ဘဝဆိုတာ အဲ့လိုပဲ
ဘဝဆိုတာ အဲ့လိုပဲ။တစ်ခါပဲလိုတယ်။ပြင်ဆင်မှုနဲ့ အခွင့်အလမ်းတွေ့ဖို့။တစ်ခါပဲ ခပ်ကြီးကြီးအောင်မြင်ရင်ကိုအဆင်ပြေတယ်။
ဘဝဆိုတာ အဲ့လိုပဲ။တစ်ခါပဲလိုတယ်။ပြင်ဆင်မှုနဲ့ အခွင့်အလမ်းတွေ့ဖို့။တစ်ခါပဲ ခပ်ကြီးကြီးအောင်မြင်ရင်ကိုအဆင်ပြေတယ်။
လေမုန်တိုင်းခဏခဏလာတဲ့နေရာမှာတိုက်ကြီးကြီးလှလှ လေးတွေအစားခဏတာ နေလို့ရမည့် အိမ်လေးတွေပိုများမယ်။ ဒါကို နှစ်ပေါင်း လေး၊ ငါး၊ ခြောက်ဆယ်တည်တည်တံ့တံ့ ရပ်တည်ခဲ့တဲ့ လုပ်ငန်းဆိုတာပိုက်ဆံထက်ပိုတဲ့ ယုံကြည်မှုတွေရထားလို့။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay
ပထမတစ်မျိုးကငါကတော့ ကုမ္ပဏီမှာတစ်လ သိန်းငါးဆယ်ရနေပြီ။တစ်လရောင်းအားဘယ်လောက်ရှိပြီးဘယ်လောက်မြတ်တယ်။တစ်လဝင်ငွေဘယ်လောက်ရနေပြီ။ဝင်ငွေကို အဓိကစဥ်းစားတာ။ ဒုတိယတစ်မျိုးကပိုင်ဆိုင်မှုကို စဥ်းစားတာ။ငါဝယ်ထားတဲ့ မြေက အခုရောင်းရင်ဘယ်လောက်ရပြီ။ငါမြေ၊ အိမ်၊ ကား၊ ရွှေကဘယ်လောက်ရှိပြီ။ပိုင်ဆိုင်မှုပေါ်မူတည်ပြီးစဥ်းစားတာ။ တတိယတစ်မျိုးကတစ်လဝင်ငွေဘယ်လောက်ရှိပြီ၊ဒီဝင်ငွေကို ဘယ်လိုပိုင်ဆိုင်မှုတွေမှာရင်းနှီးမြုပ်နှံထားပြီးဒီပိုင်ဆိုင်မှုတွေကိုထိန်းသိမ်းပြီး၊ တိုးပွားအောင်ဘယ်လိုလုပ်မလဲ။ဝင်ငွေအပေါ် အချိန်ပေးသလို၊ပိုင်ဆိုင်မှုတွေတိုးပွားမှုအပေါ်လဲအချိန်ပေးတယ်။ ဘယ်တစ်မျိုးထဲပါပါကိုယ့်ကိုကိုယ် တိုးတက်အောင်လုပ်နေရမှာပဲ။ Phyo Paing @ Derek
“ကိုင်ထားတဲ့” ဆိုတဲ့အဓိပ္ပာယ်ကငွေကြေးတန််ဖိုးတွေ free fallကျဆင်းတာတွေကြားမှာကိုယ့်ရဲ့ပိုင်ဆိုင်မှု တန်ဖိုးတွေမကျသွားအောင် ကိုင်ထားတာ။ ငွေဆိုတာ “medium for exchange”လှဲလှယ်မှုပြုလုပ်တဲ့ ကြားခံတစ်ခုပဲ။သူက တန်ဖိုးတွေအကုန်လုံးကိုဖလှယ်လို့ရတယ်။ အရင်ခေတ်က ကုန်ပစ္စည်းချင်းလှဲလှယ်ကြတယ်။ဒါကို barter စနစ်လို့ခေါ်တယ်။ဒါက နှစ်ထောင်ပေါင်းများစွာကစတင်ခဲ့တဲ့ ငွေကြေးရဲ့အစပဲ။ နောက်ပိုင်း ရွှေ၊ ငွေ၊ ပုလဲအပြင်ဆား အစရှိတဲ့ တန်ဖိုးရှိတဲ့အရာတွေနဲ့ကုန်ပစ္စည်းဖလှယ်လာကြတယ်။ဒါကို commodity money လို့ခေါ်ခဲ့ကြတယ်။ နောက်ပိုင်း စနစ်တစ်ခုချဖို့ကြွေပြား coin money တွေထုတ်ပြီးလှဲလှယ်ခဲ့ကြတယ်။ ဒီလို ကြွေပြားတွေက သယ်ရခက်တဲ့အတွက်၇ ရာစုမှာ တရုတ်မှာစတင်ပြီးစာရွက်ငွေ paper money ကို စတင်စမ်းသပ်တယ်။အစပိုင်းမှာ ကုန်သည်တွေကကတိကဝတ်ငွေကြေး အနေနဲ့သုံးတယ်။ဥပမာ ရွှေတစ်ကျပ်သားပေးထား။သူ့တန်ဖိုးနဲ့ညီတဲ့ ကတိကဝတ်ငွေကြေးရတယ်။နောက် အစိုးရကပါ ဒီစနစ်ကိုအသုံးပြုတယ်။အောင်မြင်တယ်။တစ်ကမ္ဘာလုံးသုံးလာတယ်။ ဒီကမှ တဆင့် US dollar နဲ့ ရွှေနဲ့ ချိပ်ဆက်တာကိုဖြုတ်ပြီးတဲ့နောက်ပိုင်းငွေက တစ်ကမ္ဘာလုံးအသုံးပြုတဲ့
