system thinking

ဘဝရဲ့ operation system

စိတ်အေးချမ်းချင်ရင်ဗုဒ္ဓစကားနားထောင်ပါ။​ လူအများစုက ဘဝမှာနေထိုင်မှုဘဝရဲ့ operation systemရေရေရာရာမရှိကြဘူး။ ဗုဒ္ဓက ဘဝကိုဖြတ်သန်းဖို့operation system တစ်ခုပေးခဲ့တယ်။ဒါပေမယ့် အများစုကဒီ operation system ကိုအသုံးမချနိုင်ဘူး။ ဗုဒ္ဓက ဘဝကို မဂ္ဂင်ရှင်းပါးနဲ့ဖြတ်သန်းဖို့နည်းပေးလမ်းပြခဲ့တယ်။ပထမတစ်ပါးကျင့်သုံးနိုင်ရင်ကိုဘဝကြီးက တော်တော်ကောင်းမွန်လာမယ်။ ဒါကတော့ “မှန်ကန်တဲ့အမြင်”။သမ္မာဒိဋ္ဌိ ပဲ။ ငွေရေးကြေးရေးအတွက်မှန်ကန်တဲ့အမြင်မရှိရင်ငွေရေးကြေးရေးအရအမြဲတိုင်ပတ်မယ်။ အချစ်ရေးအတွက်မှန်ကန်တဲ့အမြင်မရှိရင်အချစ်ရေးမှာ အမြဲတိုင်ပတ်မယ်။ လူမှုရေးမှာ မှန်ကန်တဲ့အမြင်မရှိရင်လူမှုရေးမှာ အမြဲတိုင်ပတ်မယ်။ စီးပွါးရေးမှာ မှန်ကန်တဲ့အမြင်မထားနိုင်ရင်စီးပွါးရေးလုပ်တိုင်းတိုင်ပတ်မယ်။ ဘဝမှာ မှန်ကန်တဲ့အမြင်မရှိရင်ဘဝဖြတ်သန်းမှုမှာ အမြဲတိုင်ပတ်မယ်။​ သံသရာကလွတ်မြောက်ဖို့မှန်ကန်တဲ့အမြင်လိုသလို၊သံသရာထဲဖြတ်သန်းဖို့လဲမှန်ကန်တဲ့အမြင်လိုတယ်။ Phyo Paing @ Derek

ဘဝရဲ့ operation system Read More »

ဥာဏ်ရှိရှိနဲ့ လိုချင်တာရဖို့
စနစ်တစ်ခုဖန်တီးဖို့လိုတာ

အလုပ်ပိုကြိုးစားဖို့လိုတာမဟုတ်ဘူး။ဥာဏ်ရှိရှိနဲ့ လိုချင်တာရဖို့စနစ်တစ်ခုဖန်တီးဖို့လိုတာ။ Phyo Paing @ Derek

ဥာဏ်ရှိရှိနဲ့ လိုချင်တာရဖို့
စနစ်တစ်ခုဖန်တီးဖို့လိုတာ
Read More »

ဒီစဥ်းစားပုံသိထားရင်
ဘဝကြီး ပိုလွယ်သွားလိမ့်မယ်။

တိုင်ပတ်တဲ့ လူမှုအဖွဲ့အစည်းဟာအဖြူအမဲအဓိကစဥ်းစားလေ့ရှိပြီးစနစ်တစ်ခုအနေနဲ့ မမြင်နိုင်လို့ဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ ရှုပ်ထွေးပြီး အပြန်အလှန်ဆက်စပ်နေပါတယ်။ ဒီလိုရှုပ်ထွေးတဲ့ကမ္ဘာကြီးကို နားလည်ဖို့ Systems Thinking ဆိုတဲ့ တွေးခေါ်နည်း လိုအပ်ပါတယ်။ Systems Thinking ဆိုတာ ဘာလဲ။ ၁။ အရာခပ်သိမ်းကို သီးခြားစီ မမြင်ပါဘူး။၂။ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့ စနစ်တစ်ခုအနေနဲ့ မြင်ပါတယ်။၃။ ကမ္ဘာကြီးကို ပိုမိုကျယ်ပြန့်စွာ နားလည်စေတဲ့ တွေးခေါ်နည်းပါ။ ဒီအတွေးအခေါ်ကို ၁၉၃၀ ခုနှစ်ဝန်းကျင်မှာ Ludwig von Bertalanffy က စတင်မိတ်ဆက်ခဲ့ပါတယ်။ Systems Thinking ရဲ့ အားသာချက်များ:၁။ ရှုပ်ထွေးတဲ့ပြဿနာတွေကို ပိုနားလည်လာစေပါတယ်။၂။ ရေရှည်အကျိုးသက်ရောက်မှုတွေကို ထည့်သွင်းစဉ်းစားစေပါတယ်။၃။ ပြဿနာတွေရဲ့ အရင်းခံအကြောင်းတရားတွေကို ဖော်ထုတ်နိုင်စေပါတယ်။ နေ့စဥ်ဘဝမှာ Systems Thinking ကို အသုံးချနည်းများ:၁။ အရာရာကို ကျယ်ကျယ်ပြန့်ပြန့်မြင်အောင်

ဒီစဥ်းစားပုံသိထားရင်
ဘဝကြီး ပိုလွယ်သွားလိမ့်မယ်။
Read More »