May 2023

Root cause analysis (RCA)

ဆေးတက္ကသိုလ်က ကျောင်းတော်ကြီးကသင်ပေးလိုက်တဲ့စဥ်းစားမှုပုံစံ mental model ကတော့ပြဿနာအဖြေရှာနည်းပဲဖြစ်တယ်။ ပြဿနာတစ်ခုနဲ့ကြုံလာတဲ့အခါအမှတ်လက္ခဏာ signs & symptoms ကိုခွဲခြားသိပြီးပြဿနာရဲ့အရင်းအမြစ်ကိုခွဲခြမ်းစိတ်ဖြာပြီး ရှာဖွေတာဖြစ်တယ်။ဒါကို Root cause analysis (RCA) လို့ခေါ်တယ်။ ဒီလိုလုပ်နိုင်ဖို့ လူတစ်ယောက်အကြောင်းနားလည်ဖို့Zoology သတ်တဗေဒ၊Botany ရုက်ခဗေဒ၊Physics ရူပဗေဒ၊Chemistry ဓာတုဗေဒ ကို အခြေခံပြီးAnatomy ခန်ဓာဗဒေ၊Biochemistry ဇီဝဓာတုဗေဒ၊Microbiology အဏုဇီဝဗေဒ၊Pharmacology ဆေးဝါးဗေဒ၊Pathology ရောဂါဗေဒ၊Forensics မှုခင်းနဲ့ ဥပဒေရေးရာဆေးပညာ၊Medicine ဆေးဝါး၊Surgery ခွဲစိတ်၊Obstetrics and Gynaecology (O&G) သားဖွားမီးယပ်၊Pediatrics ကလေးအထူးကု ဆေးပညာစုံစုံလင်လင်သင်ပြီး ပြဿနာအဖြေရှာနိုင်အောင်လေ့ကျင့်ပျိုးထောင်ပေးတယ်။ ဒီကတစ်ဆင့် Evidence-based medicine လို့ခေါ်တဲ့ရောဂါကို စစ်ဆေးဖို့ diagnosis လုပ်ပြီးရင်ကုသဖို့ treatment options လမ်းကြောင်းတွေကိုအထင်အမြင်တစ်ခုတည်းမဟုတ်ပဲသုသေတနတွေ့ရှိချက်တွေ (Research)ကိုယ့်ကျွမ်းကျင်မှုအတွေ့အကြုံ (Expertise)လူနာရဲ့တန်ဖိုးထားစဥ်းစားမှု (Patient’s Values)ပေါ်မူတည်ပြီး ကုသမှုပြုလုပ်ကြတယ်။ […]

Root cause analysis (RCA) Read More »

