rule

ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲရတာအခက်ခဲဆုံးပဲ

သူများအတွက်တော့မသိဘူး။ကိုယ့်အတွက်တော့ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲရတာအခက်ခဲဆုံးပဲ။ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းစီမံခန့်ခွဲနိုင်ရင်စည်းကမ်းရှိအောင်လုပ်လို့ရတယ်။ကိုယ်တွေးချင်တဲ့အတွေးတွေးခိုင်းလို့ရတယ်။​ကိုယ်တတ်စေချင်တဲ့ ပညာတွေလေ့လာခိုင်းလို့ရတယ်။​ကိုယ်လိုချင်တဲ့ အပြုအမူထည့်ပေးလို့ရတယ်။ ကိုယ့်မှာရှိတဲ့ နတ်ဆိုးကကိုယ့်ကို ထိန်းချုပ်တာနည်းသွားမယ်။ လူတိုင်းမှာ နတ်ဆိုးရှိတယ်။တချို့က ဒါကို အမှောင်ဖက်ခြင်းdark side လို့ခေါ်တယ်။ ဒီ နတ်ဆိုးနဲ့ ချစ်ကြည်ရေးယူပြီးသူလိုချင်တာကို ကိုယ်လိုချင်တာနဲ့တူညီဖို့ ဖျောင်းပြရတာ မလွယ်ဘူး။ နတ်ဆိုးက ပျင်းစေချင်တယ်။ဘဝကို ဖြစ်သလို နေစေချင်တယ်။အကြောက်တရားတွေ ဝင်စေချင်တယ်။လောဘတွေကြီးစေချင်တယ်။အားငယ်စေချင်တယ်။မနာလိုမှုကို ဖြစ်စေချင်တယ်။​ကိုယ့်အတ္တကိုထိတာနဲ့အမှုန့်ချေစေချင်တယ်။ ဘဝက နတ်ဆိုးကိုလူကောင်းသူကောင်းဖြစ်အောင်ဖျောင်းပြနားချ ပြုပြင်ရတာမလွယ်ဘူး။ ဒါက တစ်ဘဝလုံးရဲ့ ခရီးစဥ်ပဲ။ အဲ့ဒီ မာရ်နတ် ကိုကျော်နိုင်တဲ့အရည်အချင်းရှိမှဘဝက ကြိုးကိုင်ခြင်းမခံရမှာ။ Phyo Paing @ Derek

ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲရတာအခက်ခဲဆုံးပဲ Read More »

စည်းကမ်း

စည်းကမ်းက လူရဲ့တန်ဖိုးပဲ။ပါးစပ်စည်းကမ်း။အမူအကျင့်စည်းကမ်း။ ကိုယ်တိုင်ချမှတ်ထားတဲ့စည်းကမ်းတွေ လိုက်နာဖို့လိုတယ်။ နေ့စဥ် ကိုယ့်ကိုယ်ကိုဂုဏ်ယူတဲ့အလုပ်တွေလုပ်ဖို့လိုတယ်။ Phyo Paing @ Derek

စည်းကမ်း Read More »

Professional မှာ ကိုယ်ပေးတဲ့
ကတိတည်ရမယ်

အသိ၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ရင်းနှီးမိတ်ဆွေ၊စီးပွါးရေးပါတနာ တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးမှု အတိုင်းအတာမတူသလိုဝင်ပါလို့ရတဲ့ စည်းမတူဘူး။ဒါကို နားလည်ဖို့လိုတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုမှာစေတနာဆိုတဲ့စကားနဲ့ ကိုယ်နဲ့မဆိုင် ဝင်ပါချင်ကြတာသတိထားရမည့် အပိုင်းပဲ။ Personal, Professional နဲ့ Business ကိုမရောမိဖို့လိုတယ်။ကိုယ့်စည်းနဲ့ ကိုယ်ပဲ။သူများပိုက်ဆံယူပြီးရင်Professional မှာ ကိုယ်ပေးတဲ့ ကတိတည်ရမယ်။စိတ်ပါတာ မပါတာ အရေးမကြီးဘူး။ကိုယ့်စည်း ကိုယ်စောင့်ဖို့အရေးကြီးတယ်။ ℙ𝕙𝕪𝕠 Paing @ Derek

Professional မှာ ကိုယ်ပေးတဲ့
ကတိတည်ရမယ်
Read More »

