May 2023

ငါလုပ်လိုက်တဲ့အလုပ်ကြောင့်
ဒီနေ့ တိုးတက်သွားသလား။

သေလောက်အောင် အလုပ်လုပ်ကိုယ့်ကိုငွေရှာပေးမည့်စနစ်တစ်ခုမရှိသမျှအဿပြာအတွက် ဘဝရဲ့အချိန်တွေစတေးနေရလိမ့်မယ်။ တချို့က ကိုယ့်ကိုငွေရှာပေးတဲ့စနစ်ကို စီးပွားရေးလုပ်ငန်းတွေလုပ်ပြီးရှာတယ်။ တချို့က ကုန်ပစ္စည်းတွေထုတ်တယ်။တချို့က လူနဲ့ ဝန်ဆောင်မှုတွေနဲ့လုပ်တယ်။တချို့က အမှတ်တံဆိပ်ထပ်ပေါင်းထည့်တယ်။ အလုပ်ဖြစ်တာရှိတယ်၊ အရမ်းဖြစ်တာရှိတယ်။မဖြစ်တာရှိတယ်။ ကိုယ့်ရဲ့အချိန်နဲ့ ငွေလှဲလှယ်နေရင်တောင်ပြန်မေးကြည့်ရမှာငါလုပ်လိုက်တဲ့အလုပ်ကြောင့် ဒီနေ့ တိုးတက်သွားသလား။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ငါလုပ်လိုက်တဲ့အလုပ်ကြောင့်
ဒီနေ့ တိုးတက်သွားသလား။
Read More Âť

အိမ်ထောင်ရေးဖောက်ပြန်မှုကင်းတဲ့
ဘဝတစ်ခု ဘယ်လိုတည်ဆောက်မလဲတဲ့

ဒီနေ့ အိမ်ထောင်ရေးစာအုပ်ဖတ်တော့စာအုပ်ရေ နှစ်သန်းကျော်ရောင်းရပြီးဖြစ်တဲ့Willard F. Harley ရဲ့His needs, Her needs ကိုသွားတွေ့တယ်။ အိမ်ထောင်ဇာတ်ကားလဲနာမည်ကြီးနေတော့အားတီ၊ အားမေတို့အတွက်နည်းနည်းပြန်မျှဝေကြည့်မယ်နော်။ အိမ်ထောင်ရေးဖောက်ပြန်မှုကင်းတဲ့ဘဝတစ်ခု ဘယ်လိုတည်ဆောက်မလဲတဲ့။ သူ counselling လုပ်ခဲ့တဲ့အတွေ့အကြုံတွေကနေ အိမ်ထောင်ရေးတစ်ခုသာယာဖို့ယောကျာ်းတစ်ယောက်ဆိုရင် ၁။ Affection အမျိုးသမီးကို ချစ်မြတ်နိုးကြောင်းပြသမှုတွေလိုတယ်တဲ့။ပန်းပေးတာ၊ လက်ဆောင်ပေးတာ၊စကားလုံးတွေနဲ့ ချီးမွမ်းတာ၊ဖက်တာ၊ နမ်းတာ နေ့စဥ်တွေ့တိုင်းချစ်ကြောင်းပြသဖို့လိုတယ်တဲ့။ ၂။ Conversation အချိန်တစ်ခုပေးပြီးသူ့အကြောင်း၊ ကလေးတွေအကြောင်းနားထောင်ပေးဖို့လိုတယ်။အကဲဖြတ်အကြံပေးချင်စိတ်ကိုဖျောက်။သူ့ခံစားချက်တွေကို သေချာနားထောင်ပေးတဲ့။ ၃။ Honesty and Opennessစိတ်ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းပြောပြဖို့လိုတယ်တဲ့။ဘယ်နေ့မှာဘာလုပ်စရာရှိတယ်။ဘယ်သွားစရာရှိတယ်။ကိုယ့်ရဲ့ ကောင်းတဲ့ခံစားချက်၊​ဆိုးတဲ့ခံစားချက်၊ အတိတ်ကအကြောင်း၊အနာဂတ်ရည်မှန်းချက်တွေကိုလဲပြောပြထားဖို့လိုတယ်။ဒါမှ တခုခုဆို အံ့အားသင့်မှုမဖြစ်စေမှာတဲ့။ ၄။ Financial support ငွေကြေးထောက်ပံ့မှု။တကယ်လို့ အမျိုးသားအနေနဲ့အိမ်ထောင်မှုဆိုင်ရာငွေကြေးအားလုံးကိုတစ်ယောက်တည်း ထောက်ပံ့မှုမလုပ်နိုင်ရင်မရှိမဖြစ်လိုအပ်တာတွေအကုန်လုံးအတွက်ထောက်ပံ့မှုပေးပြီး ကိုယ့်ရဲ့ကျွမ်းကျင်မှုကိုတိုးတက်အောင်လုပ်ပြီး ငွေရှာနိုင်စွမ်းကိုမြင့်တင်သင့်တယ်။တကယ်လို့ ကိုယ်ရဲ့ ဝင်ငွေနဲ့မလောက်လို့အမျိုးသမီးက သူအလုပ်လုပ်ချင်တယ်ဆိုသူစိတ်ဝင်စားတဲ့ အလုပ်လုပ်ဖို့ခွင့်ပြုဖို့လိုတယ်။ဒါပေမယ့် အမျိုးသမီးဝင်ငွေနဲ့မိသားစုအသုံးစရိတ်မလုပ်ပါနဲ့တဲ့။ ၅။ Family

