story

တစ်ခုခုကို မှီခိုပြီးဖြစ်လာတဲ့
productivity က ရေရှည်မခံဘူးလို့
ရိုးရိုးလေးစဉ်းစားကြည့်တယ်။

မင်းကွန်းဆရာတော်ကြီးလို မှတ်ဥာဏ်ကောင်းဖို့ မြန်မာ့တိုင်းရင်းဆေးစနစ်ဖြစ်တဲ့မြင်းခွါရွက် ပစ္စငါးပါး (Pennywort Roots) နဲ့နွားနို့နဲ့ရောသောက်ပြီးစမ်းသပ်မှုတွေလုပ်ခဲ့ဖူးတယ်။ မနက်ထရင် စွမ်းအင်ပေါက်ကွဲမှုကောင်းအောင် Virgin Coconut Oil တစ်ဇွန်းသောက်တာမျိုးအချိန်တစ်ခုထိ လုပ်ဖူးတယ်။ ဦးနှောက်ကို သွေးပိုရောက်စေတဲ့ပြည်တွင်းမှာရနိုင်တဲ့ပြင်သစ် Servier ကုမ္ပဏီကထုတ်တဲ့အယ်ကာလီယွန်တို့လိုမျိုးကျောင်းသားဘဝက စာမေးပွဲမတိုင်ခင်မှာ စမ်းသုံးခဲ့ဖူးတယ်။ နောက်ပိုင်း Smart drugs တွေဦးနှောက်အားတိုးဆေး Nootropics တွေနောက် neurotransmitter တွေအားကောင်းအောင် supplement တွေစမ်းသပ်ခဲ့ဖူးတယ်။ Tim Ferriss အရင်ကုမ္ပဏီကထုတ်တဲ့ဆောင်းပိုးနွေမြက် Cordyceps ပါတဲ့Brainquicken (အခု Bodyquicken) တို့ကိုစျေးကြီးကြီးနဲ့မှာပြီး စမ်းခဲ့ဖူးတယ်။ ကမ္ဘာပေါ်မှာ နာမည်ကြီးတာကတော့Joe Rogan ပူးတွဲတည်ထောင်တဲ့Onnit က ထုတ်တဲ့ alpha brain နောက် neurohacker collectives တို့လိုQualia mind တို့ အသုံးများလာတယ်။ သူကတော့ […]

တစ်ခုခုကို မှီခိုပြီးဖြစ်လာတဲ့
productivity က ရေရှည်မခံဘူးလို့
ရိုးရိုးလေးစဉ်းစားကြည့်တယ်။
Read More »

Motivation သင်တန်းတွေက ဂျင်းလား?

Comfort Zone ထဲကထွက်ဖို့လိုတယ်ဆိုတာ Motivational speaker တိုင်းပြောတဲ့စကားပေါ့။ Motivation တွေက ဂျင်းတွေလား။ ဒီမေးခွန်းကို မသိခင်မှာ ကျွန်တော့်ဘဝ motivation နဲ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးတစ်ချို့ sharing လုပ်ပေးချင်တယ်။ ၇ တန်းကျောင်းသားဘဝမှာ သူငယ်ချင်း သီဟဝင်း အိမ်ကိုရောက်သွားတယ်။ အဲ့မှာ computer ကိုစမြင်ဖူးတာ။ ဆင်းရဲဖေဖေ ချမ်းသာဖေဖေဆိုတဲ့ စာအုပ်တွေ့တယ်။ အိမ်ကိုငှားသွားတယ်။ အဲ့မှာ Financial freedom ဆိုတဲ့ concept ကိုစသိတာပဲ။ နောက်ပိုင်း ပီမိုးနင်းရဲ့ စိတ်ပညာတို့၊ အောင်မြင်ရေးတို့၊ စီးပွားရေးလုပ်နည်း ၁၀၀ တို့၊ ဂဏန်းဗေဒင်တို့ ပီမိုးနင်းရေးတာ အကုန်ဖတ်တယ်။ နောက်ပိုင်းဆယ်တန်းပြီး အင်္ဂလိပ်စာလေး မတောက်တခေါက်ဖတ်တတ်တော့ Think & Grow Rich တို့ How to

Motivation သင်တန်းတွေက ဂျင်းလား? Read More »

