July 2022

အကောင်းဆုံး version
တည်ဆောက်ဖို့က ကိုယ့်ရဲ့တာဝန်ပဲ။

အသက်ရှင်နေတုန်း ကိုယ့်ရဲ့အကောင်းဆုံး version တည်ဆောက်ဖို့က ကိုယ့်ရဲ့တာဝန်ပဲ။ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်ဖို့လိုတယ်။ ကိုယ့်နဲ့ အကောင်းဆုံးတွေပဲထိုက်တန်တယ်ဆိုတာ သိဖို့လိုတယ်။ဒီအသိနဲ့ အလုပ်ကို သေချာလုပ်ဖို့လိုတယ်။ Phyo Paing @ Derek

အကောင်းဆုံး version
တည်ဆောက်ဖို့က ကိုယ့်ရဲ့တာဝန်ပဲ။
Read More »

နေ့စဥ်ရဲ့ စွမ်းပကားကို
လျော့မတွက်ပါနဲ့။

အလုပ်တစ်ခုကို နေ့စဥ်နေ့တိုင်းမပျက်မကွက်လုပ်တဲ့အခါ တစ်နှစ်လောက်နေရင်အသီးအပွင့်ကို စခံစားလာရပြီ။ဒီအသီးအပွင့်အရသာကို သိသွားခဲ့ရင် အရင်နေနေကျပုံစံကိုပြန်သွားချင်မှာ မဟုတ်ဘူး။ ဒါကြောင့် တစ်ရက်ကိုမဖြစ်မနေဖြစ်အောင်လုပ်မည့်must-do list ငါးခုလောက်ထားထားခြင်းကကိုယ့်ရဲ့ productivity ကို တက်စေတယ်။ Phyo Paing @ Derek

နေ့စဥ်ရဲ့ စွမ်းပကားကို
လျော့မတွက်ပါနဲ့။
Read More »

အပေါ်ယံ

Fitness အရင်တုံးက အပေါ်ယံကြည့်ပြီးဒီကောင်တွေ တော်တော်အားတယ်ကွာအလေးတုန်းကြီးတွေကို အချိန်ကုန်ခံပြီးမနေရတယ်လို့။ six packs တို့ဘာတို့ ဘာလုပ်မလဲ။ အချိန်ကုန်လို့ဆိုတဲ့ အတွေးရှိခဲ့ဖူးတယ်။ တကယ်လေ့လာလေလေ သိလာလေလေကfitness ဆိုတာ လှဖို့ aesthetics နဲ့ physique အတွက်ပဲ လုပ်တာမဟုတ်ဘူး။ ရွေ့လျားနိုင်မှု၊ ပျော့ပြောင်းမှု၊ ခွန်အား၊ဗလ၊ ကြံံ့ခိုင်မှု၊ သွက်လက်မှု ဒါတွေပါတယ်။ တစ်နေ့ YouTube ကြည့်နေရင်းChris Heria ရဲ့ video တစ်ခုတွေ့တယ်။လွန်ခဲ့တဲ့ ကိုးလလောက်က။ဒါနဲ့ fitness ကို စိတ်ဝင်စားပြီးလေ့လာကြည့်တယ်။ Cross-fit တို့ functional fitness တို့၊ HIT တို့၊ traditional resistance training တို့၊Calisthenics တို့ မျိုးစုံတွေ့တယ်။ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာတယ်။ ဒါနဲ့ Diet

အပေါ်ယံ Read More »

ရူးသွပ်တဲ့အရာတွေက
Business idea တွေရနိုင်တယ်။

စီးပွါးရေး idea သစ်တွေက ကိုယ်ငွေအသုံးပြုတဲ့ အရာတွေကရနိုင်တယ်။ ကိုယ်တိုင် ဒီကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေမှာငွေအသုံးပြုနေပြီဆိုကတည်းကဝယ်ယူအသုံးပြုသူတွေရဲ့ စိတ်ပညာကိုသိပြီးဖြစ်တဲ့အတွက် စီးပွါးရေး တစ်ခုအနေနဲ့ လုပ်ဆောင်ဖို့ သိပ်မခက်တော့ဘူး။ ငယ်ငယ်က သင်တန်းတွေတစ်ခုပြီး တစ်ခုတက်တယ်။ သင်တန်းကျောင်းဖြစ်လာတယ်။သင်ယူမှုကို ရူးသွပ်တဲ့အတွက် Online Course တွေကို ငယ်ငယ်တည်းက iTunes U တို့၊Lynda ခေတ်ကတည်းက လေ့လာခဲ့တော့Online Learning Platform တစ်ခုတည်ဆောက်ဖို့ လွယ်ကူလာတယ်။ Planning အတွက် Strategyzer တို့၊ တခြား tool တွေအသုံးပြုတာများတော့Akyanpay.com ကို တည်ဆောက်ဖို့ကိုယ့်အတွက် research တွေအများကြီးလုပ်စရာမလို စတင်နိုင်တယ်။ ကိုယ်ငွေ အသုံးပြုဖြစ်တဲ့ ရူးသွပ်တဲ့အရာတွေက Business idea တွေရနိုင်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ရူးသွပ်တဲ့အရာတွေက
Business idea တွေရနိုင်တယ်။
Read More »