လွန်ခဲ့တဲ့ သုံးနှစ်ကသိန်း ၁၃၀၀၀ လောက်ဆိုဒေါ်လာနဲ့ မီလီယံနာဖြစ်ပြီ။ နောက် မီလီယံဒေါ်လာက၂၀၂၁ နှစ်အလယ်မှာ သိန်း ၁၈၀၀၀။နောက် သိန်း ၂၁၀၀၀။နောင် သိန်း ၃၀၀၀၀။အခု သိန်း ၃၄၀၀၀။လကုန်တော့ မပြောတတ်ဘူး။ အခုက မော်ဒယ်မြင့် Lexus တောင်သိန်း ၁၀၀၀၀ ကျော်နေပြီ။ ဒီနှစ်နှစ်၊ သုံးနှစ် အတွင်းမှာကိုယ့်ဝင်ငွေ ၃ ဆ တက်လာလားပြန်ကြည့်ရမှာ။သုံးဆမတတ်လာရင်တိုးတက်နေတာ အစစ်ဟုတ်ချင်မှဟုတ်မှာ။ နောက်တစ်ခုက “savers are losers” ဆိုတာအမှန်ပဲ။ငွေစုတဲ့သူတွေက ရှုံးတဲ့သူတဲ့။ ချမ်းသာဖို့တစ်ခုတည်းအတွက်ပဲစဉ်းစားပြီးအလုပ်လုပ်မယ်ဆိုမြန်မာပြည်မှာ ချမ်းသာတဲ့သူတွေကဘယ်လိုလူတွေလဲ ကြည့်ကြည့်။ဘာအလုပ်တွေ လုပ်ကြလဲအခု ၃၀ လောက်ချရေးကြည့်။သူတို့ ဘယ်လိုစဉ်းစားလဲချရေးကြည့်။ကိုယ်ဘာတွေလုပ်မလဲ ပြန်သုံးသပ်ကြည့်။ ဘာကြောင့်လဲဆိုတော့ကိုယ့်ဆီက စီးပွါးရေးကနိုင်ငံခြား economics သီအိုရီနဲ့နည်းနည်းလွဲနိုင်တယ်။နိုင်ငံတကာမှာ ကားလိုမျိုးပစ္စည်းကိုတန်ဖိုးကျသွားတာနဲ့ နှိုင်းယှဉ်ပေမယ့်ငွေတန်ဖိုးထက် မကျသွားတော့ကားတို့ဖက်မှာ ဝယ်ယူရင်းနှီးကြပြန်တယ်။ စျေးကွက်အသွားအလာသိတဲ့သူတွေကမျက်ဖြူစိုက်လေ ဆရာကြိုက်လေဖြစ်နေတတ်တယ်။ ကိုယ့်စီးပွါးရေး
ကိုယ်တည်ဆောက်နေတဲ့ အိမ်ကောင်းတစ်လုံးက
လှိုင်းလုံးတစ်ချက်ကြောင့် ကြေမွသွားနိုင်တယ် Read More »
ဘယ်နေရာမှာနေနေ ဝင်ငွေရှာလို့ရတာ ဒစ်ဂျစ်တယ် ထုတ်ကုန်ပဲ။ ဝန်ထမ်းအများကြီးလဲ မလိုဘူး။ဒီတော့ လူနဲ့ခေါင်းစားရတဲ့ ကိစ္စမရှိဘူး။ အခန်းငှါးခလဲ အများကြီးမရှိဘူး။ဒီတော့ လကုန်ရင် အငှါးခပေးရတာနဲ့မောပန်းမှု မဖြစ်ဘူး။ မနက်ရုံးတက်၊ ညပြန်မလိုဘူး။ကိုယ်လိုချင်တဲ့ လွတ်လပ်တဲ့ဘဝတည်ဆောက်လို့ရတယ်။ ဒါကြောင့် ဒီဂျစ်တယ် ကုန်ပစ္စည်းကဝင်ငွေတည်ဆောက်တဲ့Digital Business တွေတည်ဆောက်တာအကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်နိုင်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay
Digital Business တွေတည်ဆောက်တာ
အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်နိုင်တယ်။ Read More »
ကိုယ်ကိုယ်တိုင်က asset ဖြစ်နေဖို့စကေးတွေကို ဖြည့်ထားဖို့လိုတယ်။ငှက်ကလေးရဲ့ ယုံကြည်မှုကသစ်ပင်ပေါ်ရှိရမှာ မဟုတ်ဘူး။အတောင်ပံပေါ်ရှိရမှာ။ Phyo Paing @ Derek
