တဏှာက ဝေဒနာဘဲ
ဘဝရှိရင် ခန္ဓာရှိတယ်။ ခန္ဓာရှိရင် တဏှာရှိတယ်။ တဏှာက ဝေဒနာပဲ။ ဝေဒနာကို အဖြေရှာဖို့ဘဝရဲ့ပေးထားတဲ့ ဒေတာတွေကိုနားလည်ဖို့ ပညာရှာကြတယ်။ Phyo Paing @ Derek
ဘဝရှိရင် ခန္ဓာရှိတယ်။ ခန္ဓာရှိရင် တဏှာရှိတယ်။ တဏှာက ဝေဒနာပဲ။ ဝေဒနာကို အဖြေရှာဖို့ဘဝရဲ့ပေးထားတဲ့ ဒေတာတွေကိုနားလည်ဖို့ ပညာရှာကြတယ်။ Phyo Paing @ Derek
အသက်ရှင်နေတာ အမြဲစိတ်ညစ်နေဖို့မှမဟုတ်တာ။ဘဝမှာ အရေးအကြီးဆုံးကစိတ်ချမ်းသာဖို့။ဒီနေ့နဲ့ မနက်ဖြန် စိတ်ချမ်းသာရမယ်။ဒီလိုဖြစ်ဖို့ အစွဲတွေလျော့ရမယ်။ဘဝကို သတိလေးနဲ့ ဖြတ်သန်းရမယ်။စဉ်းစားတွေးခေါ်တတ်ရမယ်။ဘဝရဲ့ လမ်းညွှန်ရာကိုသွားရမယ်။ဘဝကို ရေလိုပဲပျော့ပျော့ပျောင်းပျောင်းဖြတ်သန်းတယ်။ ယူနီဗာ့က ပေးတဲ့မက်ဆေ့ပေါ်မှာလုပ်သင့်တဲ့အချိန် လုပ်သင့်တာကိုလုပ်တယ်။ Phyo Paing
ကိုယ်ခေါင်းထဲက ဆော့ဝဲကိုနေ့တိုင်း အက်ဒိတ်လုပ်ဖို့စာဖတ်ဖို့၊ စဥ်းစားဖို့၊ စတင်အသုံးချဖို့လိုတယ်။ဟတ်ဝဲကို အသုံးချဖို့အဟာရနဲ့ လေ့ကျင့်ခန်းလိုတယ်။ Phyo Paing @ Derek
ကိုယ်ခေါင်းထဲက ဆော့ဝဲ Read More »
လူတိုင်းက ကိုယ်နဲ့ထိုက်တန်တဲ့နေရာ၊ကိုယ်နဲ့ ထိုက်တန်တဲ့အလုပ်၊ကိုယ်နဲ့ထိုက်တန်တဲ့သူနဲ့ပဲတွေ့တာပဲ။ကိုယ်ထားတဲ့ စံနှုန်းပဲ။ Phyo Paing @ Derek
ကိုယ်ထားတဲ့ စံနှုန်း Read More »
ဘတ်တံနဲ့ ဘောလုံးက ၁၁၀၀၀ ကျပ်ကျတယ်။ဘတ်တံက ဘောလုံးထက် ၁၀၀၀၀ ကျပ်ပိုတယ်။ဘောလုံးစျေးနှုန်းက ဘယ်လောက်လဲ။အရမ်းလွယ်တယ်ဟုတ်။၁၀၀၀ ကျတာပေါ့လို့ဖြေလိမ့်မယ်။ ဒါက ကမ္ဘာကျော်စာအုပ်ဖြစ်တဲ့Thinking fast and slow မှာBehavioral Economics Professor လဲဖြစ်စာရေးဆရာလဲဖြစ်တဲ့ Daniel Kahneman ကSystem I နဲ့ System IIအလုပ်လုပ်ပုံကိုရှင်းပြတဲ့ဥပမာလေးဖြစ်ပါတယ်။ ပုံမှန် အော်တိုမစ်တစ်ချလိုက်တဲ့ဆုံးဖြတ်ချက်တွေကို System I ကလုပ်ဆောင်တယ်။ တကယ်တွက်ချက်ပြီး ယုတ္တိကျကျသေချာစဉ်းစားရတာကိုSystem II က အလုပ်လုပ်တယ်။ တကယ့်အဖြေအမှန်ကဘတ်တံ + ဘောလုံး = ၁၁၀၀၀ ကျပ်ဘတ်တံ = ဘောလုံး + ၁၀၀၀၀ ကျပ် (ဘတ်တံက ဘောလုံးထက် ၁၀၀၀၀ ကျပ်ပိုများ) ဒါဆိုဘောလုံး + ၁၀၀၀၀ ကျပ် +
ကိုယ်ကြီးသလောက်ပဲလုပ်ငန်းကြီးပါတယ်။ဒါကြောင့် လုပ်ငန်းရှင်တွေအတွက် Personal Development အရမ်းအရေးကြီးတာ အားလုံးသိပြီးသားပါ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay
ကိုယ်ကြီးသလောက်ပဲ
လုပ်ငန်းကြီးပါတယ်။ Read More »
