October 2022

အလုပ်ဟာ ကိုယ့်ရဲ့ဖြစ်တည်မှုအတွက်
ကြီးမားတဲ့ အားအင်တစ်ခုပဲ။

Artist တွေက non-artist တွေထက်ဘဝကျေနပ်မှု ပိုရကြတယ်။ကိုယ့်အလုပ်ကို အနုပညာလိုစဥ်းစားတတ်ဖို့လိုပဲလိုတယ်။ ကျွန်တော်ကတော့ကိုယ်လုပ်တဲ့အလုပ်ကိုချစ်တယ်။ရူးသွပ်တယ်။ကိုယ်လုပ်တဲ့အလုပ်ကိုလဲဆရာကျအောင် နေ့စဥ်မပျက်လေ့လာတယ်။စျေးကွက်ကလဲ လိုအပ်အောင်စျေးကွက်အပြောင်းအလဲကိုအမြဲ သုံးသပ်တယ်။နောက် ကိုယ့်ကျွမ်းကျင်မှုကနေဝင်ငွေရအောင် စဥ်းစားတယ်။ လူတွေကို သက်ရှည်ကျန်းမာစေတာကိုယ့်အလုပ်ကို တန်ဖိုးထားပြီးအနုပညာလို စဥ်းစားဖို့ပဲ။ ဒီအလုပ်လို့ သတ်မှတ်ထားတဲ့အနုပညာက ကိုယ့်ဘဝရဲ့လွတ်မြောက်မှုပဲ။ဘယ်လောက်ဆိုးတဲ့ အခြေအနေဖြစ်နေပါစေအလုပ်ဟာ ကိုယ့်ရဲ့ဖြစ်တည်မှုအတွက်ကြီးမားတဲ့ အားအင်တစ်ခုပဲ။ Phyo Paing @ Derek

အလုပ်ဟာ ကိုယ့်ရဲ့ဖြစ်တည်မှုအတွက်
ကြီးမားတဲ့ အားအင်တစ်ခုပဲ။
Read More »

ဘဝမှာ တိုးတက်မှု 10X ဖြစ်လာဖို့

စဥ်းစားကြည့်ကြည့်အင်္ဂလိပ်လို မဖတ်တတ်ရာကဖတ်တတ်၊ ပြောတတ်သွားတဲ့အချိန်။တရုတ်လို မပြောတတ်ရာကပြောတတ်သွားတဲ့အချိန်။လူရှေ့စကားပြောမတတ်ရာကပြောတတ်ဆိုတာ ပေါင်းသင်းတတ်တဲ့သူဖြစ်သွားတဲ့အချိန်။လုပ်ငန်းတစ်ခုကို ဘယ်လိုစရမလဲမသိရာကကြိုက်တဲ့လုပ်ငန်းကို အချိန်မရွေးစအချိန်တိုအတွင်း growth-hackingလုပ်နိုင်တဲ့ အချိန်။ ဘဝမှာ ဒီလို မလုပ်တတ်ရာကကျွမ်းကျင်မှုတစ်ခုရတဲ့ပျော်ရွင်မှုက ဘာနဲ့မှ ယှဥ်လို့မရဘူး။ ဘဝမှာ တိုးတက်မှု 10X ဖြစ်လာဖို့ကိုယ့်ရဲ့ skill တွေ ဂျွတ်နေမှဖြစ်မယ်။ Phyo Paing @ Derek

ဘဝမှာ တိုးတက်မှု 10X ဖြစ်လာဖို့ Read More »

ဒါမဟာဗျူဟာ strategy ပဲ။

ဘယ်သူပြေးတာပိုမြန်လဲထက်ဘယ်လမ်းကပြေးမလဲအရေးပိုကြီးတတ်တယ်။ပြိုင်ဖက်တွေနဲ့ မတူတဲ့ပြေးလမ်းကပြေးတာဒါမဟာဗျူဟာ strategy ပဲ။ Phyo Paing @ Derek

ဒါမဟာဗျူဟာ strategy ပဲ။ Read More »

နောက်ငါးနှစ်၊ ဆယ်နှစ်နေရင်
ကိုယ်ဘယ်နားမှာရောက်နေချင်လဲ။

နောက်ငါးနှစ်၊ ဆယ်နှစ်နေရင်ကိုယ်ဘယ်နားမှာရောက်နေချင်လဲ။ဒီရောက်နေချင်တဲ့ နေရာအတွက်ဒီနေ့ကို သေချာ ဒီဇိုင်းလုပ်ရမှာပဲ။ ကံကောင်းတယ်ဆိုတာကြိုတင်ပြင်ဆင်မှုနဲ့ အခွင့်အလမ်းနဲ့ကြုံကြိုက်တာကို ခေါ်တယ်ဆိုတာကြားဖူးကြာတာပဲ။ ၂၀၂၂ ထက် ၂၀၃၀၊ ၂၀၄၀ မှာဖြစ်လာမည့် ကိုယ်ကပိုစိတ်ဝင်စားဖို့ကောင်းတယ်။ ဒီနေ့ရောက်နေတဲ့ နေရာကကိုယ်လွန်ခဲ့တဲ့ ငါးနှစ်၊ ဆယ်နှစ်ကအားထုတ်ခဲ့လို့ပဲ။အရေးကြီးတာ အဆင်ပြေတယ်ဆိုပြီးဘဝကို Free ရိုက်ပြီးကုန်းမဆင်းမိဖို့ပဲ။ Phyo Paing @ Derek