အိမ်ထောင်ရေးဖောက်ပြန်မှုကင်းတဲ့
ဘဝတစ်ခု ဘယ်လိုတည်ဆောက်မလဲတဲ့
Read More Âť

ဒါနဲ့ ဒီနေ့ train ပြီးပြီလား။

တခါတလေ ကိုယ့်အိမ်မက်ဖြစ်ချင်စောများရင်ကိုယ့်မှာရှိထားတဲ့အရာတွေကိုကျေးဇူးတင်စိတ်မရှိတာမျိုးဖြစ်တတ်ကြတယ်။ ကိုယ့်မှာရှိထားတာကိုလဲကျေးဇူးတင်တတ်ဖို့လိုတဲ့အချိန်တွေရှိသလိုကိုယ့်ရဲ့ အိမ်မက်တွေရောက်ဖို့ဆာလောင်မှုတွေကလဲလိုပြန်တယ်။ ဆန့်ကျင်ဖက်ဖြစ်နေသလိုဖြစ်နိုင်ပေမယ့်ပေါင်းစပ်လို့ရတယ်။ ကိုယ့်ဖြစ်ချင်တဲ့အရာတွေတဖြည်းဖြည်းကိုယ့်ဘဝထဲရောက်လာဖို့နေ့စဥ် train နေဖို့အရေးကြီးတယ်။ ဒါနဲ့ ဒီနေ့ train ပြီးပြီလား။ Phyo Paing @ Derek

ဒါနဲ့ ဒီနေ့ train ပြီးပြီလား။ Read More »

အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်း

ဒီနေ့ခေတ်မှာ media နဲ့ code ကိုနိုင်ရင်အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်းလုပ်လို့ရပြီ။ media ဆိုတဲ့နေရာမှာကိုယ်ပေးချင်တဲ့ သတင်းအချက်အလက်ကိုများများကို မြန်မြန် ကုန်ကျစရိတ်မရှိပဲ သို့ အနည်းဆုံးနဲ့ရောက်အောင် လုပ်နိုင်တဲ့စွမ်းရည်။ Code ဆိုတဲ့နေရာမှာကုန်ပစ္စည်းနောက်တစ်ခုပွါးတိုင်းကုန်ကျစရိတ်မရှိတဲ့ software/app တွေ။ #gmc#sapwar

အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်း Read More »

“မားကတ်တင်း”

လူတစ်ယောက် ဘယ်လောက်အဆိုကောင်းကောင်းသူသီချင်းဆိုကောင်းတာလူတွေမသိ၊ အားမပေးရင်အောင်မြင်မှုလို့ခေါ်ဆိုလို့ရချင်မှရမယ်။ အလားတူပဲ စာရေးဆရာတစ်ယောက်ဘယ်လောက်စာရေးကောင်းကောင်းသူ့ဖန်တီးမှုတွေကို လူတွေသိအောင်လုပ်တာအားပေးအောင်မလုပ်နိုင်ရင်အောင်မြင်မှုလို့ခေါ်ဆိုဖို့ ခက်ကောင်းခက်မယ်။ လူတွေသိအောင်၊ အားပေးအောင်၊ဝယ်အောင်၊ ထပ်ဝယ်အောင်၊ ညွှန်းအောင်လုပ်ပေးတဲ့ အတတ်ပညာကို“မားကတ်တင်း” လို့ခေါ်တယ်။ ဒါကြောင့် Product x Marketing = Success လို့ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့The Wharton School of the University of Pennsylvania ရဲ့မားကတ်တင်း သင်တန်းအဖွင့်မှာဆိုတယ်။ တခါတလေ ကိုယ်လိုအပ်တာထက်လူတွေသိဖို့လိုနေသေးတယ်၊အားပေးဖို့၊ ဝယ်ဖို့၊ ထပ်ဝယ်ဖို့၊ညွှန်းဖို့ လိုနေသေးတယ်ဆိုတာ “မားကတ်တင်း” လိုအပ်နေလို့လဲဖြစ်နိုင်တယ်။ Guerrilla Marketing Coach – Myanmar ကော်ရဲလား မားကတ်တင်းက သမရိုးကျ မားကတ်တင်းတွေနဲ့ အများကြီး ကွာကောင်းကွာလိမ့်မယ်။ #gmc#sapwar

“မားကတ်တင်း” Read More Âť

လူတွေမှာ
ဆာလောင်မှုမတူရင်

လူတွေမှာဆာလောင်မှုမတူရင်ဆန္ဒတွေကိုအကောင်အထည်ဖော်နိုင်စွမ်းလဲမတူဘူးတတ်။ Phyo Paing @ Derek

