September 2022

ဂျေးမီ ပြောသလို
ကိုယ့်ဘဝနဲ့ ကိုယ်ပဲ

သူများနဲ့ သွားနှိုင်းယှဉ်တာထက်ကိုယ့်ရဲ့ စမှတ်နဲ့ နှိုင်းယှဉ်ကြည့်။ဘယ်လိုစခဲ့သလဲ။ဘယ်နေရာရောက်နေပြီလဲ။ဘယ်ဆက်သွားမလဲ။လူတိုင်း ဂျေးမီပြောသလိုကိုယ့်ဘဝနဲ့ ကိုယ်ပဲ။ Phyo Paing @ Derek

ဂျေးမီ ပြောသလို
ကိုယ့်ဘဝနဲ့ ကိုယ်ပဲ
Read More Âť

Focused modeနဲ့ Diffused mode

ထိုင်နေရင်း ဘုရားသခင်က message ပို့သလိုIdea တွေ ဒိုင်းဒိုင်းဒိုင်း ဝင်လာတာနဲ့Note တွေရေးလိုက်တာ သတိမထားမိလိုက်ဘူးနှစ်နာရီနီးပါးကြာသွားတယ်။ စိတ်ပညာမှာ focused mode နဲ့Diffused mode ဆိုတာရှိတယ်တဲ့။အကြောင်းအရာတစ်ခုကိုထိုင်ပြီး သေချာအကြိတ်အနယ်စဉ်းစားတာက Focused mode.ရေချိုးနေရင်း idea ပေါ်လာတာ။အာခိမိလိတို့လိုဆိုတာ Diffused mode. Phyo Paing @ Derek

Focused modeနဲ့ Diffused mode Read More »

6 လအတွင်းမှာ အခုလုပ်နေတာထက်
၁၀ ဆ ပို productive ဖြစ်အောင်

6 လအတွင်းမှာ အခုလုပ်နေတာထက်၁၀ ဆ ပို productive ဖြစ်အောင်၁၀ ဆ ပို grow အောင် ဘာတွေလုပ်လို့ရမလဲ။ဒါက Xprize ရဲ့CEO က startup တွေနဲ့တွေ့ရင်ရင်းနှီးမြုပ်နှံမှုမလုပ်ခင် မေးတဲ့မေးခွန်းတဲ့။ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ကြည့်။ နောက်ခြောက်လအတွင်း ဝင်ငွေ ၁၀ ဆ တိုးဖို့ ဘယ်လို plan တွေရှိလဲ။အစရှိသည် မေးကြည့်။ တခြားနေရာမှာတွေလဲ သုံးလို့ရတယ်။ ကိုယ်စဥ်းစားနေတဲ့ ဘောင်ထက်ကျော်ပြီးစဥ်းစားတတ်ဖို့က အလေ့အကျင့်လိုတယ်။မဟုတ်ရင် ဘိန်းရောင်းတဲ့၊ လိမ်စားတို့ပဲ ထွက်လာမှာ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

6 လအတွင်းမှာ အခုလုပ်နေတာထက်
၁၀ ဆ ပို productive ဖြစ်အောင်
Read More Âť

ဒီနေ့ခေတ် မားကတ်တင်းလုပ်ရင်

ဒီနေ့ခေတ် မားကတ်တင်းလုပ်ရင်ကိုယ့် brand က အခုမှ စတင်မည့်challenger brand ဆို ဒေါသထွက်ဖို့လိုတယ်ဗျ။ Angry brand ဖြစ်ဖို့လိုတယ်။ ဒီလိုဖြစ်ဖို့ ခင်ဗျာမှာ ရန်သူလိုတယ်။ ဒီလို ရန်သူရှိဖို့ Pick a fight လို့ခေါ်တဲ့ရန်သူတော်ကို သတ်မှတ်ဖို့လိုတယ်။ ခင်ဗျာမှတ်မိအုံးမလားတော့မသိဘူး။Steve Jobs ရှိတုန်းက Android ကို သူခိုးဖုန်းလို့ခေါ်ခဲ့တာ။ IPad ပထမ version စထွက်တဲ့ 2010 တုန်းက တီထွင်သူနဲ့ နောက်လိုက်ကို ကွဲပြားစေတာ တီထွင်ဆန်းသစ်ဖို့ innovation ဆိုပြီးမထွက်လာသေးတဲ့ Samsung ကိုကြိုတင်တိုက်ခိုက်ခဲ့တာ။ Steve Jobs ငယ်ငယ်က သူ့ Mac နဲ့ရန်သူတော်ဖြစ်တဲ့ IBM ရုံးသွားပြီးလက်ခလယ်ထောင်ပြခဲ့တာ မှတ်မိလား။ အဲ့ဒါ Pick a fight

