လူတစ်ယောက်ရဲ့ will power က
ညနေပိုင်းရောက်လာလေလေကျလာလေလေ ဖြစ်တတ်တယ်။မနက်ပိုင်းမှာ ဦးနှောက်ကို အာဏာကုန်သုံးအာရုံစိုက်တဲ့အလုပ်ခြင်းကတစ်ရက်တာရဲ့ စွမ်းပကားကိုအကောင်းဆုံးအသုံးပြုရာရောက်တယ်။ Phyo Paing @ Derek
ညနေပိုင်းရောက်လာလေလေကျလာလေလေ ဖြစ်တတ်တယ်။မနက်ပိုင်းမှာ ဦးနှောက်ကို အာဏာကုန်သုံးအာရုံစိုက်တဲ့အလုပ်ခြင်းကတစ်ရက်တာရဲ့ စွမ်းပကားကိုအကောင်းဆုံးအသုံးပြုရာရောက်တယ်။ Phyo Paing @ Derek
နှစ်ပေါင်းများစွာ စိတ်ညစ်ခဲ့ဖူးတယ်။စိတ်ဓာတ်ကျခဲ့ဖူးတယ်။ ကိုယ့်ကိုကိုယ် အပစ်တင်ခဲ့ဖူးတယ်။ ပြဿနာတစ်ခုခုကြုံလာတိုင်းဘယ်သူ့ပြေးအားကိုးရမှန်းမသိအကြိမ်ပေါင်းမနည်းဖြစ်ခဲ့ဖူးတယ်။ လုပ်နေတဲ့အလုပ်ကို ရပ်ပစ်ဖို့အကြိမ်တစ်ရာမက စဉ်းစားခဲ့ဖူးတယ်။ ငါလုပ်နေတာ ဟုတ်မှဟုတ်ရဲ့လား၊မှန်မှမှန်ရဲ့လား တွေဝေဒွိဟတွေအကြီးကြီးဖြစ်ခဲ့ဖူးတယ်။ ဝန်ထမ်းတွေ ကိုယ့်စကားနားမထောင်လို့စိတ်ညစ်တဲ့ရက်တွေ အများကြီးရှိခဲ့ဖူးတယ်။ ဆိုင်က အခိုးခံရတဲ့ CCTV ကိုပြန်ကြည့်ပြီး တော်တော်ဒေါသထွက်ခဲ့ဖူးတယ်။ အသည်းတွေ အကြီးအကျယ်ကွဲဖူးတယ်။အရက်ကို ရေလိုသောက်ဖူးတယ်။ လောင်းကစားကို ရေရေလည်လည်စွဲဖူးတယ်။ဘဝမှာ လမ်းတွေ အကြိမ်ကြိမ်ပျောက်ဖူးတယ်။ သေမလို ဆေးရုံနှစ်ခါတက်ဖူးသလိုဆေးမှားသောက်လို့ မျက်စိခြောက်လလောက်ကုခဲ့ဖူးတယ်။နားသိပ်မကြားရလို့ မန္တလေးက ဆရာဝန်ဦးကန်ညွန့်နဲ့ နှစ်နှစ်ကျော်ပြခဲ့ဖူးတယ်။ ငြိမ်းချမ်းခြင်းကိုလိုက်ရှာပြီးစမ်းချောင်းက Church ကျောင်း library မှာခြောက်လ လောက်နေဖူးတယ်။ ငွေအတိုးချေးပေးပြီး အလိမ်ခံရဖူးတယ်။စပ်တူလုပ်ပြီး ခွါပြဲဖူးတယ်။Social media ကို မသုံးတော့ဘူးဆိုပြီးအကြိမ်ကြိမ်စဉ်းစားခဲ့ဖူးတယ်။ မဖတ်တတ်တဲ့ စကားလုံးတွေများတော့dictionary နဲ့တစ်လုံးချင်းလိုက်ရှာစိတ်တွေ အကြိမ်ကြိမ်ညစ်ဖူးတယ်။ အတွေးအခေါ်မတူပဲ အမြဲစိတ်ညစ်ရလို့အသက်ကြီးရင် အမေနဲ့အတူမနေဖူးလို့ပြောပြီး အိမ်နဲ့ သုံးလလောက်အဆက်အသွယ် မလုပ်နေခဲ့ဖူးတယ်။ အဒေါ်တွေအိမ်ကပ်နေဖူးတယ်။အစ်ကို
မွေးကတည်းက သန်မာတာရှားတယ်။
ကိုယ့်ကို မသေစေတဲ့အရာက
သန်မာစေတဲ့အရာတွေဆိုတာ မှန်တယ်။ Read More »