လူတွေဟာ အတွေးအခေါ်
pattern တွေရဲ့သားကောင်ပဲ။

မူးတဲ့အချိန် ခေါ်နေကျ ဖုန်းနံပတ်ကို ပြန်ဆက်မိတာတို့။ မူးနေတဲ့အချိန် ပြောနေကျ စကားတွေ ပြန်ပြောတာတို့။ တချို့လူတွေနဲ့တွေ့တဲ့အချိန်တချို့စကားတွေ ပြန်ပြန်ပြောဖြစ်နေတာ။ ဒီ pattern တွေက မသိလိုက်ပဲ Repeat ဖြစ်နေတတ်တယ်။ ကိစ္စတစ်ခု ကြုံလာတာတဲ့အခါ တုန့်ပြန်နေကျပုံစံနဲ့ ပြန်ဖြေရှင်းတတ်တယ်။ ဒီ pattern တွေကို System I လို့ခေါ်တယ်။အလိုအလျောက်တုန့်ပြန်တဲ့စနစ်ဆိုပါတော့။မသိစိတ်က လွမ်းမိုးထားတယ်လို့လဲဆိုနိုင်တယ်။ အပြောင်းအလဲတစ်ခုလုပ်ချင်ရင်ဒီ စနစ်ကို overwrite လုပ်ဖို့လိုတယ်။ ငယ်ငယ်က စိတ်ညစ်စရာကြုံရင်သူငယ်ချင်းတွေနဲ့ ဘီယာသောက်တယ်။နောက်ပိုင်း ဒီအချက်ကို သတိပြုမိလာတော့Audible ထဲက စာအုပ်တွေဝယ်လိုက်တယ်။စိတ်ညစ်တိုင်း စိတ်ပညာနဲ့ပတ်သက်တဲ့စာအုပ်တွေ လိမ့်နားထောင်တယ်။ အဲ့ကမှ အတွေးအခေါ်အသစ်ရတယ်။အတွေးအခေါ်အသစ်ကို အပြုအမူအသစ်ဖြစ်စေတယ်။အပြုအမူအသစ်က ဘဝအသစ်ဖြစ်စေတယ်။ ကိုယ့်ရဲ့ အတွေး pattern တွေကိုသတိပြုမိဖို့ အရေးကြီးတယ်။ Phyo Paing @ Derek

လူတွေဟာ အတွေးအခေါ်
pattern တွေရဲ့သားကောင်ပဲ။
Read More »

မနိုင်နိုင်တဲ့ ပြိုင်ပွဲတစ်ခုကို မပြိုင်နဲ့။

Jack Welch ပြောသလိုIf you don’t have a competitive advantage, don’t compete.” မားကတ်တင်းမှာ အရေးအကြီးဆုံးစကားလုံးတစ်လုံးက category ပဲဖြစ်တယ်။ အချိုရည်လို့ ပြောလိုက်ရင်Coca Cola ကို မြင်လိမ့်မယ်။အားဖြည့်အချိုရည်ဆိုRed Bull ပြည်တွင်းမှာဆို Shark ကိုမြင်လိမ့်မယ်။ သီးစုံဓာတ်ဆားဆို Royal D ဒါဘာလို့ခေါ်လဲဆို King of Category လို့ခေါ်တယ်။ Marketing မှာအောင်မြင်ချင်တယ်ဆိုCategory တစ်ခုမှာ King ဖြစ်ဖို့လိုတယ်။ မန္တလေးမှာ အကင်ဆိုင်ဆို ဘိုးတော်၊ ဂျပန်အကင်ဆိုင်ဆို?ကိုးရီးယားအကင်ဆိုင်ဆို?မရှိသေးရင် အဲ့မှာ Category အသစ်တည်ဆောက်လို့ရတယ်။ Fashion မှာဆိုလဲအလားတူပဲ။Plus Size fashionTeenage Fashionအစရှိသည် တည်ဆောက်လို့ရတယ်။ ပြန်ချုပ်ရရင်ပြိုင်ပြီဆိုကတည်းက နိုင်ဖို့အရေးကြီးတယ်။နိုင်ဖို့အတွက် ကိုယ်ပြိုင်မည့် Game ကို

မနိုင်နိုင်တဲ့ ပြိုင်ပွဲတစ်ခုကို မပြိုင်နဲ့။ Read More »

မျက်စိခဏမှိတ်ပြီး ခံစားကြည့်ပါ။

မျက်စိခဏမှိတ်ပြီး ကိုယ့်ဘဝမှာအငြိမ်းချမ်းဆုံးအချိန်တစ်ခုကိုစဉ်းစားကြည့်ကြည့်ဘာတွေမြင်လဲ၊ဘာတွေကြားလဲ၊ဘာလိုခံစားရသလဲ။

