sapwar

လူတွေက Guerrilla Marketing
အရမ်းအစွမ်းထက်တယ်လို့ပြောကြတယ်။

ဒါကြောင့် လုပ်ငန်းငယ်တွေကစလို့ကမ္ဘာ့ထိပ်တန်းလုပ်ငန်းကြီးတွေမှာပါတွင်တွင်ကျယ်ကျယ်အသုံးပြုနေကြတယ်။ အစွမ်းထက်မှာပေါ့။ ဘာကြောင့်လဲဆိုတော့ ထွင်ထားတဲ့သူကလဲJay Conrad Levinson ဖြစ်ပြီးUniversity of California in Berkeley မှာပြန်လည်ပို့ချပေးခဲ့ရာက Guerrilla Marketing စာအုပ်ကို ဘာသာစကားပေါင်း ၆၂ မျိုးထိပြန်ခဲ့ပြီးကမ္ဘာ့တစ်ဝှမ်း MBA အတန်းတွေမှာမသင်မဖြစ်ဖြစ်ခဲ့တာပေါ့။ #gmc#sapwar

လူတွေက Guerrilla Marketing
အရမ်းအစွမ်းထက်တယ်လို့ပြောကြတယ်။
Read More »

မားကတ်တင်းဆိုတာ တာတိုပြေးပွဲမှ မဟုတ်တာ။

အောင်မြင်မှုဆိုတာ အိမ်ငှားသလိုပဲအိမ်ငှားခမပေးနိုင်ရင် ကန်ချခံရမယ်။ လုပ်ငန်းအတွက်အောင်မြင်မှုကလဲအလားတူပဲမားကတ်တင်းကို မဟာဗျူဟာကျကျထိရောက်အောင် မလုပ်နိုင်တဲ့တစ်နေ့ကန်ချခံရနိုင်တယ်။ နောက်ပြီးမားကတ်တင်းဆိုတာ မာရသွန်။တာတိုပြေးပွဲမဟုတ်ဘူးဆိုတာဒီဂိမ်းထဲမှာ ကြာလာလေလေနားလည်လာလေလေဖြစ်လိမ့်မယ်။ ဒါကြောင့် မဟာဗျူဟာလိုတယ်။တစ်ပွဲထိုးဗျူဟာနဲ့ မရဘူး။ စနစ်တကျအချိန်ပေးလေ့လာဖို့လိုတယ်။ သစ်တစ်ပင်သေးလေးကိုတစ်ချက်နဲ့ခုတ်လို့ရကောင်းရမယ်။သစ်ပင်ကြီးတွေအတွက် ရချင်မှရမယ်။ တာတိုက လုပ်ငန်းသေးတဲ့အခါရမယ်။ဘယ်လို boost၊ ဘယ်လိုခေါင်းကြီးပိုင်းရေး၊ဘယ်လိုလေးကြော်ငြာ၊အွန်လိုင်းပေါ်နာမည်ကြီးနေတဲ့အပေါ် အသုံးချ။ ဒါတွေအကုန်လုံးက အလုပ်ဖြစ်တယ်။ ရေရှည်အတွက်ကျတော့ မာရသွန်ဖြစ်တဲ့အတွက် စနစ်တကျလေ့လာဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ မားကတ်တင်းဆိုတာ တာတိုပြေးပွဲမှမဟုတ်တာ။ #gmc#sapwar

မားကတ်တင်းဆိုတာ တာတိုပြေးပွဲမှ မဟုတ်တာ။ Read More »

အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်း

ဒီနေ့ခေတ်မှာ media နဲ့ code ကိုနိုင်ရင်အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်းလုပ်လို့ရပြီ။ media ဆိုတဲ့နေရာမှာကိုယ်ပေးချင်တဲ့ သတင်းအချက်အလက်ကိုများများကို မြန်မြန် ကုန်ကျစရိတ်မရှိပဲ သို့ အနည်းဆုံးနဲ့ရောက်အောင် လုပ်နိုင်တဲ့စွမ်းရည်။ Code ဆိုတဲ့နေရာမှာကုန်ပစ္စည်းနောက်တစ်ခုပွါးတိုင်းကုန်ကျစရိတ်မရှိတဲ့ software/app တွေ။ #gmc#sapwar

အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်း Read More »

“မားကတ်တင်း”

လူတစ်ယောက် ဘယ်လောက်အဆိုကောင်းကောင်းသူသီချင်းဆိုကောင်းတာလူတွေမသိ၊ အားမပေးရင်အောင်မြင်မှုလို့ခေါ်ဆိုလို့ရချင်မှရမယ်။ အလားတူပဲ စာရေးဆရာတစ်ယောက်ဘယ်လောက်စာရေးကောင်းကောင်းသူ့ဖန်တီးမှုတွေကို လူတွေသိအောင်လုပ်တာအားပေးအောင်မလုပ်နိုင်ရင်အောင်မြင်မှုလို့ခေါ်ဆိုဖို့ ခက်ကောင်းခက်မယ်။ လူတွေသိအောင်၊ အားပေးအောင်၊ဝယ်အောင်၊ ထပ်ဝယ်အောင်၊ ညွှန်းအောင်လုပ်ပေးတဲ့ အတတ်ပညာကို“မားကတ်တင်း” လို့ခေါ်တယ်။ ဒါကြောင့် Product x Marketing = Success လို့ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့The Wharton School of the University of Pennsylvania ရဲ့မားကတ်တင်း သင်တန်းအဖွင့်မှာဆိုတယ်။ တခါတလေ ကိုယ်လိုအပ်တာထက်လူတွေသိဖို့လိုနေသေးတယ်၊အားပေးဖို့၊ ဝယ်ဖို့၊ ထပ်ဝယ်ဖို့၊ညွှန်းဖို့ လိုနေသေးတယ်ဆိုတာ “မားကတ်တင်း” လိုအပ်နေလို့လဲဖြစ်နိုင်တယ်။ Guerrilla Marketing Coach – Myanmar ကော်ရဲလား မားကတ်တင်းက သမရိုးကျ မားကတ်တင်းတွေနဲ့ အများကြီး ကွာကောင်းကွာလိမ့်မယ်။ #gmc#sapwar

“မားကတ်တင်း” Read More »

Guerrilla Marketing

Guerrilla Marketing ဆိုတာကတော့ မတူညီကွဲပြားတဲ့ marketing ဗျူဟာနဲ့ ကြော်ငြာအသုံးငွေနည်းနည်းနဲ့ စျေးကွက်ဖောက်တာကိုဆိုလိုတာဖြစ်ပါတယ်။ ဒီ မားကတ်တင်းအယူအဆကို အမေရိကန် စီးပွားရေးစာရေးဆရာ Jay Conrad Levinson က စတင်ထုတ်ဖော်ခဲ့ပြီး သမရိုးကျစီးပွားရေးကြော်ငြာ channel တွေဖြစ်တဲ့ radio, TV, journal, magazine အပြင် Internet နှင့် Online channel တွေကိုအသုံးချပြီး ပေးချင်တဲ့ original message ကိုလူတွေကြားမှာ ရေပန်းစားအောင်လုပ်ပြီး ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကို စျေးကွက်ဖောက်တာဖြစ်ပါသည်။ (Low Cost & High Impact Marketing) သမရိုးကျ မားကတ်တင်းနှင်. GM ကွာခြားချက် အဓိက ၃ ချက် 1. ငွေကိုရင်းနှီးမြုပ်နှံမှုပြုခြင်းထက် knowledge,

Guerrilla Marketing Read More »

