March 2022

ကိုယ့်ရဲ့အကောင်းဆုံး version ဖြစ်ဖို့ နေ့စဉ် သင်ယူလေ့လာနေဖို့လိုတာပဲ။

သင်ယူမှုအသစ်ပြုလုပ်တိုင်းဦးနှောက်ဆဲလ်တွေဖြစ်တဲ့ neurons တွေတစ်ခုနဲ့တစ်ခု အချိတ်အဆက်ဖြစ်တယ်။ဒါကို dendritic connectionsဖြစ်တယ်လို့ခေါ်တယ်။ဒီလိုသင်ယူမှုတစ်ခုပြုလုပ်တိုင်းကိုယ့်ဦးနှောက်က အပြောင်းအလဲဖြစ်တယ်။ ကြွက်သားတွေ သန်မာဖို့လေ့ကျင့်ခန်းလုပ်ရသလိုဦးနှောက်ကောင်းဖို့သင်ယူမှုပြုလုပ်နေဖို့လိုတယ်။အလေးမနေကျမဟုတ်ရင်မဖို့ တော်တော်လေးပင်ပန်းသလိုလေ့လာနေကျမဟုတ်ရင်လဲအစပိုင်းမှာ နားလည်ဖို့ခေါင်းတော်တော်လေး ပူရတယ်။ ကိုယ့်ရဲ့အကောင်းဆုံး version ဖြစ်ဖို့နေ့စဉ် သင်ယူလေ့လာနေဖို့လိုတာပဲ။ Phyo Paing @ Derek

ကိုယ့်ရဲ့အကောင်းဆုံး version ဖြစ်ဖို့ နေ့စဉ် သင်ယူလေ့လာနေဖို့လိုတာပဲ။ Read More »

ဒီနေ့အတွက် အလုပ်လုပ်နေတာမဟုတ်ဘူး။

တခါတခါ အမျိုးတွေနဲ့တွေ့လို့ဘာလုပ်နေလဲမေးရင် တော်တော်ရှင်းပြရခက်တယ်။Business Trainer, Consultant ပေါ့။YEC Learning Center သင်တန်းကျောင်းဖွင့်ထားတယ်ပေါ့။ ToeTet, DreamLab, Akyanpay,Sapwar, Nyan Htet, Mindmax, Dr Thuta, Thukha, DanaDaily ဒါတွေနဲ့ နောက်ထပ်လုပ်မည့်ဆယ့်ငါးခုလောက်ထိုင်ပြောနေရင်ပိုရှုပ်ကုန်မယ်။ဒါတွေအကုန်လုံးက Niche Brand တွေလည်လဲလည်ပတ်နေပြီ။ Paid users လူ ၂၀၀၀၀ လောက်ပဲ target ထားတာအပြင်ကလူတွေကို ရှင်းပြရသိပ်မလွယ်ဘူး။ > 60 Lakh အထက်ပဲ လက်ခံပြီးWebsite ပေါင်းများစွာလုပ်ပေးခဲ့တဲ့ ပူးတွဲတည်ထောင်ထားတဲ့DigitalSeed Agency နောက် ကူညီပေးနေတဲ့ Australiaအခြေစိုက် ကလေး coding school CIY Club တခြား Business Model သေချာမစဉ်းစားရသေးတဲ့ထဲမှာDigitalZay, Eainshar ပါတယ်။Intern တွေနဲ့ချိတ်ပေးမယ့်

ဒီနေ့အတွက် အလုပ်လုပ်နေတာမဟုတ်ဘူး။ Read More »

