problem

မြင်အောင်ကြည့်

ဒုက္ခတိုင်းရဲ့ နောက်ကွယ်မှာတန်ဖိုးကြီးတဲ့ အဓိပ္ပာယ်တွေရှိတတ်တယ်။မြင်အောင်ကြည့်၊ကြားအောင်နားထောင်၊ရင်ဘတ်နဲ့ခံစားတတ်ဖို့လိုနိုင်တယ်။ကျွန်တော်တို့ရဲ့ဘဝတွေကိုအောက်ကျနောက်ကျဖြစ်စေနိုင်တာလဲဒုက္ခ၊နောက်တစ်ဆင့်ရောက်စေနိုင်တာလဲဒုက္ခ။ Phyo Paing @ Derek

မြင်အောင်ကြည့် Read More »

ပြဿနာ အခက်အခဲဆိုတာ
ကိုယ်တစ်ယောက်ထဲ ကြုံရတာမဟုတ်ဘူး။

ဗုဒ္ဓ အဆုံးအမကြောင့်သံသရာ ဒီဘဝဖြတ်သန်းရတာ လွယ်ကူအထာကျလာစေတယ်။ လူတွေ ကိုယ့်ကိုယ်ကိုယ် ပြောနေတဲ့ပုံပြင်တွေ မတူကြဘူး။ ပြဿနာ အခက်အခဲဆိုတာ ကိုယ်တစ်ယောက်ထဲ ကြုံရတာမဟုတ်ဘူး။ လောကဓံဆိုတာ လူတိုင်းကြုံရမှာဖြစ်ပြီးမဂ္ဂင်ရှစ်ပါး လက်ကိုင်ထားပြီးသစ္စာလေးပါး နှလုံးသွင်းရမှာပဲ။ လောကမှာ သုခရှိသလို ဒုက္ခလဲရှိမယ်။ မှန်ကန်တဲ့ အမြင်ရှိဖို့ဗုဒ္ဓက သင်ကြားလမ်းပြပေးခဲ့တယ်။ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း။ ပေါကြွယ်ဝခြင်း၊ ဆင်းရဲမွဲသေခြင်း။ဒါတွေကို အစွန်းနှစ်ဖက်အရမ်းသွား ခံစားနေလို့မရဘူး။ မဇ္ဈိမပဋိပဒါ နှလုံးသွင်းရမယ်။ ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးမိတယ်။ Phyo Paing @ Derek

ပြဿနာ အခက်အခဲဆိုတာ
ကိုယ်တစ်ယောက်ထဲ ကြုံရတာမဟုတ်ဘူး။
Read More »

လူတွေကို ဂုဏ်ယူစေတဲ့အရာ
တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။

လူတွေကို ဂုဏ်ယူစေတဲ့အရာတစ်ယောက်နဲ့ တစ်ယောက်မတူဘူး။ကိုယ့် client တွေ အောင်မြင်ရင်ဂုဏ်ယူတယ်။ကိုယ်ထုတ်တဲ့ကုန်ပစ္စည်းတွေကအသုံးပြုသူတွေရဲ့ ဘဝတိုးတက်ပြောင်းလဲစေရင်ဂုဏ်ယူတယ်။မစဥ်းစားမိတဲ့ ရှုထောင့်ကရေးလိုက်တဲ့စာတခြားသူတစ်ယောက်က အကျိုးရှိသွားရင်ဂုဏ်ယူတယ်။ ဘယ်လောက်ကြမ်းတမ်းတဲ့အခက်အခဲဖြစ်ဖြစ်အထာကျကျ ဖြေရှင်းနိုင်တာ ဂုဏ်ယူတယ်။ Phyo Paing @ Derek

လူတွေကို ဂုဏ်ယူစေတဲ့အရာ
တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။
Read More »

ဘဝ

ဘဝမှာ ဖြစ်ခဲ့တဲ့ အဆိုးဆုံးတိုင်းကဘဝမှာ ဖြစ်ခဲ့တဲ့ အကောင်းဆုံးပဲ။အဲ့အဆိုးဆုံးတွေကို ဖန်တီးမှုရှိရှိအသုံးမချခဲ့ရင်ဘဝရဲ့ အကောင်းဆုံးတွေရမှာမဟုတ်ဘူး။အဆိုးကို အကောင်းပြောင်းဖို့အတားအဆီးက အကြောက်တရားပဲ။ Phyo Paing @ Derek

ဘဝ Read More »

လူတွေကို နားလည်ရင်
ဘဝပြဿနာ အများစု အဖြေရှာတဲ့နေရာ
လွယ်ကူသွားနိုင်တယ်။

ကိုယ့်ကိုယ်ကို အထင်သေးတဲ့သူတွေကသူများကိုလဲ အထင်သေးတတ်တာများတယ်။ အပြင်ပန်းမှာ ဟန်ဆောင်ထားတာဖြစ်ရင်ဖြစ်မယ်။ တခါတလေ လူမှုကွန်ယက်မှာဖြစ်ဖြစ်၊ဘဝမှာဖြစ်ဖြစ် ကိုယ့်ကိုအထင်သေးတဲ့ပုံစံစကားပြောတဲ့အခါ စိတ်မတိုလိုက်နဲ့။ လူတွေရဲ့ စိတ်ထဲမှာ မလှုံခြုံတဲ့စိတ်တစ်ခုရှိတယ်။ကိုယ်က နောက်ကောက်ကျန်ခဲ့မှာ ကြောက်တယ်။ တခါတလေ ကိုယ့်ကိုယ်မေးခွန်းထုတ်တဲ့မေးခွန်းကသူ့ကိုယ်သူ ရှာနေတဲ့ အဖြေလဲဖြစ်နိုင်တယ်။ လူတွေကို နားလည်ရင် ဘဝပြဿနာ အများစု အဖြေရှာတဲ့နေရာလွယ်ကူသွားနိုင်တယ်။ Phyo Paing @ Derek