မားကတ်တင်းမလေ့လာပါနဲ့။

ကိုယ်ကလုပ်နေတဲ့အလုပ်၊ရနေတဲ့ရောင်းအား၊လက်ရှိပုံစံ status quo ကိုသဘောကျတယ်၊ ရောင့်ရဲတယ်ဆို မားကတ်တင်းကို မလေ့လာပါနဲ့။ ဘာကြောင့်လဲဆိုတော့ မားကတ်တင်းဆိုတာ အပြောင်းအလဲတွေကိုမြန်နှုန်းမြင့်စေတဲ့ အတတ်ပညာတစ်ခုဖြစ်တဲ့အတွက်ကြောင့်ပဲ။ မားကတ်တင်းအတတ်ပညာကိုဘယ်သူတွေအသုံးပြုကြသလဲသေချာစဥ်းစားကြည့်ရင်စီးပွားရေးလုပ်ငန်းတွေပဲအသုံးပြုတာ မဟုတ်ဘူးဆိုတာ တဖြည်းဖြည်းနားလည်လာလိမ့်မယ်။ နိုင်ငံရေးသမားတွေ မဲဆွယ်တဲ့နေရာအသုံးပြုတယ်။အုပ်ချုပ်သူတွေက လူတွေရဲ့အပြုအကျင့်ကိုပုံသွင်းချင်တဲ့အချိန်အသုံးပြုတယ်။လုပ်ငန်းတစ်ခုကို အထင်အမြင်ကောင်းစေချင်တဲ့အချိန်အသုံးပြုတယ်။ ကိုယ့်ကို လူသိစေချင်ရင်၊သတ်မှတ်ထားတဲ့သူတွေ သဘောကျစေချင်ရင်၊ယုံစေချင်ရင်အသုံးပြုတယ်။ကိုယ့်ကုန်ပစ္စည်းဝယ်စေချင်ရင်အသုံးပြုတယ်။ အလုပ်မှာ ရာထူးမြန်မြန်တိုးဖို့ကိုယ့်အပေါ်အထင်အမြင်ကောင်းအောင်လုပ်ဆောင်တာကလဲ မားကတ်တင်း။လုပ်ငန်းတွေ ရောင်းအောင်းအောင်လူတွေစိတ်ဝင်စားအောင်လုပ်တာလဲမားကတ်တင်း။ လူတွေအထင်လွဲနေတာကို အမြင်ပြန်ကောင်းအောင်လုပ်တာလဲမားကတ်တင်း။ ကိုယ့်ရဲ့ရပ်တည်ချက်ကိုလူတွေသိအောင်စိတ်ဝင်စားအောင်လုပ်တာလဲမားကတ်တင်း။ အပြောင်းအလဲကို ပုံဖော်လိုသူတိုင်းအတွက်မားကတ်တင်းအတတ်ပညာလိုတယ်။ ဒါကြောင့် Marketing for Change ဆိုပြီးဟောပြောပွဲတွေမှာ ပါဝင်ခဲ့ဖူးတယ်။ လူတွေကို ရေသုံးအိပ်သာတွေသုံးစေချင်တော့အမြင်ပြောင်းအောင် အသိပညာပေးလုပ်ရတယ်။လမ်းဘေးအမှိုက်မပြစ်အောင်အသိပေးတွေလုပ်ရတယ်။အလားတူပဲ ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊အမှတ်တံဆိပ်၊ ကုမ္ပဏီက ဘာတွေလဲ၊ ဘာလုပ်လဲ လူတွေကိုအသိပေးလုပ်ရတယ်။နောက်အမြင်ပြောင်းရတယ်။ဒီကမှတစ်ဆင့် ဖြစ်စေချင်တဲ့ကောင်းမွန်တဲ့လုပ်ရပ်ဖြစ်အောင် ပုံဖော်ရတယ်။ ဒါက မားကတ်တင်းအတတ်ပညာရဲ့ရည်ရွယ်ချက်ပဲ။ဒါကြောင့် မားကတ်တင်းဆိုတာ အမြင်ပြောင်းပညာလို့ပြောရင်မမှားဘူး။ Guerrilla Marketing စရိတ်နည်းပါးထိရောက်မှုဆပွါး #gmc#sapwar

မားကတ်တင်းမလေ့လာပါနဲ့။ Read More »

