rule

အတိတ်သည် အနာဂတ်ကို ကိုယ်စားမပြု။

Jack Ma အနေနဲ. KFC မှာ အလုပ်သွားလျှောက်တယ်မရဘူး။ ရဲ အလုပ်လျှောက်တယ်မရခဲ့ဘူး။ China yellowpage ကို လုပ်တယ်။ ဆုံးရှုံးသွားတယ်။ ဒါဆုံးရှုံးမှုတွေကြောင့် Alibaba လုပ်တဲ့အခါ ပိုသတိထားတတ်လာတယ်။ အစိုးရနဲ့လုပ်တဲ့ GuanXi (关系) Relationship တွေကို အရမ်းအားမထားဘဲလုပ်လာတယ်။ 2014 September မှာ New York Stock Exchange မှာ IPO လုပ်တော့ US history မှာ အကြီးဆုံး IPO ဖြစ်ခဲ့တယ်။ မလေးရှားရဲ့ အချမ်းသာဆုံးထဲက သူ‌ဌေးတစ်ယောက်ဖြစ်တဲ့ Robert Kuok အနေနဲ့လည်း အမျိုးအိမ်မှာ အကူလုပ်ပြီး စခဲ့တာဘဲ။ ဒီလိုဘဲ Li Ka Shing လည်း ကွမ်းကျိုးရဲ. မြို.လေးတစ်မြို.မှာမွေးတယ်။ […]

အတိတ်သည် အနာဂတ်ကို ကိုယ်စားမပြု။ Read More »

အောင်မြင်တဲ့သူတွေ နဲ့ Massive Action

အောင်မြင်တဲ့သူတွေဟာ ကျွန်တော်တို့ထက် ပိုတော်ရင်လည်း တော်လိမ့်မယ်။ ဒါမှ မဟုတ် ကျွန်တော်တို့လောက် တော်ချင်မှလည်းတော်လိမ့်မယ်။ ဒါပေမယ့် ဒီလူတွေမှာ Massive Action ပြင်းထန်တဲ့ လှုပ်ရှားမှုတွေရှိတယ်။ Strategic Framework ကို အတိုကောက် MOST လို့မှတ်တယ်။ Mission, Objective, Strategy and Tactics. Objective နဲ့ Strategy ကြားမှာ ရှိတဲအရာကို စီးပွားရေး ပုံနှိပ်စာအုပ်တွေထဲမှာ မရေးထားဘူး။ ဒါကို State လို့ NLP မှာရေးတယ်။ ဒေါသထွက်တဲ့ State/ မိမိကိုယ်ကို အရမ်းယုံကြည်တဲ့ State/ အားငယ်တဲ့ State…..ဒီ State တွေကို လွမ်းမိုးထားတဲ့ထဲမှာ ယုံကြည်မှုတွေပါတယ်။ ဒါကို Anthony Robbins က အောင်မြင်ချင်ရင် ယုံကြည်ရမယ့်

အောင်မြင်တဲ့သူတွေ နဲ့ Massive Action Read More »

အရောင်းသမားတိုင်းဟာ

ကိုယ်ရောင်းတဲ့ product တစ်ခုကို 100% သက်ဝင်ယုံကြည်မှု ရှိဖို့လိုတယ်။ ကိုယ့် product ကို သူတပါးကို မမိတ်ဆက်ရဲဘူးဆို ဒီ product ကိုမရောင်းသင့်ဘူး။ 100% Commitment လိုမယ်။ အရောင်းသမားတစ်ယောက်အတွက် မရှိမဖြစ်က မိမိကိုယ်ကို 100% ယုံကြည်မှုနဲ့ အလုပ်အပေါ်ရူးသွပ်မှု။ နောက်တစ်ခုက rejection ကိုခံနိုင်မှု။ Phyo Paing @ Derek

အရောင်းသမားတိုင်းဟာ Read More »

လုပ်ငန်းနယ်ပယ်တစ်ခုမှာ အကောင်းဆုံးဖြစ်ဖို့ ဘာတွေလိုအပ်မလည်း?

