success

ဒါကလဲ အောင်မြင်မှုတစ်မျိုးပဲမဟုတ်လား။

တစ်ယောက်နဲ့တစ်ယောက် အဓိပ္ပာယ်ဖွင့်ဆိုမှုတော့ ကွာနိုင်တယ်။ မလုပ်ချင်တာလုပ်ပြီး မဖြစ်ချင်တာ ဖြစ်နေတဲ့ဘဝ။ လုပ်ချင်တာလုပ်ပြီးမဖြစ်ချင်တာ ဖြစ်နေတဲ့ဘဝ။ မလုပ်ချင်တာလုပ်ပြီးဖြစ်ချင်တာ ဖြစ်လာနေတဲ့ဘဝ။ လုပ်ချင်တာလုပ်ပြီးကိုယ်ဖြစ်ချင်တာ ဖြစ်လာနေတဲ့ဘဝ။ ဒီလေးခုမှာ ကိုယ့်အလုပ်ကိုလဲ ချစ်တယ်။ ကိုယ့်အလုပ်က ယူဆောင်လာပေးတဲ့ရလဒ်ကိုလဲချစ်တယ်။ဒါကလဲ အောင်မြင်မှုတစ်မျိုးပဲမဟုတ်လား။ Phyo Paing @ Derek

ဒါကလဲ အောင်မြင်မှုတစ်မျိုးပဲမဟုတ်လား။ Read More »

အောင်မြင်ချင်ရင်

အောင်မြင်ချင်ရင်လောဘတွေကို တိုး။ လုပ်နိုင်စွမ်းတွေကို တိုး။ အေးချမ်းချင်ရင်လောဘတွေကို လျော့။ လုပ်နိုင်စွမ်းတွေကို တိုး။ Phyo Paing @ Derek

အောင်မြင်ချင်ရင် Read More »

စေတနာကောင်းတိုင်းကံကောင်းတာမဟုတ်ဘူး။
ပညာကောင်းမှ ကံကောင်းတာ။

ကြိုးစားတိုင်း မအောင်မြင်တဲ့သူတွေတွေ့ဖူးလိမ့်မယ်။ စေတနာကောင်းတိုင်းလဲ ကံပြန်မကောင်းတဲ့ အခိုက်အတန့်တွေတွေ့ရှိဖူးလိမ့်မယ်။ တရားမျှတမှုကိုလိုက်ရှာပြီးမတွေ့တဲ့အချိန်တွေ အများကြီးတွေ့ဖူးလိမ့်မယ်။ လောကနိယာမ အရ ကြိုးစားတဲ့သူ အောင်မြင်တာမဟုတ်ဘူး။ မှန်ကန်တဲ့အချိန်၊ မှန်ကန်တဲ့နေရာမှာ၊မှန်ကန်တဲ့သူတွေနဲ့တွေ့ပြီး၊ မှန်ကန်တဲ့အလုပ်လုပ်နေတာမှအောင်မြင်စေတာ။ စေတနာကောင်းတိုင်းကံကောင်းတာမဟုတ်ဘူး။ပညာကောင်းမှ ကံကောင်းတာ။ ပညာဆိုတာ ကိုယ်လုပ်တဲ့အလုပ်ရဲ့နောက်ဆက်တွဲကို သေချာနားလည်တာ။ပညာကောင်းရင် ကာယကံ၊ ဝဇီကံ၊ မနောကံကောင်းမယ်။ ပညာကောင်းပြီး မှန်ကန်တဲ့အမြင်ရှိတဲ့အခါကံကောင်းအောင်လုပ်ဆောင်နိုင်မယ်။ဒါကြောင့် ဗုဒ္ဓက သမ္မာဒိဋ္ဌိ = ပညာ ကိုမဂ္ဂင်ရှစ်ပါးရဲ့ထိပ်ဆုံးမှာထား သင်ကြားပေးခဲ့တယ်။ လောကကြီးက မတရားဘူး။ဒါကို လက်ခံဖို့လိုတယ်။ လူ့လောက ကတော့မတရားဘူး။ သံသရာကတော့ တရားနိုင်တယ်။ နောက်ပေးတာနဲ့တန်တာပြန်မရဘူး။များများပေးပြီး နည်းနည်းရတာဖြစ်နိုင်တယ်။နည်းနည်းပေးပြီး များများရတာဖြစ်နိုင်တယ်။နည်းနည်းပေးပြီး များများရဖို့လူတွေက ပညာသင်ပြီးနည်းပညာထွင်ကြတယ်။ Phyo Paing @ Derek