မျက်စိခဏမှိတ်ပြီး ခံစားကြည့်ပါ။ Read More »

အလုပ်မလုပ်ခင်

လူတစ်ယောက်နဲ့ အလုပ်မလုပ်ခင်သူနဲ့ အလုပ်လုပ်လိုက်လို့ဘယ်နှစ်ယောက်အောင်မြင်သွားလဲရှေ့လူတွေ ဘယ်လိုဖြစ်သွားလဲ ကြည့်ကြည့်။ဒီက အဖြေအများကြီးရတတ်တယ်။ Phyo Paing @ Derek

အလုပ်မလုပ်ခင် Read More »

Culture တည်ဆောက်တာနဲ့ ပိုးမွေးတာ တူသလိုလိုရှိတယ်။

ပိုးကောင်းပိုးသန့်တွေ မွေးတဲ့အခါအစပိုင်း ပိုးကောင်းပိုးသန့်တွေထည့်ပြီးCulture တဖြည်းဖြည်းတည်ဆောက်ရတယ်။ Bill Gates ပြောသလို သူ့ရဲ့ဝန်ထမ်းအကောင်းဆုံး ၂၀ ကို ဖယ်လိုက်ရင် Microsoft ကဒီနေ့လို အရေးပါတဲ့ ကုမ္ပဏီဖြစ်လာမှာ မဟုတ်ဘူးတဲ့။ ဒါကြောင့် ကိုယ့်လုပ်ငန်းကိုမြန်နှုန်းမြင့်၊ စံနှုန်းမြင့်တဲ့လူတော်တွေနဲ့ လည်ပတ်ချင်ရင်အစကတည်းက လူတော်တွေနဲ့ပိုမွေးသလို မွေးဖို့လိုတယ်။ ပိုကောင်းပိုးသန့်တွေနဲ့ပိုနှောက်တွေမှာ ပိုးနှောက်တွေများလာရင် ပိုးကောင်းပိုးသန့်တွေကိုသွားသက်ရောက်မှုရှိနိုင်တယ်။ Phyo Paing @ Derek

Culture တည်ဆောက်တာနဲ့ ပိုးမွေးတာ တူသလိုလိုရှိတယ်။ Read More »

If you have no English, you will be no where.

ကိုယ်နားလည်တာကလဲ No Englishနောက်စကားလုံးတစ်လုံးက No Whereကိုးတန်း ဆိိုးသွမ်းလို့ အဆောင်ရောက်တဲ့အချိန်ကပေါ့။ ဆရာ English စာ တတ်အောင်လေ့လာချင်ရင် ဘယ်လောက်ကြာနိုင်လဲမေးကြည့်တယ်။ ပုံမှန်ဆရာတွေဆို ငါ့တစ်သက်လုံးလေ့လာလာတာ ခုထိ ငါတောင်မတတ်သေးဘူးကြီး ဖြေကြတာ။ အဲ့ဆရာကျတော့ တကယ်လုပ်ရင်တစ်လလဲ တတ်နိုင်တယ်လို့ ပြောတယ်။ အဲ့ဒါနဲ့ ကစ်ပြီလေ ဆိုပြီးတခြားဘာသာရပ်တွေ အောင်ရုံလုပ်ပြီးကိုးတန်းစာအုပ်အစ The Pully ကနေအဘိဓာန်တစ်အုပ်နဲ့ ကောက်ဆွဲလိုက်တာတစ်လအတွင်း textbook အကုန်ရသွားရော။ ဒါနဲ့ ဘာဆက်လုပ်ရမလဲ ဆရာ့မေးတော့ဆယ်တန်းစာလုပ်တဲ့။ ဒါနဲ့ တခြားဘာသာတွေမကြည့်ပဲဆယ်တန်း The Calendar ကနေဘုမသိဘမသိနဲ့ ကောက်ကျက်လိုက်တာကဗျာတွေပါ ပြီးသွားရော။ ဆယ်တန်းသူငယ်ချင်းတွေက ဒီကောင်ရူးနေလားမသိဘူးလို့စဥ်းစားရင်လဲ စဥ်းစားမယ်။ဒါပေမယ့် အဲ့ဒီ textbook ကိုလေ့လာဖတ်မှတ်ခဲ့တာ ဘယ်စကားလုံးက ဘယ်နားမှာဆိုတာခုထိမှတ်မိနေတုန်း။ ဆယ်တန်းပြီးတော့ ခပ်တည်တည်နဲ့British Council က စာအုပ်တွေဖတ်လို့ရလာတယ်။ နှစ်ပေါင်းများစွာ

