October 2022

ရေရှည်အတွက် ထိရောက်တာကတော့
အမှတ်တံဆိပ်သေချာ
တည်ဆောက်တာပဲ။

ကိုယ့်ရဲ့ post လေး လူနှစ်သန်း၊​သုံးသန်းလောက် တွေ့ရဖို့$ ထောင် ဂဏန်း boost နေရချိန်မှာတချို့တွေက free ရနေတယ်။ဘာကွာသွားသလဲ? အနာဂတ်အတွက် ပြင်ဆင်မှုကွာသွားတယ်။မားကတ်တင်းသမားတွေစဥ်းစားတဲ့ ပုံစံက$1 ထည့်လိုက်တိုင်းဝင်ငွေ ဘယ်လောက်ပြန်ရှာပေးမလဲ။$ ထည့်စရာမလိုပဲဘယ်လို မားကတ်တင်းလုပ်မလဲ။ ပထမတစ်ခု အမေးများတာကpaid ad နဲ့သွားတဲ့ marketer တွေ။ဒုတိယတစ်ခုက အမှတ်တံဆိပ်တည်ဆောက်တဲ့ marketer တွေ။ Paid Ad က ရေရှည် မလွယ်ဘူး။Google မှာကြော်ငြာFacebook မှာ ကြော်ငြာစျေးက အမြဲတက်သွားမှာပဲ။ ရေရှည်အတွက် ထိရောက်တာကတော့အမှတ်တံဆိပ်သေချာတည်ဆောက်တာပဲ။ ဒီအတွက် မဟာဗျူဟာကောင်းကောင်းလိုတယ်။စိတ်ရှည်မှု လိုတယ်။​ Phyo Paing @ Derek

ရေရှည်အတွက် ထိရောက်တာကတော့
အမှတ်တံဆိပ်သေချာ
တည်ဆောက်တာပဲ။
Read More »

မြန်မာပြည်မှာနေရင် အရေးကြီးတဲ့
competitive advantage

မြန်မာပြည်မှာ လူဦးရေသန်းငါးဆယ်ရှိတယ်။ဗမာစကားအသုံးများတဲ့အတွက်ဒါက ပြင်ပ ပြိုင်ဆိုင်မှုတွေအတွက်အကြီးဆုံး အတားအဆီးတစ်ခုအနေနဲ့ရှိတယ်။​ ဥပမာ စလုံးဆိုရင် တစ်ကမ္ဘာလုံးနဲ့ပြိုင်ဆိုင်ရပြီ။အကုန်လုံးက အင်္ဂလိပ်လိုရတယ်။ မိဘအများစုက ကလေးကိုအင်္ဂလိပ်လို ပြောတတ်ရင် ဂုဏ်ယူကြတယ်။​ မြန်မာပြည်မှာနေရင် အရေးကြီးတဲ့competitive advantage ကအနာဂတ်ကလေးတွေအတွက်အင်္ဂလိပ်စာမဟုတ်ဘူး။မြန်မာစာဖြစ်မယ်။သန်းငါးဆယ်ရှိတဲ့ စျေးကွက်မှာပြိုင်ဆိုင်မှုနည်းပြီးကိုယ့်လူမျိုးအကြောင်းသိထားတာဟာဘာနဲ့မှ လဲလို့မရတဲ့ အားသာချက်ပဲ။ Indonesia မှာဆိုရင်Home schooling နဲ့ကြီးလာတဲ့ကလေးတွေရှိတယ်။ဥပမာ Rich Brian လိုမျိုးကလေး။88rising ကနေ စင်ပေါ်တင်ပေးပြီးကမ္ဘာ့ကျော်လာတယ်။ဒီဖက်ကိုသွားတာက လူနည်းစုဖြစ်မယ်။ ဒါပေမယ့် ပြုတ်ကျရင်တောင်ကြောင်ကျကျဖို့ ပြေးမလွတ်တဲ့စျေးကွက်ကကိုယ်အသက်ကြီးလာတဲ့ စျေးကွက်ဖြစ်တဲ့အတွက်ကိုယ့်လူမျိုး ဘာသာစကားကအရေးကြီးနေအုံးမှာပဲ။ Phyo Paing @ Derek