လူတွေကို နားလည်ရင်
ဘဝပြဿနာ အများစု အဖြေရှာတဲ့နေရာ
လွယ်ကူသွားနိုင်တယ်။
Read More »

ဘဝရဲ့ ပြဿနာတွေဆိုတာ

လူတိုင်းက ကိုယ်နဲ့ တန်ရာတန်ရာ ဘဝကိုရတာပဲ။ ကိုယ့်အတွေးနဲ့ တန်တဲ့ဘဝ။ ကိုယ့် အကြံအစီနဲ့တန်တဲ့ ဘဝ။ ကိုယ့်အလုပ်နဲ့ တန်တဲ့ဘဝ။ သေချာတာ တစ်ခုကတော့အပြစ်တင်ခြင်းကိုပဲ ထိုင်လုပ်နေသမျှအဖြေရှာခြင်းဆိုတာနဲ့ ဝေးသွားနိုင်တယ်။ ဘဝရဲ့ ပြဿနာတွေဆိုတာ ထိုင် အဖြေရှာဖို့။ Phyo Paing @ Derek

ဘဝရဲ့ ပြဿနာတွေဆိုတာ Read More »

ပြဿနာတွေနဲ့ ပျော်တတ်ဖို့လိုတယ်။

ဘဝကို အပူအပင်ကင်းကင်းနဲ့ဖြတ်ဖို့ပြဿနာတွေနဲ့ ပျော်တတ်ဖို့လိုတယ်။ ဘဝမှာ မရှာပဲတွေ့မှာ ပြဿနာပဲ။ အမြဲတွေ့မည့် ပြဿနာနဲ့best friend သာဖြစ်နေမယ်ဆို သူနဲ့တွေ့တိုင်း ပျော်နေမှာပဲ။ နေ့တိုင်း လူက အိုနေတာ၊ဖျားနာတာ၊ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေရှိမယ်။လိုတိုင်း မရတာ၊ ရတိုင်းလဲ မလိုချင်ပြန်တာ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရှိတယ်။ ပြဿနာတွေကို ခံစားချက်တွေရောထည့်လိုက်တဲ့အခါ ဒုက္ခတွေ ဖြစ်လာတယ်။ ပြဿနာကနေ ဒုက္ခမဖြစ်လာဖို့ခံစားချက်တွေကို ခံယူချက်တွေနဲ့ အနိုင်ယူoverwrite လုပ်ဖို့လိုလာတယ်။ ဒီတော့ ပြဿနာတွေနဲ့best friend ဖြစ်အောင်လုပ်ထားခြင်းကပြဿနာကို ဒုက္ခတိုက်ရိုက်ဖြစ်မလာအောင်ရာခိုင်နှုန်းတစ်ခု ကာကွယ်ပေးနိုင်လိမ့်မယ်။ Phyo Paing @ Derek

ပြဿနာတွေနဲ့ ပျော်တတ်ဖို့လိုတယ်။ Read More »

Chiasmas

ကိုယ်က ပြဿနာကို အရင်ရှာမှာလား၊ပြဿနာက ကိုယ့်ကိုအရင်လာရှာမှာလား။Contingency Plan ဆိုတာ အဲ့ဒါပဲလို့ပြောလို့ရတယ်။ ပြဿနာကိုယ့်ကို လာရှာမှဖြေရှင်းတဲ့အခါ ပိုကြာနိုင်တယ်။ကိုယ်က ဖြစ်နိုင်တဲ့ပြဿနာကို ကြိုရှာထားတဲ့အခါရလဒ်ပိုင်းမှာ ပိုသာနိုင်တယ်။ ဒါကတော့ “ကိုယ့်နိုင်ငံက ကိုယ့်အတွက်ဘာလုပ်ပေးနိုင်လဲ မကြည့်နဲ့။ကိုယ်က ကိုယ့်နိုင်ငံအတွက် ဘာလုပ်ပေးနိုင်လဲကြည့်။”ဆိုတဲ့ John F Kennedy သုံးခဲ့တဲ့Rhetoric နည်းလမ်းတွေထဲကchiasmas နည်းလမ်းဖြစ်ပါတယ်။ ငါတို့က အသုံးစရိတ်တွေကို ထိန်းချုပ်မလား၊အသုံးစရိတ်တွေ ငါတို့ကို ထိန်းချုပ်တာခံမလား။ဒါက နောက်ဥပမာတစ်ခု။ Are we going to seek out the problem first, or will the problem find us first? That’s essentially what Contingency Planning is all about.

Chiasmas Read More »

ကိုယ့်ရဲ့ ရွေးချယ်မှုပဲ။

တချို့က ပြဿနာကို မြင်တယ်။တချို့က အဖြေကို မြင်တယ်။ တချို့က ပြဿနာကို အပြစ်တင်ဖို့ရှာတယ်။တချို့က ပြဿနာကို အဖြေရှာတယ်။ တချို့က ပြဿနာကပေးမည့် ဒုက္ခကိုအဓိက စဥ်းစားတယ်။တချို့က ဖြေရှင်းပြီးရင်ရမည့် သုခကို အဓိက စဥ်းစားတယ်။ လူတိုင်းက ကိုယ့်အမြင်နဲ့ကိုယ်ပဲ။ မှန်တယ်၊ မှားတယ်မရှိဘူး။ကိုယ့်ရဲ့ ရွေးချယ်မှုပဲ။ Phyo Paing @ Derek

ကိုယ့်ရဲ့ ရွေးချယ်မှုပဲ။ Read More »