ဒီနေ့ခေတ် မားကတ်တင်းလုပ်ရင် Read More »

တစ်နေရာထဲမှာပဲ တစ်သက်လုံးနေရအောင် ကိုယ်က သစ်ပင်မှ မဟုတ်တာ။

ဆယ်နှစ်လောက်ကြိုးစားတာ မအောင်မြင်ပဲ တစ်ချိန်ကျမှထအောင်မြင်တာမျိုးဖြစ်တတ်တာပဲ။ ကြီးကြီးကျယ်ကျယ် case study တွေကြည့်ရင်Bill Gates ဆိုလဲ Lakeside မှာ high school တက်ကတည်းက computer တွေသုံးလာတာ Microsoft ဖြစ်လာဖို့ မှန်ကန်တဲ့အချိန်မှာမှန်ကန်တဲ့ဆုံးဖြတ်ချက်ချတာတောင်အချိန် အများကြီးပေးခဲ့ရတာ။ Warren Buffet ဆိုလဲ ဆယ်ကျော်သက်ကတည်းကရင်းနှီးမြုပ်နှံမှုတွေလုပ်လာခဲ့တာသူ့ဆရာ Benjamin Graham ဆီမှာပညာသင်ခဲ့တာတောင် သူ့ကြွယ်ဝမှုအများစုက အသက် ၆၅ နောက်မှာဖြစ်တယ်။ Xiaomi ရဲ့ CEO Lei Jun ဆိုလဲKingsoft မှာ ၁၆ နှစ်လောက် အလုပ်လုပ်ခဲ့တာ။ Angel Investing တွေ အများကြီးလုပ်ပြီးမှာ Xiaomi ဆိုတာ ဖြစ်လာခဲ့တာ။ Jack Ma ဆိုလဲ China Yellow Page တို့ဘာလို့

တစ်နေရာထဲမှာပဲ တစ်သက်လုံးနေရအောင် ကိုယ်က သစ်ပင်မှ မဟုတ်တာ။ Read More »

စဉ်းစားကြည့်ကြည့် တစ်ရက်တစ်ရက်
အချိန်အများစုက အလုပ်မှာကုန်တယ်။

ကိုယ့်အလုပ်က ကိုယ့်ကို နေ့စဉ် တိုးတက်နေစေမှ အကောင်းဆုံးကိုယ်တည်ဆောက်နိုင်မှာ။ သင်တန်းတွေတက်တာက ခဏပဲသင်ပေးလိုက်တာ။ တကယ် practitioner လုပ်လို့ရမယ်လို့စဉ်းစားလို့ မရဘူး။ So good they can’t ignore you စာအုပ်ထဲကလိုCareer Capital တည်ဆောက်ဖို့လိုတယ်။ရှားပါးပြီး အသုံးဝင်တဲ့ skills ပေါ့။ကိုယ်က ဂျွတ်ဆင်ကြီးဖြစ်နေမှကိုယ့်ကို အစားထိုးလို့မရမှာ။ ဒါက အဓိက အချက်ပဲ။ ကိုယ်လုပ်နေတဲ့အလုပ်မှာတော့တစ်ဖက် ကမ်းခတ်ကျွမ်းကျင်ဖို့လိုတယ်။နိုင်ငံပြောင်းပြီး အခြေချရင်တောင်ဒီ skill က အသုံးချလို့ရနေရမယ်။ ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာရာက ကံအကြောင်းတရားကြောင့် အကုန် ပြောင်သွားနိုင်တယ်။နေ့ချင်းညချင်း အပြောင်းအလဲဖြစ်သွားနိုင်တယ်။ ကိုယ်နဲ့ အမြဲကျန်နေမှာ ကိုယ့်ရဲ့ အရည်အချင်းပဲ။ ကိုယ့်အလုပ်က ကိုယ့်အရည်အချင်းကိုအမြဲတိုးတက်အောင် လုပ်ပေးတဲ့playground တစ်ခုဖြစ်ရမယ်။ Phyo Paing @ Derek