မိုးခါးရေမသောက်ဘူး။အဓိပ္ပာယ်မရှိတဲ့ သတ်မှတ်ချက်တွေကိုမလိုက်နာရဲတဲ့ သတ္တိရှိတယ်။အရေးမပါတဲ့ အရာတွေကိုအရာတွေ ပေးမနေဘူး။ မတူညီမှာ ကြောက်လို့ကော်ပီတွေကူးတဲ့ခေတ်မှာအများနဲ့မတူတာက ကိုယ့်ရဲ့မူဖြစ်နေတာမျိုး။ ကိုယ့်ဘဝရဲ့ ဥပဒေသ ကိုယ်ချတယ်။တချို့က ရွာပြင်ရောက်လိမ့်မယ်လို့ပြောတာလဲ မကြာမကြာခံရတတ်တယ်။ တချို့လူတွေ နားမလည်တာကကိုယ်က ရွာပြင်ထွက်လာပြီးတိုက်လာဆောက်နေတဲ့သူဖြစ်နေတယ်။ Phyo Paing @ Derek
ကမ္ဘာပေါ်မှာ လူအများဆုံးရောက်နေတဲ့ထောင်က“အတွေးအခေါ် ထောင်” ဖြစ်နေနိုင်တယ်။လူတစ်ချို့က မသိလိုက်မသိဖာသာကိုယ့်အတွေးအခေါ် ထောင်ထဲရောက်နေတယ်။ ကိုယ့်ခေါင်းထဲထည့်ထားတဲ့ သတင်းအချက်၊ ဘဝအတွေ့အကြုံနဲ့ ဖြစ်ပေါ်လာတဲ့ အထင်အမြင်တွေကိုထာဝရ အလုံးစုံ အမှန်တရားလိုထင်တတ်ကြတယ်။ Phyo Paing @ Derek
“အတွေးအခေါ် ထောင်” Read More »
Outside Inအချိန်တန်ရင် အိမ်တော့ခဏပြန်ပါ။ အာရုံကို အာဏာကုန်စိုက်နိုင်ဖို့ကိုယ့်လိပ်ပြာ ကိုယ့်ဆီပြန်လာအောင်ခေါ်ရတယ်။ ကိုယ်လိုချင်တဲ့ အရာတွေဖြစ်လာဖို့အပြင်မှာပဲ ရှာလို့မရဘူး။အတွင်းကို အရင်ပြန်ဝင်ရတယ်။ အာရုံတွေကို အပြင်မှာပဲ လေလွင့်အလေလိုက်နေလို့မရဘူး။ကိုယ့်အိမ်ပြန်လာဖို့လိုတယ်။ ကိုယ့်အိမ်ပြန်လာတဲ့အခါကိုယ့်အတွေးတွေကို သတိပြုမိလာမယ်။ကိုယ့်အကြံအစည်တွေကို သတိပြုမိလာမယ်။ကိုယ့်ကိုယ်ကို သတိပိုပြုမိလာမယ်။ ဒါမှ ကိုယ့်ကိုယ်ကိုပြောင်းရင်းကိုယ့်ဘေးပတ်ဝန်းကျင်ပြောင်းမယ်။ ဒါကြောင့် အချိန်တန်ရင် အိမ်တော့ခဏပြန်ပါ။ Phyo Paing @ Derek
အချိန်တန်ရင် အိမ်တော့ခဏပြန်ပါ။ Read More »
Comfort Zone ထဲက မထွက်ပါနဲ့။ Comfort Zone ကို ချဲ့ပါ။ ရေမကူးတတ်သူက Comfort Zone ထဲကထွက်မယ်ဆိုပြီးမြစ်ထဲခုန်ချရင် ရေနစ်သွားနိုင်တယ်။ ဒါကြောင့် Comfort Zone ထဲကထွက်မည့်အစားComfort Zone ကို ချဲ့ပါ။ Comfort Zone ကို ချဲ့လို့ရတဲ့နည်းလမ်း ငါးခု ၁။ တိကျတဲ့ ရည်မှန်းချက်ပန်းတိုင်ချပါ။၂။ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ “လုပ်ဆောင်ရမည့်အရာ” တွေကို ချရေးပါ။၃။ လုပ်ဆောင်ရမည့်အရာတွေအတွက်လိုအပ်တဲ့ “ကျွမ်းကျင်မှု”တွေကို ချရေးပါ။ ၄။ ဒီကျွမ်းကျင်မှုတွေရဖို့ “လေ့လာသင်ယူ” ရမည့်အရာတွေကိုချရေးပါ။၅။ နေ့စဥ် လေ့လာသင်ယူပြီး အကောင်အထည်ဖော်ပါ။ ကိုယ်က ရေနွေးအိုးထဲက ဖားမှ မဟုတ်တာ။ မဖြစ်မနေ ကျားကိုက်မှာမို့ ရေထဲခုန်ချရတဲ့ အခြေဆို တစ်မျိုးပေါ့။ 😀 Phyo Paing @
Comfort Zone ကို ချဲ့ပါ။ Read More »