မှားတာ ပြဿနာမဟုတ်ဘူး။

လူတိုင်းက စိတ်ဓာတ်တိုက်ပွဲနေ့စဉ် တိုက်နေရတယ်ဗျာ။စိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာ၊တခါတလေ အဝေးတစ်နေရာကိုထွက်ပြေးသွားချင်တာ၊ကိုယ့် Facebook account ကို Deactivate လုပ်ပြီးနေလိုက်ချင်တာ။ ဘဝမှာ အကြည်ဓာတ်ဆိုတာရဖို့ခက်တယ်။အထူးသဖြင့် ကျွန်တော်တို့နေထိုင်တဲ့ ယဉ်ကျေးမှု Culture မှာပေါ့။ဒီနိုင်ငံရေး၊ ဒီစီးပွါးရေး၊ ဒီလိုခိုးဆိုးလုဝှက်တွေ များနေတဲ့နေရာမျိုးမှာပေါ့။ဒါက ဘယ်လိုဖြစ်လာလဲဆိုတာ အားလုံးသိပြီးသားပဲလေ။ တစ်ခုလုပ်လို့ရတာကတော့ Cultural escape လုပ်တာပဲ။တခြားသူတွေရဲ့အထင်အမြင်တွေကိုယ့်စိတ်ခံစားချက်ပေါ်လွမ်းမိုးမှုမရှိအောင်အာရုံအရေးကြီးတယ်။ ဒီအာရုံက ကိုယ်ပျော်ပြီးငွေရတဲ့အလုပ်မှာ ၁၀၀% ထားဖို့လိုတယ်။ဒီအလုပ်မရှိသေးရင် လေ့လာရမှာကိုယ့်တာဝန်ပဲ။ ပေါင်းသင်းတဲ့လူတွေ ဂရုစိုက်ဖို့လိုတယ်။ ကိုယ့်ရဲ့ အကောင်းဆုံးပုံစံနဲ့ မိနစ်တိုင်းနေသွားဖို့ကိုယ်ထိန်းချုပ်မရတာတွေအစားထိန်းချုပ်နိုင်တာတွေကိုပဲ အာရုံစိုက်လုပ်ဆောင်ဖို့။ ဘာပဲဖြစ်ဖြစ် ၁၀၀% ကိုယ့်ကိုကိုယ်တာဝန်ယူဖို့။အစွမ်းကုန် ရိုးသားဖို့၊သစ္စာရှိ commitment ရှိဖို့။ဒါတွေကတော့ ၂၀၂၂ Limitless Stoic Goal ပဲ။ လူတိုင်းက perfect မဖြစ်ဘူး။Childhood Trauma တစ်ပုံကြီးပါခဲ့နိုင်တယ်။Healing မလုပ်တတ်ရင်တစ်ဘဝလုံး လူဖြစ်ရှုံးသွားနိုင်တယ်။ မှားတာ

မှားတာ ပြဿနာမဟုတ်ဘူး။ Read More »

Social media ကို
Motivation အတွက်
အထာကျကျသုံးပါ။

Social Media ကို Motivation အတွက်ဘယ်လို အထာကျကျသုံးသလဲ။ သင်ယူမှု၊ မော်တီဗေးရှင်းနဲ့ လှုပ်ရှားမှုအတွက်Dopamine ဆိုတဲ့ ဟော်မုန်းလိုတယ်။ ဒီ ဒိုပါမင်းဟော်မုန်းက သဘာဝအလျောက်ဖြစ်နေတဲ့ခန္ဓာကိုယ်အတွင်းက “feel-good”နေထိုင်လို့ကောင်းစေတဲ့ ဟော်မုန်းဖြစ်တယ်။အစားအသောက်ကောင်း၊ sex သို့စွဲလမ်းစေတဲ့ဆေးဝါးတချို့ကြောင့်လဲဒီ ဟော်မုန်းထွက်တယ်။ လူ့ဦးနှောက်ရဲ့ reward system ကိုနိုးဆွတဲ့အတွက် နေလို့ထိုင်လို့ကောင်းhigh စေတယ်။ Social Media က ဒီ hormone ဖြစ်စဥ်ကိုအသုံးပြုပြီး လူတွေကိုစွဲလမ်းအောင်ဖန်တီးထားတယ်။ ဒါကြောင့် post ခဏခဏတင်တဲ့သူတွေကတင်ပြီးရင် တင်ချင်နေတာဖြစ်တယ်။ ဒီဖြစ်စဥ်ကို အသုံးပြုပြီးခါတိုင်း note တွေထဲမှာရေးတဲ့စာတွေကို social media မှာတင်ပြီးdopamine hormone ကို နှိုးဆွတယ်။ ဒီကမှ တဆင့်နောက် content တွေဖန်တီးဖို့ motivation တွေပြန်ရပြီးendless cycle ဖြစ်လာတယ်။ အခုရေးနေတဲ့

Social media ကို
Motivation အတွက်
အထာကျကျသုံးပါ။
Read More »

