story

၅ မိနစ်နဲ့ စတင်ပါ။

တရားထိုင်ဖို့ခက်နေရင်ငါးမိနစ် alarm ပေးပြီးစကြည့်။ကိုယ့်လုပ်ငန်းအကြောင်းစဥ်းစားဖို့ ခက်နေရင်ငါးမိနစ် alarm ပေးပြီးစစဥ်းစားကြည့်။စာဖတ်ဖို့ခက်နေရင်လဲ ဒီအတိုင်းပဲ။ တစ်နာရီ၊ နှစ်နာရီလောက်လုပ်မယ်ဆိုတာထက်စတဲ့အခါ ငါးမိနစ်နဲ့ စကြည့်။ ပြီးမှ တိုးချင်ရင် ဖြေးဖြေးတိုးသွား။ Expectation Management မျှော်မှန်းချက်တွေကို စီမံခန့်ခွဲမှုကထင်ထားတာထက် ပိုခက်တယ်။ဥပမာကိုယ်က တစ်နာရီထိုင်မယ်လို့စဥ်းစားပြီး ၄၅ မိနစ်ပဲထိုင်မိရင်ကိုယ့်ကိုကိုယ် အားရရမည့်အစားloser ဆိုတဲ့ စိတ်ခံစားရတတ်တယ်။ ဒီတော့ ၅ မိနစ်ပဲထားခြင်းဟာ သူ့ထက်ပိုတဲ့အရာတိုင်းဟာ အောင်မြင်မှုဆိုတာ ခံစားရလိမ့်မယ်။ ToeTet Insider’s Note လုပ်တုန်းကလဲအလားတူပဲ။ နှစ်ပတ်လောက်ပဲ လုပ်မယ်လို့စဥ်းစားခဲ့တာ။ဒီနေ့ဆို 188 ရက်နေ့မြောက်နေ့ဖြစ်လာပြီ။ မျှော်မှန်းချက်တွေကို အနည်းဆုံးထားထားပါ။ ဒါက ပိုစိတ်ချမ်းသာရတယ်။ ငါးမိနစ်နဲ့စပါ။ လောင်ဇူးပြောသလို မိုင်ထောင်ချီတဲ့ ခရီးကို ခြေတစ်လှမ်းနဲ့ စခဲ့ကြတယ်။ Phyo Paing @ Derek

၅ မိနစ်နဲ့ စတင်ပါ။ Read More »

စာရွက်တစ်ခုတည်းအတွက် ပညာမသင်ပါနဲ့။

တချို့ လူတွေက ပညာပဲသင်ချင်ကြတာတကယ်မလုပ်ချင်ကြဘူး။ 2015 နှစ်ကုန်က Coursera မှာUniversity of Illinois ကMarketing in a digital world မှာProfessor တစ်ယောက်ကC. Ronaldo နဲ့ Coca ColaFacebook မှာ ဘယ်သူ followerပိုများမယ်ထင်သလဲဆိုတဲ့ မေးခွန်းမေးတယ်။အဲ့ကတည်းကကိုယ့်နာမည်နဲ့ Facebook Page စလုပ်လိုက်တယ်။​ Knowledge is Power ဆိုတာ မမှန်ဘူး။Knowledge is potential power ပါ။တကယ့် power က Action.Action without knowledge ဆိုတာstupidity လို့ပဲခေါ်မယ်။​ ပညာသင်ဖို့လိုသလိုအသုံးချဖို့လဲလိုတယ်။စာရွက်တစ်ရွက်ရဖို့ပဲပညာမသင်ပါနဲ့။ Phyo Paing @ Derek

စာရွက်တစ်ခုတည်းအတွက် ပညာမသင်ပါနဲ့။ Read More »

သာမာန်နဲ့ မတူချင်ရင်
သာမာန်လူတွေ မလုပ်တဲ့အရာတွေကို
လုပ်ဖို့ လိုတယ်။

သာမာန်လူတွေနဲ့ မတူဖို့ သာမာန်လူတွေ မလုပ်တဲ့အလုပ်တွေ လုပ််ဖို့ လိုကောင်းလိုနိုင်တယ်။ သာမာန်လူအများစု fasting မလုပ်ဘူး။ Productivity အတွက် fasting အရေးကြီးတယ်။ကျွန်တော်တို့ culture မှာ သာမာန်လူအများစု ကဆီဓာတ်အစားများတယ်။Productivity အတွက် carb ကိုလျော့ဖို့လိုနိုင်တယ်။ သာမာန်လူအများစုမှာ ဘဝနေထိုင်မှု စနစ်မရှိဘူး။Productivity ကောင်းပြီး Peak Performance ရဖို့ စနစ်လိုနိုင်တယ်။သာမာန်လူအများစု ကိုယ့်ကျန်းမာရေးအတွက်တစ်ရက်ကို တစ်နာရီလောက်အချိန် မပေးဖြစ်ဘူး။Productivity အတွက် ကျန်းမာရေးအတွက် အချိန်ပေးဖို့လိုတယ်။ သာမာန်လူတွေ နေ့တိုင်းစာမဖတ်ဘူး။ကိုယ့်ဘဝအတွက် နေ့တိုင်းစာဖတ်ဖို့လိုတယ်။သာမာန်လူတွေ နေ့တိုင်းတရားမထိုင်ဘူး။ Productivity ကောင်းပြီး negativity ကိုရှင်းဖို့နေ့စဥ် တရားထိုင်ဖို့ လိုကောင်းလိုနိုင်တယ်။ သာမာန်နဲ့ မတူချင်ရင် သာမာန်လူတွေ မလုပ်တဲ့အရာတွေကိုလုပ်ဖို့ လိုတယ်။ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့အကောင်းဆုံး version တည်ဆောက်ဖို့ကကိုယ့်ရဲ့ တာဝန်ပဲ မဟုတ်လား။ကိုယ့်ကိုကိုယ်တောင် မကယ်နိုင်ပဲသူများကို

သာမာန်နဲ့ မတူချင်ရင်
သာမာန်လူတွေ မလုပ်တဲ့အရာတွေကို
လုပ်ဖို့ လိုတယ်။
Read More »

ကိုယ့်ရဲ့ဖြစ်တည်မှုအတွက် အားရှိစေတဲ့ ပုံပြင်တွေပဲပြောပါ။

ကိုယ့်ကိုကိုယ် ပြောနေတဲ့ပုံပြင်တွေ လူတွေက လောကကြီးကို မျက်မှန်တတ်ပြီးကြည့်တယ်။ ဒီမျက်မှန်ကို Attitude, Behavior, Culture နဲ့ Values တန်ဖိုးထားမှုတွေက လွမ်းမိုးအရောင်ဆိုးတယ်။ ငါကတော့ မတတ်နိုင်တဲ့ မိသားစုကလာတာဆိုတော့ ကြည့်ရုံကလွဲပြီး ဘာတတ်နိုင်မှာလဲ။ ဒီလို အတွေးအခေါ်ဟာ မိသားစု တစ်ခုကိုသာမက တစ်နိုင်ငံလုံးပေါ် သက်ရောက်မှုရှိတယ်။ လူရယ်လို့ဖြစ်လာတဲ့အခါ လက်ပါတယ်။ ခြေထောက်ရှိနေသေးတယ်။ အသက်ရှူနိုင်နေသေးရင် အကုန်နည်းပါးလုပ်လို့ရတယ်။ လူသားစားတဲ့ ကျားကိုတောင် အရုပ်ကလေးတွေဖြစ်အောင် ကခိုင်းတဲ့ လူတွေရဲ့ အစွမ်းအစကို အတွေးအခေါ် ပုံပြင်တွေနဲ့ ပျက်စီးလိုက်တာဟာ နှမြောစရာကောင်းတယ်။ ငယ်ငယ်က ဖုန်းသိိန်းသုံးလေးဆယ်လောက်ပေးရတဲ့အချိန် ကျောင်းသားဘဝက PCO ကနေ မဆက်ချင်တာနဲ့ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်တယ်။ ငါဖုန်းဝယ်လို့ရအောင် ဘာတွေလုပ်လို့ရနိုင်သလဲ။ ဘာနည်းလမ်းတွေရှိသလဲ။ ဘယ်သူတွေကို မေးလို့ရနိုင်သလဲ။ ကိုယ့်ငွေနဲ့ကိုယ် ဝယ်တဲ့သူတွေက ဘာအလုပ်တွေလုပ်သလဲ။ သူတို့

ကိုယ့်ရဲ့ဖြစ်တည်မှုအတွက် အားရှိစေတဲ့ ပုံပြင်တွေပဲပြောပါ။ Read More »

Dream List ကို မဖြစ်နိုင်ဘူးပြောတဲ့သူက
ရန်သူပဲ။

ငယ်ငယ်ကကိုယ့်ဘဝမှာ သက်သေပြချင်တဲ့အရာတွေကိုList ကို ချရေးထားခဲ့တယ်။ ဝင်းမာက သူ့သားအထင်ကြီးတာဆယ်တန်း ဂုဏ်ထူးတွေမှန်းမနေပါနဲ့။ စကားမပီပဲနဲ့လူရှေ့ဘယ်လို စကားပြောလွမ်းမိုးမလဲ။ ABE Graduate Diploma ကိုလေးလခွဲနဲ့ အကုန်အောင် A+ ထွက်တာမရှိသေးဘူး။ ဘယ်လုပ်ငန်းမဆို ကိုယ်မပါပဲ လည်ပတ်တယ်ဖြစ်ရအောင်နိုင်ငံခြားစာအုပ်တွေဖတ်ပြီးလျှောက် မစဉ်းစားပါနဲ့။ Subscription ဆိုတာ မဖြစ်နိုင်ပါဘူးကွာ။ သုံးလအတွင်းပေါင် ငါးဆယ်ချပြီးပြန်မဝဘူးဆို မဖြစ်နိုင်ပါဘူး။ဖတ်တီးတိုင်း ပြန်ဝကြတာပဲ။ ငယ်ငယ်က အဲ့လို Enemy Listထားတယ်။Dream List ကို မဖြစ်နိုင်ဘူးပြောတဲ့သူကရန်သူပဲ။ Phyo Paing @ Derek

Dream List ကို မဖြစ်နိုင်ဘူးပြောတဲ့သူက
ရန်သူပဲ။
Read More »

ကိုယ်ဂုဏ်ယူတဲ့
ချစ်တဲ့ အလုပ်တွေကို
နေ့စဉ်
ပိုးစိုးပက်စက်လုပ်ပါ။

Work လို့ပြောလိုက်ရင် သာမာန်လူအများစုကပင်ပန်းမှု၊ ချုပ်နှောင်မှု၊ မွန်းကြပ်မှု၊နွမ်းနယ်မှု၊ ပျော်ရွင်စရာမရှိတဲ့ မဖြစ်မနေ လုပ်ရတဲ့ အရာလို့မြင်တတ်ကြတယ်။ အလုပ်ဆိုတာ ရင်ခုန်စရာ၊အိမ်မက်တွေ အကောင်အထည်ဖော်ရာ၊အစွမ်းအစတွေ ထုတ်ဖော်ခွင့်ရတဲ့နေရာ၊မွန်းကြပ်စုတ်ပျက်တဲ့ ပတ်ဝန်းကျင်ကြားကလွတ်မြောက်ရာ နေရာ၊ကိုယ့်ဘဝကို နောက်တစ်ဆင့်တက်စေမည့် လှေကားထစ်ဒီလိုမြင်မယ်ဆို အလုပ်လုပ်ရတာလတ်ဆတ်နေလိမ့်မယ်။ အလုပ်ကို ဘယ်လိုမြင်လဲ?လူအများစု ဦနှောက်ဆေးခံထားရသလိုမြင်လား?ရင်ခုန်လတ်ဆတ်မှုတွေနဲ့လား? ကွန်ဖြူးရှပ်ကတော့ တစ်သက်လုံးအလုပ်မလုပ်ချင်ရင် ကိုယ်ချစ်တဲ့ အလုပ်ကိုလုပ်တဲ့။ ကိုယ်ဂုဏ်ယူတဲ့ချစ်တဲ့ အလုပ်တွေကိုနေ့စဉ် ပိုးစိုးပက်စက်လုပ်ပါ။ Phyo Paing @ Derek

ကိုယ်ဂုဏ်ယူတဲ့
ချစ်တဲ့ အလုပ်တွေကို
နေ့စဉ်
ပိုးစိုးပက်စက်လုပ်ပါ။
Read More »

