problem

လူဖြစ်နေသမျှ စောက်ပြဿနာနဲ့
ကင်းအောင်နေလို့ရမှာ မဟုတ်ဘူး။

ပြဿနာကို ရှောင်ဖယ်တာကနည်းလမ်းမဟုတ်ဘူး။အသက် ၁၀၀ မနေရပေမယ့်အမှု ၁၀၀ မက ကြုံရမှာက ဘဝပဲ။ ယောကျာ်းတစ်ယောက်ကပြဿနာ ကို ထိုင်ငြီးပြီးကြောက်စိတ်၊ စိုးရိမ်စိတ်နဲ့ရှင်သန်နေလို့ မရဘူး။အတင်းပြောတာနဲ့ ဘဝကိုဖြတ်သန်းလို့ မရဘူး။အိညောင် အိညောင်နဲ့ဘယ်သူမှ ကိုယ့်ကို လေးစားမှာ မဟုတ်ဘူး။ လုပ်စရာရှိတာ လုပ်ရမှာပဲ။ဆာလောင်မှုနဲ့ပြင်းပြတဲ့စိတ်ဆန္ဒလိုတယ်။သောက်တလွဲ လုပ်မိတာတွေလဲအများကြီးရှိမှာပဲ။ဒါက အလုပ်လုပ်ရင် ဖြစ်လေ့ရှိိတာပဲ။ လူ့ဘဝရဲ့ အနှစ်သာရကကိုယ်က ပြဿနာတစ်ခုကိုဘယ်လို ဖြေရှင်းနိုင်လဲဆိုတဲ့problem-solving skill နဲ့ဆိုင်တယ်။ Phyo Paing @ Derek

လူဖြစ်နေသမျှ စောက်ပြဿနာနဲ့
ကင်းအောင်နေလို့ရမှာ မဟုတ်ဘူး။
Read More »

အဆင်ပြေ = ပြဿနာကို
အဆင်ပြေပြေဖြေရှင်းနိုင်တာ

အားချန့် အလုပ်တွေလုပ်ရတာ အဆင်ပြေရဲ့လား?အမေက မေးတိုင်းကျွန်တော့်အဖြေကသုံးခုပဲရှိတယ်။ ဘယ်လိုအခြေအနေ ရောက်နေနေ၁။ အဆင်ပြေတယ်၂။ အဆင်အရမ်းပြေတယ်၃။ အရမ်းအရမ်းပြေတယ်။ ဒီအခြေအနေမှာ လူတိုင်းသူ့ဟာနဲ့သူ ပြဿနာကရှိကြမှာပဲ။ပြဿနာဘယ်လောက်ကြီးလဲဆိုတာဒါကိုကြုံရတဲ့သူရဲ့ အရည်အချင်းပေါ်မူတည်တယ်။ ငါးတန်းစာမေးပွဲကသူငယ်တန်းကျောင်းသားအတွက်ခက်နိုင်ပေမယ့်ဆယ်တန်းကျောင်းသားအတွက်ကဟာသဖြစ်ရင် ဖြစ်နေမယ်။ အဆင်ပြေ = ပြဿနာကိုအဆင်ပြေပြေဖြေရှင်းနိုင်တာ။ ဒေါ်လာနဲ့ ငွေကြေးပြဿနာအနာဂတ်အလားအလာပြဿနာဝန်ထမ်းရေးရာငွေကြေးရေးရာ ဘဝက ကိုယ့်ကို သင်ခန်းစာတစ်ခုပြီးတစ်ခုပြဿနာ အယောင်ဆောင်ပေးလိမ့်မယ်။ဒါကို ဖြေရှင်းနိုင်ရင်နောက်တစ်ဆင့်တတ်ပြီပဲ။ လုပ်ငန်းစတုန်းက ရောင်းရဖို့ရောင်းရတော့ ဝန်ထမ်းထိန်းနိုင်ဖို့ထိန်းနိုင်တော့ ကုန်ပစ္စည်းတွေလည်ပတ်ဖို့အမြတ်ငွေပုံမှန်ထွက်ဖို့ကိုယ်မပါရင်တောင် လည်ပတ်နိုင်ဖို့ဒီ skill ကို ဖြန့်ကျက်အသုံးပြုနိုင်ဖို့။ပြဿနာတွေက တစ်ခုပြီးတစ်ခုလာမှာပဲ။ဒါကို ပြဿနာမဖြေရှင်း ရှောင်ပြေးပြီးအဆင်မပြေဘူး အော်နေလို့မရဘူး။ ငယ်ငယ်က အဖေနဲ့ အမေစကားများတဲ့အချိန်အဖွားနဲ့ အမေ ပြဿနာတက်တဲ့အချိန်အဒေါ်တွေနဲ့ နေတဲ့အချိန်ဘော်ဒါဆောင်နေတဲ့အချိန်တချို့အရာတွေကို ကိုယ်က control လုပ်လို့မရဘူး။လုပ်လို့ရတာ ကိုယ့်ကိုပေးထားတဲ့ပြဿနာကို ဖြေရှင်းတာပဲ။ Phyo Paing @ Derek

အဆင်ပြေ = ပြဿနာကို
အဆင်ပြေပြေဖြေရှင်းနိုင်တာ
Read More »

နေ့စဥ်တိုင်းက စုဗူးပဲ

တစ်ရက်တစ်ရက်ကိုစုဗူးတစ်ခုလိုပဲ စဥ်းစားကြည့်တယ်။ကိုယ်ထိန်းချုပ်နိုင်တဲ့အရာကတစ်ခုပဲရှိတယ်။ကိုယ့်ရဲ့ မိနစ်၊ စက္ကန့်တိုင်းကိုဘယ်လို အသုံးချမလဲ။ စိတ်ညစ်စရာတွေကို တွေးပူပြီးဒီအတိုင်း နေမလား။ကိုယ့်အတွက် အကျိုးမရှိတဲ့အတွေးအခေါ်တွေကိုဖယ်ပြီးကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊တိုးတက်ရေး၊ ကိုယ့်သမိုင်းပေးတာဝန်၊မိသားစုအရေးနဲ့ ဘဝအရေးအတွက်မိနစ်၊ စက္ကန့်တိုင်းကို အကောင်းဆုံးအသုံးချ မလား။ဒုတိယတစ်ခုပဲ လုပ်ဖို့အမြဲစဥ်းစားတယ်။ နေ့စဥ်တိုင်းက စုဗူးပဲ။လောကီမှာ ခပ်ကြီးကြီးကျယ်ကျယ်ပြောရရင်လောကုတ္တရာမှာ ပါသွားဖို့နေ့စဥ်က စုဗူးပဲ။ Phyo Paing @ Derek

နေ့စဥ်တိုင်းက စုဗူးပဲ Read More »

ပြဿနာနဲ့ ဒုက္ခ မရောလိုက်နဲ့။

ပြဿနာဆိုတာ ဖြေရှင်းရန်လိုအပ်သော ကိစ္စ။ဒုက္ခဆိုတာ ဆင်းရဲသောက။ ပြဿနာက ပုစ္ဆာ။ (Problem)ဒုက္ခက ခံစားမှု။ (Suffering) ပြဿနာကို မဖြေရှင်းပဲစိတ်ညစ်ပြီး ဒုက္ခအနေနဲ့မပြောင်းလိုက်နဲ့။ Phyo Paing @ Derek

ပြဿနာနဲ့ ဒုက္ခ မရောလိုက်နဲ့။ Read More »