စဉ်းစားကြည့်ကြည့် တစ်ရက်တစ်ရက်
အချိန်အများစုက အလုပ်မှာကုန်တယ်။
Read More Âť

ကိုယ့်ကိုကိုယ် respect မရှိရင်
ကျန်တာလုပ်ဖို့ ခက်တယ်။

မထချင်လဲ ကုန်ရုန်းထရတဲ့နေ့တွေအများကြီးရှိမယ်။အဓိက ကတော့ ကိုယ့်ကိုကိုယ်ကတိပေးထားတဲ့ self-discipline ပဲ။ Discipline is destiny ဆိုလဲ မမှားဘူး။ကိုယ်သတ်မှတ်ထားတဲ့ စည်းကမ်းကိုယ်မလိုက်နာရင် ကိုယ့်ကိုကိုယ်respect ရှိမှာမဟုတ်ဘူး။ကိုယ့်ကိုကိုယ် respect မရှိရင်ကျန်တာလုပ်ဖို့ ခက်တယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် respect မရှိရင်
ကျန်တာလုပ်ဖို့ ခက်တယ်။
Read More Âť

လူအများစုက မသိလိုက်ပဲ
လုပ်နေကျ၊ စဥ်းစားနေကျ pattern တွေ

လူတစ်ယောက်နဲ့ အလုပ်မလုပ်ခင်အရင်ဆုံးလေ့လာတာဒီလူနဲ့ အရင်အလုပ်လုပ်ခဲ့တဲ့သူတွေကဘူသွားသလား၊ အောင်မြင်သွားသလား။ဒီအချက်က အရမ်းအရေးကြီးတယ်။လူအများစုက မသိလိုက်ပဲလုပ်နေကျ၊ စဥ်းစားနေကျ pattern တွေနဲ့ထပ်နေတတ်တယ်။ Phyo Paing @ Derek

လူအများစုက မသိလိုက်ပဲ
လုပ်နေကျ၊ စဥ်းစားနေကျ pattern တွေ
Read More Âť

You will make or break you.

ဘဝမှာ အပြောင်းအလဲ ဖြစ်တဲ့အချိန်တွေပြန်ကြည့်ကြည့်။လူတစ်စုံတစ်ယောက်နဲ့တွေ့ပြီးနောက်ကိုယ့်ဘဝလားရာ trajectoryပြောင်းသွားတာကြီးပဲ။ကိုယ့်အနားမှာထားတဲ့သူတွေကိုအထူးဂရုစိုက်ပါ။You will make or break you. Phyo Paing @ Derek

You will make or break you. Read More Âť

အနှစ်နှစ်ဆယ်နေရင်
ဘာဖြစ်နေမလဲ

ကိုယ့်ကိုကိုယ်ထားတဲ့အနာဂတ် အမြင်က ဘာဖြစ်မလဲ။နောက် ငါးနှစ်၊ ဆယ်နှစ်၊အနှစ်နှစ်ဆယ်နေရင်ဘာဖြစ်နေမလဲ။ဘာတွေဆွတ်ခူးထားမလဲ။ဘယ်နေရာရောက်နေမလဲ။မြင်ယောင်ကြည့်၊ကြားယောင်ကြည့်၊ခံစားကြည့်ကြည့်။အတိတ်ရဲ့မှတ်ဥာဏ်ထက်အနာဂတ်အမြင်ကပိုရှင်းနေမှပစ္စုပ္ပာန်မှာ အလုပ်လုပ်ရတာအဓိပ္ပာယ်ရှိမှာ။ Phyo Paing @ Derek

အနှစ်နှစ်ဆယ်နေရင်
ဘာဖြစ်နေမလဲ
Read More Âť