စဥ်းစားကြည့်ကြည့် လူအများစု ဘာကြောင့် စိတ်ဆင်းရဲလဲ?
ရွေးချယ်စရာ မများလို့။ ဥပမာ ကိုယ်က အခုချိန်မှာ ကြိုက်တဲ့နိုင်ငံကို ပြောင်းပြီးနေလို့ ရတဲ့ ရွေးချယ်မှုရှိတယ်ဆိုပါတော့။ ဒါမှ မဟုတ် ကိုယ်လိုချင်တာကို လိုချင်တဲ့အချိန်မှာ ကောက်ဝယ်လို့ရတဲ့ရွေးချယ်မှုရှိတယ်ဆိုပါတော့။ ဒီတော့ ဒီလို ရွေးချယ်မှုတွေများဖို့ လူတွေ ပိုက်ဆံရှာကြတယ်။ ပိုက်ဆံက တော်တော်များများကို ဖြေရှင်းပေးနိုင်တာ မှန်တယ်။ နောက်တစ်ခုကတော့ ရွေးချယ်မှုတွေများအောင် ကူညီပေးနိုင်တဲ့အရာကပညာနဲ့ သတင်းအချက်အလက်ပဲ။ ကိုယ်က ငွေကြေးချမ်းသာနေပါစေအုံး။သတင်းအချက်အလက်မရှိရင်ရွေးချယ်စရာနည်းနေနိုင်တယ်။ တချို့ စွန့်ဦးတီထွင်တွေက နိုင်ငံတကာသွားလို့ရတဲ့ passport တစ်ခုရှိပြီးနေချင်တဲ့နေရာမှာ PR လိုမျိုးလုပ်လာကြတယ်။ ဘဝမှာ အသက်ကြီးလာလေငွေပိုရှာ၊ အတွေးအခေါ်ပိုရှိလာလေရွေးချယ်နိုင်မှု ပိုများလေဖြစ်လာရမယ်။ Phyo Paing @ Derek
စဥ်းစားကြည့်ကြည့် လူအများစု ဘာကြောင့် စိတ်ဆင်းရဲလဲ? Read More »