မြို့တစ်မြို့မှာ မနေချင်ရင်စွန့်ခွာသွားလို့ရတယ်။နိုင်ငံတစ်နိုင်ငံမှာ မနေချင်ရင်စွန့်ခွာသွားလို့ရတယ်။ ကိုယ့်ကိုယ်ကိုနဲ့ မနေချင်ရင်တော့သေမှပဲရမယ်။ ကိုယ်နဲ့ တစ်သက်လုံးရှိနေမယ့်သူကကိုယ်ပဲ။ ဒါကြောင့် ကိုယ့်စိတ်နဲ့ ခန္ဓာကိုအမြဲ တိုးတက်အောင် လေ့ကျင့်ပေးနေရတယ်။ Phyo Paing @ Derek
တချို့ အရမ်းနာမည်ကြီး အောင်မြင်တယ်ဆိုတဲ့အဆိုတော်တွေ၊ Kpop Star တွေဘာကြောင့် ကိုယ့်ကိုကိုယ် သတ်သေကြလဲ။ အောင်မြင်မှုလို့ပြောတဲ့အခါကိုယ်လိုချင်တာရရင် အောင်မြင်မှုလို့အလွယ်သတ်မှတ်လို့ရပါတယ်။ လူတွေလိုချင်တာ ကိုယ်ရနေရင်လဲလူအများစုက ကိုယ့်ကိုအောင်မြင်တယ်လို့သတ်မှတ်ကြပါတယ်။ ကိုယ်လိုချင်တာရတာ ကိုယ်ရေးကိုယ်တာအောင်မြင်မှုPrivate Victory ဖြစ်ပြီးလူအများစုလိုချင်တာကိုယ်ရနေတာ အသိုင်းအဝိုင်းက သတ်မှတ်တဲ့အောင်မြင်မှု Public Victory ဖြစ်ပါတယ်။ တချို့လူတွေက ကိုယ်ရေးကိုယ်တာလဲ မအောင်မြင်ဘူး၊အသိုင်းအဝိုင်းသတ်မှတ်တဲ့ အောင်မြင်မှုလဲမရှိဘူး။ တချို့လူတွေက လူတွေရဲ့အထင်အမြင်ကို အသားပေးလွန်းအားကြီးတော့ကိုယ့်ရဲ့အိမ်မက်တွေ၊ ရင်တွင်းကလာတဲ့စကားသံတွေကို လျစ်လျူရှုပြီးမိဘဖြစ်စေချင်တာ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကဖြစ်စေချင်တာတွေ လုပ်တဲ့အခါအသိုင်းအဝိုင်းရဲ့ သတ်မှတ်တဲ့အောင်မြင်မှုရပြီးကိုယ်ရေးကိုယ်တာ အောင်မြင်မှုမရှိကြဘူး။အားတီအားမေတို့။ တချို့က ကိုယ်တိုင်ဖြစ်ချင်တာဖြစ်အောင်လုပ်တယ်။လူအများစုကလဲ သူ့ကိုအားကျကြတယ်။ဒါကို ပတ်ဝန်းကျင်က တကယ့်အောင်မြင်မှုလို့သတ်မှတ်ကြတယ်။ နောက်တစ်ဆင့်အောင်မြင်မှုကတော့ ဆန္ဒတွေ မရှိတော့တဲ့ အောင်မြင်မှုပေါ့။ Desirelessness is wisdom ဆိုမျိုးပေါ့။ ဗုဒ္ဓဟောကြားချက်အရဆို တပ်မက်မှု တဏှာတွေ မရှိတော့တာပေါ့။ ကိုယ်က ဘယ်အောင်မြင်မှုကိုသွားနေတာလဲ သေချာသိိဖို့တော့လိုတယ်အားတီ၊
ကိုယ်က ဘယ်အောင်မြင်မှုကို
သွားနေတာလဲ သေချာသိိဖို့တော့လိုတယ်။ Read More »
စီးပွားရေးမှာ လိုချင်တာတွေရဖို့ဖောက်သည်တွေရဲ့ လိုအပ်ချက်တွေကိုမညိုမငြင်လုပ်တဲ့ အချိန်တွေရှိတတ်တယ်။ ဒါကို အပိုဆိုပြီး မမြင်ပဲတချို့အရာတွေကို ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင်ကိုယ်လိုချင်တဲ့ target ကိုအားတက်စွာ ရောက်အောင်လုပ်နိုင်လိမ့်မယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay