ကိုယ်လိုချင်တဲ့ “ရလဒ်”ရဖို့
ကိုယ်လုပ်နေတဲ့ နေ့စဉ် “လုပ်ရပ်”အရေးကြီးတယ်။ Phyo Paing @ Derek
အသက်ရှူတဲ့စနစ်၊နှလုံးခုန်တဲ့ စနစ်၊ အစာခြေတဲ့စနစ်၊ အာရုံကြောစနစ် တွေရှိသလိုလူတွေရဲ့ ယုံကြည်မှုစနစ် ရှိတယ်။ ဒီယုံကြည်မှု စနစ်ပေါ်မူတည်ပြီးလောကကြီးကို ရှုမြင်မှုကွာသွားကြတယ်။ ဒီလို လောကရှုမြင်မှုပုံစံခွက်ကို mental model လို့ခေါ်တယ်။ လူတိုင်းမှာ မတူညီတဲ့mental model တွေရှိတယ်။ Model မှားရင် မယ်တော်ဆင်းကယ်လဲမရဘူး။ Phyo Paing @ Derek
ကျွေးတဲ့အစာကလဲအဟာရရှိဖို့လိုတယ်။သောက်တလွဲတွေပဲခေါင်းထဲထည့်နေရင်သောက်တလွဲဘဝပဲရမှာ။ Phyo Paing @ Derek
ဆယ်ကျော်သက်အရွယ်မှာကျတော့မြင်မြင်သမျှ အသစ်ပဲ။Fresh ဖြစ်နေတယ်။လောက ကြီးကစူးစမ်းချင်စရာကြီး။ နှစ်ဆယ်၊ နှစ်ဆယ့်ငါးကျော်လာတော့သတ်မှတ်ထားတဲ့ လူ့အဖွဲ့အစည်းမှာအံဝင်ဂွင်ကျဖြစ်အောင် လုပ်လာရပြီ။ အဲ့ဒီသတ်မှတ်ချက် လှေကားထစ်ကိုတစ်ဆင့်ချင်းတတ်ဖို့ နည်းလမ်းရှာကြရပြီ။ သုံးဆယ်ကျော်လာတဲ့အခါကျဗိုက်ကလေးက ပူလာပြီ။စူပါ၊ မနေနေဂျာဖြစ်လာပြီ။လုပ်ငန်းလုပ်တော့မယ်ဆိုရင်လည်းနှစ်ဆယ်ကျော်လောက်က ရခဲ့တဲ့ ဒဏ်ရာတွေနဲ့ တစ်ခုခုဆို မျက်စိမှိတ် ယုံကြည် ချမယ်ဆိုတဲ့စိတ်ပျောက်လာပြီ။ အသက်လေးဆယ်ကျော်တဲ့အခါကိုယ့်နယ်ပယ်မှာ လူတော်တော်များများနဲ့လည်းသိလာပြီ။အိုးနဲ့ အိမ်နဲ့ သားရေး၊ မယားရေးနဲ့လူရိုသေရှင်ရိုသေ နေရာလေးလည်းရလာတတ်တဲ့အချိန်။ လောလောပြီးကနေရတာ လောကထဲ။ တချို့လူတွေက အဲ့ဒီသတ်မှတ်ချက်ဘောင်တွေထဲမှာ နေဖို့ငြင်းဆိုကြတယ်။အမြဲတမ်းစူးစမ်းပြီးကိုယ့်ဘဝရဲ့ အတန်းသင်ခန်းစာဘဝ curriculum ကိုကိုယ်တိုင်တည်ဆောက်ကြတယ်။ အဲ့ဒီ ဘောင်တွေက လူတွေကိုသိုးတစ်ကောင်လိုဖြစ်အောင်ထိန်းချုပ်ထားတာမျိုးဖြစ်စေတယ်။ လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲမှုကဘောင်ထဲမှာနေပြီး ဖြစ်လာဖို့မလွယ်ဘူး။ Phyo Paing @ Derek
တချို့လူတွေက သတ်မှတ်ချက်
ဘောင်တွေထဲမှာ နေဖို့ငြင်းဆိုကြတယ် Read More »