လူတွေဘဝ ပိုပျော်၊ ပိုတော်၊
ပိုသိ၊ ပိုလွယ်ကူ၊ ပိုချိတ်ဆက်နိုင်ဖို့လိုတယ်

ကိုယ်ဖန်တီးလိုက်တဲ့အရာတွေကြောင့်လူတွေဘဝ ပိုပျော်၊ ပိုတော်၊ပိုသိ၊ ပိုလွယ်ကူ၊ ပိုချိတ်ဆက်နိုင်ဖို့လိုတယ်လို့ခံယူထားတယ်။ Creators create ဆိုသလို၊ကိုယ့်ကိုကိုယ် ဖန်တီးသူတစ်ယောက်လို့သတ်မှတ်တဲ့အတွက် နေ့တိုင်းဖန်တီးမှုအသစ်တစ်ခု အနည်းဆုံးလုပ်တယ်။ ဖန်တီးမှုလုပ်တိုင်းမှာလူတွေ ကိုယ့်ကြောင့် အဆိပ်အတောက်မဖြစ်စေရဘူးလို့ အမြဲစဥ်းစားတယ်။ ကိုယ်ဖန်တီးလိုက်တဲ့ ကုန်ပစ္စည်းဝန်ဆောင်မှုတွေကြောင့်လူတွေ “မဒူ”၊ “မဘူ” စေရဘူးဆိုတဲ့အဆောင်ပုဒ်ထားထားတယ်။ ဥပမာ ကိုယ်က မူးယစ်စေတဲ့အရာရောင်းတယ်။လူတွေပိုဒူသွားမယ်။ဥာဏ်တွေထုံထိုင်းဒူသွားမယ်ဆို မလုပ်ဘူး။လူတွေရဲ့ သိမ်ငယ်တဲ့အငုံ့စိတ်inferiority complex ကိုအသုံးချပြီးnegative အဆိပ်အတောက်ဖြစ်စေတဲ့အကြောင်းအရာတွေပဲတင်ရင်လူတွေ ပိုဘူသွားမယ်။ဒီနှစ်ခုမဖြစ်အောင် ရှောင်ရမယ်လို့ကျွန်တော်တို့ Team YEC ခံယူထားတယ်။ ကျွန်တော်တို့ ဖန်တီးတဲ့ ကုန်ပစ္စည်း၊ဝန်ဆောင်မှုတိုင်း “မဒူ”၊ “မဘူ”စေဖို့ခံယူချက်ထားတယ်။ နောက်ကိုယ့်ဖန်တီးမှုတိုင်းက လူတွေကို“ပိုပျော်၊​ ပိုတော်၊ ပိုသိ၊ ပိုလွယ်ကူ၊ပိုချိပ်ဆက်” ဘယ်အရာကိုလုပ်ပေးလဲအမြဲပြန်သုံးသပ်ကြည့်မိတယ်။ Phyo Paing @ Derek

လူတွေဘဝ ပိုပျော်၊ ပိုတော်၊
ပိုသိ၊ ပိုလွယ်ကူ၊ ပိုချိတ်ဆက်နိုင်ဖို့လိုတယ်
Read More »

ဘဝမှာ ဘာကြောင့်နေလဲ
အဓိပ္ပာယ်သေချာမသိရင်
သေဖို့အသက်ရှင်နေရသလိုပဲ
ဖြစ်နေနိုင်တယ်

ဘဝမှာ ပိုက်ဆံအရေးကြီးတယ်။ဒါမရှိရင် ကျန်တာတော်တော်များများဆက်လုပ်လို့မလွယ်ဘူး။သွားချင်တဲ့နေရာမသွားနိုင်ဘူး။ချစ်ခြင်းမေတ္တာကိုဖော်ပြလို့မရနိုင်ဘူး။ကိုယ်အထောက်အပံ့ပြုချင်သူတွေကိုအထောက်အပံ့ပြုဖို့ မလွယ်ပြန်ဘူး။ဒီတော့ ဘဝမှာ လူဖြစ်တဲ့အခိုက်အတန့်ပိုက်ဆံ money ရှိဖို့လိုတယ်။ ဒီ ပိုက်ဆံရှိဖို့ ကိုယ့်အချိန်နဲ့လဲလို့ရတယ်။ဒါက အကောင်းဆုံးနည်းတော့မဟုတ်ဘူး။ကုမ္ပဏီမှာ အချိန်နဲ့ လုပ်အားရောင်းပြီးပိုက်ဆံရှာတာ။တကယ်လို့ ကိုယ်တကယ်ဝါသနာပါတဲ့အလုပ်၊အနာဂတ်အတွက် အခွင့်အလမ်းတွေရှိတယ်ဆိုရင်တောင်နောက်ဝင်ငွေတစ်ခုအမြဲကြိုစဥ်းစားထားဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ ကိုယ်ကသာကုမ္ပဏီကိုချစ်တာကုမ္ပဏီက ကိုယ့်ကို ဘယ်အချိန်အချစ်ရပ်မယ်မသိနိုင်ဘူး။ ပိုက်ဆံကိုရှာလို့ရတယ်။ပိုက်ဆံကိုယ့်ဆီလာအောင်လုပ်လို့ရတယ်။ကိုယ်က ဘယ်မဟာဗျူဟာနဲ့ ငွေရှာမလဲဘယ်လိုရှာရင် ပိုပျော်သလဲသိဖို့လိုမယ်။ နောက်တစ်ခုကတော့ ဘဝအဓိပ္ပာယ်။ဒီ ဘဝအဓိပ္ပာယ် meaning ဆိုတာmoney မရှိရင် ရှာဖို့အတော်ခက်တယ်။ သေချာတာတစ်ခုက ကိုယ်မွေးတဲ့နေရာအတွက်တစ်ခုခုကောင်းတာတော့ပြန်လုပ်ပေးရမယ်။ဒါမှလဲ ကိုယ်လူဖြစ်လာတာကိုယ့်နေတဲ့နေရာအတွက် တန်ဖိုးရှိမှာ။ လောကမှာ ကိုယ်တိုက်ရိုက်ထိန်းချုပ်လို့ရတာများများစားစားမရှိဘူး။လုပ်ပေးနိုင်တာကတော့ကိုယ်ကျွမ်းကျင်လိမ္မာရာနဲ့လူတွေကို ကူညီပေးတာပဲ။ Phyo Paing @ Derek

