September 2022

တချို့ကပိုက်ဆံရှိတယ်။ အချိန်မရှိဘူး။
တချို့က အချိန်ရှိတယ်။ ပိုက်ဆံမရှိဘူး။

တချို့ကပိုက်ဆံရှိတယ်။ အချိန်မရှိဘူး။တချို့က အချိန်ရှိတယ်။ ပိုက်ဆံမရှိဘူး။ ပိုက်ဆံရှိတဲ့သူက အချိန်ကိုပိုက်ဆံနဲ့ဝယ်တယ်။အရေးမပါတာတွေအတွက်အချိန်ကုန်မခံဘူး။အချိန်ဘယ်လောက် ခြွေတာပေးမလဲဒါနဲ့ စဉ်းစားဆုံးဖြတ်တယ်။ အချိိန်ရှိပြီး ပိုက်ဆံမရှိသူကပိုက်ဆံက သူ့အတွက် တန်ဖိုးကြီးတဲ့အတွက်ပြန်ရချင်တဲ့ မျှော်လင့်ချင်ကလဲကြီးတယ်။စဉ်းစားတဲ့ပုံစံက ငွေနဲ့အဓိကစဉ်းစားတယ်။ အဓိက အကြောင်းအရင်းကတော့ကိုယ့်တစ်နာရီ ဘယ်လောက်တန်လဲကွာသွားလို့ကြောင့်ဖြစ်နိုင်တယ်။ လုပ်ငန်းလုပ်တဲ့အခါမှာကိုယ်က ဘယ်လိုဖောက်သည်မျိုးရွေးတာလဲအရေးကြီးတယ်။Price sensitive ဖြစ်တဲ့ သူလား။Buyers with power လား။ ဘာရောင်းလဲဆိုတာထက် ဘယ်သူ့ရောင်းလဲဆိုတာ အရေးကြီးတယ်။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

တချို့ကပိုက်ဆံရှိတယ်။ အချိန်မရှိဘူး။
တချို့က အချိန်ရှိတယ်။ ပိုက်ဆံမရှိဘူး။
Read More »

နေသလို ဖြစ်တဲ့ဘဝမှာ
ဖြစ်သလို မနေပါနဲ့

ကိုယ့်ဘဝကိုကိုယ်တန်ဖိုးထားတတ်လာတဲ့အချိန်ကစလို့ဖြစ်သလို မနေတော့ဘူး။ဖြစ်သလို မစားတော့ဘူး။ ကိုယ့်အတွက် အကျိုးမရှိစေတဲ့အတွေးအခေါ် ခေါင်းထဲမထည့်မိတတ်တော့ဘူး။မလိုချင်တာတွေပဲစဥ်းစားပြီးစိတ်ညစ် မနေတော့ဘူး။အချိန်ကို မလဟသ မဖြုန်းတော့ဘူး။ပစ္စုပ္ပာန် သာယာမှုတွေမှာပဲအချိန် မကုန်တော့ဘူး။ စည်းကမ်းတကျ နေလာတယ်။စနစ်တကျ စားလာတယ်။အတွေးအခေါ်ကို ဂရုပြုလာတယ်။ကိုယ်ဘာလိုချင်တာလဲကိုပဲအဓိက အာရုံပြုပြီးအချိန်ကို အကောင်းဆုံးအသုံးချတယ်။ကိုယ့်ကိုကိုယ် ဒုက္ခရောက်စေတဲ့အရာတွေ မလုပ်တော့ဘူး။ ကိုယ့်ကိုကိုယ် တကယ်ချစ်ဖို့တန်ဖိုးထားဖို့ အရေးကြီးတယ်။ကိုယ့်ကိုကိုယ်မှ အရင်တန်ဖိုးမထားရင်ဘယ်သူမှ တန်ဖိုးလာထားမှာမဟုတ်ဘူး။ နေသလို ဖြစ်တဲ့ဘဝမှာဖြစ်သလို မနေပါနဲ့ဆိုတာလဲအားလုံးကြားဖူးကြမှာပဲ။ Phyo Paing @ Derek

နေသလို ဖြစ်တဲ့ဘဝမှာ
ဖြစ်သလို မနေပါနဲ့
Read More »

ကိုယ့်ကို ဘယ်သူမှ
လာကယ်တင်မှာ မဟုတ်ဘူး

တခါတလေ ကယ်တင်ရှင်ရှာတတ်ကြတဲ့ သဘာဝရှိတယ်။ ကိုယ့်ဘဝ ကိုယ်တာဝန်မယူနိုင်ပဲကယ်မည့်လူ မရှိတဲ့အခါဟိုလူ့ blame ဒီလူ့ blame နဲ့ နောက်ဆုံးမှာ ဒီလူတွေပဲကျန်ခဲ့တယ်။ ငယ်ကတည်းက လက်ကိုင်ထားတဲ့အယူအဆတစ်ခုက ခင်ဗျာကို ဘယ်သူမှ လာကယ်မှာမဟုတ်ဘူး။ ကိုယ့်ဘဝနဲ့ ကိုယ်ပဲ။ Phyo Paing @ Derek

ကိုယ့်ကို ဘယ်သူမှ
လာကယ်တင်မှာ မဟုတ်ဘူး
Read More »

ဆာလောင်မှုက အကြောက်တရားထက်
ကြီးနေဖို့လိုတယ်

ဘယ်ကစလဲဆိုတာ အရေးမကြီးဘူး။နောက်ငါးနှစ်၊ ဆယ်နှစ်၊ အနှစ်နှစ်ဆယ် နေရင်ဘယ်ကို ရောက်နေမလဲ အရေးကြီးတာပဲ။ ဒါကြောင့် ဆာလောင်မှုကို လျော့လိုက်လို့မရဘူး။ဆာလောင်မှုက အကြောက်တရားထက်ပိုကြီးမှ သတ္တိဆိုတာ ထွက်လာတဲ့သဘောရှိတယ်။ ဆာလောင်မှုဟာ ရဲရဲတောက်မီးခဲလို ဖြစ်နေဖို့လိုတယ်။ ကောက်ရိုးမီးနဲ့ ဘာကြီးကြီးကျယ်ကျယ်အလုပ်မှ လုပ်လို့ရနိုင်မှာ မဟုတ်ဘူး။ ဒူပေဒါပေခံဖို့လိုတယ်။စိတ်ရှည်ဖို့ လိုတယ်။ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အလုပ်တွေကိုပိုးစိုးပက်စက်လုပ်ဖို့လိုတယ်။ဆာလောင်မှုက အကြောက်တရားထက်ကြီးနေဖို့လိုတယ်။ Phyo Paing @ Derek

ဆာလောင်မှုက အကြောက်တရားထက်
ကြီးနေဖို့လိုတယ်
Read More »

အလုပ်လုပ်နေရင် ပြဿနာတွေ့မှာပဲ။

ကိုယ်ဘေးမှာ တစ်လလောက်နေနေတဲ့သူကကိုယ်နေ့စဉ် ဖြေရှင်းနေရတဲ့ပြဿနာတွေတွေ့တော့ အံ့ဩသွားတယ်။ဘဝက အဲ့လောက် ပြဿနာတွေများလားပေါ့။အလုပ်လုပ်နေရင် ပြဿနာတွေ့မှာပဲ။ဒါကို ခံစားအရှုံးပေးပြီး ဒုက္ခအနေနဲ့မပြောင်းလိုက်ဖို့ပဲ။ဖြေရှင်းလိုက်တဲ့ ပြဿနာတွေကကိုယ့်ကို next level ရောက်စေတာပဲ။ Phyo Paing @ Derek

အလုပ်လုပ်နေရင် ပြဿနာတွေ့မှာပဲ။ Read More »

သူများနဲ့ မနှိုင်းယှဉ်နဲ့။

စေတနာထားပြီး အလုပ်လုပ်။ရလဒ်ရအောင်လုပ်။လိပ်ပြာလုံတဲ့ အလုပ်ကိုလုပ်။ပြဿနာကို ဖြေရှင်း။ပြဿနာကို ဒုက္ခအနေနဲ့ မပြောင်းလိုက်နဲ့။အားမနာနဲ့။လုပ်သင့်တာ အရင်လုပ်။ပြီးမှ လုပ်ချင်တာလုပ်။ Phyo Paing @ Derek

သူများနဲ့ မနှိုင်းယှဉ်နဲ့။ Read More »

Mental Model

လူတိုင်းမှာ စဥ်းစားတဲ့ပုံစံရှိတယ်။ ဒါကို mental model လို့ခေါ်တယ်။ ဒီ စဥ်းစားတဲ့ပုံစံပေါ်မူတည်ပြီး လုပ်ဆောင်မှုတွေ လုပ်ကြတယ်။ ဒီလုပ်ရပ်တွေက တစ်ဆင့် ရလဒ်တွေရကြတယ်။​ ကျွန်တော့်ရဲ့ mental model တချို့ရှိတယ်။ ဒါကတော့ ဘဝဖြတ်သန်းမှုဖြစ်စဥ်ပေါ်မူတည်ပြီး တည်ဆောက်ခဲ့တဲ့ စဥ်းစားမှုပုံစံဖြစ်တယ်။ ၁။ Limit your loss တရုတ်ဆိုတော့ လောင်းကစားလုပ်ရတာကြိုက်တယ်။ ဘောလုံးပွဲလောင်း၊ ဖဲရိုက်၊ Russian Roulette ဆော့ ဒီကနေ တဖြည်းဖြည်းနားလည်လာတာ မဆော့ခင် ဘယ်လောက်ရှုံးရင် ပြန်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်တစ်ခုရှိရမယ်။ မဟုတ်ရင် loss aversion လို့ခေါ်တဲ့ စိတ်ပညာအရ ရှုံးမဲမဲပြီး မွဲတတ်တယ်။​ ဒါက လုပ်ငန်းလုပ်ဆောင်တဲ့အခါမှာ ကူညီပေးတယ်။ Casino ထဲ မဝင်ခင် အရှုံးခံမည့် amount ပဲယူသွားတယ်။ မဆော့ခင်ကတည်းက

