December 2022

အရှိကိုအရှိအတိုင်းမမြင်နိုင်တာ
ပြဿနာပေါင်းစုံရဲ့
တရားခံပဲ။

သင်္ချာပုစ္ဆာတစ်ပုဒ်လိုပဲ ပေးထားချက်ကိုမှ သေချာမတွေ့ရှိ နားမလည်မှတော့အဖြေကလဲ ဝေးနေမှာပဲ။ ပေးထားချက် မမှန်မှတော့ငါတွက်နည်းမှန်တယ်၊နင့်တွက်နည်းမှန်တယ်ဆိုတာအလကားပဲ။ အရှိကို အရှိအတိုင်းအနီးစပ်ဆုံးမြင်နိုင်ဖို့ အတ္တတွေဘေးဖယ်ထားဖို့ လိုတယ်။ ကိုယ့်ယုံကြည်မှု၊ တွေးခေါ်ကြံဆမှုတွေကိုဘေးမှာ ခဏချပြီးမျက်စိဖွင့်၊ နားစွင့်ကြည့်ဖို့လိုတယ်။ ပြဿာနာ အဖြေရှာဖို့လိုတယ်။ငါလိုချင်တာဘာလဲပြန်မေးကြည့်။ ဒါကို ရဖို့ နည်းလမ်းတွေစဥ်းစားကြည့်။ နည်းလမ်းတိုင်းရဲ့ အောင်မြင်နိုင်ခြေကိုအရှိအရှိအတိုင်း ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ကြည့်။ အောင်မြင်နိုင်ခြေအရှိဆုံးနည်းလမ်းကို ရွေးရမှာပဲ။ Phyo Paing @ Derek

အရှိကိုအရှိအတိုင်းမမြင်နိုင်တာ
ပြဿနာပေါင်းစုံရဲ့
တရားခံပဲ။
Read More »

မသိစိတ်ရဲ့စွမ်းအားကို လျော့မတွက်နဲ့။

ခေါင်းထဲမှာရှိတဲ့အသံတွေရှိတယ်။ခေါင်းထဲက အသံတွေကို နားထောင်တယ်။အဲ့ဒါလုပ်လိုက်လို့ပြောရင် လုပ်လိုက်တယ်။ Michael A. Singer ရဲ့ The Surrender Experiment ကိုဖတ်ပြီးဒီ inner voice ဘယ်လောက်အရေးကြီးလဲဆိုတာ ပိုသဘောပေါက်လာတယ်။ဒီ power ကို အသုံးပြုနိုင်ဖို့လိုတယ်။ Feb လဆန်း 2014 မနက် အိမ်ကထွက်လာပြီး၂၆ လမ်း၊ လမ်း ၈၀ ထောင့်ရောက်တော့မင်းအလုပ်ထွက်လိုက်တော့တဲ့။ ဘယ်က ဘယ်လိုအတွေးရောက်လာလဲမသိဘူး။ရုံးရောက်ရောက်ချင်း March လ ကုန်ထွက်မယ်ဆိုပြီး resign တင်လိုက်တယ်။အဲ့အချိန်က တော်တော်ကောင်းတဲ့အလုပ်လို့ပြောရင် မမှားဘူး။နောက် 1 April 2014 မှာ ဆိုင်စဖွင့်တယ်။ ဆိုင်ထိုင်နေရင်းနဲ့ ငါဘာလုပ်ရင်ကောင်းမလဲစဉ်းစားကြည့်တော့ သင်တန်းကျောင်းဖွင့်ဆိုတော့1 June 2015 မှာ စလိုက်တာပဲ။ ပုံမှန် အကြံပေး Mini-MBA ဖွင့်ဖို့စဉ်းစားနေတာ ကြာပြီ။၁၂ ပတ်

မသိစိတ်ရဲ့စွမ်းအားကို လျော့မတွက်နဲ့။ Read More »

Spirituality ဆိုတာ

ကိုယ့်ရဲ့နောက်တစ်ခြမ်းSoulmate ကို ကိုယ့်ဆီမှာကိုယ် ပြန်ရှာတာ။ လိုအပ်ချက်တွေကို အပြင်မှာရှာပြီး ဟုတ််လိုလိုနဲ့ တချိန်ရောက်တော့ မဟုတ်ဘူးဆိုတာ တဖြည်းဖြည်းသိလာရော။ အမှန်တရားကိုရှာဖွေတဲ့အခါကိုယ့်ကိုကိုယ်ထဲမှာ ပြန်တွေ့ရော။ လှတာ၊ ချောတာ၊ မိုက်တာ၊ချမ်းသာ၊ ပညာတတ်၊ ဥာဏ်ကောင်း၊နားလည်တာတွေက အပေါ်ယံတွေ ဖြစ်ကောင်းဖြစ်မယ်။ ရင်ခုန်မှု၊ ပျော်ရွင်မှု၊ ငြိမ်းချမ်းမှုအတွေ့အကြုံတွေ မတူကြဘူး။ Phyo Paing @ Derek

Spirituality ဆိုတာ Read More »