နောက်ငါးနှစ်၊ ဆယ်နှစ်နေရင်
ကိုယ်ဘယ်နားမှာရောက်နေချင်လဲ။
Read More »

Social Media Marketing အကြောင်း
အကြံသုံးခုပေးရမယ်ဆို

၁။ တင်ခြင်းသည် မတင်ခြင်းထက်ကောင်းတယ်။ ကိုယ်က social media သုံးပြီးလုပ်ငန်း၊ personality ဒါမှမဟုတ်ကုန်ပစ္စည်းကို စျေးကွက်ဖောက်တော့မယ်ဆိုတင်ရမလား မတင်ရမလားစဉ်းစားနေရင် တင်သာတင်လိုက်။ပြီးမှ အခြေအနေကြည့်။လိုအပ်ရင် post ကို edit ပြန်လုပ်။ ၂။ မတူအောင်လုပ် အခု social media မှာ သင်တန်းတွေတက်ပြီးအကုန်လုံးက ပုံစံတူတွေဖြစ်လာတတ်တယ်။အရေးကြီးတာ မတူအောင်လုပ်ပါ။တင်ဆက်တဲ့ပုံစံ မတူဖို့ ဆန်းသစ်ဖို့လိုတယ်။မားကတ်တင်းရဲ့ ရန်သူတော်ကပျင်းစရာကောင်းခြင်းပဲ။ဒါကြောင့် ”Don’t be boring”.ဆန်းသစ်နေရမယ်။သတင်းတွေကို ချက်ချင်းတင်။ငါးရက်လောက်နေမှ တင်မယ်ဆိုရင်စိတ်ဝင်စားစရာ မကောင်းတော့ဘူး။ ၃။ ပုံမှန်တင် ကြာကြာမှ တစ်ခါတင်တာထက်ပုံမှန်တင်ဖို့အရေးကြီးတယ်။Consistency ရှိရှိနဲ့ လေ့လာပြီးသေချာတင်မယ်ဆိုရင်ကိုယ့် audience ရဲ့အသွားအလာကိုသိလာမယ်။ဒါကြောင့် သူစိမ်းကို စာဖတ်သူ၊စာဖတ်သူကို follow လုပ်သူ၊Follow လုပ်သူကို customerCustomer ကို အမာခံပရိသတ်အဖြစ်ပြောင်းလဲနိုင်မှာ ဖြစ်တယ်။ Phyo Paing @

Social Media Marketing အကြောင်း
အကြံသုံးခုပေးရမယ်ဆို
Read More »

လူတွေက program တစ်ခုပဲ။

ဘူပိတ်တဲ့လူတွေနဲ့ အနီးကပ်နေတာများရင်ဘူပိတ်တဲ့ program ကူးသွားနိုင်တယ်။တော်တော်လေးသတိပြုဖို့လိုတယ်။ ဒီ program ကူးသွားခဲ့ရင်အလုပ်လုပ်တဲ့အနေရာမှာလဲအဆင်မပြေသလို၊တစ်ခုခုဆို နောက်ကွယ်ကprogram အလုပ်လုပ်နေတဲ့အတွက်စွမ်းဆောင်ရည်လဲ ရေလည်ကျနိုင်တယ်။ Phyo Paing @ Derek

လူတွေက program တစ်ခုပဲ။ Read More »

တခါတလေ ကိုယ့်ဘဝမှာ

ကိုယ့်ကို အရမ်းနားလည်တဲ့သူများဘဝတစ်ကွေ့မဟုတ် တစ်ကွေ့မှာဆုံတတ်ကြတယ်။ ဆုံတဲ့အချိန်က သတိပြုမိချင်မှပြုမိလိမ့်မယ်။ အဲ့ဒီအချိန်ကစလို့ ဘဝရဲ့လမ်းကြောင်းက ပြောင်းလဲသွားတာမျိုးဖြစ်တတ်ကြတယ်။ ဒါပေမယ့် လူ ၉၀% လောက်ကတော့အတိတ်ကို ပြန်ကြည့်မှ သတိပြန်ပြုမိတာမျိုးဖြစ်တတ်ကြတယ်။ Phyo Paing @ Derek

တခါတလေ ကိုယ့်ဘဝမှာ Read More »