လူတွေမှာ
ဆာလောင်မှုမတူရင်
Read More Âť

သမရိုးကျအတွေးအခေါ်နဲ့
အလုပ်မဖြစ်တဲ့ ရှေးရိုးစွဲသင်ကြားမှု

လောကမှာ ဒေါသအထွက်ဆုံးအချက်ကအဓိပ္ပာယ်မရှိ အလုပ်မဖြစ်တဲ့အတွေးအခေါ်တွေကို လက်ဆင့်ကမ်းတာပဲ။ စာကိုနှေးနှေးဖတ်မှ မှတ်မိမယ်။ဖြေးဖြေးနှေးနှေးဖတ်။မြန်မြန်မဖတ်နဲ့။ဒါမှ မှတ်မိမှာ။ မြန်မာလိုတွေး အင်္ဂလိပ်လိုရေး။​ ဒီပညာရပ်နဲ့ဘွဲ့ရထားတာဒါနဲ့ အသက်မွေးဝမ်းကြောင်းမပြုရင်နှမြောစရာကြီး။အလကားဖြစ်သွားမယ်။​ တော်သေးလို့ စာများများဖတ်၊ခရီးများများသွား၊လူများများနဲ့တွေ့မိလို့။ငါတို့ ပတ်ဝန်းကျင်ကသတ်မှတ်ထားတဲ့အယူအဆတွေက စောက်တလွဲဆိုတာသိတာ။ စာနှေးနှေးဖတ်တိုင်းနားလည်တဲ့နှုန်း၊ မှတ်မိတဲ့နှုန်းနဲ့ မဆိုင်ပါဘူး။ကိုယ့်ဦးနှောက်က စာကို process ဖတ်နိုင်စွမ်းနှေးနေတာပါ။စာကိုတစ်လုံး၊ တစ်လုံးက တစ်ကြောင်း၊တစ်ကြောင်းက တစ်ပိုက်၊တစ်ပိုက်က တစ်မျက်နှာဦးနှောက်ရဲ့ သတင်းအချက်ရယူနိုင်စွမ်းမတူပါဘူး။ဒါကိုလေ့ကျင့်ရပါတယ်။ ဒီလိုလေ့ကျင့်ဖို့ subvocalization လို့ခေါ်တဲ့စာလုံးတိုင်းကို စိတ်ထဲက အသံလိုက်ထွက်တာကိုရှောင်ဖို့ လေ့ကျင့်ရပါတယ်။ဘာကြောင့်လဲဆိုတော့ ငယ်ငယ်က“ညအခါ လသာသာ၊ ကစားမလား နားမလား”ဒီလိုစာကြောင်းတွေကို လိုက်ဆိုပြီးစိတ်ထဲက အသံထွက်ဖတ်တာအကျင့်ဖြစ်လာလို့ပါ။ နောက်တစ်ခုကမြန်မာလိုတွေး၊ အင်္ဂလိပ်လိုရေး။တရုတ်လိုပြောချင်ရင် တရုတ်လိုတွေးရပါတယ်။​မြန်မာလိုပြောချင်ရင် မြန်မာလိုတွေးရပါတယ်။အင်္ဂလိပ်ပြောချင်ရင် အင်္ဂလိပ်လိုတွေးရတယ်။ တွေးတဲ့ ဘာသာစကားမတူရင်တောင်ကိုယ်ရည်ကိုယ်သွေးမတူပါဘူး။Cognitive scientist သိပ္ပံပညာရှင်ဖြစ်တဲ့Lera Boroditsky ရဲ့ သုတေသနအရမတူညီတဲ့ဘာသာစကားကအတွေးကိုလွမ်းမိုးတယ်။အတွေးက ကိုယ်ရည်ကိုယ်သွေးကိုလွမ်းမိုးတယ်။ ဒါကို international school မှာEnglish

သမရိုးကျအတွေးအခေါ်နဲ့
အလုပ်မဖြစ်တဲ့ ရှေးရိုးစွဲသင်ကြားမှု
Read More Âť

ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာ
ကြားထဲမှာ လုပ်

ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာကြားထဲမှာ လုပ်။တချို့တွေက ဖြစ်နိုင်တာကိုလုပ်တဲ့။ဖြစ်နိုင်တဲ့အရာတွေကကိုယ့်ကို ရင်မခုန်စေဘူး။မဖြစ်နိုင်တဲ့အရာတွေကျတော့ကိုယ်နဲ့ဝေးနေသလို ခံစားရတယ်။ဒီတော့ ဖြစ်နိုင်တာနဲ့မဖြစ်နိုင်တာကြားထဲကိုလုပ်တာကောင်းတဲ့ မဟာဗျူဟာတစ်ခုဖြစ်နိုင်တယ်။ Phyo Paing @ Derek

ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာ
ကြားထဲမှာ လုပ်
Read More Âť

