July 2023

ကိုယ်နဲ့ ဓာတ်ပြုတဲ့အရာတွေကို
ဂရုစိုက်ဖို့လိုတယ်။

လူကို ဓာတ်တစ်ခုလိုမြင်တယ်။မတူညီတဲ့ လူတွေနဲ့တွေ့ရင်မတူညီတဲ့ ဓာတ်တွေဖြစ်တယ်။ ဒါကို chemistry လို့ခေါ်တယ်။ မတူညီတဲ့ အိုင်ဒီယာတွေနဲ့ထိတွေ့ရင်မတူညီတဲ့ ဓာတ်တွေဖြစ်တယ်။ “ငါ” ဆိုတဲ့ အရာက အမြဲပြောင်းနေတဲ့အရာ။ အချိန်ပေါ်မူတည်ပြီး ပြောင်းတယ်။ ပတ်ဝန်းကျင်ပေါ်မူတည်ပြီးပြောင်းတယ်။ကိုယ်နဲ့တွေ့တဲ့လူတွေ အပေါ်မူတည်ပြီးပြောင်းတယ်။ခေါင်းထဲထည့်တဲ့ အိုင်ဒီယာအပေါ်မူတည်ပြီးပြောင်းတယ်။ လူဆိုတာ ရေလိုပဲသံပုရာသီးနဲ့ သကြားပေါင်းရင် သံပုရာရည်ဖြစ်တယ်။ကော်ဖီမုန့်၊ ရေနဲ့ အပူပေါင်းရင် ကော်ဖီဖြစ်တယ်။ရေခွက်ထဲထည့်ထားရင် ရေခွက်ထဲကရေရေကန်ထဲထည့်ထားရင် ရေကန်ထဲကရေ။ ကိုယ်နဲ့ ဓာတ်ပြုတဲ့အရာတွေကိုဂရုစိုက်ဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ်နဲ့ ဓာတ်ပြုတဲ့အရာတွေကို
ဂရုစိုက်ဖို့လိုတယ်။
Read More »

တွေးခေါ်ခြင်းပညာ

လူတွေက တစ်နေ့တစ်နေ့ကိုအတွေးပေါင်း ၅၀၀၀၀ နဲ့ ၇၀၀၀၀ ကြားတွေးနေကြတယ်။ လူတိုင်းက တွေးနေကြတယ်။ ဒါပေမယ့် ဘယ်လိုတွေးရမလဲမလေ့လာဖူးကြဘူး။ အတွေးမတွေးပဲ တစ်ခုတည်းကို အာရုံစိုက်နေတာ၊ အတွေးတွေကို သတိနဲ့ကြည့်တာကိုတရားထိုင်တယ်လို့ခေါ်ပြီးအတွေးတွေးတတ်အောင်သင်ယူတာကို တွေးခေါ်ခြင်းပညာ Thinking Skills လို့ခေါ်တယ်။ Phyo Paing @ Derek

တွေးခေါ်ခြင်းပညာ Read More »

အရည်အချင်း + အလုပ် + အခြေအနေ = အောင်မြင်မှု

ပိုက်ဆံထက်ပိုက်ဆံရှာနိုင်တဲ့ အရည်အချင်းက အရေးကြီးတယ်။ အောင်မြင်မှုထက်အောင်မြင်မှုကို ဖန်တီးနိုင်တဲ့အရည်အချင်းက အရေးကြီးတယ်။ အရည်အချင်း + အလုပ် + အခြေအနေ = အောင်မြင်မှု Phyo Paing @ Derek

အရည်အချင်း + အလုပ် + အခြေအနေ = အောင်မြင်မှု Read More »

မနက်နှိုးလာလို့ မှန်ကြည့်တဲ့အခါ

ကိုယ့်ကိုကိုယ် ပိုတော်လာ၊ ကော်လာပြီးပျော်စရာတွေများတဲ့မှော်ဆရာလို လိုချင်တာတွေကိုဖန်တီးနိုင်ပြီး မာန်မဖီးတဲ့ဥာဏ်ကြီးရှင် ဖြစ်လာတယ်ဆိုဘယ်လို ခံစားရမလဲ။ လူတွေကို so sad စေတဲ့အရာတစ်ခုကတိုးတက် မနေတာဖြစ်နိုင်တယ်။ တိုးတက်နေဖို့ တချို့အရာတွေကိုOh Yes ပြောပြီး လုပ်ရတဲ့အချိန်တွေရှိတယ်။ ဒီတော့ ဖြစ်ချင်တာတွေ အကောင်အထည်ဖော်ပြီးမရှောင်ဖယ်ဖို့ ဘယ်အရာတွေကို Oh Yes လို့ပြောရမလဲ အားတီ၊ အားမေတို့။ 😁 Phyo Paing @ Derek

မနက်နှိုးလာလို့ မှန်ကြည့်တဲ့အခါ Read More »

တိုးတက်မှုဆိုတာ နေ့စဥ် တကူးတကလုပ်နေရတဲ့အရာမျိုး။

ဘဝဆိုတာ တိုက်ပွဲဆိုပြီးမိုက်ဆွဲပြီး ခေါင်းထဲက ဒသနတွေကို တူးဆွအိုင်ဒီယာတချို့က ကိုယ့်ကိုမြူးကြွစေတဲ့အချိန်တွေ မနည်းဘူး။ တိုးတက်မှုဆိုတာ နေ့စဥ် တကူးတကလုပ်နေရတဲ့အရာမျိုး။ Phyo Paing @ Derek

တိုးတက်မှုဆိုတာ နေ့စဥ် တကူးတကလုပ်နေရတဲ့အရာမျိုး။ Read More »

ဘဝမှာ အရေးအကြီးဆုံးက

မွေးကတည်းက တစ်ယောက်နဲ့တစ်ယောက်ဘဝပေးထားချက် မတူကြဘူး။ဘဝမှာ အရေးအကြီးဆုံးက”ကိုယ့်ရဲ့အကောင်းဆုံးပုံစံBest Version ဖြစ်အောင် တည်ဆောက်ဖို့ပဲ။” Phyo Paing @ Derek

ဘဝမှာ အရေးအကြီးဆုံးက Read More »

ကွာသွားမှာပဲ။

ဝန်ထမ်းတွေတိုးတက်အောင် ပံ့ပိုးတဲ့ လုပ်ငန်းနဲ့ ဝန်ထမ်းတွေဆီက ကျွမ်းကျင်မှုပဲယူပြီးတိုးတက်အောင် မပံ့ပိုးတဲ့လုပ်ငန်းကွာသွားမှာပဲ။ Phyo Paing @ Derek

ကွာသွားမှာပဲ။ Read More »

နေသလိုဖြစ်တဲ့ ဘဝမှာ
ဖြစ်သလို မနေပါနဲ့။

နေသလိုဖြစ်တဲ့ ဘဝမှာဖြစ်သလို မနေပါနဲ့။ ဘဝကို ဘယ်လိုဖြတ်သန်းနေလဲအားတီ၊ အားမေတို့? Phyo Paing @ Derek

နေသလိုဖြစ်တဲ့ ဘဝမှာ
ဖြစ်သလို မနေပါနဲ့။
Read More »