စေတနာကောင်းတိုင်းကံကောင်းတာမဟုတ်ဘူး။
ပညာကောင်းမှ ကံကောင်းတာ။
Read More »

အောင်မြင်တဲ့သူတွေရဲ့စကားပဲ
နားမထောင်ပါနဲ့။

မအောင်မြင်တဲ့သူတွေရဲ့စကားနားထောင်ပါ။ ဘာကြောင့်လဲဆို သူတို့ရဲ့ တွေးပုံခေါ်ပုံကိုသင်ခန်းစာယူရှောင်လို့ရတယ်။ သူတို့ရဲ့လုပ်ပုံကိုင်ပုံကိုကြည့်သင်ခန်းစာယူရှောင်လို့ရတယ်။ အောင်မြင်တဲ့သူတွေရဲ့စကားပဲနားမထောင်ပါနဲ့။မအောင်မြင်တဲ့သူတွေရဲ့စကားလဲနားထောင်ပါ။ သူတို့ဆီက တန်ဖိုးမဖြတ်နိုင်တဲ့ရှောင်လို့ရတဲ့ သင်ခန်းစာတွေရတယ်။ ငွေကြေးအမြဲတိုင်ပတ်သူတွေမှာငွေကြေးနဲ့ပတ်သက်လို့ မှားယွင်းနေတဲ့ ယုံကြည်မှု၊အတွေးအခေါ်၊ လုပ်ဆောင်မှုတွေရှိတတ်တယ်။ လူမှုရေးတိုင်ပတ်သူတွေမှာလူမှုရေးနဲ့ ပတ်သက်လို့မှားယွင်းနေတဲ့ ယုံကြည်မှု၊အတွေးအခေါ်၊လုပ်ဆောင်မှုတွေရှိတတ်တယ်။ ကြိုးစားတိုင်းမအောင်မြင်ကံနည်း၊ ဥာဏ်နည်းနေတဲ့သူတွေမှာမှားယွင်းနေတဲ့ ယုံကြည်မှု၊အတွေးအခေါ်၊လုပ်ဆောင်မှုတွေရှိတတ်တယ်။ ဒါကြောင့် မအောင်မြင်တဲ့သူတွေအမြဲကျရှုံးတတ်တဲ့သူတွေထာဝရတိုင်ပတ်တတ်သူတွေစကားနားထောင်ပါ။ဒါမှ ရှောင်လို့ရမယ်။ Phyo Paing @ Derek

အောင်မြင်တဲ့သူတွေရဲ့စကားပဲ
နားမထောင်ပါနဲ့။
Read More »

အောင်မြင်မှုဆိုတာ မနက်ဖြန် မိုးလင်းတာနဲ့
ရုတ်တရက် ရောက်လာတာမျိုး မဟုတ်ပါဘူး။

အိပ်မက် မက်ရုံနဲ့ ဘာမှမဖြစ်လာဘူး၊ လက်တွေ့ကျကျ လုပ်မှ ဖြစ်မယ်။ လူတိုင်းမှာ အိပ်မက်တွေရှိကြတယ်။ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ။ ဒါပေမဲ့ အိပ်မက်က လှပလေလေ၊ အဲ့ဒီလှပမှုနောက်ကွယ်မှာ ကြမ်းတမ်းတဲ့ လက်တွေ့အလုပ်တွေ အများကြီးရှိတယ်ဆိုတာကိုတော့ မေ့ထားလို့ မရဘူး။ ယနေ့ခေတ်မှာ လူမှုကွန်ရက်ပေါ်ကနေ အောင်မြင်မှုပုံရိပ်လှလှလေးတွေကို ကြည့်ပြီး “ငါလည်း ဒီလိုဖြစ်ချင်လိုက်တာ” လို့ တွေးမိကြသူတွေ အများကြီးပါပဲ။ အတုယူတာ ကောင်းပါတယ်။ ဒါပေမဲ့ အတုယူရင်းနဲ့ လက်တွေ့နဲ့ ကင်းကွာသွားတာမျိုးတော့ မဖြစ်စေချင်ဘူး။ လက်တွေ့ကျတယ်ဆိုတာ ဘာလဲ? ကျွန်တော်ရဲ့ အမြင်အရ လက်တွေ့ကျတယ်ဆိုတာဟာ ကိုယ့်ရဲ့ ရည်မှန်းချက်၊ ကိုယ်ပိုင်အစွမ်းအစ၊ ပိုင်ဆိုင်တဲ့အရင်းအမြစ်နဲ့ ပတ်ဝန်းကျင်အခြေအနေတွေကို မျှတစွာ ပေါင်းစပ်ပြီး ရှေ့ဆက်ရမယ့် လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မြင်ခြင်းပဲ။ အိပ်မက်တစ်ခု လူဖြစ်လာဖို့အတွက်… ၁။ အသေးစိတ်