Akyanpay ကနေ အမြဲသတိပေးတယ်နော်လုပ်ငန်းရှင်တို့။ ကိုယ်က ကိုယ့်လုပ်ငန်းထက်ကြီးရမယ်။ကိုယ်ပိုင်တဲ့ကား ကိုယ်သေချာမောင်းတတ်ဖို့ အရေးကြီးတယ်။ နောက် စီးပွါးရေးလုပ်တဲ့ပုံစံအရေးကြီးတယ်။ဘယ်သူ့ရောင်းမလဲ၊ ဘယ်လိုရောင်းမလဲ၊ ဘာတွေလုပ်ရောင်းမလဲ သေချာစဉ်းစားဖို့လိုတယ်။Model မှားရင် မယ်တော်လဲ မကယ်နိုင်ဘူး။ဒါကြောင့် Business Model ကို သေချာဆန်းစစ်။တီထွင်ဆန်းသစ်မှု လုပ်သင့်ရင်လုပ်။ဒါကို Business Model Innovation လို့ခေါ်တယ်။ နောက်တစ်ခုက ဖောက်သည်သေချာရွေးပါ။လူတိုင်းကို ရောင်းဖို့ မစဉ်းစားပါနဲ့။ လူတိုင်းအတွက် ဆိုရင် ဘယ်သူ့အတွက်မှ မဟုတ်တော့ဘူးဆိုတာသတိပြုပါ။Choose your clients, choose your future ပါ။ အရောင်းနဲ့ အမြတ်မတူတာ ဂရုပြုပါ။လုပ်ငန်းရှင်သန်ဖို့အရေးကြီးတာ profit ပါ။ ဒါကြောင့် ရောင်းအားတိုးဖို့စျေးလျော့ဖို့ စဉ်းစားတဲ့အခါတိုင်းကိုယ့်အမြတ်ငွေကို ဘယ်လို သတ်ရောက်နိုင်လဲသတိပြုပါ။ Me too မလုပ်ပါနဲ့။ ဒီနေ့ခေတ်က Do or Die
EACT လို့ အတိုကောက်မှတ်လို့ရတယ်။ 1. Emotion ဒါကတော့ နေ့စဉ် ဘယ်လို စိတ်ခံစားမှုတွေနဲ့ နေချင်လဲဆိုတာကိုအရင် စဉ်းစားသတ်မှတ်တာပဲဖြစ်တယ်။ နေ့စဉ် တိုးတက်မှု၊ ရင်ခုန်မှု၊အလုပ်ထဲစျာန်ဝင်မှု၊ အလုပ်အပေါ်ရူးသွပ်မှု၊တက်ကြွမှု၊ ပျော်ရွင်မှု၊ လွတ်လပ်မှုတွေနဲ့နေ့စဉ် ဖြတ်သန်းချင်တယ်။ ဒါကို habitual emotion လို့ခေါ်လို့ရတယ်။ 2. Activities ဒီ စိတ်ခံစားမှုတွေ နေ့စဉ်ခံစားရဖို့ ဘယ်လို အရာမျိုးတွေလုပ်နေမလဲစဉ်းစားကြည့်တယ်။ ဒီ activities တွေကိုချရေးတယ်။ လေ့လာမှုတွေလုပ်နေရရင်အတွေးအခေါ်အသစ်၊စမ်းသပ်မှုအသစ်၊ဖန်တီးမှုအသစ် ဒါတွေလုပ်နေရရင်ကို ပျော်နေတယ်။ 3. Creation ဒါဆို ဒီလုပ်ဆောင်မှုတွေပေါ်မူတည်ပြီး ဘယ်လို ဝန်ဆောင်မှုတွေ၊ ကုန်ပစ္စည်းတွေဖန်တီးမလဲ စဉ်းစားကြည့်တယ်။ဒီ product, service တွေကိုဖန်တီးတယ်။ 4. Target Customer နောက်တစ်ဆင့်က ဒီ ကုန်ပစ္စည်း၊ဝန်ဆောင်မှုတွေက ဘယ်သူတွေရဲ့ ပြဿနာကိုအကောင်းဆုံးဖြေရှင်းပေးနိုင်မလဲ၊ဒါမှမဟုတ် ဘယ်သူတွေကိုအကောင်းဆုံးအကျိုးပြုမလဲစဉ်းစားတယ်။