If you have no English, you will be no where. Read More »

အလုပ်ကို ပိုးစိုးပက်စက်လုပ်ပါ။ ငွေရှာပါ။ ရှာပြီးငွေကို ပြန်ပွါးပါ။

ဆေးရုံမှာ ရောဂါကုစရာဆေးဝယ်စရာမရှိတဲ့အတွက်အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးသွားတဲ့သူတွေတွေ့တော့ ခံစားရပြီးဆေးရုံသွားရမှာကို အရမ်းမုန်းခဲ့ဖူးတယ်။ ဒီထက်ပိုကောင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုသာရခဲ့ရင်ဆိုတဲ့အတွေးက အသက်ရှည်ရှည်ကျန်းကျန်းမာမာနေဖို့အတွက်အလုပ်ကို ပိုးစိုးပက်စက် လုပ်ပြီးရှာထားတဲ့ငွေကို ပြန်ပွါးနိုင်ဖို့လိုတဲ့ဆိုတဲ့ အသိတရားကိုဖြစ်စေခဲ့တယ်။ ချမ်းသာတဲ့နိုင်ငံမဟုတ်သလို၊Social Democracy နိုင်ငံမှာနေနေတာမဟုတ်တဲ့အတွက်ကိုယ်ဖြစ်ရင် ကိုယ်ခံရမှာပဲ။ ဒီတော့ သန်တုန်းမြန်တုန်းကျန်းမာရေးလိုက်စားပြီးအလုပ်ကို ပိုးစိုးပက်စက်လုပ်ပိုက်ဆံရှာ၊ ရှာထားတာပြန်ပွါးအသက်ကြီးတဲ့အခါ တခြားသူတွေအတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်ဖို့ ခုချိန်ထဲက ပြင်ဆင်ပါ။ Phyo Paing @ Derek

အလုပ်ကို ပိုးစိုးပက်စက်လုပ်ပါ။ ငွေရှာပါ။ ရှာပြီးငွေကို ပြန်ပွါးပါ။ Read More »

ဘဝကို ရင်ခုန်မှုတွေ မပျောက်ချင်ရင်
စူးစမ်းပါ။ လေ့လာပါ။

လူအများစုကို မေးကြည့်ငယ်ငယ်ကနဲ့ အခုဘယ်အချိန်က ပိုရင်ခုန်စရာကောင်းလဲလို့မေးတဲ့အခါ ငယ်ငယ်ကလို့ တော်တော်များများဖြေကြလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ငယ်ငယ်က ကျွန်တော်တို့မသိသေးတဲ့အရာတွေများတယ်။ဒီတော့ စူးစမ်းလေ့လာချင်တယ်။ပထမအလုပ်ရဖို့ကြိုးစားပြီးရတဲ့အခါ ရင်ခုန်တယ်။ ပထမဆုံး ရည်စားထားတဲ့အခါရင်ခုန်တယ်။ ပြတ်တဲ့အခါ ကြေကွဲမယ်။ လုပ်ငန်းစတဲ့အခါ ရင်ခုန်မယ်။နောက်ပိုင်း ဒါက သိပ်အထူးအဆန်းမဟုတ်တော့ပဲ အရာရာမှာ မှန်းလို့ရတဲ့ predictable လုပ်လို့ရတဲ့အခြေအနေဖြစ်သွားတယ်။ ဒီတော့ အရင်ကလောက် ရင်ခုန်စရာ မကောင်းတော့ဘူး။ ဒီအဆင့်ကို ကျော်လွှားဖို့အဖြေတစ်ခုကတော့စူးစမ်းလေ့လာလိုစိတ်ပဲ။ အနောက်တိုင်းက အောင်မြင်တဲ့လူတွေကြည့်ကြည့်ရင်ဒီ အချက်ကို တွေ့လိမ့်မယ်။ သူတို့ဆီမှာ လကမ္ဘာပေါ် သွားလို့ရနိုင်မလား။ဘယ်နည်းနဲ့သွားရင်ရနိုင်မလဲ။ လူတွေရဲ့ gene ကို editing လုပ်လို့ရမလားဒီလို စူးစမ်းလေ့လာမှုတွေကနေ CRISPR တို့လို technology တွေပေါ်လာတယ်။ Phyo Paing @ Derek

ဘဝကို ရင်ခုန်မှုတွေ မပျောက်ချင်ရင်
စူးစမ်းပါ။ လေ့လာပါ။
Read More »