ပိုမသောက်နဲ့ (အမျိုးသား)အမျိုးသမီးဆို တစ်ခွက်။​အသားမှာ endotoxin ပါလို့ယောင်ရမ်းစေတဲ့အတွက် လျော့စား။ပိုးသတ်ဆေးတွေရှောင်။​Salmon စားတာ ကျန်းမာတယ်ဆိုပြီးမွေးထားတဲ့ farmed salmon လား၊​Wild salmon လားမသိစားကြတယ်။မွေးထားတဲ့ farmed Salmon မှာပိုးသတ်ဆေး ဆယ်ဆပိုများတဲ့အတွက်ကင်ဆာဖြစ်စေနိုင်တယ်တဲ့။အသီးအရွက်များများစား။လေ့ကျင့်ခန်းလုပ်။စိတ်ထားတတ်အောင်နေ။ ဘဝအဓိပ္ပာယ်ကိုရှေ့တန်းမှာထား။ဒါက ငွေရေး၊ ကြေးရေးတစ်ခုတည်းအတွက်အများကြီးအရေးကြီးတယ်။အသက်ရှည်ချင်ရင်စိတ်ရှည်ဖို့လိုတယ်။သည်းခံဖို့လိုတယ်။​လူကြောနပ်ဖို့လိုတယ်။စောက်ပြဿနာတွေကို ငြီးဖို့ထက်ဖြေရှင်းတတ်ဖို့လိုတယ်။ Phyo

ဒီနေ့ဆို Jan 2023 ကုန်ပြီ Read More »

သင်္ချာဆိုတာ ပြဿနာဖြေရှင်းတတ်အောင်
သင်ပေးတဲ့ ပညာရပ်

သင်္ချာပုစ္ဆာကို အလွတ်ကျက်ဖြေပြီးunseen ဆိုရင် ဖင်တုန်အောင်ကြောက်ပြီးပညာရေးစနစ်နဲ့ကြီးလာတဲ့ကျွန်တော်တို့ ဂျင်နရေးရှင်းကကိုယ်နဲ့မတူတဲ့အရာတွေနဲ့ အသားမကျတာ၊အိုင်ဒီယာအသစ်တွေကို အကြောက်အကန်ငြင်းတာဒါက သဘာဝပဲ။ သင်္ချာဆိုတာ ပြဿနာဖြေရှင်းတတ်အောင်သင်ပေးတဲ့ ပညာရပ်။သူ့မှာ conditional တွေရှိတယ်။အကယ်လို့ If တွေကြားမှာမသိသေးတဲ့ တန်ဖိုးတွေဖြစ်တဲ့x တို့ y တို့ကို အဖြေရှာတယ်။ ပေးထားချက်ကို မသိပဲ၊ပုစ္ဆာကို နားမလည်သ၍ဘယ်လောက်ကြိုးစားတွက်တွက်ခေါင်းခြောက်တာပဲ အဖတ်တင်မယ်။ ခေါင်းသုံးရမည့်နေရာမှာလက်အား၊ ခြေထောက်အားသုံးရုံနဲ့အဖြေရဖို့ လွယ်ချင်မှ လွယ်လိမ့်မယ်။ Phyo Paing @ Derek

သင်္ချာဆိုတာ ပြဿနာဖြေရှင်းတတ်အောင်
သင်ပေးတဲ့ ပညာရပ်
Read More »

လူမှန်ရင် ပြဿနာရှိတယ်။

ပြဿနာမရှိတဲ့သူတွေက သင်္ချိုင်း မှာရှိတယ်တဲ့။ လူမှန်ရင် ပြဿနာရှိတယ်။ဒီပြဿာနာတွေက ကိုယ့်ကိုနောက်တစ်ဆင့်တက်စေမည့်လှေကားထစ်တွေပဲ။ ကျွန်တော်စဥ်းစားတာကတော့ပြဿနာမရှိရင်ဒါပြဿနာရှိနေပြီ။ ပိုနေမြဲ ကျားနေမြဲဖြစ်နေတဲ့ပြဿနာလဲ ဖြစ်နိုင်တယ်။ ရည်မှန်းချက်မြင့်သင့်သလောက်မမြင့်တဲ့ ပြဿနာလဲ ဖြစ်နိုင်တယ်။ ပြဿနာဆိုတာ ဖြေရှင်းဖို့။ ငြီးပြီး ဟိုလူ့အပြစ်တင်ဒီလူ့အပြစ်တင်ဖို့ မဟုတ်ဘူး။ Phyo Paing @ Derek

လူမှန်ရင် ပြဿနာရှိတယ်။ Read More »

အဲ့လိုလူတွေရှိလား?