Social media ဆိုတာ

Social media ဆိုတာ ကလေးတစ်ယောက်ပဲ။ကိုယ်ပေးချင်တဲ့ message ကိုပေးချင်တဲ့သူများများဆီ ကုန်ကျစရိတ်မရှိသလောက်နဲ့ရောက်အောင်သူ့ကို နေ့စဉ် train ပေးနေဖို့လိုတယ်။ Phyo Paing @ Derek

Social media ဆိုတာ Read More »

လူတွေရဲ့ အထင်အမြင်က
သင့်ခံစားချက်ကို မလွမ်းမိုးနိုင်တော့ရင်
သင်က next level ရောက်သွားပြီ။

Elon Musk ဆိုလဲကြည့်လေcrypto community က တချို့ဝိုင်းဆဲကြတယ်။အေးဆေးပဲ။ ဂရုကိုမစိုက်ဘူး။ Next Level ရောက်ဖို့ကအရာရာကို ယုတ္တိကျကျတွေးခေါ်ပြီးသတင်းတစ်ခုကို နှလုံးသားနဲ့မခံစားခင်ဦးနှောက်နဲ့ စကာစစ်ဖို့ လိုတယ်။ ဒီလိုဖြစ်ဖို့ ကိုယ့် personality ကိုFeeling သမားကနေ Thinking သမားဖြစ်အောင်စိတ်ပညာ intervention တွေနဲ့ ပြောင်းလိုက်တယ်။ ဘဝမှာ ပိတ်နေတဲ့ တံခါးတွေအများကြီးပွင့်သွားတယ်။ Phyo Paing @ Derek

လူတွေရဲ့ အထင်အမြင်က
သင့်ခံစားချက်ကို မလွမ်းမိုးနိုင်တော့ရင်
သင်က next level ရောက်သွားပြီ။
Read More »

Facebook သာပိတ်သွားခဲ့ရင် ဘာတွေကြိုလုပ်ထားရမလဲ?

ကိုယ်တိုင် own media မှာ subscriber စ စုထားပါ။ဒီနေ့ခေတ် marketer အများစုရဲ့ metrics ကcustomer list ထဲမှာရှိတဲ့ subscriber ပါ။ အရင်နှစ်နှစ်ကလဲ customer listတည်ဆောက်ဖို့ ပြောခဲ့ဖူးပါတယ်။ Phyo Paing @ Derek

Facebook သာပိတ်သွားခဲ့ရင် ဘာတွေကြိုလုပ်ထားရမလဲ? Read More »

အမှတ်တံဆိပ်တစ်ခုတည်ဆောက်တဲ့အခါ ကိုယ်ဘယ်သူလဲ၊ ဘာယုံကြည်လဲ၊ ကိုယ့် Opinion အထင်အမြင်တွေကို သတ္တိရှိရှိ ဖော်ပြရပ်တည်ရဲရမယ်။
မဟုတ်ရင် ဘားမှမထူးတဲ့
Me Too ပဲ ဖြစ်လိမ့်မယ်။

Apple အနေနဲ့ Privacy အတွက်ရပ်တည်တယ်။FBI က backdoor လုပ်ခိုင်းလဲ မလုပ်ဘူး။Google က democratizing informationအတွက်ရပ်တည်တယ်။တရုတ် China firewall ကြောင့်အမြတ်များလှတဲ့ တရုတ်ကိုကျောခိုင်းခဲ့တယ်။ Xiaomi က လူတိုင်းတီထွင်ဆန်းသစ်မှုအနှစ်သာရကိုရဖို့Innovation for Everyone ဆိုပြီးစျေးသက်သာအရည်အသွေးကောင်းပစ္စည်းတွေထုတ်တယ်။Alibaba က 相信小的伟大 ဆိုပြီးSmall is beautiful ဆိုပြီးSME တွေအတွက် ရပ်တည်တယ်။ စာရွက် စာတီဖီကိတ်ပဲရှိပြီးစကေးမရှိတာကို မုန်းတယ်။အမြင်လှပြီး တကယ်မတတ်တာကိုလူ့ပေါက်ပန်းလို့ နာမည်ပေးထားတာမမှားဘူးလို့ထင်တယ်။ ကျွန်တော်ကတော့ တကယ့် serious ဖြစ်တဲ့Passionate ဖြစ်တဲ့PwP (People with Passion) ကိုပဲservice ပေးဖို့ YEC Learning Center ကိုစတင်ခဲ့တယ်။နာမည်ကြီးဖို့မလိုဘူး။နေရာတိုင်းမှာရှိဖို့မလိုဘူး။ကိုယ်လိုချင်တဲ့အပြောင်းအလဲကိုဖော်ဆောင်နိုင်ဖို့ပဲလိုတယ်။ Phyo Paing @ Derek

