story

ဘဝမှာ အရေးကြီးဆုံးက
“ပျော်ရွင်မှု”ပဲ။

ဒါပေမယ့် လူအများစုကိုမေးကြည့်နောက်ဆုံး ဘယ်အချိန်က ပျော်ရွင်ခဲ့ရလဲဆို တော်တော် ပြန်စဉ်းစားရတာတွေ့ရတတ်လေ့ရှိတယ်။ ပစ္စုပ္ပန် ပျော်ရွင်မှုနဲ့ အနာဂတ် ပျော်ရွင်မှုနှစ်မျိုးရှိတယ်။ကိုယ်ချစ်တဲ့၊ ဝါသနာပါတဲ့ အလုပ်ကို လုပ်နေရတာ ဒါပစ္စုပ္ပန်ပျော်ရွင်မှု။ အနာဂတ်မှာ ကျန်းမာဖို့ လေ့ကျင့်ခန်းလုပ်ရတာ၊ တချို့ ကိုယ်မလုပ်ချင်တဲ့အလုပ်တွေလုပ်နေရတာ ဒါ အနာဂတ်ပျော်ရွင်မှုအတွက်။ ဘဝမှာ ပျော်ရွင်မှုက ပထမ ဦးစားပေးပဲ။ အခြေနေတွေအားလုံးအဆင်ပြေမှ ပျော်ရွင်ရမယ်ဆို ပျော်ဖို့ အခွင့်အရေးတောင်ရှိချင်မှ ရှိမယ်။ ဒါကြောင့် ကိုယ်အခု လက်ရှိလုပ်နေတဲ့အလုပ်တွေက ပစ္စုပ္ပန်ပျော်ရွင်မှုအတွက် ကူညီပေးမလား၊ဒါမှ မဟုတ် အနာဂတ်အတွက်ပျော်ရွင်မှုအတွက် ကူညီပေးမလားတစ်ခုခုကိုတော့ ကူညီပေးမှရမယ်။ Phyo Paing @ Derek

ဘဝမှာ အရေးကြီးဆုံးက
“ပျော်ရွင်မှု”ပဲ။
Read More »

အလုပ်ကို ပိုးစိုးပက်စက်လုပ်နိုင်မှ
လူလုံးလှလှ နေလို့ပိုအဆင်ပြေမယ်။

ကျွန်တော်တို့လို တတိယနိုင်ငံဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံမျိုးမှာဆိုရေ၊ မီး၊ အင်တာနက်၊ ကျန်းမာရေး၊ပညာရေးက အစ အဆင်ပြေဖို့resource တော်တော်ရှိထားမှအဆင်ပြေမှာ။ မဟုတ်ရင် တစ်နှစ်စုထားတာတစ်ခါ ဆေးရုံတက်တာနဲ့ကုန်ပြီ။ တစ်လတစ်လ စုတာ သားသမီး ကျောင်းစရိတ်နဲ့ လုံးပါးပါးသွားမယ်။ ဒါကြောင့် ကိုယ့်အနာဂတ်အတွက်plan ချဖို့က ကိုယ်နဲ့အဓိကဆိုင်လာတယ်။ ဘယ်မှာနေမှာလဲ၊ ဘယ်လို နေမှာလဲ၊ ဘာအလုပ်လုပ်မှာလဲ၊ ငွေကို ဘယ်လိုစုမလဲ၊ ဘယ်လို ပြန်ပွားမလဲ၊ အများကြီး ကြိုတင်စဥ်းစားပြီးအလုပ်ကို ပိုးစိုးပက်စက်လုပ်နိုင်မှ လူလုံးလှလှ နေလို့ပိုအဆင်ပြေမယ်။ Phyo Paing @ Derek

အလုပ်ကို ပိုးစိုးပက်စက်လုပ်နိုင်မှ
လူလုံးလှလှ နေလို့ပိုအဆင်ပြေမယ်။
Read More »

ကျွန်တော်အသက်ရှင်နေသမျှ
တိုးတက်လိုသူတွေ၊ ရည်မှန်းချက်ကြီးတဲ့
လုပ်ငန်းရှင်တွေအတွက် အကျိုးပြုနေစေရမယ်။