ကိုယ့်ကို တစ်ချက်လာထိုးရင်
နှစ်ချက်ပြန်ထိုးမှရတယ်။

ခွင့်လွတ်စိတ် မေတ္တာတရားနဲ့တရုတ်အများစုရှိတဲ့နေရာမှာအုပ်ချုပ်လို့မရဘူးဆိုတဲ့ပုံစံမျိုးတချိန်က လီကွမ်းယူပြောခဲ့ဖူးတာမှတ်မိတယ်။ကိုယ့်ကို အသားလွတ်လာစားရင်ပိုစားဖို့လိုတဲ့ rule ကLee Kuan Yew မှာလဲ ရှိခဲ့တာပဲ။ Phyo Paing @ Derek

ကိုယ့်ကို တစ်ချက်လာထိုးရင်
နှစ်ချက်ပြန်ထိုးမှရတယ်။
Read More »

အောင်မြင်မှုရဲ့ ဆန့်ကျင်ဖက်က
ရှုံးနိမ့်မှု မဟုတ်ဘူး။
ရှုံးနိမ့်မှုဆိုတာ အောင်မြင်မှု
သွားလမ်းက ဖြစ်စဉ်တစ်ခုပဲ။
အောင်မြင်မှုအတွက် ရန်သူက
သာမာန် average ပဲ။

သာမာန်စံနှုန်းထက် ရလဒ်ပိုကောင်းတာကိုအောင်မြင်မှုလို့ သတ်မှတ်လို့ရနိုင်တယ်။ စံနှုန်းဆိုတာ မိသားစု၊အသိုင်းအဝိုင်း၊အရင်ရလဒ်ပေါ်မူတည်ပြီးဖြစ်လာတယ်။ ကျောင်းပြီးစ လူငယ်အတွက်ကုမ္ပဏီကောင်းကောင်းမှာအလုပ်ရတာ အောင်မြင်မှုဖြစ်နိုင်တယ်။ လုပ်ငန်းရှင်တစ်ယောက်အတွက်သူ့လုပ်ငန်းနယ်ပယ်မှာအများစုရထားတဲ့ ရလဒ်ထက်ပိုကောင်းအောင်ရနိုင်တာကိုအောင်မြင်မှုလို့ခေါ်နိုင်တယ်။ အောင်မြင်မှုရဲ့ ဆန့်ကျင်ဖက်ကရှုံးနိမ့်မှု မဟုတ်ဘူး။ရှုံးနိမ့်မှုဆိုတာ အောင်မြင်မှုသွားလမ်းက ဖြစ်စဉ်တစ်ခုပဲ။အောင်မြင်မှုအတွက် ရန်သူကသာမာန် average ပဲ။ ဒါကြောင့် အရာရာအဆင်သင့်ဖြစ်မှ စတင်မယ်ဆိုတဲ့သာမာန်အတွေးကို ဖျောက်ဖို့လိုသလိုအောင်မြင်မှုဆိုတာ အိမ်ငှါးသလိုပဲဘယ်တော့မှ အစိုးမရဘူး။အိမ်ငှါးခ မပေးနိုင်ရင်ကန်ချခံရမှာပဲ။ Phyo Paing @ Derek

အောင်မြင်မှုရဲ့ ဆန့်ကျင်ဖက်က
ရှုံးနိမ့်မှု မဟုတ်ဘူး။
ရှုံးနိမ့်မှုဆိုတာ အောင်မြင်မှု
သွားလမ်းက ဖြစ်စဉ်တစ်ခုပဲ။
အောင်မြင်မှုအတွက် ရန်သူက
သာမာန် average ပဲ။
Read More »