Mental Model Read More »

ကိုယ့်အတွက် ကျည်ဆံက
အချိန်ပဲ

ယောကျာ်းတစ်ယောက်မှာဆာလောက်မှု လိုတယ်။ဘဝဖြတ်သန်းမှုမှာ ထမ်းရတဲ့ဝန်နဲ့လူ့ဘောင်ထဲ လူရိုသေရှင်ရိုသေဖြစ်ဖို့ကမ္ဘာ့ဘိတ်ချီးနိုင်ငံမှာလို့ပိုလို့တောင် အလုပ်လုပ်ရအုံးမယ်။ အသက်ကြီးရင် တက်ကြွမှုကလျော့လာမယ်။တုံးတိုက်တိုက် ကျားကိုက်ကိုက်လုပ်တဲ့စိတ်နည်းလာတတ်ကြတယ်။ ဒါကြောင့်အိမ်မက်တွေအတွက်ဒူပေဒါပေခံပြီး ခပ်ကြမ်းကြမ်းအလုပ်လုပ်ဖို့က 20, 30, 40 ကအကောင်းဆုံးအချိန်ပဲ။50 ကျော်ရင်တောင် နည်းနည်းအိုလာပြီ။အားနည်းနည်း လျော့လာတတ်တယ်။ဒီလိုမဖြစ်ဖို့ကလည်း ငယ်ကတည်းကကြိုပြင်ထားမှ။ စိတ်ဓာတ်ပြင်းထန်မှုက 20, 30 နဲ့မတူတော့ဘူး။ဒါကြောင့် ဘူပိတ်ပြီး စိတ်ညစ်မနေနဲ့။ကိုယ့်အတွက် ကျည်ဆံကအချိန်ပဲ။ မဟုတ်လို့ အသက်အရွယ်တစ်ခုရောက်လို့အဖြစ်မရှိတဲ့အခါ သူငယ်ချင်းတွေကြားသွားရင်တောင် မျက်နှာငယ်နေရလိမ့်မယ်။ Phyo Paing @ Derek

ကိုယ့်အတွက် ကျည်ဆံက
အချိန်ပဲ
Read More »

အရေးကြီးတာ တစ်ရက်တာအတွက်

မနက်ထထလာချင်းမှာစိတ်ညစ်စရာတွေ၊ သောကရစရာတွေမတွေးခြင်းဖြင့် ကိုယ့်ကိုကိုယ်ကူညီလို့ရပါတယ်။​ ဒီကာလမှာ ပြည်တွင်းလုပ်ငန်းရှင်သေး၊ လတ်၊ ကြီး မပြောတာပဲရှိမယ်အားလုံး အနည်းနဲ့အများစဥ်းစားစရာလေးတွေ ရှိတယ်။ အရေးကြီးတာ တစ်ရက်တာအတွက်မနက်အခါက အရေးကြီးတဲ့အတွက်စိုးရိမ်စရာတွေဖြစ်တွေဖြစ်တဲ့ငွေလှဲနှုန်းတွေ၊ လုပ်ငန်းမှာပူပန်မှုတွေ၊ကိုယ့်သားသမီးနဲ့ ကိုယ့်အနာဂတ်အတွက်ပူပန်မှုတွေ စဥ်းစားမည့်အစားမနက်အချိန်က ကိုယ့်ကိုကိုယ်program လုပ်ရမည့်အချိန်ဖြစ်တယ်လို့ယူဆပါတယ်။ တရားထိုင်တာ၊ စာဖတ်တာ၊priming လို့ခေါ်တဲ့ ငါ့ဘဝအတွက်၁။ ပျော်ရွင်စရာ၂။ ရင်ခုန်စရာ၃။ ဂုဏ်ယူစရာ၄။ ကျေးဇူးတင်စရာ၅။ ရည်မှန်းချက်ပန်းတိုင်၆။ နှစ်သက်ပျော်ရွင်ခံစားတဲ့အရာ၇။ ကိုယ့်ကိုချစ်တဲ့သူ၊ ကိုယ်ကချစ်တဲ့သူတွေအကြောင်းစဥ်းစားပုံဖော်ကြည့်ပါ။​ Phyo Paing @ Derek

အရေးကြီးတာ တစ်ရက်တာအတွက် Read More »