လူပေါင်း ၂ သန်းကျော်ကိုနည်းပညာနဲ့ ပညာရေးအသုံးပြုပြီးကူညီပေးဖို့က ပထမ ရည်ရွယ်ချက်။ လုပ်ငန်းပေါင်း ၁၀၀၀၀ ကျော် နည်းညာနဲ့ စီးပွါးရေးပညာရပ်တွေနဲ့ကူညီပေးဖို့က ဒုတိယ ရည်ရွယ်ချက်။ လူများများကို ထိရောက်မှုကောင်းကောင်းနဲ့ ပံံ့ပိုးနိုင်ဖို့ နည်းပညာ လိုတယ်။ လူတော်တွေခန့်ဖို့အတွက် ကိုယ့်အိတ်ကိုယ်စိုက်ကိုယ်ထူကိုယ်ထပြီး ကိုယ်နေထိုင်တဲ့နေရာကိုယ်ချစ်တဲ့ တိုင်းပြည်နဲ့ မြို့အတွက် ခရီးနှင်လာတာ အားလုံးအတွက် အကျိုးရှိစေတယ်ပြန်ပြန်ကြားရတဲ့အတွက် ဝမ်းသာမိတယ်။ ကျွန်တော့်ရဲ့ professional အလုပ်က Marketing and Business Coachsultant Coaching လုပ်သလို၊ Consulting လဲလုပ်တဲ့အတွက်Coachsultant လို့ခေါ်လို့ရတယ်။ Business နဲ့ပတ်သက်တဲ့ရည်မှန်းချက်က အထက်က နှစ်ခုက နောက်နှစ်နှစ်ဆယ်အတွက်။စိတ်ရှည်ပါတယ်။ Phyo Paing @ Derek

ကျွန်တော်အသက်ရှင်နေသမျှ
တိုးတက်လိုသူတွေ၊ ရည်မှန်းချက်ကြီးတဲ့
လုပ်ငန်းရှင်တွေအတွက် အကျိုးပြုနေစေရမယ်။
Read More »

အတွေးအခေါ် ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုတယ်။

လူတိုင်းမှာ ကိုယ်ပိုင်အတွေးအခေါ်လိုတယ်။ဒီအတွေးအခေါ်ရှင်းဖို့လိုတယ်။ ဒီအတွေးအခေါ်ကို ပြန်ဆန်းစစ်ပြီးupdate လုပ်ဖို့လိုတယ်။ အရင်က ကိုယ့်ကိုကိုယ် အပြစ်တင်တတ်တာ၊လူတွေကို အားနာတတ်တာ၊လူတွေကိုယ့်ကိုဘယ်လိုထင်မလဲ အထူးခံစားပြီး လိုက်ဖြေရှင်းတတ်တာ၊လူတွေကို စေတနာထားတဲ့အခါအတားအဆီမရှိ ကူညီရင်ဖွင့်တတ်တာ၊တစ်ခုခုဆို နှလုံးသားနဲ့ ခံစားပြီး နာကျင်ရတာ၊ ကိုယ်ထိန်းချုပ်မရတာတွေကို စဥ်းစား ပူဆွေး လောကကြီးကို အပြစ်တင်တာမျိုး လူတော်တော်များများဖြစ်ဖူးကြလိမ့်မယ်။ ဒါစာကို ဖတ်ပြီးကိုယ့်ကိုကိုယ် ဘယ်တော့မှ အပြစ်မတင်နဲ့တော့။ သင်ခန်းစာယူ လုပ်ရပ်ပြန်ပြောင်း။ကိုယ့်ကိုကိုယ် ပျော်အောင်ထား။ဘူကောင်တွေ ကို ရှောင်။ကိုယ်သွားချင်တဲ့ ပုံစံကိုယ်သွားတယ်။ လူတွေရဲ့ အထင်အမြင်ထက်ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို အာရုံပို စိတ်ထား။တစ်ခုခုဆို နှလုံးသားနဲ့ မခံစားခင်ဦးနှောက်နဲ့ စဥ်းစား။ ကိုယ်ထိန်းချုပ်မရတာတွေအစားထိန်းချုပ်နိုင်တဲ့ ဘောင်အတွင်းက လုပ်။ လူတိုင်းနဲ့ ဆက်ဆံတဲ့အခါစည်းတစ်ခု ထားပါ။ Phyo Paing @ Derek