ခေါင်းငုံ့

ဆရာ့ကိုဆရာ မလုပ်မိဖို့ကအလုပ်ရဲ့ ကျင့်ဝတ်ပထမပဲ။လူလုပ်တဲ့အခါ အမြင့်ရောက်ချင်ရင်ဥပဒေသလေးတွေရှိတယ်။ Robert Greene ရဲ့ 48 laws of power မှာလဲပါတယ်။ကိုယ့်ဆရာ၊ boss ထက်သာကြောင်းအရမ်းကာရော မပြချင်နဲ့။ဒါကိုယ့်ကိုကိုယ် ဖျက်ဆီးရာရောက်တယ်။ဒါကို never outshine your master လို့ခေါ်တယ်။ အလုပ်ခွင်ဝင်ကတည်းကဒါကို သတိထားတယ်။Meeting မှာ၊ လူကြားသူကြားမှာကိုယ့်ဆရာနဲ့ ပခုံးချင်းယှဉ်ပြီးလမ်းလျှောက်တာ၊ Level တူပြတာ ဘယ်တော့မှမလုပ်ခဲ့ဘူး။ ကိုယ်က အသိအမှတ်ပြုခံချင်တဲ့အတွက်လူကြားသူကြားမှာ ဆရာနဲ့ တန်းတူနေပြတာ၊သူထက်တတ်ကြောင်းပြတာဟာကိုယ့်ကိုကိုယ်ဖျက်ဆီးရာရောက်တယ်။ကိုယ့်အနာဂတ်ကို ပိတ်ဆို့ရာရောက်တယ်။ အကြောင်းကတော့ လူတိုင်းမှာ Ego အတ္တ ရှိတယ်။ဒါကြောင့် ကိုယ်လိုချင်တဲ့အဆင့်မရောက်ခင်ခေါင်းငုံ့၊ သည်းခံ၊ စိတ်ရှည်ပြီးကိုယ့်အလှည့်ရောက်ဖို့မဟာဗျူဟာကျကျစောင့်ပြီးပြင်ဆင်နေဖို့လိုတယ်။ ခေါင်းငုံ့သည်းခံပြီးအချိန်ကို စောင့်ဆိုင်းပြင်ဆင်နိုင်တာEQ ကောင်းတာပဲ မဟုတ်လား။ Phyo Paing @ Derek

ခေါင်းငုံ့ Read More »

အချိန်ကို စီမံတာထက်
Energy ကို စီမံဖို့လိုတယ်။
Energy ဆိုတာ Emotion ကလာတယ်။
စိတ်ညစ်ရင် energy သိပ်မထွက်ဘူး။

စာအရှည်ကြီးရေးပြီး Facebook technical errors ကြောင့်အကုန်ပျက်သွားတယ်။ အဓိကအကြောင်းအရာကတော့ လူတွေမှာ ရှိတဲ့အဓိက အရင်းအမြစ်က ကျန်းမာရေးနဲ့ အချိန်။ ဒီနှစ်ခုကြောင့် Energy ဖြစ်လာတယ်။ဒီ Energy က လိုချင်တဲ့အရာတွေကို ဖော်ဆောင်ပေးတယ်။ အချိန်ကို စီမံတာထက်Energy ကို စီမံဖို့လိုတယ်။ Energy ဆိုတာ Emotion ကလာတယ်။စိတ်ညစ်ရင် energy သိပ်မထွက်ဘူး။ Emotion ဆိုတာ အလိုအလျောက်တုန့်ပြန်တာ။ သုံးသပ်မှုထည့်လိုက်ရင် Feeling ဖြစ်သွားတယ်။ ကိုယ့် ခံစားမှုတွေကိုစီမံခန့်ခွဲဖို့ သုံးသပ်မှုဖြစ်စဥ်လိုတယ်။ ဒီ သုံးသပ်မှုဖြစ်စဥ်ကို ရေးချပြီး နေ့စဥ်လေ့လာလို့ရတယ်။ ကိုယ်တိုင်လဲလုပ်ခဲ့တာ နှစ်ပေါင်းများစွာရှိပြီ။ ကိုယ့်အတွေး၊ ခံစားချက်၊ တုန့်ပြန်မှု၊လုပ်ရပ် နဲ့ ထပ်နေတဲ့ pattern တွေသိရှိခြင်းဟာ ဘဝတည်ဆောက်ရေးမှာအခရာ ကျတယ်။ ပြန်လည်သုံးသပ်မှုဖြစ်စဥ်မှာ ဒီမေးခွန်း လေးခုမေးလို့ရတယ်။

အချိန်ကို စီမံတာထက်
Energy ကို စီမံဖို့လိုတယ်။
Energy ဆိုတာ Emotion ကလာတယ်။
စိတ်ညစ်ရင် energy သိပ်မထွက်ဘူး။
Read More »