sapwar

ဘေးထိုင်ဘုပြောခြင်းသည် တိုးတက်လိုသူတွေအတွက် အလုပ်မဟုတ်။

ရေမရှိဘူး။ လူမရှိဘူး။ မလေးရှားအနိုင်ကျင့်တယ်တစ်ခုတည်း ဘေးထိုင်ဘုပြောမနေဘူး။ Newater လုပ်တယ်။ ဒီနေ့ စလုံးဖြစ်လာတယ်။ တရုတ်ပြည်မကြီးက ပေါချောင်မကောင်း ပစ္စည်းတွေထွက်တယ်။ လေကျင်း 雷军 ဆိုတဲ့လူက ဘေးထိုင်ဘုပြောမနေဘူး။ တန်ဖိုးနည်း အရည်အသွေးမြင့် ကုန်ပစ္စည်းတွေထုတ်ရင်း Xiaomi (MI) ဖြစ်လာတယ်။ တရုတ်ပြည်မကြီးမှာ banking system နဲ့ သယ်ယူပို့ဆောင်ရေး အစအစအရာရာမှာ အားနည်းတယ်။ ဘေးထိုင်ဘုပြောမနေဘူး။ Jack MA ရဲ့ Alibaba နဲ့အတူ Alipay ဖြစ်လာတယ်။ AliExpress ဖြစ်လာတယ်။ အမေရိကန်တွေ နည်းပညာသာတာ ဘာမှလုပ်မရဘူး။ အစိုးရ အကာအကွယ်မပေးဘူး ဘေးထိုင်ဘုပြောမနေဘူး။ Uber မလာခင် DiDi Taxi ပြင်ဆင်ခဲ့တယ်။ Uber တရုတ်ကထွက်သွားရတယ်။ ဘေးထိုင်ဘုပြောတာ လူငယ်တွေအလုပ်မဟုတ်ဘူး။ Energy ရှိတယ်။ […]

ဘေးထိုင်ဘုပြောခြင်းသည် တိုးတက်လိုသူတွေအတွက် အလုပ်မဟုတ်။ Read More »

Result ရအောင်လုပ်ပေးတာကို
Coaching လို့ခေါ်ပါတယ်။

What’s on your mind? ဒါမှာ အရိုးရှင်းဆုံး coaching question ပါ။ အရင်က update your status ကနေCoaching question ကို Facebook ကပြောင်းလိုက်ပါတယ်။ ဒီနေ့လို ရှုပ်ထွေးစရာကောင်းတဲ့ခေတ်မှာရှင်းလင်းနေဖို့လိုပါတယ်။ ကိုယ်ဘာကိုလုပ်ရမယ် ရှင်းလင်းနေမှ Action လုပ်ဖြစ်ပါမယ်။ ဒါမှ ရလဒ်ကောင်းပါမယ်။ ရလဒ်ကောင်းဖို့ နည်းစနစ်လိုပါတယ်။ နည်းစနစ်ကို Framework လို့ခေါ်ပါတယ်။ ဥပမာ နိဗ္ဗန်ရောက်ကြောင်းအတွက်မိုးကုတ်ဆရာတော်ကြီးရဲ့ vipassanā contemplation ကFramework ဖြစ်ပါတယ်။ Coaching ဆိုတာ ဘာလဲ? Coaching ဆိုတာ နည်းပြပါ။ နည်းပြဖို့အတွက် နည်းစနစ်လိုပါတယ်။ ဒီ Framework ကိုအသုံးပြုပြီးClients ကို powerful question တွေမေးပြီးResult ရအောင်လုပ်ပေးတာကို Coaching လို့ခေါ်ပါတယ်။

Result ရအောင်လုပ်ပေးတာကို
Coaching လို့ခေါ်ပါတယ်။
Read More »

Coaching လိုအပ်နေပြီလား?