မော်တီဗေးရှင်းဆိုတာ ဘာလဲ။

သတ်မှတ်လုပ်ရပ်တစ်ခုကို လုပ်ဆောင်ဖို့ ကြောင်းရင်းခိုင်မာ ရှင်းရှင်းလင်းလင်းသိသွားတာ။ အစားမျှတအောင်စားရမယ်မှန်းတော့သိတယ်။တဖြဲနှစ်ဖြဲစားတာ မလျော့နိုင်ဘူး။ လေ့ကျင့်ခန်းလုပ်ရမယ်မှန်းတော့သိတယ်။လေ့ကျင့်ခန်းလုပ်တဲ့ ပျင်းတဲ့စိတ်ကိုမကျော်နိုင်ဘူး။ကိုယ်နဲ့သတ်ဆိုင်ရာနယ်ပယ်အတွက်စာဖတ်ရမယ်၊ လေ့လာရမယ်မှန်းသိတယ်။ကိုယ့်စိတ်ကို မနိုင်ဘူး။ ဒါက မော်တီဗေးရှင်းမရှိတဲ့ဥပမာပဲ။ တချို့လူတွေက motivation ဆိုတဲ့အရာရဖို့ motivational speaker ဟောပြောသူတွေပြောတာသွားနားထောင်တယ်။တချို့က video တွေကြည့်ပြီးအားယူတယ်။တချို့က စာတိုတွေဖတ်ပြီးအားယူတယ်။ ဒါတွေက တခဏတွေပဲ။ အကောင်းဆုံး မော်တီဗေးရှင်ဆိုတာmechanics လူတွေစိတ်ဘယ်လိုအလုပ်လုပ်တယ်ဒါကို သိဖို့ပဲ။ ဒါကို သိမှ ကိုယ့်ကိုကိုယ်လိုသလို ခိုင်းစေလို့ရမှာ။ ကိုယ့်ကိုကိုယ် ဘယ်လိုခိုင်းစေရမလဲဆိုတာကျောင်းမှာ မသင်ပေးခဲ့ဘူး။ဒီတော့ လေ့လာရတယ်။ အမူအကျင့်တစ်ခု ဘယ်လိုဖြစ်တယ်။အချိန်ဘယ်လောက်လိုတယ်။လူတွေအတွက် တွန်းအားဘယ်လိုယူတယ်။ဆွဲအားဘယ်လိုယူတယ်။ နောက်ကိုယ့်ကိုကိုယ် ပြန်လေ့လာရတယ်။ကိုယ်ဘယ်အချိန်ဆို မော်တီတက်ပြီး၊ဘယ်အချိန်ကျတယ်။ ဘယ်လိုလူတွေနဲ့တွေ့ရင် တိုးတက်ပြီးဘယ်လိုလူတွေနဲ့ တွေ့ရင်ဘူတယ်။ မော်တီဗေးရှင်းရဖို့ မကန်းနစ် mechanics ကိုလေ့လာဖို့လိုတယ်။ Phyo Paing @ Derek

မော်တီဗေးရှင်းဆိုတာ ဘာလဲ။ Read More »

You are what you do every day.

ကိုယ်နေ့စဥ်လုပ်နေရဲ့အရာတွေကြောင့်ကိုယ်ဖြစ်လာတာပဲ။ အဲ့တော့ ကိုယ်နေ့စဥ် ဘာတွေလုပ်မလဲဆိုတာ သတ်မှတ်ရတယ်။ တစ်ရက်တာကို ဘယ်လိုဖြတ်သန်းမလဲဆိုတာဒီဇိုင်းလုပ်ရတယ်။ ဘာပဲဖြစ်ဖြစ် မဖြစ်မနေလုပ်မည့် နေ့စဥ် လုပ်ရပ်တွေရှိဖို့လိုတယ်။ ကျွန်တော်ယုံကြည်တာကDesign + Discipline = Destiny ပဲ။ဒီဇိုင်း + စည်းကမ်း = ကံကြမ္မာ လူတစ်ယောက် အချိန်ဘယ်လိုကုန်လဲကြည့်ကြည့်။ တခြားသူတွေအကြောင်းပဲအားရပါးရ အတင်းပြောပြီးလူမှုကွန်ယက်တွေမှာ မျှဝေနေတာလား။ ကိုယ့်ဘဝပြဿနာ မကျေနပ်ချက်တွေကိုတခြားသူတွေကို အပြစ်တင်ပြီးဘူနေတာလား။ ကိုယ့်ဘဝမှာ ထိန်းချုပ်နိုင်တာနဲ့မထိန်းချုပ်နိုင်တာကိုခွဲသိပြီးထိန်းချုပ်နိုင်တာကို ကိုယ်အကောင်းဆုံးလုပ်ဆောင်နေတာလား။ လုပ်ရပ်တွေပေါ်မူတည်ပြီးကျန်းမာရေး၊ အလုပ်အကိုင်၊ စီးပွားရေး၊လူမှုရေး၊ စိတ်ငြိမ်းချမ်းမှုဘဝတွေက ကွာသွားမယ်လို့ထင်တယ်။ Phyo Paing @ Derek

You are what you do every day. Read More Âť