မြန်မာပြည်မှာနေရင် အရေးကြီးတဲ့
competitive advantage
Read More »

Power of Moment ကိုလျော့မတွက်နဲ့

ကိုယ့်ဘဝရဲ့ အငြိမ်းချမ်းဆုံးအချိန်တစ်ခုကို စဥ်းစားကြည့်ကြည့်။ကြည်နူးစရာအကောင်းဆုံး၊အသာယာဆုံးအချိန်တစ်ခု။အဲ့ဒီအချိန်မှာ မြင်တဲ့ပုံရိပ်ကိုပြန်စဥ်းစားကြည့်ကြည့်။ဘာတွေမြင်လဲ။ဘာတွေ ကြားလဲ။ဘာတွေခံစားရသလဲ။ အဲ့ဒီအချိန်၊ အဲ့ဒီပုံရိပ်၊အဲ့အချိန်မှာဖြစ်တဲ့ ခံစားချက်ကဘဝဆိုတာ နေပျော်ပါတယ်။ဘဝကိုကောင်းကောင်းတန်ဖိုးထားဖြတ်သန်းရမယ် အဲ့လိုခံစားမှုမျိုးဝင်ကောင်းဝင်လာလိမ့်မယ်။ အဲ့ဒီအချိန်က ဘဝကိုအပြောင်းအလဲ လုပ်ပေးနိုင်တဲ့အချိန်ပဲ။Power of Moment ကိုလျော့မတွက်နဲ့။ Phyo Paing @ Derek

Power of Moment ကိုလျော့မတွက်နဲ့ Read More »

ကိုယ့်ကိုကိုယ် ချစ်တတ်ဖို့လိုတယ်။

ကိုယ့်ကိုကိုယ် တကယ်ချစ်ရင်ကိုယ်ဒုက္ခရောက်မည့်အရာတွေမလုပ်တော့ဘူး။ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်လာမယ်။မကောင်းတဲ့ အစားအသောက်တွေမစားတော့ဘူး။မကောင်းတဲ့ အမူအကျင့်တွေမလုပ်တော့ဘူး။ကိုယ့်ကိုကိုယ် ချစ်တတ်ဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ချစ်တတ်ဖို့လိုတယ်။ Read More »

ဘဝမှာ ယုံကြည်မှုတစ်ခုအပေါ်
ဘဝကို ပုံအပ် အလောင်းအစားလုပ်ရတဲ့အခါတွေ
လူတိုင်းမှာ ရှိတတ်ကြတယ်။

အပြောင်းအလဲ ကြီးကြီးတစ်ခုဖြစ်ချင်ရင်ဘဝမှာ တစ်ခုခုအပေါ်အလောင်းအစားလုပ်ထားဖို့လိုတယ်။အဲ့ဒီအတွက် ပြင်ဆင်မှုကဆယ်စုနှစ်တစ်ခု ကြာနိုင်သလို၊သူ့ထက်လဲ​ ကြာကောင်းကြာလိမ့်မယ်။ဒါပေမယ့် အဲ့ဒီ အချိန်တကယ်ရောက်လာတဲ့အခါကိုယ်နဲ့ လုပ်ငန်းတူ၊ နယ်ပယ်တူတွေဘယ်လိုမှ မလိုက်နိုင်တော့တဲ့အခြေနေတစ်ခု ရောက်သွားလိမ့်မယ်။ ဘဝမှာ ယုံကြည်မှုတစ်ခုအပေါ်ဘဝကို ပုံအပ် အလောင်းအစားလုပ်ရတဲ့အခါတွေလူတိုင်းမှာ ရှိတတ်ကြတယ်။ Phyo Paing @ Derek

ဘဝမှာ ယုံကြည်မှုတစ်ခုအပေါ်
ဘဝကို ပုံအပ် အလောင်းအစားလုပ်ရတဲ့အခါတွေ
လူတိုင်းမှာ ရှိတတ်ကြတယ်။
Read More »

ကိုယ်မတွေးပဲ မနေနိုင်တာကိုလုပ်

အလုပ်လုပ်တာကို အလုပ်လုပ်တယ်လို့ မခံစားရအောင်လုပ်တဲ့နည်းကကိုယ့်ဘဝကို ပြည့်စုံစေတဲ့အလုပ်လုပ်တာပဲ။ ဝါသနာပါတာကိုလုပ်ဆိုတာတော်တော်လေးအပေါ်ယံဆန်နိုင်တယ်။ ကိုယ်မတွေးပဲ မနေနိုင်တာကိုလုပ်ဆိုရင် ပိုပြီး မှန်ကန်နိုင်မယ်။ ကိုယ့်ဦးနှောက်ထဲ နေရာအယူဆုံးအကြောင်းအရာတွေကဘာလဲ။ မတွေးပဲ မနေနိုင်တဲ့အကြောင်းအရာတွေကဘာတွေဖြစ်မလဲ။ ဒီအရာနဲ့ဆိုင်တဲ့ အလုပ်ကိုရွေးချယ်လုပ်ဆောင်တာ ဘဝရဲ့ပျော်ရွင်မှုပဲ။ မတွေးပဲ မနေနိုင်တဲ့အလုပ်ကနေဝင်ငွေဖန်တီးဖို့အတွက်တော့နည်လမ်းရှာဖို့လိုတယ်။ အကောင်းဆုံးနည်းလမ်းကတော့ ဒီနေ့ခေတ် လူတိုင်းရထားတဲ့အခွင့်အရေးပဲ။ဒါကတော့ social media ပေါ့။ ကိုယ်မတွေးပဲ မနေနိုင်တဲ့အရာတွေကိုဖော်ပြခြင်းဟာ ကိုယ့်လိုလူတွေကိုဆွဲဆောင်ခြင်းဖြစ်ပြီးဒီကမှတစ်ဆင့် ဝင်ငွေပြောင်းတဲ့အဆင့်သွားလို့ရတယ်။ လူအများစုက ဝင်ငွေကို အရင်စဥ်းစားပြီးမှ ဘယ်အလုပ်လုပ်ရမလဲ စဥ်းစားတယ်။ အဲ့ထက်ကောင်းတဲ့ approach တစ်ခုကကိုယ်မတွေးပဲ မနေနိုင်တဲ့အပေါ်ကိုယ့်အသက်မွေးဝမ်းကြောင်းတည်ဆောက်တာပဲ။ Phyo Paing @ Derek

ကိုယ်မတွေးပဲ မနေနိုင်တာကိုလုပ် Read More »

ကိုယ်မတွေးပဲ မနေနိုင်တဲ့
အလုပ်ကိုလုပ်။

နယ်ပယ်တိုင်းမှာအောင်မြင်နေတဲ့သူတွေဘာအလုပ်လုပ်လဲ? ကိုယ်မတွေးပဲ မနေနိုင်တဲ့ အလုပ်ကိုလုပ်ကြတာများတယ်။ တွေးဖို့ သီးသန့်အချိန်ပေးနေစရာမလိုဘူး။သိစိတ်၊ မသိစိတ် နှစ်ခုလုံးအလုပ်လုပ်နေတယ်။ Phyo Paing @ Derek

ကိုယ်မတွေးပဲ မနေနိုင်တဲ့
အလုပ်ကိုလုပ်။
Read More »

ကိုယ့်ကိုကိုယ် မျက်စိမှိတ်မယုံပါနဲ့။

ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ တွေးတောကြံဆယုံကြည်ချက်တွေကမှားနိုင်ခြေရှိတယ်။ ကိုယ့်ရဲ့ တဒင်္ဂစိတ်ခံစားချက်အတွေးအခေါ်၊ ယုံကြည်ချက်တွေအနာဂတ်အတွက် ယူဆချက်တွေကမှန်ချင်မှ မှန်မှာ။ ဒါတွေကို မျက်စိစုံမှိတ်ယုံကြည်တာထက်ပြန်လည်သုံးသပ်မှု ဖြစ်စဉ်လိုတယ်။ ကိုယ့်ရဲ့ယုံကြည်ချက်၊ အတွေးအခေါ်၊ခံယူချက်ကို နေ့စဉ်သုံးသပ်နေတဲ့အခါဘဝက ဝေဒနာတွေနဲ့ ဖြတ်သန်းစရာမလိုတော့ဘူး။Data တွေက လမ်းပြသွားတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် မျက်စိမှိတ် မယုံလိုက်နဲ့။ ဘာကြောင့်လဲဆိုတော့ကိုယ့်ဘဝရဲ့ အကြီးဆုံးအတားအဆီးက ကိုယ်ကိုယ်တိုင်ဖြစ်နေတတ်တယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် မျက်စိမှိတ်မယုံပါနဲ့။ Read More »

ကျွန်တော်ကတော့ ကိုယ့်ကိုကိုယ်
စက်ရုပ်တစ်ကောင်လို စဉ်းစားတယ်။

ကိုယ့်ကို program လုပ်ထားတဲ့code တိုင်းကို ပြန်ဆန်းစစ်တယ်။ ကိုယ်ခံစားရတဲ့ စိတ်ခံစားမှုနဲ့ ယုံကြည်မှု တိုင်းကို ပြန်သုံးသပ်တယ်။ အတိတ်မှာ ရခဲ့တဲ့ ရလဒ်တွေနဲ့ ပြန်ချိန်ထိုးကြည့်တယ်။ ဒီအပေါ်မူတည်ပြီး ဥပဒေသ ဘဝနေထိုင်းရေးစည်းမျဉ်းတွေ ထုတ်တယ်။ ကိုယ့်ရဲ့ဖြစ်တည်မှု ရည်ရွယ်ချက်ကကိုယ့်ရဲ့ best version ကိုတည်ဆောက်ဖို့။ ကိုယ့်ရဲ့ သမိုင်းပေးတာဝန်က လူသားတွေရဲ့ဘဝကို ပညာရေးနဲ့နည်းပညာအသုံးပြု မြင့်တင်ပေးဖို့။ ဘဝရဲ့ ခံယူချက်က ဖောက်သည်စစ်စစ်နံပတ်တစ်၊ အလုပ်ကို ပိုးစိုးပက်စက်လုပ်၊နေ့စဉ်သင်ယူ၊ အလုပ်လုပ်ရင် မြန်မြန်လုပ်။Customer first;Move fast;Work hard;Learn everyday. လူမှန်ရင် စောက်တလွဲလုပ်မိမှာပဲ။ဒါကို သင်ခန်းစာယူပြီးပိုကောင်းအောင် တည်ဆောက်ဖို့လိုတာပဲ။ ဘဝကို ဝေဒနာတွေနဲ့ မဖြတ်သန်းဒေတာတွေနဲ့ ဖြတ်သန်းနိုင်ဖို့ကိုယ့်ကိုကိုယ် စက်ရုပ်တစ်ကောင်လို့စဉ်းစားရတဲ့အချိန်တွေ လိုကောင်းလိုလိမ့်မယ်။ Phyo Paing @ Derek

ကျွန်တော်ကတော့ ကိုယ့်ကိုကိုယ်
စက်ရုပ်တစ်ကောင်လို စဉ်းစားတယ်။
Read More »

ပြဿနာဆိုတဲ့ အိမ်က
လူတွေရဲ့ ဦးနှောက်ပဲ။

အမှန်တော့ တကယ်ပြဿနာအစစ်ကကိုယ် ကိုယ်တိုင်ဖြစ်နေတတ်တယ်။ ဘာကြောင့်လဲဆိုတော့ ပြဿနာဆိုတဲ့ အိမ်ကလူတွေရဲ့ ဦးနှောက်ပဲ။ အတွေးတွေ မရှင်းရင်ပြဿနာတွေနဲ့ တိုင်ပတ်မယ်။ စဥ်းစားတာ မရှင်းရင်ပြဿနာတွေနဲ့ တိုင်ပတ်မယ်။ ကိုယ်လိုချင်တာ ပြတ်ပြတ်သားသားမသိရင် ပြဿနာတွေနဲ့ တိုင်ပတ်မယ်။ ပြဿနာရဲ့ အရင်းအမြစ်ဖြစ်တဲ့ကိုယ့်ကိုကိုယ် မတည်ဆောက်ရင်ပြဿနာက ပြီးတော့မှာ မဟုတ်ဘူး။ Phyo Paing @ Derek

ပြဿနာဆိုတဲ့ အိမ်က
လူတွေရဲ့ ဦးနှောက်ပဲ။
Read More »