ဘောလုံးသမားတစ်ယောက်သည် ဘယ်လောက်တော်သည်ဖြစ်စေ၊ နည်းပြလိုအပ်ပါသည်။ အကြောင်းကတော့ နည်းပြတစ်ယောက်သည် ဘေးလူအမြင်ဖြင့် အကောင်းဆုံးအကြံပေးနည်းလမ်းပြနိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် Golf လောကမှာ ချန်ပီယံတွေဖြစ်တဲ့ Tiger Woods မှာလည်း Coach ရှိကြသည်။ မိမိကိုယ်တိုင် Coach တစ်ယောက်လိုအပ်နေပြီဆိုတာ သိနိုင်တဲ့အချက်တွေကတော့ 1. ရှေ့ဆက်ရမည့်လမ်းမသေချာမရေရာဖြစ်နေပြီ။ 2. လုပ်ငန်းကြီးထွားမှုနှုန်းရပ်တန့်နေပြီ။ 3. လုပ်ငန်းအတွက် ယုံကြည်စိတ်ချရတဲ့တိုင်ပင်ဖော်လိုအပ်နေပြီ။4. စနစ်တကျ အလုပ်လုပ်ဖို့အတွက် System ချထားတဲ့ နည်းစနစ်တွေလိုအပ်နေပြီ။ 5. ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို အမြန်ဆုံးအကောင်အထည်ဖော်ချင်ပြီဆိုရင်။ 6. သင်ဟာ အချိန်ဆွဲတတ်တဲ့ သူတစ်ယောက်ဆိုရင် ဖြင့် မိတ်ဆွေ Coach လိုအပ်နေပါပြီ။ #gmc#sapwar

Coaching လိုအပ်နေပြီလား? Read More »

လုပ်ငန်းစတင်ချိန်မှာ Customer ရှာပါ။

ကြီးထွားလာတဲ့အချိန် ဝန်ထမ်းကောင်း ရှာပါ။စနစ်ကောင်းဖို့ Consultant ရှာပါ။တိုးချဲ့ဖို့ Investor ရှာပါ။Phyo Paing @ Derek

လုပ်ငန်းစတင်ချိန်မှာ Customer ရှာပါ။ Read More »

အလုပ်တစ်ခု မအောင်မြင်တဲ့အကြောင်းရင်း ခုနှစ်ချက်ရှိတယ်။

၁. အလုပ်အပေါ် ရူးသွပ်မှု မရှိလို့။ (အလုပ်ကအနားယူဖို့လောက်ပဲစဉ်းစားနေလို့။ အလုပ်လုပ်တဲ့ရည်ရွယ်ချက်က retired ယူဖို့ပဲစဉ်းစားနေလို့။) ၂. ဖောက်သည်တွေအပေါ်စေတနာမပါလို့။ ၃. ဝင်ငွေ၊ ထွက်ငွေစာရင်းကို သေချာမစီစစ်တဲ့အပြင်၊ မိမိလုပ်ငန်းရှုံးနေလား၊ မြတ်နေလား သေချာမသိလို့။ ၄. Timing တကယ်အလုပ်လုပ်နေသင့်တဲ့အချိန်မှာ လုပ်သင့်တာကို မလုပ်နေလို့။ မိုးရွာတုန်းရေမခံတတ်လို့။ ၅. အမြင်မရှိလို့။ လုပ်ငန်းနဲ့ပတ်သတ်တဲ့ Vision မရှိဘူး။ ဒီ ကုန်ပစ္စည်းအဆင်မပြေတော့ရင် ဒီ လုပ်ငန်းအဆင်မပြေတော့ရင် ဘာတွေဆက်လုပ်မလဲဆိုတဲ့ အသိအမြင်မရှိခဲ့လို့။ ၆. ပညာတတ်ပြီး တော်တဲ့ဝန်ထမ်းတွေကို လစာပေးခေါ်ရမှာ နှမြောလို့။ ဒါမှမဟုတ် ဒီလိုခေါ်လိုက်တဲ့အခါ ကိုယ့်ထက်ပိုတော်နေရင် အဆင်မပြေနိုင်ဘူးဆိုတဲ့ အတ္တခံနေလို့။ ၇. သင့်လုပ်ငန်းနဲ့ပတ်သက်လို့ တိုင်ပင်စရာ အတွေ့အကြုံရှိတဲ့သူမရှိလို့။ Phyo Paing @ Derek