လူတွေ အကြောင်းသေချာနားလည်ချင်တယ်

ဒီတော့ လူတွေအကြောင်းထိုးထွင်းသိမြင်နိုင်ဖို့ဘဝရဲ့ တစ်ကွေ့မှာ တွေ့ခဲ့တဲ့လူတွေအကြောင်းကို ဆက်စပ်ပြီးသုံးသပ် စဥ်းစားကြည့်တယ်။ဒီလို connecting the dots လုပ်တဲ့စနစ်ဟာထိုးထွင်းသိမြင်မှုကိုရစေတယ်။ ဘယ် လုပ်ပုံကိုင်ပုံ pattern တွေကတူတယ်။ ဘယ်ပုံတွေက ကွဲပြားတယ်။ ဒါတွေကို မတူညီကွဲပြားတဲ့ personality framework တွေနဲ့ ချိန်ဆကြည့်တယ်။ နောက်တစ်နည်းကတော့ မှားယွင်းတဲ့ ယူဆချက်တွေကိုရှာဖွေပြီးထိုးထွင်းသိမြင်နိုင်အောင်လုပ်တာပဲ။ ဥပမာ နယူတန်လက်ထက်က space နဲ့ time က တစ်သားမတ်ထဲဖြစ်နေတယ်ဆိုတဲ့ အယူအဆက အိုင်စတိုင်းကို နှစ်ပေါင်းများစွာတိုင်ပတ်စေခဲ့တယ်။1899 မှာ James Clerk Maxwell ကelectric and magnetic field အတွက်model နဲ့ equation ထုတ်လိုက်မှအိုင်စတိုင်းက space and time ကconstant မဟုတ်ဘူး။ relative ဖြစ်တယ်ဆိုတဲ့ တွေ့ရှိချက်တွေ့ပြီးrelativity

လူတွေ အကြောင်းသေချာနားလည်ချင်တယ် Read More »

တစ်ရက်တာ အဓိပ္ပာယ်မရှိပဲ
ကုန်သွားရင် စိတ်မချမ်းသာဘူး

ကိုယ့်ဘဝရဲ့ အကြီးမားဆုံးရည်ရွယ်ချက်တစ်ခုက ကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင်ထားဖို့။ တိုးတက်မှုရှိမနေရင် စိတ်မချမ်းသာဘူး။ကိုယ်အရည်အချင်းရှိသလောက်အကောင်းဆုံးမလုပ်ဖြစ်ခဲ့ရင်စိတ်မချမ်းသာဘူး။လိုချင်တာ ဝယ်ဖို့ပိုက်ဆံမရှိရင်စိတ်မချမ်းသာဘူး။တစ်ရက်တာ အဓိပ္ပာယ်မရှိပဲကုန်သွားရင် စိတ်မချမ်းသာဘူး။တခါတလေ တစ်ယောက်တည်းအထီးကျန်ရင် စိတ်မချမ်းသာဘူး။ Phyo Paing @ Derek

တစ်ရက်တာ အဓိပ္ပာယ်မရှိပဲ
ကုန်သွားရင် စိတ်မချမ်းသာဘူး
Read More »

လူတွေက အခြေအနေပေါ်မူတည်ပြီး အပြုအမူတွေ ပြောင်းတယ်

လူတွေကို မယုံဘူး။ Biology ကို ယုံတယ်။ Psychology ကို ယုံတယ်။ နောက် အတိတ်ကဖြစ်ခဲ့တဲ့စစ်မှန်တဲ့ ဒေတာ တွေကိုယုံတယ်။ လူတွေက အခြေအနေပေါ်မူတည်ပြီးအပြုအမူတွေ ပြောင်းတယ်။ တစ်ယောက်တည်းနေတဲ့အချိန်၊ လူအများကြားရောက်တဲ့အချိန်၊ပျော်နေချိန်နဲ့ စိတ်ဖိဆီးနေချိန်တောင်မတူကြတာများ၊ဘာကြောင့် လူတွေတစ်သတ်မှတ်ထဲဒီအတိုင်း ဖြစ်နေမယ်လို့ ယုံကြည်သလဲ။ လွန်ခဲ့တဲ့ သုံးနှစ်က ကိုယ့် role model ကဒီနေ့ ဟုတ်ချင်မှ ဟုတ်တော့မယ်။ လွန်ခဲ့တဲ့ ငါးနှစ်က ကိုယ်တစ်သက်လုံးအတူတူ ဘဝကို ဖြတ်သန်းမယ်ဆိုတဲ့သူကအခု ရှိချင်မှ ရှိတော့မယ်။ အသက်ကြီးလာလေလေလောကရဲ့ သဘောတရားထပ်ခါထပ်ခါဖြစ်နေတဲ့ pattern တွေကိုမြင်လာလေလေ။ ဒါတွေ သိလာလေလေ လူတွေကို မောင်းနှင်နေတဲ့နောက်ကွယ်က အချက်တွေကို မြင်လာလေလေ။ ဘဝကို မတူတဲ့ ရှုထောင့်ကကြည့်လာနိုင်လေလေ။ Phyo Paing @ Derek

လူတွေက အခြေအနေပေါ်မူတည်ပြီး အပြုအမူတွေ ပြောင်းတယ် Read More »