အတွေးအခေါ် ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုတယ်။
Read More »

ကျွန်တော်က prototype တစ်ခုပဲ။

ကိုယ့်ရဲ့ အကောင်းဆုံး versionတည်ဆောက်ဖို့က ကျွန်တော့်ရည်ရွယ်ချက်။ကျွန်တော့်ရဲ့ ဖြတ်သန်းမှုဖြစ်စဉ်တွေဖြစ်တဲ့Personal, Professional နဲ့ Business တိုးတက်ရေးဖြစ်စဉ်တွေဟာကိုယ် serve လုပ်ချင်သူတွေအတွက်ရှေ့ပြေးနမူနာတစ်ခုပဲ။ အလုပ်မဖြစ်တာတွေ ကိုယ်တိုင်လုပ်တယ်။နောက် Options ရှိတာတွေ အကုန်ချပြတယ်။အလုပ်ဖြစ်တဲ့ အကောင်းဆုံးအပိုင်းကိုပဲရွေးချယ်လို့ရအောင် ကူညီတယ်။ဒါ ကျွန်တော့်ရဲ့ Business Model ပဲ။ ဒီအတွက် ငွေကုန်ကြေးကျခြွေတာနိုင်တယ်။အချိန်မလိုအပ်ပဲ မကုန်တော့ဘူး။အလုပ်မဖြစ်တာနဲ့ တိုင်ပတ်နေတာမဖြစ်တော့ဘူး။ စွမ်းဆောင်ရည်နဲ့ အမြတ်ငွေတိုးတက်လာကြတယ် ။ ဒါကြောင့်စမ်းသပ်မှုတွေ နေ့စဉ်ပြုလုပ်နေဖြစ်တယ်။ ကျွန်တော်က အကောင်းဆုံး version တည်ဆောက်ရေးဖြစ်စဉ်အတွက်Prototype တစ်ခုပဲ။ Phyo Paing @ Derek

ကျွန်တော်က prototype တစ်ခုပဲ။ Read More »

တစ်ခါတော့ကြုံဖူးကြလိမ့်မယ်။

ကိုယ်ဂုဏ်ယူနေတဲ့ အရာတစ်ခု၊ပျော်နေတဲ့အရာတစ်ခုဟာတစ်စုံတစ်ယောက်စကားကြောင့် စိတ်ပျက် အားငယ် သွားတဲ့အချိန်တွေလူတိုင်းဘဝမှာ တစ်ခါတော့ကြုံဖူးကြလိမ့်မယ်။ လူတိုင်းခေါင်းထဲမှာ မသိပဲအလုပ်လုပ်နေတဲ့ စကားလုံး script တွေရှိတယ်။ဒီစကားလုံးတွေတွေဟာ ကျွန်တော်တို့ရဲ့ အတွေးအခေါ်ကို ပုံဖော်တယ်။ကျွန်တော်တို့အတွေးအခေါ်တွေက အထင်အမြင်ကို ဖြစ်စေတယ်။ အထင်အမြင်က စိတ်ခံစားချက်တွေကိုဖြစ်စေတယ်။ တခြားသူတွေရဲ့ အထင်အမြင်ကိုယ့်ကိုလွမ်းမိုးပြီး တိုင်ပတ်စေတာထက်ကိုယ့်အထင်အမြင်ကို ခိုင်မာဖို့ ကိုယ်ပိုင်အတွေးအခေါ်လိုတယ်။ Phyo Paing @ Derek

တစ်ခါတော့ကြုံဖူးကြလိမ့်မယ်။ Read More »

တချို့လူတွေအတွက် သဘာဝပဲ။

သင်္ကြန်မတိုင်ခင်ပျော်ပြီးသင်္ကြန်ပြီး ရုံးတတ်ဖို့စိတ်ညစ်တတ်တာ တချို့လူတွေအတွက် သဘာဝပဲ။ကိုယ်ရူးသွပ်တဲ့ အလုပ်တစ်ခုကိုရှာဖွေ ဖန်တီးဖို့လိုနေတာဖြစ်ကောင်းဖြစ်မယ်။ Phyo Paing @ Derek