ဘဝကို ခံစားတတ်မှု အရေးကြီးတယ်။ဒီခံစားမှုက အသက်ပဲ။ဒီခံစားချက်က လျို့ဝှက်ချက် the secret ပဲ။တချို့တွေပြောတဲ့ law of attraction ဆိုတာကလဲဒါပဲ။ဒါကို the feeling is the secret တဲ့။ ကိုယ့်ကိုကိုယ် feeling good ဖြစ်တဲ့အချိန်ကစပြီးဘဝတစ်ခု၊ အကျင့်တစ်ခုကအပြောင်းအလဲဖြစ်သွားတယ်။သာမာန်လူတွေစာဖတ်တဲ့အခါ ခေါင်းခြောက်တာမျိုးဖြစ်တယ်။Pro ဖြစ်သွားလို့ စာဖတ်ရင် ဦးနှောက်ကOrgasm ရောက်သလို အလင်းတွေ လင်းလက် breakthrough ဖြစ်တယ်။ တချို့တွေ အစပိုင်း gym သွားပင်ပန်းပြီး တစ်ရက်လုံးအလုပ်မလုပ်နိုင်အစားတွေ ပိုစားချင်ဖြစ်လာတဲ့အတွက်ကိုယ့်ကိုကိုယ် အပြစ်ပေးသလိုPunishment အဖြစ်ခံစားရတဲ့အတွက်ရပ်လိုက်ကြတယ်။အခြေအနေတစ်ခုရောက်လာတဲ့အခါEndorphin တို့၊ Growth-hormone အရသာတွေ တွေ့လာတော့Blessing ဆိုတာ ခံစားလာရတယ်။ Relationship မှာလဲ အစမှာဆိုမသေချာမရေရာမှု uncertainty တွေကြောင့်ရင်ခုန်မှုတွေ ဖြစ်ပြီးDopamine အတက်အကျတွေကြားရင်ခုန်မှုတွေဖြစ်တတ်ကြတယ်။အချိန်တစ်ခုရောက်လာ အရာရာ ခန့်မှန်းလို့ရလာတဲ့အခါExcitement
မွေးကတည်းက ပေးထားချက်တွေမတူဘူး။ဒါက အရေးမကြီးဘူး။ အရေးကြီးတာ ပေးထားချက်ပေါ်မှာဘဝကို ဘယ်လိုတည်ဆောက်သွားလဲဆိုတာပဲ မဟုတ်လား။ လူတွေကို ပြဿနာပေးတာ အတွေးအခေါ်ပဲ။ အတွေးအခေါ် မရှင်းရင်ဘဝကလဲ မရှင်းဘူး။ ဘဝမှာ ဘယ်ကစလဲ အရေးသိပ်မကြီးတော့ဘူး။ ဘယ်ကို သွားမလဲဘယ်ကို ရောက်နေပြီလဲဘယ်ဆက်သွားမလဲဒါပဲ အရေးကြီးတယ်။ တစ်ခုခု ဖြစ်လာဖို့ သူများအားကိုးရမည့်အလုပ်စိတ်ကို မဝင်စားဘူး။ ကိုယ်လုပ်နိုင်တာကို ကိုယ်လုပ်ကိုယ့်ဘဝနဲ့ ကိုယ်ပဲ လို့ ခံယူထားတယ်။ လူတိုင်းက ကိုယ့်အတွက်ကိုယ်ကြည့်ပြီးမှသူများအတွက် ကြည့်ပေးနိုင်မှာပဲ။ ကိုယ်က အဆင်မပြေရင်သူများကို အဆင်ပြေအောင်ကူညီပေးဖို့ ထင်သလောက်မလွယ်နိုင်ဘူး။ ဒီနေ့လို distraction တွေကြားမှာကိုယ်သွားနေတဲ့လမ်းကြောင်းမပျောက်သွားဖို့ အရေးကြီးတယ်။ Phyo Paing @ Derek