စည်းကမ်းသည် လူ၏တန်ဖိုး
ဆိုတာ အမှန်ပဲ

ကိုယ့်ကိုကိုယ် ချမှတ်ပြီးတဲ့စည်းကမ်းတော့ ဖြစ်အောင်လုပ်ရမယ်။ သူများချထားတဲ့ စည်းကမ်းကတော့လိုက်နာချင်မှ လိုက်နာမယ်။ကျောင်းကတည်းက အဲ့လိုလုပ်တဲ့သူတွေရှိတတ်တယ်။ ဒါက အရေးသိပ်မကြီးဘူး။ ကိုယ့်ကိုကိုယ် ချမှတ်ထားတဲ့စည်းကမ်းကတော့ ဖြစ်အောင်လုပ်မှ ရမယ်။ကိုယ်နဲ့တစ်သက်လုံး အတူတူနေမှာကိုယ်ပဲလေ။ Phyo Paing @ Derek

စည်းကမ်းသည် လူ၏တန်ဖိုး
ဆိုတာ အမှန်ပဲ
Read More »

ကိုယ်ဘယ်လို ပိုက်ဆံရှာမလဲ။

လူနာတွေအပြည့်နဲ့ မနက်ကည ကိုးနာရီထိ ဆေးခန်းထိုင်မလား၊ ခေါင်းစားစရာ လူတွေကို စီမံခန့်ခွဲပြီးလည်ပတ်မှု operations တွေကိုစီမံခန့်ခွဲတဲ့ ဆေးရုံအုပ်ပုံစံနဲ့လား။ ကုန်ပစ္စည်းတွေ ဝယ်ရောင်းပုံစံလား။ အမှတ်တံဆိပ်၊ လူနဲ့ စနစ်နဲ့ စီးပွားရေး တည်ဆောက်ပြီးလား။ ပါမောက္ခတစ်ဦးလို သုတေသနလုပ်စာတမ်းပြုစု၊ စာသင်လား။ ဘယ်လိုပဲ ဖြစ်ဖြစ် အလုပ်တိုင်းမှာပျော်စရာနဲ့ ပြဿနာ ရှိနေမှာပဲ။ ကိုယ်က အဲ့ ပြဿနာကို ချစ်တတ်လားဆိုတဲ့ မေးခွန်းရဲ့အဖြေက အလုပ်တစ်ခု ရွေးချယ်မှုအတွက်အရမ်း အရေးကြီးတယ်။ ကျွန်တော်ကတော့ အမြဲတိုးတက်နေချင်တယ်။ဒါကြောင့် စာသင်တယ်။The best way to learn is to teach. နောက် စျေးကွက်အကြောင်းတွေကို ချိပ်ဆက်စဥ်းစားနိုင်စွမ်းရှိချင်တယ်။ဒါကြောင့် စီးပွားရေး အကြံပေးတယ်။ လွတ်လပ်မှုရချင်တယ်။ဒါကြောင့် အိပ်နေရင်တောင် ငွေရှာပေးနိုင်တဲ့စနစ်တွေတည်ဆောက်လို့ရတဲ့ digital product တွေ တည်ဆောက်ရေးကိုလေ့လာတယ်။

ကိုယ်ဘယ်လို ပိုက်ဆံရှာမလဲ။ Read More »

စဉ်းစားကြည့်ကြည့်။

တစ်ယောက်ထဲ တစ်ခါတည်း၈ နာရီလောက်တရားထိုင်ရင်းစိတ်အေးချမ်းတည်ငြိမ်နေတဲ့သူ။ နောက်တစ်ယောက်ကသန်းပေါင်းများစွာချမ်းသာပြီးဇယားအတက်အကျတွေကြားပျော်လိုက်၊ တက်ကြွလိုက်ဝမ်းနည််းကြေကွဲလိုက်။ ပုထုဇဉ်ဆိုတော့ လိုအပ်ချက်ကိုတခြားလူတွေဆီက ရှာတယ်။အပြင် အရာဝတ္ထုတွေကရှာတယ်။ဒါက လောကီ level ပေါ့။ တစ်ယောက်တည်းအထာကျကျနေပြီး ပစ္စုပ္ပန်တည့်တည့်ရှုနိုင်တာခန္ဓာကိုယ်တပ်မက်မှုလှုံဆော်မှုတွေကို ရှုမှတ်ကျော်လွှားနိုင်တာလောကုတ္တရာ level ပေါ့။ Level တစ်ခုက တစ်ခုကူးဖို့training တစ်ခုတော့လိုတယ်။ တချို့လူတွေက ကော်တယ်။လုပ်ချင်တာလုပ်ပြီးဘဝနေဝင်ချိန်ကျ သံယောဇဉ်ဖြတ်ပြီးအပြီးပြောင်းသွားတယ်။ အဲ့လိုပြောင်းနိုင်ဖို့ အခြေခံ level မှာလုပ်ချင်၊ ဖြစ်ချင်တာတွေလုပ်ခဲ့လိုက်။ Phyo Paing @ Derek

စဉ်းစားကြည့်ကြည့်။ Read More »