အမှတ်တံဆိပ်တစ်ခုတည်ဆောက်တဲ့အခါ ကိုယ်ဘယ်သူလဲ၊ ဘာယုံကြည်လဲ၊ ကိုယ့် Opinion အထင်အမြင်တွေကို သတ္တိရှိရှိ ဖော်ပြရပ်တည်ရဲရမယ်။
မဟုတ်ရင် ဘားမှမထူးတဲ့
Me Too ပဲ ဖြစ်လိမ့်မယ်။
Read More »

ကိုယ့်ရဲ့ biological clock ကို
productivity အတွက်
အကောင်းဆုံးအသုံးချတတ်ရင် ရွှေပဲ။

မနက်လေးနာရီထနေကျဆိုနိုးစက်မလိုပဲထတာ။အရင်နှစ် April တုန်းကဆိုအင်တာနက်တွေဖြတ်အိမ်ထဲကမထွက်တဲ့အတွက်နေ့နဲ့ညတွေမှားနေနိုင်တာဒါက ခန္ဓာကိုယ်ရဲ့ဖြစ်စဥ်circadian rhythm ဆိုတဲ့အချက်ကြောင့်ဖြစ်တယ်။ တကယ်လို့ ကိုယ်ကဖျားလို့တစ်ခုခုကြောင့် အဲ့စနစ်ပျက်သွားရင်အချိန်လေးပေးပြီးပြန်တည်ဆောက်လို့ရတယ်။ ကိုယ့်ရဲ့ biological clock ကိုproductivity အတွက်အကောင်းဆုံးအသုံးချတတ်ရင် ရွှေပဲ။ တချို့သုတေသနလုပ်ပြီးထားခေတ်ပညာတွေကို အသုံးမချတာနေ့စဥ်ရှုံးနေတာနဲ့ အတူတူပဲ။ Phyo Paing @ Derek

ကိုယ့်ရဲ့ biological clock ကို
productivity အတွက်
အကောင်းဆုံးအသုံးချတတ်ရင် ရွှေပဲ။
Read More »

Differentiate or Die

Differentiate or Die သာမန် လူတွေကို ရောင်းဖို့သာမန် ကုန်ပစ္စည်းတွေ မထုတ်ပါနဲ့။ဒါ ဒီနေ့ခေတ်ရဲ့ မားကတ်တင်းအတွေးအခေါ်ဖြစ်တယ်။ သာမန်လူတွေအတွက်သာမန်ကုန်ပစ္စည်းတွေ ထုတ်ခြင်းဟာရှုံးနိမ့်မှုရဲ့ ရှေ့ပြေးပဲလို့ ဆိုကြတယ်။ သာမန် ဖုန်းဆိုင်၊ သာမန် လက်ဖက်ရည်ဆိုင်သာမန် စားသောက်ဆိုင်၊ သာမန် အထည်ဆိုင်သာမန် လက်ဝတ်ရတနာဆိုင်ဒီ သာမန် ကုန်ပစ္စည်းရောင်းတဲ့သာမန်ဆိုင်တွေက ပုံစံတူတွေဖြစ်နေတယ်။ စီးပွားရေးလုပ်ငန်းမှာ ထူးရင်ထူးမထူးရင် အဆင်မပြေလို့ မျက်စံပြူးမယ်။Differentiate or Die ပဲ။ ထူးဖို့ ကိုယ်လုပ်တဲ့အလုပ်ကိုရူးသွပ်ဖို့လိုတယ်။ဆရာကျအောင် လေ့လာနေဖို့လိုတယ်။တီထွင်ဆန်းသစ်ဖို့လိုတယ်။ ကိုယ့်လုပ်ငန်းက • Business Model နဲ့ ထူးအောင်လုပ်မှာလား ? • ကုန်ပစ္စည်းနဲ့လား ? • ဝန်ဆောင်မှုနဲ့လား ? • စျေးနှုန်းနဲ့လား ? • Marketing လုပ်တဲ့ပုံစံနဲ့လား ?

Differentiate or Die Read More »