တစ်ရက်တစ်ရက်သာကုန်သွားတယ်။မနေ့ကနဲ့ ဘာမှ မကွာခြားဘူး။ ဒါမျိုးကြုံဖူးတတ်ကြတယ်။ ဘဝရဲ့ ရင်ခုန်မှုဆိုတာ တိုးတက်မှုက လာတာများတယ်။ ဒါကြောင့် တစ်ရက်တာအတွက်မနက်အခါက တစ်ရက်တာစစ်ပွဲကိုတိုက်ဖို့ ပြင်ရမည့်အချိန်ပဲ။ လျှောက်လုပ်နေလို့ မရဘူး။ စည်းကမ်းလိုတယ်။ ကြာကြာနေမှ တစ်ခါထလုပ်တဲ့အလုပ်တွေက ဘဝကို အပြောင်းအလဲ ဖြစ်စေတာထက်စွဲစွဲမြဲမြဲ မှန်မှန်လုပ်တဲ့အလုပ်တွေကကိုယ့်ဘဝကို ပြောင်းလဲ စေတာများတယ်။ ဒီနေ့ည အိပ်ယာဝင်တဲ့အခါ မင်းဒီတစ်ရက်မှာ လုပ်တဲ့အလုပ်ထဲကဂုဏ်အယူဆုံးအရာတစ်ခုဆိုဘာများဖြစ်မလဲ ဆိုတဲ့အခါဘာများပြန်ဖြေဖြစ်မလဲ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ရတဲ့အချိန်တွေလိုကောင်းလိုနိုင်တယ်။ Phyo Paing @ Derek
လီကွမ်းယူကတော့ My family and My country တဲ့။သူ့မိန်းမက family တာဝန်ယူတယ်။သူက သူ့နိုင်ငံ တာဝန်ယူတယ်။ Tim Ferriss တို့လို လူပျိုတွေကျတော့သူ့ကိုယ်သူ စမ်းသပ်ကောင်အနေနဲ့နေပြီးProductivity ကောင်းအောင်လုပ်တယ်။ ကိုယ့်ဘဝအတွက် အရေးကြီးတာအသက်ပေးရင်တောင် ပေးမယ်ဆိုတဲ့အရာတစ်ခုရှိဖို့ အရေးကြီးတယ်။ဒါမှ ဘဝက နေရထိုင်ရတာလတ်ဆတ်တာ။မဟုတ်ရင် သေဖို့ကို ဇိမ်ခံပြီးစောင့်နေရသလိုပဲ။ Phyo Paing @ Derek
ဖြစ်နိုင်တာတွေကိုပဲဖြစ်အောင်လုပ်တာ ရင်ခုန်ဖို့မကောင်းဘူး။အရင်လကထက် ၁၀% တိုးတက်ဖို့ကရင်ခုန်ဖို့ ကောင်းချင်မှ ကောင်းလိမ့်မယ်။တစ်နှစ်အတွင်း ၁၀ ဆ ဖြစ်ဖို့အဆ ၁၀၀ ဖြစ်ဖို့က ပိုရင်ခုန်ဖို့ကောင်းတာ မျိုးဖြစ်တတ်တယ်။ ဒီလို ၁၀ ဆ နဲ့ အဆ ၁၀၀ အထက်တိုးတက်ဖို့က တွေ့နေကျလူ၊စဉ်းစားနေကျ အတွေးအခေါ်၊ရှိနေကျ ယုံကြည်မှုနဲ့အရိုးစွဲနေတဲ့ ယုံကြည်မှုနဲ့ မရဘူး။လူတွေရဲ့ သဘာဝအရအပြောင်းအလဲ လုပ်ဖို့ကြောက်တတ်ကြတယ်။ ၁၀ ဆ အထက်တိုးတက်မှုပုံစံစဉ်းစားတဲ့အခါ စွန့်လွတ်ရမည့်အချက်တွေရှိတယ်။ဒါကတော့ ကိုယ်တွေးနေကျ၊လုပ်နေကျ ပုံစံပဲ။ ကိုယ့်ရဲ့ တိုးတက်မှုအတွက်အတားအဆီးက တခြားသူထက်ကိုယ်ကိုယ်တိုင်ဖြစ်နေတတ်တယ်။ Phyo Paing @ Derek
၁၀ ဆ အထက်တိုးတက်မှုပုံစံ
စဉ်းစားတဲ့အခါ စွန့်လွတ်ရမည့်
အချက်တွေရှိတယ်။ Read More »
ကားထဲ မသန့်တဲ့ဆီတွေထည့်ရင်စက်တွေ ကောင်းကောင်းမလည်သလိုပဲခန္ဓာကိုယ်ထဲ မကောင်းတဲ့အစားအစာမကောင်းတဲ့ အတွေးအခေါ်တွေထည့်လိုက်ပြီးကောင်းကောင်းလည်ပတ်ဖို့ မလွယ်ဘူး။လူဆိုတာ စနစ်တစ်ခုပဲ။ Phyo Paing @ Derek