အောင်မြင်မှုဆိုတာ မနက်ဖြန် မိုးလင်းတာနဲ့
ရုတ်တရက် ရောက်လာတာမျိုး မဟုတ်ပါဘူး။
Read More »

ကိုယ့်အတွက်အရေးမပါတဲ့သူရဲ့အမြင်က
အရေးမပါဘူး။

လူတစ်ယောက်ချင်းစီကိုယ့်အပေါ်မြင်တဲ့အထင်အမြင်ကိုပြောင်းဖို့အကောင်းဆုံးနည်းလမ်းကတော့အောင်မြင်မှုပဲ။ လူတိုင်းကိုလိုက်ရှင်ပြနေစရာမလိုဘူး။ ကိုယ့်အတွက်အရေးမပါတဲ့သူရဲ့အမြင်ကအရေးမပါဘူး။ Phyo Paing @ Derek

ကိုယ့်အတွက်အရေးမပါတဲ့သူရဲ့အမြင်က
အရေးမပါဘူး။
Read More »

ကိုယ့်လမ်းကိုယ်မှန်မှန်လျှောက်။

လူတိုင်းက ကိုယ့်အောင်မြင်ရေးဖော်မြူလာနဲ့ကိုယ်။ကိုယ့် flow ဖလိုး ကိုယ်မိဖို့ကိုယ့်လမ်းကိုယ်ဖောက်၊ကိုယ့်လမ်းကိုယ်မှန်မှန်လျှောက်။ Phyo Paing @ Derek

ကိုယ့်လမ်းကိုယ်မှန်မှန်လျှောက်။ Read More »

တိုးတက်မှု > အောင်မြင်မှု

ကိုယ်လိုချင်တာကိုရတာလဲအောင်မြင်မှုလို့ခေါ်တယ်။ အများလိုချင်တာကိုရထားတာကိုလဲတချို့ကအောင်မြင်မှုလို့သတ်မှတ်တယ်။ ကိုယ့်နယ်ပယ်မှာ သာမန်ထက်ကျော်ပြီးထိပ်တန်းထဲပါဝင်ရင်လဲအောင်မြင်မှုလို့သတ်မှတ်တယ်။ တချို့က ကိုယ့်ထက်ရလဒ်ပိုကောင်းရင်လဲအောင်မြင်မှုလို့သတ်မှတ်ပြန်တယ်။ တချို့ကလဲလူတွေအသိအမှတ်ပြုအားပေးတာကိုအောင်မြင်မှုလို့သတ်မှတ်တယ်။ အောင်မြင်မှုရဲ့ အဓိပ္ပာယ်ကကြည့်သူပေါ်မူတည်တယ်။Subjective ဖြစ်လွန်းတယ်။ အောင်မြင်မှုထက် တိုးတက်မှုကကျွန်တော့်အတွက်လက်တွေ့ပိုကျတယ်။ လူတိုင်းမွေးလာကတည်းကနောက်ခံရေမြေ ပေးထားချက်တွေမတူဘူး။ဘဝရဲ့ပြဿနာ မေးထားချက်တွေမတူဘူး။ ဘဝရဲ့ပေးထားချက်တွေကိုအခြေခံပြီးမေးထားချက်တွေကိုဖြေရှင်းရင်းလူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲတာ၊တစ်နည်းအားဖြင့်ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းပုံစံတည်ဆောက်တာကဘဝရဲ့ အဓိပ္ပာယ်လို့ခံယူထားတယ်။ ဒါကြောင့် အောင်မြင်မှုထက်တိုးတက်မှုကို တန်ဖိုးပိုထားတယ်။ဘာကြောင့်လဲဆိုအောင်မြင်မှုဆိုတဲ့ အိမ်မှာနေဖို့တိုးတက်မှုလို့ခေါ်တဲ့အိမ်ငှါးခပေးရမှာမို့ပါ။​ တိုးတက်မှု > အောင်မြင်မှု Phyo Paing @ Derek