Coach ဆိုတာ နည်းပြ။

နည်းလမ်းကိုပြပေးတာ နည်းပြ။ နည်းလမ်းမျိုးစုံရှိတယ်။ တရားထိုင်တာတရားထိုင်နည်းမျိုးစုံရှိတယ်။ကျန်းမာရေးအတွက်လေ့ကျင့်ခန်းနည်းမျိုးစုံရှိတယ်။စီးပွားရေးစီမံခန့်ခွဲမှုအတွက်စီမံခန့်ခွဲမှုနည်းလမ်းမျိုးစုံရှိတယ်။ တိုးတက်ရေးအတွက်တိုးတက်ရေးနည်းလမ်းမျိုးစုံရှိတယ်။မားကတ်တင်းလုပ်တဲ့အခါမားကတ်တင်းလုပ်နည်းမျိုးစုံရှိတယ်။ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ကိုယ့်နဲ့ကိုက်ညီတဲ့ နည်းလမ်းကိုအသုံးပြုဖို့၁။ စာဖတ်ပြီး လုပ်လို့ရတယ်။၂။ ဗွီဒီယိုကြည့်ပြီး လေ့လာလိုက်လုပ်ကြည့်လို့ရတယ်။၃။ သင်တန်းတက်ပြီးလိုက်လုပ်ကြည့်လို့ရတယ်။ ဒီအပေါ် ၃ ခုကို DIY လို့ခေါ်တယ်။Do-it-yourself ကိုယ်တိုင်လုပ်နည်းပေါ့။သူက လုပ်လိုက်၊ ဆန်းစစ်လိုက်၊​ ပြန်ပြင်လိုက်ကိုယ်တိုင် ကြည့်ကျက်လုပ်တဲ့အတွက်အချိန်နည်းနည်းကြာတယ်။​ နောက်တစ်နည်းကနည်းပြနဲ့သွားတဲ့နည်း။ဘောလုံးကို ဘယ်လိုကန်ဆိုတာပြပေးလိုက်တယ်။ကန်တာကို ဘေးကကြည့်တယ်။လိုအပ်တာကို ပြန်လည်ပြောပြ feedback ပေးတယ်။ဒီကတစ်ဆင့်တိုးတက်အောင်လုပ်သွားကြတယ်။နည်းပြနဲ့ လုပ်ဆောင်သူ အတူတူသွားတဲ့အတွက်ဒါကို Do-it-with-you ကိုယ်နဲ့အတူလို့ခေါ်တယ်။​DIWY business model လို့လဲခေါ်တယ်။ နောက်တစ်နည်းက ဖြစ်ချင်တာပြော။အကျိုးအကြောင်းအတိအကျမေး။နောက်မျက်စိမှိတ်ထားလိုက်တော့ကျွန်တော်တို့ အကုန်လုပ်သွားမယ်။ဒီနည်းနဲ့ ဖောက်သည်ပြဿနာဖြေရှင်းပြီးရည်မှန်းချက်ပန်းတိုင်ရောက်အောင်သွားတာကိုAgency လို့ကြမ်းဖျင်းခေါ်လို့ရတယ်။တချို့က Consulting နဲ့ Agency တွဲလုပ်တယ်။တချို့ Consulting က အကြံပဲပေးတယ်။တချို့က အကောင်ထည်ဖော် Implementation ပါပါတယ်။Harvard Business Reviews ကလဲConsulting is more

Coach ဆိုတာ နည်းပြ။ Read More »