ဘဝမှာ ဘာကြောင့်နေလဲ
အဓိပ္ပာယ်သေချာမသိရင်
သေဖို့အသက်ရှင်နေရသလိုပဲ
ဖြစ်နေနိုင်တယ်
Read More »

မားကတ်တင်းမလေ့လာပါနဲ့။

ကိုယ်ကလုပ်နေတဲ့အလုပ်၊ရနေတဲ့ရောင်းအား၊လက်ရှိပုံစံ status quo ကိုသဘောကျတယ်၊ ရောင့်ရဲတယ်ဆို မားကတ်တင်းကို မလေ့လာပါနဲ့။ ဘာကြောင့်လဲဆိုတော့ မားကတ်တင်းဆိုတာ အပြောင်းအလဲတွေကိုမြန်နှုန်းမြင့်စေတဲ့ အတတ်ပညာတစ်ခုဖြစ်တဲ့အတွက်ကြောင့်ပဲ။ မားကတ်တင်းအတတ်ပညာကိုဘယ်သူတွေအသုံးပြုကြသလဲသေချာစဥ်းစားကြည့်ရင်စီးပွားရေးလုပ်ငန်းတွေပဲအသုံးပြုတာ မဟုတ်ဘူးဆိုတာ တဖြည်းဖြည်းနားလည်လာလိမ့်မယ်။ နိုင်ငံရေးသမားတွေ မဲဆွယ်တဲ့နေရာအသုံးပြုတယ်။အုပ်ချုပ်သူတွေက လူတွေရဲ့အပြုအကျင့်ကိုပုံသွင်းချင်တဲ့အချိန်အသုံးပြုတယ်။လုပ်ငန်းတစ်ခုကို အထင်အမြင်ကောင်းစေချင်တဲ့အချိန်အသုံးပြုတယ်။ ကိုယ့်ကို လူသိစေချင်ရင်၊သတ်မှတ်ထားတဲ့သူတွေ သဘောကျစေချင်ရင်၊ယုံစေချင်ရင်အသုံးပြုတယ်။ကိုယ့်ကုန်ပစ္စည်းဝယ်စေချင်ရင်အသုံးပြုတယ်။ အလုပ်မှာ ရာထူးမြန်မြန်တိုးဖို့ကိုယ့်အပေါ်အထင်အမြင်ကောင်းအောင်လုပ်ဆောင်တာကလဲ မားကတ်တင်း။လုပ်ငန်းတွေ ရောင်းအောင်းအောင်လူတွေစိတ်ဝင်စားအောင်လုပ်တာလဲမားကတ်တင်း။ လူတွေအထင်လွဲနေတာကို အမြင်ပြန်ကောင်းအောင်လုပ်တာလဲမားကတ်တင်း။ ကိုယ့်ရဲ့ရပ်တည်ချက်ကိုလူတွေသိအောင်စိတ်ဝင်စားအောင်လုပ်တာလဲမားကတ်တင်း။ အပြောင်းအလဲကို ပုံဖော်လိုသူတိုင်းအတွက်မားကတ်တင်းအတတ်ပညာလိုတယ်။ ဒါကြောင့် Marketing for Change ဆိုပြီးဟောပြောပွဲတွေမှာ ပါဝင်ခဲ့ဖူးတယ်။ လူတွေကို ရေသုံးအိပ်သာတွေသုံးစေချင်တော့အမြင်ပြောင်းအောင် အသိပညာပေးလုပ်ရတယ်။လမ်းဘေးအမှိုက်မပြစ်အောင်အသိပေးတွေလုပ်ရတယ်။အလားတူပဲ ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊အမှတ်တံဆိပ်၊ ကုမ္ပဏီက ဘာတွေလဲ၊ ဘာလုပ်လဲ လူတွေကိုအသိပေးလုပ်ရတယ်။နောက်အမြင်ပြောင်းရတယ်။ဒီကမှတစ်ဆင့် ဖြစ်စေချင်တဲ့ကောင်းမွန်တဲ့လုပ်ရပ်ဖြစ်အောင် ပုံဖော်ရတယ်။ ဒါက မားကတ်တင်းအတတ်ပညာရဲ့ရည်ရွယ်ချက်ပဲ။ဒါကြောင့် မားကတ်တင်းဆိုတာ အမြင်ပြောင်းပညာလို့ပြောရင်မမှားဘူး။ Guerrilla Marketing စရိတ်နည်းပါးထိရောက်မှုဆပွါး #gmc#sapwar

မားကတ်တင်းမလေ့လာပါနဲ့။ Read More »

လုပ်ငန်းရဲ့ DNA ကိုရှာဖွေပါ။

လုပ်ငန်းရဲ့ DNA ကိုရှာဖွေပါ။ လုပ်ငန်းတစ်ခုမှာ ဓူဝံကြယ် north star ရှိဖို့လိုတယ်။ဒါမှ ကိုယ်ဘယ်လမ်းကြောင်းသွားနေတယ်ဆိုတာကိုယ့်ဝန်ထမ်းတွေသိမှာဖြစ်တယ်။ ကိုယ့်လုပ်ငန်းက နောက်လေးငါး၊ ဆယ်နှစ်မှာဘယ်ကိုရောက်နေမလဲဆိုတဲ့ အနာဂတ်အမြင် vision ကိုသတ်မှတ်ဖို့လိုတယ်။ကိုယ့်လုပ်ငန်းရဲ့ရပ်တည်ချက်ခံယူချက် mission ကိုသတ်မှတ်ဖို့လိုတယ်။ကိုယ့်လုပ်ငန်းအတွက် အရေးအကြီးဆုံးအရာတွေကဘာလဲတန်ဖိုးထားမှု core values တွေကို သတ်မှတ်ဖို့လိုတယ်။ကိုယ့်လုပ်ငန်းမှာရှိတဲ့ လူတွေဘယ်လိုပုံစံမျိုးပြုမူနေထိုင်ပြောဆိုနေမလဲဆိုတဲ့ credo လိုတယ်။ နောက်ကိုယ့်လုပ်ငန်းရဲ့အနာဂတ်အမြင်ရောက်ဖို့ဘယ်လိုမဟာဗျူဟာမျိုးနဲ့သွားမလဲဆိုတဲ့ မဟာဗျူဟာကိုပုံပြင်တစ်ပုဒ်လိုပြောပြတဲ့strategic narrative လိုတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

လုပ်ငန်းရဲ့ DNA ကိုရှာဖွေပါ။ Read More »

ဝင်ငွေလမ်းကြောင်း ၃ ခု ထက်ပိုလိုတယ်။

ဒီနေ့ခေတ်က ကိုယ့်အလုပ်တစ်ခုဝင်ငွေနဲ့ပဲ ရပ်တည်တာဟာ အန္တရာယ်တော်တော်များလှတယ်။ လူတွေရဲ့သဘောတရားအရကငွေဝင်လေ ပိုသုံးလေဖြစ်တတ်တယ်။ငွေပိုသုံးလေ ကိုယ့်ရဲ့လူနေမှုအဆင့်အတန်းlifestyle အတွက် ငွေပိုရှာရလေဖြစ်တတ်တယ်။ ဒါကြောင့် ကိုယ့်ရဲ့ဝင်ငွေကိုအလုပ်တစ်ခုထက်ပိုထားသင့်တယ်လို့မြင်တယ်။ဒါကို Multiple income streams (MIS) လို့ခေါ်တယ်။ ကိုယ်တိုင်အလုပ်လုပ်လို့ ဝင်တဲ့ဝင်ငွေActive income ကိုယ်တိုင်အလုပ်မလုပ်ပဲ အိပ်နေလဲငွေရှာပေးနေတဲ့ဝင်ငွေPassive incomeကိုယ့်လုပ်ငန်းကို အလုံးလိုက်အကောင်လိုက်ပြန်ရောင်းတဲ့အခါ ပြန်ရတဲ့ဝင်ငွေValue of the company ဒီသုံးခုပေါ်မူတည်ပြီး ဝင်ငွေတည်ဆောက်ထားဖို့လိုတယ်။ ဥာဏလုပ်သားတစ်ယောက်နဲ့ ဥပမာပေးကြည့်မယ်။ လုပ်ငန်းတစ်ခုက Digital Marketerတစ်ယောက်ဆိုပါတော့။ သူ့လုပ်ငန်းမှာ ဝန်ထမ်းလုပ်တဲ့အတွက်လစာ salary ရမယ်။ သူ့အလုပ် ကျွမ်းကျင်မှုနဲ့SME လုပ်ငန်းတွေကို ဒီဂျစ်တယ်မားကတ်တင်းအလွတ်တန်းသမား freelancer အဖြစ်ရုံးချိန်ပြင်ပမှာ side gig အဖြစ်လုပ်မယ်။ ဒါဆိုရင် သူ့ရဲ့ active income တိုးတက်လာမယ်။ Page တစ်ခုလုပ်မယ်။ကုမ္ပဏီတစ်ခုမှာ digital

ဝင်ငွေလမ်းကြောင်း ၃ ခု ထက်ပိုလိုတယ်။ Read More »

မပျော်တာဘယ်လောက်ကြာပြီလဲ။

တခါတလေ ငါကတော့ ဒီအလုပ်လေးပြီးပြီပျော်မယ်ဆိုပြီးစဥ်းစားတဲ့အခါ ကိုယ့်ဘေးနားကလူတွေက ထဖောက်တာမျိုးကျွန်တော်တို့ တခါမဟုတ်တခါ ကြုံဖူးတတ်ကြတယ်။ လူတွေက အနာဂတ်ကိုစဥ်းစားတဲ့အခါအဖြစ်အပျက်တွေကို စဥ်းစားတာမှန်နိုင်ပေမယ့်အနာဂတ်မှာ ဘယ်လိုခံစားနေရမယ်ကိုစဥ်းစားတဲ့အခါ တက်တက်စင်လွဲတတ်တယ်တဲ့။ ဒါကတော့ Harvard Professor ဖြစ်တဲ့Stumbling on Happiness စာအုပ်ရေးတဲ့စာရေးဆရာ Daniel Gilbert ရေးထားတာလေး။ မပျော်တာဘယ်လောက်ကြာပြီလဲ။ ဒီမေးခွန်းပြန်မေးကြည့်တဲ့အခါတချို့တွေက အမြဲပျော်နေတာတွေ့လိမ့်မယ်။တချို့ကျတော့လဲ တချို့အချိန်တွေပျော်တယ်။တချို့ကျတော့ အချိန်တော်တော်များများဘူနေတတ်ကြတယ်။ ပျော်ရွင်မှုဆိုတာ စိတ်ကျန်းမာကိုယ်ချမ်းသာပြီး စိတ်နဲ့ကိုယ်တစ်သားတည်းကျနေတာလို့အဓိပ္ပာယ်ဖွင့်လို့ရတယ်။ ပျော်ရွင်ခြင်းက ရောင့်ရဲခြင်းကလဲလာတယ်။တချို့သိပ္ပံပညာရှင်တွေကပျော်ရွင်ခြင်းဆိုတာ ဂျင်း gene ကြောင့်တချို့သူတွေကအမြဲ ကိုယ့်မှာရှိတာနဲ့အမြဲရောင့်ရဲ့ပျော်တတ်ကြတယ်။ပျော်ရွင်ခြင်းက ဘဝပေးအခြေအနေမှာကိုယ့်ဘဝ ကိုယ်ကျေနပ်တာကလဲလာတယ်။နောက် အပေါင်းအသင်းကြောင့်လဲလာသလို၊မိသားစု၊ အချစ် relationship ကလဲလာတယ်။ ပျော်ရွင်ခြင်းက အပြင်ပိုင်းရုပ်ဝတ္ထုတွေနဲ့ဆက်စပ်နေတာများတယ်။ Joy ပီတိဖြစ်ခြင်းကပျော်ရွင်ခြင်းတစ်မျိုးပဲ။ဒါပေမယ့်သူက အပေါ်ယံပကာသနတွေ၊အခြေအနေနဲ့သိပ်မဆိုင်ဘူး။ Joy ဆိုတာ ဘဝနဲ့ ကိုယ့်ရဲ့ဖြစ်တည်မှုမှာပြီးပြည့်စုံတဲ့ဆိုတဲ့စိတ်၊ကျေးဇူးတင်စိတ်နဲ့နေတာ၊ စိတ်ငြိမ်းချမ်းမှုဖြစ်တယ်။အပေါ်ယံပကာသနတွေပေါ်မှာ မမူတည်တဲ့အတွက်ကြာရှည်ခံတယ်။ Happiness ပျော်ရွင်မှုဆိုတာ

မပျော်တာဘယ်လောက်ကြာပြီလဲ။ Read More »

ကိုယ့်ရဲ့ “မတူညီကွဲပြားတဲ့ အားသာချက်” နဲ့
အသက်မွေးဝမ်းကြောင်း
ပြုတဲ့သူတွေက ဘဝမှာ
ပိုပြီးဝမ်းမြောက်ပျော်ရွင်တတ်ကြတယ်။

Seligman’s research ဆဲလမန်း သုတေသနအရ လူတွေမှာ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်သုံးချက်ရှိတယ်။၁။ အပြုသဘောဆောင်တဲ့စိတ်ခံစားမှုတွေလိုအပ်တာ၂။ ဘဝအဓိပ္ပာယ်နဲ့ရည်ရွယ်ချက်ပေးတဲ့အလုပ်တွေလုပ်ချင်တာ၃။ လူတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေချင်တာ ဒါကြောင့် Seligman က Positive Emotion, Engagement, Relationships, Meaning, and Accomplishment (PERMA™)ဆိုပြီး သူ့ framework ကို အမှတ်တံဆိပလုပ်ထားတယ်။ ဒီအချက်တွေဖြစ်လာဖို့အတွက်လူတွေဟာ အချိန်အများစု ကိုယ့်အားနည်းချက်တွေကိုပဲပြင်နေလို့မရဘူး။ ကိုယ့်ရဲ့အားသာချက်တွေပေါ်မူတည်ပြီးနေ့စဥ်လေ့ကျင့်လုပ်ဆောင်နေဖို့လိုတယ်။ စီးပွားရေးလုပ်တဲ့အခါလဲ လူတွေမှာအားသာချက်မတူကြဘူး။တချို့က ကိန်းဂဏန်းတွေကြည့်ရတာပျော်တယ်။တချို့က လူတွေနဲ့စကားပြောရတာပျော်တယ်။တချို့က ကုန်ပစ္စည်းအသစ်ဖန်တီးရတာပျော်တယ်။ လူတွေရဲ့ အားသာချက်တွေမတူကြတဲ့အတွက်ဘဝကိုဖြတ်သန်းတဲ့အခါ ဆရာကျကျအထာကျဖို့ Strength-based strategy (SBS) အားသာချက်အခြေပြု မဟာဗျူဟာနဲ့ဖြတ်သန်းတာ အကောင်းဆုံးနည်းတစ်ခုပဲ။ Phyo Paing @ Derek

ကိုယ့်ရဲ့ “မတူညီကွဲပြားတဲ့ အားသာချက်” နဲ့
အသက်မွေးဝမ်းကြောင်း
ပြုတဲ့သူတွေက ဘဝမှာ
ပိုပြီးဝမ်းမြောက်ပျော်ရွင်တတ်ကြတယ်။
Read More »