လူတွေက အတွေးအခေါ်အသစ်တွေနဲ့
ဘဝကို စိတ်ကြိုက် design လုပ်ကြတယ်

လူတွေကို ပျော်အောင်လုပ်ပေးပြီးပျော်အောင်လုပ်ပေးဖို့ မေ့နေတဲ့သူကကိုယ်တိုင်ဖြစ်နေတတ်တယ်။ ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့စံနှုန်းတွေကို ဖြည့်ဆည်းရင်းဘဝရဲ့ အချိန်တစ်ခုကို ဖြတ်သန်းရတယ်။ ဘဝမှာ ဘယ်တော့မှ အသုံးမချတော့မည့်သင်ခန်းစာတွေအများကြီးလေ့လာပြီးဘဝအချိန်တစ်ခု ဖြစ်သန်းရတယ်။​ နောက် ပညာရေးဆုံးခန်းတိုင်ဖို့ဘွဲ့ရဖို့ လေ့လာရပြန်တယ်။နောက် သူများတွေဘွဲ့လွန်ဆိုတော့လဲဘွဲ့လွန်ပြန်တတ်ရပြန်တယ်။ သတ်မှတ်ထားတဲ့ ဘောင်တွေနဲ့အိမ်ထောင်ကျ သားသမီးတွေကြီးဖို့ပြုစုပျိုးထောင်ရင် အခြေကျတော့လဲကိုယ့်လမ်းကိုယ်လျှောက်သွားကြတယ်။ ဘဝဆိုတာကြီးက လူ့ဘောင်ဆိုတဲ့အတွက် ဘောင်တွေကြားထဲမှာအသက်ရှင်ကြတယ်။ လူတွေ သတ်မှတ်ထားတဲ့ အသိအမှတ်အပြုခံရမှုကြားမှာပျော်ရွင်မှု၊ ဝမ်းနည်းမှုတွေဖြစ်ကြတယ်။ ဒီ ဘောင်ကြီးထဲက အရှင်းထွက်ခဲ့တာကတော့အားလုံးရဲ့ စံပြဖြစ်တဲ့ ဗုဒ္ဓပေါ့။ လူ့ဘောင်က သတ်မှတ်ထားတဲ့ဘောင်တွေကို ရိုက်ချိုးပြီးကိုယ့်ဘဝနေထိုင်မှုပုံစံကိုယ်တည်ဆောက်တဲ့lifestyle design လုပ်တဲ့လူတွေက အတွေးအခေါ်အသစ်တွေနဲ့ဘဝကို စိတ်ကြိုက် design လုပ်ကြတယ်။ ကိုယ်ဖန်တီးတဲ့ ဘဝနေထိုင်မှုပုံစံကကိုယ့်ဘဝကို အထာကျကျဖြတ်သန်းပြီးပျော်ရွင်မှု အပြည့်ပေးနိုင်ဖို့လိုတယ်။​ ဆယ်တန်းဆန်းတယ် သတိထားကြိုးစားဆိုတာကိုလဲ အကောင်းဆုံးလုပ်ခဲ့တယ်။တက္ကသိုလ်ကောင်းကောင်းတက်ဆိုလဲပြီးအောင် တက်ခဲ့တယ်။UK ဘွဲ့လေးရအောင် လုပ်ဆိုလဲလုပ်ခဲ့တယ်။​ဘွဲ့လွန်ပြီးဖို့လိုတယ်ဆိုတော့ လဲလုပ်ခဲ့တယ်။ဘာသာစကားတစ်ခုထက်တက်ဖို့လိုတယ်ဆိုတော့လဲ လုပ်ခဲ့တာပဲ။ ဒီလူ့ဘောင်က သတ်မှတ်ထားတဲ့စံနှုန်းတွေကို

လူတွေက အတွေးအခေါ်အသစ်တွေနဲ့
ဘဝကို စိတ်ကြိုက် design လုပ်ကြတယ်
Read More »