ဒေါ်လာတစ်သန်းတန်တဲ့ စီးပွားရေးကိုလုပ်ကိုင်ဖို. ဘယ်နယ်ပယ်မှာ မဆိုဖြစ်နိုင်သည်။……အကောင်းဆုံးထဲက တစ်ခုဖြစ်ဖို့သာလိုသည်။ Adam KhooSecrets of Building Multi-Million Dollar Business မှ ကောက်နှုတ်ဖော်ပြပါသည်။ =====================================သင်ဘယ်နယ်ပယ်မှာမဆို ချမ်းသာဖို့ အကောင်းဆုံးဆိုတဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေပေးရမယ်။ အတော်ဆုံးအရောင်းသမားတွေလိုသလို အကောင်းဆုံး မားကတ်တင်းမဟာဗျူဟာလိုတယ်။ လူတော်တွေနဲ့ဖွဲ့စည်းထားတဲ့ team လိုမယ်။ အကောင်းဆုံး ငွေကြေးစီမံခန့်ခွဲမှု စနစ်တစ်ခုလိုမယ်။ အကောင်းဆုံး လုပ်ငန်းလည်ပတ်နိုင်တဲ့စနစ်တစ်ခုလိုမယ်။ စားသောက်ဆိုင်ဘဲဖြစ်ဖြစ်၊ ကုန်ပစ္စည်းအရောင်းဆိုင်ဘဲဖြစ်ဖြစ်၊ ပညာရေးမှာဘဲဖြစ်ဖြစ်၊ ၁၀ % သာ အောင်မြင်မှုနဲ့ အမြတ်ငွေများများရကြသည်။ ကျန် ၃၀% မှာ အရင်းကြေရုံသာရကြပြီး ၆၀% မှာ လုပ်ငန်းရှင်သန်ဖို့ရုန်းကန်နေရပြီး တချို့မှာ အရင်းရှုံးနေကြသည်။ ဒါဆို လုပ်ငန်းနယ်ပယ်တစ်ခုမှာ အကောင်းဆုံးဖြစ်ဖို့ ဘာတွေလိုအပ်မလည်း?ကောင်းပြီ …..၃ ခုလိုအပ်ပါတယ်။၁. Passion လို့ခေါ်တဲ့

လုပ်ငန်းနယ်ပယ်တစ်ခုမှာ အကောင်းဆုံးဖြစ်ဖို့ ဘာတွေလိုအပ်မလည်း? Read More »

ပြဿနာရဲ့ နာမည်နောက်တမျိုး

ပြဿနာမရှိတဲ့ဘဝဟာ တိုးတက်မှုမရှိတာအမှန်ဘဲ။အလုပ်လုပ်ရင် ပြဿနာရှိမယ်။ပြဿနာရှိတယ်ဆိုတာ ကြိုးစားမှုရဲ့ signal။ပြဿနာရဲ့ နာမည်နောက်တမျိုးက စိန်ခေါ်မှု။ Phyo Paing @ Derek

ပြဿနာရဲ့ နာမည်နောက်တမျိုး Read More »

သင့်မှာ တာဝန်ရှိသည်။
(မိမိကိုယ်ကို ဆုံးမစာ)

လမ်းတစ်လမ်းပျက်နေရင် အစိုးရကို အပြစ်ပုံချလို့ရတယ်။ ဟုတ်။ ဘဝလမ်းတွေ ပျက်နေရင်ဘယ်သူ့အပြစ်လည်း? ဘဝရဲ့ လမ်းတွေပျောက်နေရင်ငယ်ငယ်က အဖေ၊ အမေအမျိုးတွေကို အပြစ်ပုံချကြတယ်။ နောက်တစ်ဆင့်တက်ပြီးလက္ခဏာဆရာမေးပြီးကံကြမ္မာကို အပြစ်ပုံချကြတယ်။ စာသင်ခန်းထဲက သမုဒ္ဒရာ လက်ပစ်ကူးပြီးနတ်သမီးလာကယ်မှ ရှင်သန်မယ့်ပုံပြင်တွေကြောင့်ပါသလိုနတ်သကြားမမှ အောင်မြင်မယ်ဆိုတဲ့ယုံကြည်မှုတွေကြောင့်Blamming culture ထဲမှာ သံသရာလည်လာတယ်။ သင့်ဘဝ သင်ပိုင်ပါတယ်။Viktor Franklr ပြောသလိုသက်ရောက်မှုတိုင်းကို တုန့်ပြန်ဖို့သင့်မှာ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ ဆုံးဖြတ်တဲ့နေရာမှာမိမိကိုယ်ကို တာဝန်ယူပါ။အပြစ်တင်တာလေးလျော့ပါ။ Phyo Paing @ Derek

သင့်မှာ တာဝန်ရှိသည်။
(မိမိကိုယ်ကို ဆုံးမစာ)
Read More »