လူတွေရဲ့ စိတ်ခံစားမှု mood က
မနက်၊ နေ့လည်၊ ညနေ၊ ည မှာ
မတူဘူး။

လအလိုက်လဲ မတူဘူး။ဥပမာ New Year မှာ gym သွားတဲ့ ပိုများတယ်။Monday မှာ ပိုများတယ်။ မနက်ထထချင်းမှာ cortisol levelများတဲ့အတွက် alert ဖြစ်တယ်။Coffee သောက်စရာမလိုဘူး။Coffee က သွေးထဲရောက်ဖို့၂၅ မိနစ် ကြာတယ်။နေ့လည် ခဏအိပ်တာစွမ်းဆောင်ရည်ကို တက်စေတယ်။ နေ့လည် မိနစ် ၂၀ ထက်ပိုအိပ်ရင်Sleep inertia ဖြစ်ပြီး ပိုပင်ပန်းစေတယ်။ဒီတော့ ၂ နာရီခွဲလောက်မှာကော်ဖီသောက် မိနစ်၂၀ အိပ်။ဘာကြောင့်လဲဆို အဲ့အချိန်ကMood အကျဆုံးအချိန်။ Drive ကိုရေးတဲ့ စာရေးဆရာ Daniel H. Pink ရဲ့ စာအုပ်။ Insider Note ရဲ့ 276 အုပ်မြောက်။ Phyo Paing @ Derek

လူတွေရဲ့ စိတ်ခံစားမှု mood က
မနက်၊ နေ့လည်၊ ညနေ၊ ည မှာ
မတူဘူး။
Read More »

ကိုယ့်စိတ်နဲ့ခန္ဓာကို သေချာ
နားလည်ဖို့ အရေးကြီးတယ်။

ဘယ်လိုဖြစ်ဖြစ် သင်သေမှာပဲ။စောစောသေမလားနောက်ကျသေမလားပဲ မသိတာ။သေတာက သေမှာပဲ။သင်သေတဲ့နေ့ တစ်ပတ်လောက်လူတွေ ဝမ်းနည်းကောင်းဝမ်းနည်းမယ်။ မသေခင်တော့ စိတ်နဲ့ ခန္ဓာရှိနေသမျှဒီနှစ်ခုအလိုကို ဖြည့်ဆည်းပေးနေရတယ်။ ကိုယ်စိတ်နဲ့ ခန္ဓာကို မနိုင်ရင် တိုင်ပတ်တယ်။ဒီနှစ်ခုကို နားလည်သတိပြုမိတာကိုSelf-awareness လို့ခေါ်တယ်။ Self-awareness မရှိရင် ကိုယ့်ကိုကိုယ်နားမလည်ဘူး။နားမလည်ရင် Self-discipline ရှိဖို့မလွယ်ဘူး။Strategy လဲ ချလို့မလွယ်ဘူး။ Self-awareness အရေးကြီးတယ်။ ကိုယ့်စိတ်နဲ့ခန္ဓာကို သေချာနားလည်ဖို့ အရေးကြီးတယ်။ Phyo Paing @ Derek

ကိုယ့်စိတ်နဲ့ခန္ဓာကို သေချာ
နားလည်ဖို့ အရေးကြီးတယ်။
Read More »

အသုံးချ စိတ်ပညာတော့
အနည်းဆုံးသိထားသင့်တယ်။

လုပ်ငန်းရှင်တွေအနေနဲ့ အသုံးချ စိတ်ပညာတော့အနည်းဆုံးသိထားသင့်တယ်။ဝန်ထမ်းရေးရာစီမံခန့်ခွဲတဲ့အခါ၊ဖောက်သည်တွေနဲ့ ဆက်ဆံတဲ့အခါလူကြောနပ်ဖို့ လိုတယ်။ဒါကြောင့် ဟောင်ကောင်သူကြွယ်ကြီးလီကာရှင်းက စီးပွါးရေးလုပ်နည်းမသင်ခင်မှာလူလုပ်နည်း (လူပေါင်းသင်းဆက်ဆံနည်း)သိအောင်လုပ်ပါတဲ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

အသုံးချ စိတ်ပညာတော့
အနည်းဆုံးသိထားသင့်တယ်။
Read More »

Social life အတွက်လဲ အချိန်တစ်ခုပေး
ထားတာ ကောင်းတယ်။

လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ တခါတလေ operations ထဲမှာရောက်နေပြီး social life သိပ်မရှိအပြင်လောကနဲ့ အဆက်အသွယ်ပြတ်နေတဲ့အချိန်တွေ ရှိတတ်တယ်။ဒါကြောင့် အချိန်ကို စီမံခန့်ခွဲပြီးSocial life အတွက်လဲ အချိန်တစ်ခုပေးထားတာ ကောင်းတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