တချို့လူတွေအတွက် သဘာဝပဲ။ Read More »

ပြိုင်ဆိုင်မှုပြုလုပ်တဲ့အခါ တစ်နှစ်၊ နှစ်နှစ်ထက် ကျွန်တော်စဥ်းစားတဲ့ပုံစံက
နောက်ဆယ်နှစ်နေရင် ကိုယ့်ပြိုင်ဖက်တွေ
လုံးဝ မလိုက်နိုင်တော့အောင်
ဒီနေ့ကတည်းက ဘာတွေလုပ်ထားမလဲ။

ပြိုင်ဖက်တွေအကြောင်းဘယ်တော့မှ အချိန်ပေးမလေ့လာဘူး။ဒါပေမယ့် competitive အရမ်းဖြစ်တယ်လို့ အလုပ်ခွင်ကတည်းကပြောကြတယ်။ အကောင်းဆုံးအနိုင်ယူနည်းက တူညီတဲ့ ပြိုင်ပွဲတစ်ခုမှာ မပြိုင်ဖို့ပဲ။ Same race မှာပဲ ပြိုင်လို့ ဆိုက္ကားနင်းအမြန်ဆုံးဆို အမြန်ဆုံး ဆိုက္ကားနင်းဆရာပဲဖြစ်ရင်ဖြစ်မယ်။ ဒီလို မတူညီတဲ့ ကစားကွင်းdifferent race ကို ပြောင်းဖို့ ကိုယ်မသိတဲ့အရာတွေ လေ့လာရသလိုကိုယ်မသိတဲ့လူတွေနဲ့ စကားပြောရတယ်။နောက် ကိုယ်လုပ်နေကျ၊ သွားနေကျလမ်းကြောင်း မဟုတ်တဲ့အရာတွေကိုစဥ်းစားရတယ်။ အချဥ်ပေါင်းရောင်းတဲ့သူတွေကို သိန်း ၁၀၀၀ ပေမယ် ဘာလုပ်မလဲဆိုအချဥ်ပေါင်းဆိုင် များများပိုဖွင့်ဖို့ပဲသူအဓိက စဥ်းစားလိမ့်မယ်လို့ထင်တယ်။ Phyo Paing @ Derek

ပြိုင်ဆိုင်မှုပြုလုပ်တဲ့အခါ တစ်နှစ်၊ နှစ်နှစ်ထက် ကျွန်တော်စဥ်းစားတဲ့ပုံစံက
နောက်ဆယ်နှစ်နေရင် ကိုယ့်ပြိုင်ဖက်တွေ
လုံးဝ မလိုက်နိုင်တော့အောင်
ဒီနေ့ကတည်းက ဘာတွေလုပ်ထားမလဲ။
Read More »