လက်ရှိစိတ်အခြေအနေ၊ ဆုံးဖြတ်ချက် နှင့် လုပ်ရပ်

ဆုံးဖြတ်ချက်တစ်ခုရဲ့ quality ဟာ လူတစ်ယောက်ရဲ့လက်ရှိအခြေနေမှာမူတည်ပါတယ်။ စိတ်ပညာ သုတေသနအရ လက်ရှိစိတ်ညစ်နေတဲ့သူတစ်ယောက်ကို သူ့ရဲ့ အနာဂတ်နောက်ငါးနှစ်နေဘယ်လိုဖြစ်မလည်းမေးရင် စိတ်ညစ်စရာအဖြစ်ပုံဖော်ကြပြီး၊ လက်ရှိ current state မှာ ပျော်နေတဲ့သူတစ်ယောက်ဟာ အနာဂတ်ကိုပျော်ရွင်စရာအဖြစ်ပုံဖော်ကြပါတယ်။ ဒါကြောင့်လက်ရှိအခြေအနေ current physiological state ဟာ ဆုံးဖြတ်ချက်တွေပေါ်အများကြီးတက်ရောက်မှုရှိပါတယ်။ လောင်းကစားရှုံးနေတဲ့သူတစ်ယောက်ရဲ့ physiological state ဟာ သာမန်လူနဲ့မတူပါဘူး။ Stupid state မှာရှိနေရင် Stupid behavior ဖြစ်လာပါမယ်။ (အရက်အလွန်အကျွံသောက်ထားတဲ့သူဟာ မူလ behavior နဲ့ အနည်းနဲ့အများကွာပါမယ်။) ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အမူအကျင့်တွေမဟုတ်ကြပါဘူး။ You are not your behavior. Physiological state ကို လွမ်းမိုးနေတဲ့အရာတွေထဲမှာ body posture ကိုယ်အနေအထားပါပါတယ်။ လူရှေ့မှာ စကားပြောတဲ့အခါ ကိုယ်က

လက်ရှိစိတ်အခြေအနေ၊ ဆုံးဖြတ်ချက် နှင့် လုပ်ရပ် Read More »

လူနဲ့ အ သုံးလုံး

လူချင်းတူပေမယ့် လူတွေကို ကွဲပြားခြားနားစေတဲ့ အ သုံးလုံး။ လူချင်းတူပေမယ့် ဒီအ သုံးလုံးကွဲပြားသွားတဲ့အတွက် အောင်မြင်မှုအတိုင်းအတာကွာသွားပါတယ်။ ၁. အတွေးလူတွေအားလုံး အစိုးရတဲ့တစ်ခုတည်းသောအရာ အတွေး။ ကိုယ် အာရုံစိုက် တွေးခေါ်စဉ်းစားချင်တာကို လွတ်လပ်စွာတွေးခေါ်နိုင်တယ်။ လူတွေကို ဘာတွေးရမယ်လို့ တိုက်ရိုက်ကန့်သတ်ထားလို့မရ။ လူတိုင်းလူတိုင်းဟာ သူတဲ့အတွေးတွေရဲ့ရလဒ်တွေဖြစ်တယ်။ ၂. အဓိပ္ပာယ်အတွေးချင်းတူပေမယ့်အဓိပ္ပာယ်ဖွင့်ဆိုတာခြင်း တူချင်မှတူလိမ့်မယ်။ ယောကျာ်းဆုံးသွားတာချင်းအတူတူ အားကိုးရာရှာတဲ့သူနဲ့ မိမိခြေထောက်ပေါ်ကိုယ်တိုင်ရပ်ပြီး ကလေးတွေကို ရှာကျွေးတဲ့သူမှာ ကွာခြားချက်က တူညီတဲ့ အရာအပေါ် မတူညီတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကြောင့်ဖြစ်တယ်။ အသက်ငယ်တာချင်းအတူတူ ငါကအသက်ငယ်လို့ မအောင်မြင်နိုင်ဘူး အတွေ့အကြုံမရှိဘူးလို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်သလို အသက်ငယ်တော့ ခွန်အားပိုရှိတယ် ပိုလေ့လာနိုင်တယ် ပိုကြိုးစားနိုင်တယ်၊ ပိုတက်ကြွတယ် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ မတူနိုင်ပါဘူး။ ၃. အက်ရှင်လူတွေကို ကွဲပြားခြားနားစေတဲ့အရာက အက်ရှင်လုပ်ရပ်ဖြစ်ပါတယ်။ သိပြီးအသုံးမချတာနဲ့ မသိတာနဲ့တူတူပါဘဲ။ ဒါကြောင့် ဘဝမှာ အပြောင်းအလည်းလုပ်ချင်ရင်

လူနဲ့ အ သုံးလုံး Read More »