Good life

Rule 1 – မနှိုင်းယှဥ်ပါနဲ့။ သူများနဲ့ နှိုင်းယှဥ်တဲ့အခါ ကိုယ့်ကိုကိုယ် express လုပ်ဖို့ မေ့သွားတတ်တယ်။ လူတစ်ယောက်နဲ့တစ်ယောက်သွားတဲ့လမ်းကြောင်း Career inspiration နဲ့ Dream တွေ၊ Talent တွေမတူတဲ့အတွက် ကိုယ်နဲ့တစ်ခြားသူနဲ့ မနှိုင်းယှဥ်ပါနဲ့. Rule 2 – ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့။ တစ်ခုခုအမှားလုပ်မိတိုင်း ကိုယ့်ကိုကိုယ်အပြစ်တင်ဖူးလား။ ကျွန်တော်ငယ်စဥ်အခါက အမြဲအပြစ်တင်ဖူးတယ်။ ဒါက အကျင့်ကြီးတစ်ခုလိုဖြစ်လာခဲ့ဖူးတယ်။ နောက်တော့ ကိုယ့်ကိုကိုယ်ချစ်တဲ့စိတ်နဲ့ပဲကြည့်တယ်။ ခွင့်လွတ်တယ်။ အားပေးတယ်။ အပြစ်တင်မည့်အစား သင်ခန်းစာယူတယ်။ Rule 3 – ကိုယ့်ကိုကိုယ်သိအောင်လုပ်ပါ။ ဆယ်ကျော်သက်အရွယ်က ကိုယ့်ကိုကိုယ်သိဖို့ မလွယ်သေးဘူး။ Self-awareness လို့ဆိုပါတော့။ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်၊ ကိုယ့်ကို motivated ဖြစ်အောင်လုပ်ပေးတဲ့ drive နဲ့ inspiration

Good life Read More »

တစ်ခုခု လိုချင်ရင်

ငါလိုချင်တာဘာလဲ။ လိုချင်တဲ့အကြောင်းအရင်းကဘာလဲ။ဒါကို ရဖို့ အမြန်ဆုံး၊ အလွယ်ဆုံး၊ အထိရောက်ဆုံးဘာနည်းလမ်းတွေ ရှိမလဲ။ အချိန်ဘယ်လောက်ကြာနိုင်သလဲ။ ဒီအတွက် ဘာတွေလိုအပ်သလဲ။ဘယ်နေ့စအကောင်အထည်ဖော်မလဲ။ ဒီမေးခွန်းတွေမေး စလုပ်လိုက်တယ်။ Phyo Paing @ Derek

တစ်ခုခု လိုချင်ရင်
Read More »

စဥ်းစားဖို့ တစ်ရက် အချိန် ၁၅ မိနစ်ပေးပါ။

လိုချင်တာရဖို့ လွယ်လွယ်လေး။ အလုပ်ဖြစ်တာ၊ မဖြစ်တာကိုလေ့လာ၊ လုပ်ကြည့်။ မဖြစ်တာကို ချန်ခဲ့။ ဖြစ်တာကိုဆက်လုပ်။ ဒီလို deliberate thinking လုပ်ဖို့အချိန်သီးသန့်ပေးဖို့လိုတယ်။ Phyo Paing @ Derek

စဥ်းစားဖို့ တစ်ရက် အချိန် ၁၅ မိနစ်ပေးပါ။ Read More »

Content Marketing

Content Marketing ဆိုတာရေရှည်ရင်းနှီးမြုပ်နှံမှုတစ်ခုပဲ။စိတ်ရှည်ဖို့လိုတယ်။ မဟာဗျူဟာလိုတယ်။အမြဲလေ့လာနေဖို့လိုတယ်။ကိုယ့်ရဲ့ sweet spot ကိုသိဖို့လိုတယ်။ဇွဲနဲ့ consistency လိုတယ်။ Phyo Paing @ Derek

Content Marketing Read More »

ကြုံဖူးကြလား?

တချို့သူတွေနဲ့ ဖုန်းပြောပြီးသွားတဲ့အခါကိုယ့် energy တွေ စုပ်ယူသွားသလိုဖြစ်ပြီးတော်တော်လေး လေးသွားတဲ့အချိန်တွေလူတိုင်းမှာ တစ်ချိန်မဟုတ် တစ်ချိန် ရှိတတ်ကြတယ်။ အဲ့လူတွေက ကိုယ့်အနီးစပ်ဆုံးလူတွေဖြစ်နေတတ်သလိုငါပဲမှန်တယ်ဆိုတဲ့ အယူအဆကိုဆုပ်ကိုင်ထားပြီး ပြောင်းလဲလိုစိတ်မရှိသူတွေလဲ ဖြစ်နေတတ်ကြတယ်။ကြုံဖူးကြလား? Phyo Paing @ Derek

ကြုံဖူးကြလား? Read More »