အလုပ်တစ်ခု မအောင်မြင်တဲ့အကြောင်းရင်း ခုနှစ်ချက်ရှိတယ်။ Read More »

ခုမှ Trainer စလုပ်မယ်ဆို

၁. Facebook က ကြော်ငြာလို့ သင်တန်းအကြီးအကျယ် အောင်မြင်တဲ့ခေတ်က ကုန်သွားပြီ။ တနည်းအားဖြင့် Strategy မရှိပဲ ကြော်ငြာလို့ မရတော့ဘူး။ (အရင်က Boost နှိပ်တတ်ရင်ကိုရတယ်။) Sales Funnel ကို သေချာလေးစဉ်းစားဖို့လိုတယ်။ ၂. Contents? အရင်လို Motivation ဘာညာတွေလုပ်ရင် like တွေ share တွေရပေမယ့် sales conversion မကောင်းတော့ဘူး။ contents ကို Niche ကိုသွား။ ၃. ဆရာကြီးတွေနဲ့တွဲ Free Seminar တွေ၊ Talk တွေလုပ်မှာထက် Community တစ်ခု အရင်တည်ဆောက်။ ခြောက်လလောက် အချိန်ပေးဖို့လိုလာမယ်။ ၄. Personal Branding စလုပ်ဖို့ အားမပေးပါ။ Business Brand တစ်ခုကို

ခုမှ Trainer စလုပ်မယ်ဆို Read More »

Clarity is Power ပါ။

လူအများစု ပြဿနာတတ်တာဟာ ဘာကိုလိုချင်သလဲ သေသေချာချာ မသိလို့ဖြစ်ပါတယ်။ Clarity is Power ပါ။ Coaching ရဲ့ နံပတ်တစ် အရေးအကြီးဆုံးကတော့ Clarity ရအောင်လုပ်ပေးတာဖြစ်ပါတယ်။ ဘာကြောင့်လဲ? ကျွန်တော်တို့လည်း အလားတူဖြစ်တတ်ကြပါတယ်။ ကိုယ်ဘာလိုချင်လဲဆိုတာ သေသေချာချာမသိတဲ့အချိန်တွေ။ ဒါမျိုးအချိန်မှာ တခြားသူတွေလည်း မကယ်နိုင်ဖြစ်တတ်ပါတယ်။ Coaching ဆိုတာကတော့ ကိုယ့်ရဲ့ client တွေ ဘာလိုချင်လဲ၊ ဘယ်လိုလုပ်ရမလဲဆိုတာ ရှင်းရှင်းလင်းလင်းသိအောင်လုပ်ပေးတာပါ။ ဘယ်လိုလုပ်သလဲ? မေးခွန်းမေးတာပါ။ မေးခွန်းမေးတာ တကူးတက သင်ရသလား? သင်ရပါတယ်။ ဥပမာ ကွန်ပျူတာနဲ့ printer ချိပ်လို့မရတဲ့အချိန်မျိုးမှာTrouble shoot လုပ်ကြရပါတယ်။ မေးခွန်းတွေမေးပါတယ်။ နောက်ဆုံးမှာ အဖြေရသွားပါတယ်။ အလားတူပါပဲ။ Coaching မှာ -Life Coaching -Business Coaching -Relationship Coaching

Clarity is Power ပါ။ Read More »

Pro တစ်ယောက်ဖြစ်ဖို့

Amateur နဲ့ Professional ကိုကွာခြားစေတာ Experience နဲ့ Skill ဖြစ်တယ်။ Pro ဖြစ်ဖို့ အချိန်နဲ့ ကြိုးစားအားထုတ်မှု Deliberate practice လိုတယ်။ Amateur တွေ golf ရိုက်ရင် ပိုက်ဆံပေးရပြီး Pro တွေကတော့ ပြောင်းပြန်ဖြစ်တယ်။ သင်ရော ဘယ်နယ်ပယ်မှာ Pro ဖြစ်ဖို့ ကြိုးစားနေလဲ? Phyo Paing @ Derek

Pro တစ်ယောက်ဖြစ်ဖို့ Read More »