Planning is a process

Plan ဆိုတာ အမြဲချနေရတာမျိုး။ လုပ်ငန်းရှင်တချို့ထင်ကြတာကျွန်တော်ကို Business Plan ဆွဲပေး၊Marketing Plan ဆွဲပေးဆိုပြီးတစ်ခါတည်းပြီးသွားမည့်အမျိုးလို့ထင်ကြတယ်။​ Plan ဆိုတာ အဖြစ်အပျက်တစ်ခုမဟုတ်ပါဘူး။Plan ဆိုတာ ဖြစ်စဥ်တစ်ခုပါ။​နောက်တစ်ပတ်လုပ်မည့်အစီအစဥ်ဟာဒီရက်ပိုင်းမှာ ဖြစ်ပျက်မှုတချို့ကြောင့်အပြောင်းအလဲရှိနေနိုင်ပါတယ်။ဒါကြောင့် ကိုယ့် Plan ကိုအမြဲ updateလုပ်နေဖို့ လိုအပ်တယ်။ New Year ညမှာ ၂၀၂၂ အတွက်plan ဆွဲပြီး တစ်ခါတည်းအကောင်ထည်ဖော်တယ်ဆိုတာ အကောင်ဆုံးနည်းလမ်းဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ ကိုယ့် plan အကောင်အထည်ဖော်နေတုန်းမှာအသိဥာဏ်သစ်တွေ၊ အတွေ့အကြုံသစ်တွေသင်ခန်းစာသစ်တွေကကိုယ့်ကိုသင်ကြားပေးသွားမှာဖြစ်တယ်။​ ဒါကြောင့် Plan ဆိုတာ အမြဲ updateလုပ်နေရတဲ့ Process ဖြစ်တယ်။​ဒီလို အမြဲ update လုပ်နေရတဲ့ process အတွက်Plan ချနည်းစနစ် Framework တွေကိုယ့်မှာ ရှိထားဖို့လိုအပ်တယ်။ ဥပမာ Business Plan မှာ ဘာတွေပါရမယ်၊Brand Plan

Planning is a process Read More »

လှည့်ကြည့်စရာမလိုတဲ့ Marketing Team
တည်ဆောက်ရေး

သင်တန်းတွေပဲ တက်ပြီးစာသင်တာ ကောင်းလိုက်တာနဲ့ပြီးသွားတတ်ကြတယ်။ဒီပြဿနာကို ဖြေရှင်းဖို့ ၂၀၁၆ ကတည်းကနည်းလမ်းရှာခဲ့တယ်။၂၀၂၀ မှာ နည်းပညာတွေ့ရှိခဲ့တယ်။ မိုက်လားလို့ မမေးတော့ဘူး။Sapwar.com ရဲ့ Strategy Toolsကိုယ့်လုပ်ငန်းရဲ့ marketing သမားတကယ်တတ်မတတ် Sapwar.com ရဲ့Strategy Tools သုံးခိုင်းလိုက်ရင်အဖြေထွက်တယ်။ လှည့်ကြည့်စရာမလိုတဲ့ Marketing Teamတည်ဆောက်ရေးမှာ ကူညီပေးဖို့www.Sapwar.com လာပါပြီ။ Phyo Paing @ Derek

လှည့်ကြည့်စရာမလိုတဲ့ Marketing Team
တည်ဆောက်ရေး
Read More »

လှည့်ကြည့်စရာမလိုတဲ့ Marketing Team

သင်တန်းတွေပဲ တက်ပြီးစာသင်တာ ကောင်းလိုက်တာနဲ့ပြီးသွားတတ်ကြတယ်။ဒီပြဿနာကို ဖြေရှင်းဖို့ ၂၀၁၆ ကတည်းကနည်းလမ်းရှာခဲ့တယ်။၂၀၂၀ မှာ နည်းပညာတွေ့ရှိခဲ့တယ်။ မိုက်လားလို့ မမေးတော့ဘူး။Sapwar.com ရဲ့ Strategy Toolsကိုယ့်လုပ်ငန်းရဲ့ marketing သမားတကယ်တတ်မတတ် Sapwar.com ရဲ့Strategy Tools သုံးခိုင်းလိုက်ရင်အဖြေထွက်တယ်။ လှည့်ကြည့်စရာမလိုတဲ့ Marketing Teamတည်ဆောက်ရေးမှာ ကူညီပေးဖို့www.Sapwar.com လာပါပြီ။ Phyo Paing @ Derek

လှည့်ကြည့်စရာမလိုတဲ့ Marketing Team Read More »