တိုးတက်မှု > အောင်မြင်မှု Read More »

တစ်ခုကိုပဲလုပ်။

တစ်ခုကိုပဲလုပ်။ အဲ့တစ်ခုအောင်မြင်ရင်ကိုယ့်ပြိုင်ဖက်တွေကို နောက်ဆယ်နှစ်နေရင်ချန်ထားခဲ့လို့ရမယ်ဆို အဲ့တစ်ခုက ဘာဖြစ်မလဲ။ ကိုယ်ကမပြိုင်ချင်ပေမယ့်ကိုယ့်ကိုလာပြိုင်တဲ့ပြိုင်ဖက်တွေရှိတတ်တယ်။ ကျောင်းမှာ၊အလုပ်မှာ၊ စီးပွားရေးမှာ။ အဲ့လိုအချိန်တိုင်းမှာကိုယ့်ကိုကိုယ်မေးတဲ့မေးခွန်းက“ငါတစ်ခုပဲလုပ်မယ်။အဲ့တစ်ခုအောင်မြင်ရင်သူတို့မလိုက်နိုင်အောင်ချန်ထားခဲ့နိုင်မည့်တစ်ခုကဘာများဖြစ်မလဲ။” ဒီမေးခွန်းအမြဲမေးတယ်။ ဒီတစ်ခုက ဆယ်နှစ်ကြာရင်ကြာမယ်။နှစ်နှစ်ဆယ်ကြာရင်ကြာမယ်။ ကျောင်းတုန်းမှ ထူးချွန်ထက်မြတ်ပြိုင်တဲ့သူတွေချန်ခဲ့အောင်။အလုပ်ခွင်မှာ ကိုယ့်ကိုပြိုင်တဲ့သူတွေကိုအဝေးမှာချန်ခဲ့အောင်။ စီးပွားရေးမျာ စျေးအမြဲလာမေးကိုယ့်ကို အာရုံနောက်အောင်လာလုပ်တဲ့ သူတွေချန်ခဲ့အောင်တိုက်ရိုက်မပြိုင်နဲ့။ သေချာတာတစ်ခုက တိုက်ရိုက်ဘယ်တော့မှမပြိုင်နဲ့။ မဟာဗျူဟာကောင်းတဲ့သူတိုင်းကဘယ်တော့မှ တိုက်ရိုက်မပြိုင်ဘူး။ မပြိုင်ဘဲ နိုင်အောင်ဘဲလုပ်သွားတယ်။ Phyo Paing @ Derek

တစ်ခုကိုပဲလုပ်။ Read More »

ဘဝမှာ ပြိုင်ဖို့စိတ်မဝင်စားဘူး။

ဘဝမှာ ပြိုင်ဖို့စိတ်မဝင်စားဘူး။နိုင်ဖို့ပဲ စိတ်ဝင်စားတယ်။ ဒါကြောင့် မပြိုင်ဘဲနိုင်အောင်လုပ်ပါကိုယ့်ကိုကိုယ် အမြဲပြောတယ်။ ယှဥ်ပြိုင်တာကမောတယ်။ အနိုင်ယူရတဲ့ခံစားချက်က ပျော်ဖို့ကောင်းတယ်။ လိုချင်တာရတာ နိုင်တာပဲ။ လိုချင်တာရဖို့ တိုက်ရိုက်သွားပြိုင်စရာမလိုဘူး။ ဥာဏ်ရှိရှိနိုင်လို့ရတယ်။ Phyo Paing @ Derek

ဘဝမှာ ပြိုင်ဖို့စိတ်မဝင်စားဘူး။ Read More »