အရာရာဟာ နောက်တစ်ဆင့်သွားဖို့
“စမ်းသပ်လေ့လာမှု” တွေပဲ။

ကျွန်တော်စဥ်းစားတဲ့ပုံစံက ဒီနေ့လုပ်နေတဲ့အလုပ်တိုင်းက မနက်ဖြန်လုပ်မည့်အလုပ်တွေအတွက် ပြင်ဆင်ပေးရမယ်။အချိန်ခြွေတာပေးရမယ်။ နေ့တိုင်း စာရေးတယ်။အထင်အမြင်တိုင်းကို ဘယ်လိုလူတွေက ဘယ်လိုတုန့်ပြန်လဲစမ်းသပ်လေ့လာတယ်။ မြန်မာစကားပြော community ရဲ့ တွေးခေါ်ပုံ၊ ယုံကြည်ပုံ၊ တုန့်ပြန်ပုံတွေလေ့လာတယ်။ဒီအချက်အလက်တွေက အနာဂတ် ကိုယ်လုပ်ချင်တဲ့အရာအပေါ်အများကြီး အထောက်အကူပြုလာမယ်လို့လုံးဝ ယုံကြည်ထားတယ်။ နောက်စာသင်တယ်။ဟောပြောတယ်။လူတွေရဲ့ response လုပ်ပုံဖြစ်သွားတဲ့ အပြောင်းအလဲလေ့လာတယ်။ဒါတွေအတွက် insight တွေအကုန်မှတ်ထားတယ်။နောက်ပြီး ဒါတွေကလဲ ကိုယ့်အတွက်ကိုယ့် စကေးကို နောက်တစ်ဆင့်ရောက်စေမယ့်အလုပ်တွေပဲ လို့ ခံယူထားတယ်။ စာဖတ်တယ်။ တွေးတယ်။ လုပ်ကြည့်တယ်။ နေ့တိုင်း ပြဿနာအသစ်တွေဖြေရှင်းတယ်။ဒါအရာတွေက နောက်လာမည့်ဆယ်နှစ်၊ အနှစ်နှစ်ဆယ်၊ သုံးဆယ်အထက်မှာကိုယ်လုပ်ချင်တဲ့ အရာတွေကို အထောက်အကူလုံးဝ ပြုလိမ့်မယ်လို့ယုံကြည်ထားတယ်။ ကျွန်တော်တို့ ရွေးချယ်ထားတဲ့ category မှာ ကျွန်တော်တို့အကျွမ်းကျင်ဆုံး၊ အသိဆုံးဖြစ်ရမယ်။ ဒီနေ့လုပ်တဲ့အလုပ်က ခုစီးနေတဲ့ ကား၊ နေနေတဲ့အိမ်၊ ခုချိန် အသိမှတ်ပြုခံရဖို့ထက်အများကြီးပိုတယ်။ ဘယ်ထိသွားနိုင်လဲဆိုတာ သိဖို့အတွက်ဒီနေ့အတွက်ပဲ

အရာရာဟာ နောက်တစ်ဆင့်သွားဖို့
“စမ်းသပ်လေ့လာမှု” တွေပဲ။
Read More »

ဒီကောင်ကွာ…

ဒီကောင်ကွာ အရူးပဲ။ ဆေးကျောင်းမပြီးသေးဘူးaccounting သင်တန်းတွေနဲ့အပြိုင်တက်နေတာတဲ့။ ဒီကောင်စားတယ်ကွာ၊ ငါတို့နဲ့ game မဆော့ဘူး။ website တွေလျှောက်ကလိပြီးpost တွေတင်နေတယ်။ဝယ်တဲ့ သူလဲရှိတာမဟုတ်ဘူး။ ဒီကောင်ကွာ သီချင်းနားမထောင်ပဲဘာမှန်းမသိတဲ့ ဝူးဝူးဝါးဝါးမော်တီတွေ နားထောင်နေတယ်။အေးအေးဆေးဆေး ဘဝကိုသာသာယာယာ ဖြတ်သန်းစမ်းပါ။ ဒီကောင်ကွာ ကျောင်းပြီးတာအေးဆေး ဆေးရုံမှာ ဝင်မလုပ်ပဲသင်တန်းတွေ လျှောက်တတ်ပြီးဆေးကုမ္ပဏီ ဝင်လုပ်နေတယ်။ ဒီကောင်ကွာ ဆေးကုမ္ပဏီလုပ်ရင်းဘွဲလွန်တွေလျှောက်တတ်ပြန်ပြီ။ ငါတို့ ဝိုင်းမ join တော့ဘူး။ ဒီကောင်ကွာ ဒီလောက်ကောင်းတဲ့အလုပ်ထွက်ပြီး ဆိုင်ဖွင့်တယ်တဲ့။ ဂျပန်ခရီးစဥ်လဲ မလိုက်တော့ဘူးတဲ့။ ပြီးရင် April တစ်လ free လစာရမှာလဲမယူဘူး။ စားတယ်ကွာ။ လုပ်ချင်တာ လျှောက်လုပ်နေတာ။ မောင်လေးက တော်တော်စဥ်းစားတယ်နော်။ တရက်တရက် facebook မှာ ဘာတွေလဲ မသိဘူး အများကြီးတင်တယ် 😀 ညီလေးက ခုမှ thesis

ဒီကောင်ကွာ… Read More »