ကိုယ့်လုပ်ငန်းမှာ မတူညီတဲ့
Business Model တွေအသုံးပြုပါ။

ကိုယ့်လုပ်ငန်းမှာ မတူညီတဲ့ Business Model တွေအသုံးပြုပါ။ ဒီနေ့ခေတ်က Business Model တွေရောစပ်အသုံးပြုတဲ့ခေတ်ဖြစ်လာပါတယ်။ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ အစားအသောက်ရောင်းပြီး ငွေရှာလို့ရသလို စားသောက်သူတွေများလာရင် TV ဖန်သားပြင်နဲ့ display နေရာတွေမှာကြော်ငြာနဲ့လဲ ငွေရှာလို့ရပါတယ်။နောက် ကုန်ပစ္စည်းတွေဖြစ်တဲ့လက်ဖက်ခြောက်နဲ့ တခြားအိမ်ပြန်ရင်ဝယ်သွားလို့ရတဲ့အမှတ်တံဆိပ်တွေအတွက် နေရာငှားရမ်းခြင်း၊ကော်မရှင်ယူခြင်းဖြင့်လဲ ငွေရှာလို့ရပြန်သေးတယ်။ ဒါမှမဟုတ် အလှူပွဲ၊ မင်္ဂလာပွဲတွေအတွက်တည်ခင်ကျွေးမွေးခြင်း catering လုပ်ဆောင်ပေးရင်းလဲငွေရှာလို့ရပြန်တယ်။လုပ်ငန်းတစ်ခုမှာ မတူညီတဲ့စီးပွားရေးပုံစံတွေနဲ့ ငွေရှာလို့ရပါတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

ကိုယ့်လုပ်ငန်းမှာ မတူညီတဲ့
Business Model တွေအသုံးပြုပါ။
Read More »

လုပ်ငန်းရှင်အများစုကတော့ လုပ်ရင်းသင်ရင်းနဲ့ သွားကြတာများတယ်။

လုပ်ငန်းလုပ်တဲ့ရည်ရွယ်ချက်က ကိုယ်လိုချင်တဲ့ဘဝပုံစံတည်ဆောက်ဖို့ဆိုရင်မမှားဘူး။ ဒီလိုလုပ်ငန်းလုပ်တဲ့အခါ လုပ်ငန်းကို ဗရမ်းဗတာလုပ်လို့ရသလို၊ ဒီဇိုင်းသေချာလုပ်ပြီးသွားလို့ရတယ်။ လုပ်ငန်းရှင်အများစုကတော့ လုပ်ရင်းသင်ရင်းနဲ့ သွားကြတာများတယ်။ ဒီ “learning by doing” လုပ်ရင်းသင်ယူရင်းသွားတဲ့လမ်းကြောင်းမှာ လေ့လာသင်ယူမှုဖြစ်စဉ်မြန်ဖို့လိုတယ်။ ဒီလိုမြန်မှ လုပ်ငန်းကို ဒီဇိုင်းလုပ်တာ ပိုမြန်ပြီး ကိုယ့်လုပ်ငန်းရုပ်လုံးပိုကြွလာမှာဖြစ်တယ်။ ဒီလို လုပ်ငန်းကို ဒီဇိုင်းလုပ်တဲ့အခါ အပြင်အကြံပေးတွေ၊ Coach တွေအသုံးပြုကြသလို ကုန်ကျစရိတ်တွေလဲ များတတ်ကြတယ်။ ဒါကြောင့် ကိုယ်ထူကိုယ်ထ လုပ်ငန်းရှင်တွေအတွက် ကိုယ့်လုပ်ငန်းကို စိတ်ကြိုက်ဒီဇိုင်း ကိုယ်တိုင်လုပ်ဆောင်လို့ရအောင် www.Akyanpay.com ကို ဖန်တီးထားခြင်းဖြစ်ပါတယ်။ Akyanpay.com မှာ အမှတ်တံဆိပ်တည်ဆောက်တဲ့အခါ စဉ်းစားရမည့် လမ်းစဉ် framework ကစလို့၊ marketing နဲ့ မဟာဗျူအဆုံးအကုန်ထည့်သွင်းထားပေးတဲ့ business design website ဖြစ်ပါတယ်။ ကိုယ်က ကိုယ့်လုပ်ငန်းထက်ကြီးသွားပြီး လုပ်ငန်းကိုသေချာ design

လုပ်ငန်းရှင်အများစုကတော့ လုပ်ရင်းသင်ရင်းနဲ့ သွားကြတာများတယ်။ Read More »