Social life အတွက်လဲ အချိန်တစ်ခုပေး
ထားတာ ကောင်းတယ်။
Read More »

ပေါင်းသင်းဆက်ဆံရေးညံ့တာ
မဟုတ်ပါဘူး။
နည်းစနစ်မသိသေးတာပါ။

Milton’s Model ဆိုတာ NLP ထဲကTools တစ်ခုပေါ့။20 ရာစုက စိတ်ညှို့ပညာရင်Milton Erickson ဆိုတဲ့ ပုဂ္ဂိုလ်တီထွင်ထားတာ။လူတွေကို လွမ်းမိုးချင်ရင်သုံးတယ်။ ဥပမာဗျာ ခင်ဗျားလဲ သိတဲ့အတိုင်း ကျွန်တော်ဘာပြောချင်လဲဆိုတာ။ စဉ်းစားကြည့် မသိလဲသိသလိုလိုဖြစ်သွားတယ်။ ကိုယ့်ကို ပြဿနာလာရှာ လာရစ်ရင်အစ်ကိုလဲ သိပါတယ်။ဒါက ပြောစရာလိုတဲ့ကိစ္စမှ မဟုတ်တာ။ဟုတ်တယ်ဟုတ်? ဟုတ်ဟုတ် မဟုတ်ဟုတ်ဟုတ်သလိုလို ဖြစ်သွားရော။ အဲ့လို Milton’s Model သုံးတာကပြဿနာတော်တော်များများကိုကာကွယ်ပေးနိုင်တယ်။ ဒါပေမယ့် idea တစ်ခုကိုတိတိကျကျ ပြောတဲ့အခါတစ်ဖက်ဖက်မှာရပ်တည်တဲ့အခါအခက်အခဲရှိနိုင်တယ်။ Milton’s model ကအရောင်းသမားတွေအသုံးပြုတယ်။လူတွေလွမ်းမိုးချင်တဲ့သူတွေအသုံးပြုတယ်။နိုင်ငံရေးသမားတွေ အသုံးပြုတယ်။မားကတ်တင်းသမားတွေသုံးတယ်။ သိထားတာတော့ မမှားဘူး။ ပေါင်းသင်းဆက်ဆံရေးညံ့တာမဟုတ်ပါဘူး။နည်းစနစ်မသိသေးတာပါ။ Phyo Paing @ Derek

ပေါင်းသင်းဆက်ဆံရေးညံ့တာ
မဟုတ်ပါဘူး။
နည်းစနစ်မသိသေးတာပါ။
Read More »

စမ်းသပ်ရမှာ မကြောက်ပါနဲ့။

ကိုယ့်ကိုကိုယ် အစမ်းသပ်ခံတဲ့လူတစ်ယောက်လိုပဲ စဉ်းစားတယ်။ စိတ်ညစ်မရာတွေ မရှိသလောက်နဲ့ဘဝကို အရသာရှိရှိဖြတ်သန်းဖို့ဖြစ်နိုင်မလား စမ်းသပ်ကြည့်တယ်။ ဥာဏ်မကောင်းဘူးလို့ ကိုယ့်ကိုကိုယ်ထင်နေတဲ့ သူတစ်ယောက်ကနည်းစနစ်မှန်မှန်လေ့ကျင့်ရင်ဥာဏ်ကောင်းတာ၊ စာဖတ်မြန်တာလုပ်လို့ရသလား စမ်းသပ်ကြည့်တယ်။ ၄၊၅ နှစ်အတွင်း ပညာတစ်ခုလေ့လာပြီး ဆရာကျအောင်လုပ်လို့ရမလား စမ်းသပ်ကြည့်တယ်။ ကိုယ်မပါပဲ ကိုယ့်ကို passive incomeပုံစံမျိုးရှာပေးလို့ရတဲ့ လုပ်ငန်းတည်ဆောက်လို့မရလား စမ်းကြည့်တယ်။ မြန်မာစကားပီအောင်မပြောတတ်လဲTrainer တို့၊ Public Speaker တို့လုပ်လို့ရမလား စမ်းသပ်ကြည့်တယ်။ Content Marketing ကနေ Content Inc လို Business တည်ဆောက်လို့ရမလားစမ်းသပ်ကြည့်တယ်။ စာကောင်းကောင်းမရေးတတ်ပဲစားလုံးပေါင်းအမှားမှား၊စကားမကြွယ်ပဲ blogging မှာနေရာတစ်ခုရနိုင်မလား စမ်းကြည့်တယ်။ ဖက်တီးပုတ် ကနေ fit ဖြစ်အောင်အချိန်တိုအတွင်း ဝိတ်ချပြီးFit ဖြစ်အောင် strength တက်အောင်လုပ်လို့ရမလား စမ်းသပ်ကြည့်တယ်။ မြန်မာပြည်မှာ Zoom တစ်ခုတည်းနဲ့တစ်ပတ်ကို ကိုယ် Coach

စမ်းသပ်ရမှာ မကြောက်ပါနဲ့။ Read More »