အထီးကျန်ဝေဒနာ

တချို့လူတွေက အထီးကျန်တတ်တယ်။ညနေရောက်ရင် ဘာလိုနေမှန်းကိုမသိဘူး။ငါဘာကြောင့် အလုပ်လုပ်နေမှန်းမသိဘူးအဲ့လို အတွေးမျိုးတွေ ဝင်တတ်တယ်။ ဒီအထီးကျန်မှုက တလွဲတွေကိုဖြစ်စေတတ်လို့ သတိထားရတယ်။ မထိန်းတတ်ရင် စိတ်ကျရောဂါဖြစ်တတ်တယ်။ ဒါကို ကျော်လွှားဖို့ အိမ်ထောင်ပြုမယ်ဆိုငါးပါးမှောက်ပြီသာမှတ်။ သမီးရည်းစားထားလို့ အစပိုင်းမှာအဲ့အထီးကျန်တာက ပျောက်ကောင်းပျောက်သွားနိုင်ပေမယ့် အခြေအနေတစ်ခုရောက်တဲ့အခါ ဒီအထီးကျန်ခြင်းက ပြန်ဖြစ်နိုင်တယ်။ အထူးသဖြင့် ရစ်တာ၊ ရန်ဖြစ်ပြီးဘူပိတ်တာနဲ့ အထီးကျန်တာနဲ့ယှဥ်ရင်ဒုတိယ တစ်ခုကိုပဲ ရွေးလိုက်ကြတာများတယ်။ အထီးကျန်တာကို ကုစားဖို့အကောင်းဆုံးနည်းလမ်းကတော့ ကိုယ့်ဘဝရဲ့ purpose ရည်ရွယ်ချက်ကိုရှာဖွေပြီး အဲ့အလုပ်ကို ဂိမ်းကစားသလို ပိုးစိုးပက်စက်လုပ်တာပဲဖြစ်တယ်။ Phyo Paing @ Derek

အထီးကျန်ဝေဒနာ Read More »

ကိုယ့်နာမည်ကြားရင်
ကိုယ့်မျက်နှာမြင်ရင်ဘာနဲ့
တွဲမြင်စေချင်လဲ အရေးကြီးတယ်။

Coca Cola ကို မြင်လိုက်ရင်အသံကြားလိုက်ရင် ပျော်လာတယ်။Apple လို့ပြောလိုက်ရင်ဒီဇိုင်းကာလာ ဘာညာ မိုက်မယ်ဆိုအလိုလို ခံစားမိပြီးသား။ တချို့လူတွေကလဲ အဲ့လိုမတူညီတဲ့ ခံစားချက်တွေပေးတယ်။ တချို့လူတွေ နာမည်ကြားလိုက်ရင်အလိုလို အားတတ်လာတာမျိုး။ဥပမာ Tony Robbins ဆိုပါတော့။တချို့လူတွေကလဲ နာမည်ကြားလိုက်တာနဲ့အလိုလို စိတ်ညစ်သွားရော။ ဒါကို positioning လို့ခေါ်တယ်။ conditioning ဆိုတဲ့ စိတ်ပညာကြောင့်ဖြစ်လာတာ။ ကိုယ့်နာမည်ကြားရင်ကိုယ့်မျက်နှာမြင်ရင်ဘာနဲ့တွဲမြင်စေချင်လဲ အရေးကြီးတယ်။ Phyo Paing @ Derek

ကိုယ့်နာမည်ကြားရင်
ကိုယ့်မျက်နှာမြင်ရင်ဘာနဲ့
တွဲမြင်စေချင်လဲ အရေးကြီးတယ်။
Read More »

မွန်းကြပ်မှု

Relationship တချို့မှာ အချိန်တစ်ခုရောက်ရင်မွန်းကြပ်မှုဆိုတဲ့ အမှတ်တစ်ခုရောက်လာတတ်တယ်။ စိတ်ပညာအရ ဘာကြောင့်ဖြစ်လဲဆိုရင်တစ်ဖက်လူက သူ့ရဲ့စိတ်ခံစားမှု၊ လူမှုဆက်ဆံရေးလိုအပ်ချက်အားလုံးကိုတဖက်လူတစ်ယောက်ထဲအပေါ်ကမျှော်လင့်တဲ့အခါ ဒီ ”မွန်းကြပ်မှု suffocating” ဆိုတာဖြစ်တတ်ကြတယ်။ ဒီလိုအချိန်မျိုးမှာ တစ်ဖက်လူရဲ့လုပ်ရပ်တိုင်းကို အထအနကောက်ပြီးစိတ်တိုင်းမကျ ဖြစ်တတ်တယ်။ တဖက်လူအနေနဲ့လဲ သူ့မှာတခြားကိစ္စေတွကြားမှာ အရာရာကို အာရုံမပြုမိတာမျိုးဖြစ်တတ်တယ်။အဲ့ဒီ point က Eminem ရဲ့Love the way you lie သီချင်းထဲကလိုခံစားမှုနဲ့ ပြဿနာတွေ စဖြစ်တာပဲ။ ဒါကြောင့် အလုပ်ရှုပ်နေပါစေ။ Phyo Paing @ Derek

မွန်းကြပ်မှု Read More »