တဖက်သူ opponent ရဲ့ ရွေ့နိုင်တဲ့အကွက်တွေကို ကြိုတင်မှန်းဆတွက်ချက်ရသလိုကာကွယ်မှု၊ လက်ဦးမှုကြိုတင်လုပ်ရတယ်။ ဘဝဆိုတာ ဇာတ်ကားထဲကလောက်မရိုးရှင်းဘူး။ မေတ္တာစေတနာတစ်ခုတည်းနဲ့ အရာရာအဆင်ပြေမသွားဘူး။ အရာရာဟာ power dynamics ပဲ။ အရင်ကတော့ စေတနာ၊ မေတ္တာနဲ့ပဲအရာရာကို အုပ်ချုပ်အလုပ်လုပ်တယ်။အခုတော့ Power Dyanmics ပဲ။ ရောင်းသူနဲ့ ဝယ်သူမှာလဲ Bargaining power ချိန်ငြိကြရတာPorter’s 5 forces လေ့လာဖူးရင်သိမှာပဲ။ အရာရာက Power ဖြစ်တဲ့အတွက်ဒီအရာကို လျော့မတွက်သင့်ဘူး။ Game of Thrones ထဲကလိုပေါ့။Knowledge is power လို့အော်နေချိန်မှာဖမ်းပြီး ဒူးထောက်ဖို့အမိန့်ပေးလိုက်တယ်။နောက်ပြန်ပြောတာ ဘာတဲ့။“Power is Power” တဲ့။ Knowledge ဆိုတာ potential power ပဲ။ဒါကို action နဲ့ တွဲမှ တကယ့် power
ဦးဆောင်တဲ့သူတစ်ယောက်က
အနာဂတ်ကို ကြိုတင်စဉ်းစားပြီး
ပြင်ဆင်သင့်တာ ပြင်ဆင်ရတယ်။ Read More »
လုပ်ငန်းရှင်တစ်ယောက်ကို မေးကြည့်ပါ။ခင်ဗျားရဲ့ အနာဂတ်အမြင်ကဘာလဲ။နောက်နှစ်နှစ်နေရင် ခင်ဗျာတည်ဆောက်နေတဲ့လုပ်ငန်းပုံစံက ဘယ်လိုမျိုးလဲ။ ဒါကို ရောက်ဖို့ ဘယ်လိုလမ်းကြောင်းတွေချထားလဲ။ အများစု လုပ်ငန်းရှင်တွေက ဒီလို ဝေးဝေးမတွေးနိုင်ကြတာတွေ့လိမ့်မယ်။ ဒီလို နှစ်နှစ်ဆယ်၊ သုံးဆယ်ကျော်စဥ်းစားတာကိုBHAG လို့ခေါ်တယ်။ Big Hairy Audacious Goal ဖြစ်ပြီး၊သွားမည့်လမ်းကြောင်းတွေကိုတော့ Roadmap တွေလို့ခေါ်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay
ကိုယ့်လုပ်ငန်းက တိုးတက်မှုနှေးသွားတဲ့အခါလုပ်ငန်းအသစ်လုပ်ရမလား စဉ်းစားမိတတ်ကြတယ်။ တချို့လုပ်ငန်းတွေက ကိုယ်သွားမည့်လမ်းကြောင်းနဲ့ ကိုက်ညီတယ်။တချို့လုပ်ငန်းတွေက ကိုယ်သွားနေတဲ့လမ်းကြောင်းနဲ့ မတူတာမျိုးဖြစ်တတ်တယ်။ဒီလိုအချိန်မှာ ကိုယ့်လုပ်ငန်းရွေးချယ်တဲ့ ပုံစံကို ပြန်စဉ်းစားကြည့်ဖို့လိုတယ်။ ဥပမာ ကျွန်တော့်အနေနဲ့ လုပ်ငန်းလုပ်တဲ့အခါ ကျွန်တော့်ရဲ့ သတ်မှတ်ချက်တစ်ခုရှိတယ်။4C နဲ့ ကိုက်ညီတဲ့ လုပ်ငန်းတွေပဲလုပ်တယ်။ ၁။ Create ကိုယ်တိုင်ဖန်တီးပြီးဖြစ်လာတဲ့ကုန်ပစ္စည်း၊ ဝန်ဆောင်မှုဖြစ်ရမယ်။ဝယ်ရောင်း မဖြစ်ရဘူး။ ၂။ Control ကုန်ပစ္စည်း၊ ဝန်ဆောင်မှုရဲ့စျေးနှုန်းကိုစိတ်ကြိုက် ၁၀၀% ထိန်းချုပ်နိုင်ရမယ်။စျေးစကားပြောတဲ့ အလုပ်မလုပ်ချင်ဘူး။ price sensitive ဖြစ်တဲ့သူတွေကို မရောင်းချင်ဘူး။ ၃။ Category ကိုယ်လုပ်တဲ့ လုပ်ငန်းဟာ နယ်ပယ်တစ်ခု၊ category တစ်ခုမှာKing ဖြစ်ရမယ်။သီးစုံဓာတ်ဆားဆို Royal D လိုမျိုး၊လုပ်ငန်းအတွက် အကြံပေးဆို Akyanpay ကို သိရမယ်။တိုးတက်ချင်တယ်ဆို ToeTet ကိုသိရမယ်။ဒီလိုမျိုးပေါ့။ ၄။ Copiesရောင်းတဲ့ ကုန်ပစ္စည်း၊
Active income ကို ပြန် ရင်းနှီးမြုပ်နှံမှုလုပ်။ဒါက Personal Finance ရဲ့အကောင်းဆုံးထဲက အကြံတစ်ခုပဲ။လူတွေရဲ့ သဘောတရားအရငွေဝင်လေ လက်ယားလေ။ပိုသုံးချင်လေပဲ။ Phyo Paing @ Derek
ငယ်ငယ်က မနက် ၅ နာရီဆိုထ၅ ခွဲဆို ဖယောင်းတိုင်လေးကိုင်တရုတ်ကျောင်းသွားရတယ်။ ၈ နာရီကျောင်းဆင်းရင်အပြေးအလွှားမြန်မာကျောင်းကူးရပြန်တယ်။ လေးတန်းလောက်ရောက်တော့အဖေလဲမရှိတော့တဲ့အခါ ကိုယ့်ကို ဘေးကကြည့်ပေးတဲ့သူမရှိတော့ကျောင်းပြေးပြီး လုပ်ချင်တာလုပ်တယ်။ ဒါ ၈ တန်းရောက်တဲ့အထိပဲ။ ၉ တန်းဘော်ဒါဆောင်ရောက်သွားတော့စာကျက််ချိန်စာကျက်ရတဲ့စည်းကမ်းနဲ့ သွားရတယ်။ နောက်ပိုင်း ဘဝမှာ သတိထားမိလာတာကိုယ့်ဘဝ တည့်တည့်မှတ်မှတ်တိုးတက်နေဖို့ ဘယ်လိုအခြေအနေဖြစ်ဖြစ်စည်းကမ်းရှိဖို့လိုတယ်။ နေ့တိုင်း စာဖတ်မယ်ဆိုတဲ့ စည်းကမ်း။နေ့တိုင်း ဘာတွေလုပ်မယ်၊ဘာတွေ မလုပ်ဘူးဆိုတဲ့ စည်းကမ်း။ကိုယ့်စည်းကမ်းကိုယ်ထုတ် ကိုယ်တိုင် လိုက်နာဖို့လိုတယ်။ ကိုယ်တိုင်ကျ စည်းကမ်းမရှိပဲသူများကို ဝေဖန်နေတာ ဥာဏ်နည်းရာ ကျနိုင်တယ်။ Phyo Paing @ Derek
မောင်းဖို့ရာ ကားတစ်စီးရမယ်။ တစ်သက်လုံး ဒီတစ်စီးကလွဲပြီးပြောင်းလို့မရဘူးဆို သင်ဒီကားကိုဘယ်လို treat လုပ်မလဲ? ဂရုတစိုက်နဲ့ ထားမလား?ဖြစ်သလိုထားမလား? ဂရုတစိုက်ပဲထားကြမှာပေါ့ yes?Hello! (Sadhguru style) ခန္ဓာကိုယ်ကလဲ အတူတူပဲ။တစ်သက်လုံးဒီတစ်ခုပဲရတာ။ အားနေရင် စိတ်ညစ်နေတာ၊ ကိုယ့်ကိုကိုယ် အပြစ်တင်တာခန္ဓာကိုယ်ကားကြီးကို ပိုပျက်စီးစေနိုင်တယ်။ Phyo Paing @ Derek