တချို့လူတွေအတွက် ဒုက္ခအပေးဆုံးအချိန်ကည ၆ နာရီနဲ့ ၉ နာရီပဲ။အလုပ်လဲပြီးပြီ။ တခါတလေ သူငယ်ချင်းတွေရှိပြီးအထီးကျန်တတ်တဲ့ ဗီဇရှိသူတွေဆိုအလုပ်မှာ ပင်ပန်းထားတာနဲ့အထီးကျန်တာနဲ့ ငါဘာလို့ အလုပ်လုပ်နေလဲ ခံစားချက် ဝင်တတ်တယ်။ အဲ့ဒီပြဿနာဖြေရှင်းနိုင်ရင်ဘဝက တော်တော်ကောင်းသွားမှာ။ပြဿနာအများစုကလဲ အဲ့အချိန်ကြောင့်ဖြစ်တာများတယ်။ Phyo Paing @ Derek

အဲ့လိုလူတွေရှိလား? Read More »

အတွေးရှင်းဖို့ philosophy ကို
လေ့လာဖို့လိုတယ်

လူတွေရဲ့ ပြဿနာအများစုဟာအတွေးမရှင်းရာက စတယ်။မယောင်ရာဆီလူးနေတတ်တယ်။လူအများသတ်မှတ်ထားတဲ့အောင်မြင်မှုဆိုတဲ့နောက်လိုက်ပြီးကိုယ့်ဘဝကို အနှစ်သာရအပြည့်နေဖို့ မေ့နေတတ်ကြတယ်။ အသက်ကြီးမှ နောင်တရတတ်ကြတယ်။ ပြဿနာအများစုရဲ့ အရင်းအမြစ်ကဒီ philosophical problem ပဲ။ အတွေးရှင်းဖို့ philosophy ကိုလေ့လာဖို့လိုတယ်။ Philosophy ဆိုတာ ဥာဏ်ပညာကိုချစ်မြတ်နိုးခြင်းဖြစ်တယ်။ Philosophy ကို အရှင်းဆုံးရှင်းပြရရင် ဘာကြောင့် ဒါလုပ်သလဲ။ ဒီမေးခွန်းပဲ။ ဘာကြောင့်အသက်ရှင်နေသလဲ။ဘာကြောင့် အလုပ်လုပ်နေသလဲ။ ဘာကြောင့်၊ ဘာကြောင့်၊ ဘာကြောင့်။ ဒါမသိရင် မယောင်ရာဆီလူး၊အရေးမပါတာတွေ အရာပေးနေမိတတ်တယ်။ Phyo Paing @ Derek

အတွေးရှင်းဖို့ philosophy ကို
လေ့လာဖို့လိုတယ်
Read More »

အားတီတို့ရဲ့ ပြဿနာအများစုက

ကိုယ့်ကိုကိုယ်ထက် တပါးသူကို ပိုချစ်ရာကလာတယ်။ ကိုယ့်ကိုကိုယ် ပိုချစ်ဖို့မေ့နေတတ်ကြတယ်။ကိုယ့်ရဲ့ အကောင်းဆုံး version ဖြစ်အောင်တည်ဆောက်ဖို့ မေ့နေတတ်ကြတယ်။ သူများကိုပိုချစ်ပြီးကိုယ်ဖြစ်စေချင်တဲ့အတိုင်းတခြားသူက လိုက်မလုပ်တော့တိုင်ပတ်မှုအပေါင်း သရဖူဆောင်းရတတ်ကြတယ်။ Phyo Paing @ Derek

အားတီတို့ရဲ့ ပြဿနာအများစုက Read More »

လုပ်မယ်လို့ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်

ပြိုင်ပွဲတစ်ခုကို မပြိုင်ခင်သေချာစဉ်းစား။လိုအပ်တဲ့ အိမ်စာသေချာလုပ်။တကယ်ပြိုင်မယ်လို့ ဆုံးဖြတ်ပြီးရင်တော့လမ်းဆုံးထိသာသွားတော့။လုပ်မယ်လို့ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်မဟုတ်ရင် အကျင့်ပါတယ်။နောက်ပြီး နိုင်နိုင်ခြေမရှိတဲ့ပြိုင်ပွဲကို မပြိုင်နဲ့။ Phyo Paing @ Derek

လုပ်မယ်လို့ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ် Read More »