ငွေကိုရှာတာ sale အလုပ်
ငွေကိုရှာတာ sale အလုပ်။ငွေလာရှာအောင်လုပ်တာ marketing အလုပ်။ #GMC
သတိမရှိပဲ ပျော်ရွင်မှုမရှိဘူး။ ပျော်ရွင်မှုတာရှည်ခံချင်ရင်သတိလိုတယ်။ ကမ်းခြေကို အပန်းဖြေဖို့ရောက်လာပြီးစိတ်က ပူပင်သောကတွေကမထွက်နိုင်ရင်လဲ မပျော်နိုင်ဘူး။ ဒါကြောင့် ဗုဒ္ဓက မဂ္ဂင်ရှစ်ပါးမှာမှန်ကန်သော သတိရှိဖို့လိုတယ်လို့ဟောကြားခဲ့တယ်။ တရားထိုင်ရတဲ့ အကြောင်းအရင်းက၁။ သတိ အသိ mindfulness၂။ သမာဓိ concentration ၃။ ထိုးထွင်းနားလည်မှု insight ဖြစ်လာဖို့။ Phyo Paing @ Derek
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းကဗုဒ္ဓက လွတ်မြောက်ရာလမ်းကြောင်းပြသခဲ့တယ်။ ငွေကြေး လွတ်မြောက်မှုဖြစ်ဖြစ်၊လူ့ဘောင်ရဲ့သတ်မှတ်မှုက လွတ်မြောက်မှုဖြစ်ဖြစ်၊သံသရာထဲက လွတ်မြောက်မှုဖြစ်ဖြစ်ဒီလမ်းစဥ် ၈ ပါးကို သုံးလို့ရတယ်။ ဒါကတော့ မဂ္ဂင်ရှစ်ပါးဖြစ်တဲ့ မှန်ကန်တဲ့၁။ အယူဝါဒ၂။ အတွေး၊ အကြံ၃။ အပြော၄။ အလုပ်၅။ အသက်မွေးမှု၆။ အားထုတ်မှု၇။ သတိ၈။ စိတ်ကို အာရုံတစ်ခုတည်းမှာ စူးစိုက်နိုင်တဲ့ သမာဓိ ရှိဖို့ပဲ။ အကုန်လုံးက အတွေးနဲ့ စတယ်။ ကြီးကျယ်တဲ့အရာတွေ ဖြစ်လာဖို့စိတ်ထဲမှာ တစ်ခါစဥ်းစားရတယ်။ကြံစဥ်ပြီး စီမံကိန်းချရတယ်။ကိုယ့်ကိုယ်ကို ဒါမှမဟုတ်ကိုယ့်အဖွဲ့ကို ပြောရတယ်။တကယ်အားထုတ်ရတယ်။ ဒီအားထုတ်မှုက သမာအာဇီဝကျရမယ်။ဇွဲလုံ့လ မလျော့ရဘူး။ စိိတ်နဲ့ ကိုယ်နဲ့ သတိနဲ့ကပ်ရမယ်။အလုပ်ကို စူးစိုက်အာရုံထားနိုင်ရမယ်။ ကျွန်တော်နားလည်တဲ့ နေ့စဥ်ဘဝမှာကျင့်သုံးလို့ရတဲ့ ဗုဒ္ဓရဲ့ အဆုံးအမဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးပဲ။ လောကီတွေ၊ လောကုတ္တရာတွေစဥ်းစားမနေတော့ဘူး။ နေ့စဥ် ဘဝမှာ ပိုပိုပြီးကျင့်သုံးနိုင်အောင်ပဲ ကြိုးစားရမယ်။
ကိုယ်မကြိုက်တဲ့နေရာမှာတစ်သက်လုံးနေရအောင်ကိုယ်က သစ်ပင်မှ မဟုတ်တာ။ကိုယ်ရှောင်ဖယ်မရတဲ့သူကကိုယ်ကိုယ်တိုင်ပဲ။ Phyo Paing @ Derek
ကိုယ့်ရဲ့ အထင်အမြင်ဟာ အမှန်တရား ဟုတ်ချင်မှဟုတ်မှာဆိုတာနားလည်သွားတဲ့အခါ လောကမှာ နေသားပိုကျလာတယ်။ Phyo Paing @ Derek
လိုချင်တာရဖို့ မလုပ်ချင်တာတွေကိုစိတ်ပါပါ မပါပါလုပ်ခဲ့ရတဲ့အချိန်တွေရှိတယ်။ မလိုချင်တာ မရဖို့စိတ်ပါပြီး လုပ်ချင်တဲ့အရာတွေကိုစောင့်ထိန်းခဲ့ရတဲ့အချိန်တွေလဲရှိတယ်။ ဒါကို Stoic အတွေးအခေါ်မှာ စည်းကမ်း Self-discipline လို့ခေါ်တယ်။ ကိုယ်လုပ်ချင်တာလုပ်ရမလား၊လုပ်သင့်တာ လုပ်ရမလားဆိုရင်ဖြစ်ချင်တာဖြစ်ဖို့ လုပ်ချင်တာဖြစ်ဖြစ်၊ လုပ်သင့်တာ ဖြစ်ဖြစ် လုပ်ရမှာပဲ။ ကိုယ့်ကိုယ်ကို မေးတဲ့မေးခွန်းမမှားဖို့လိုတယ်။ Phyo Paing @ Derek
အကြံပေးတစ်ယောက်မှာSTAR ⭐️ ရှိရမယ်။ ၁။ Strategic Thinking ကိုယ်အကြံပေးမယ့်သူဖြစ်ချင်တဲ့Strategic Goals ကိုသိပြီးမဟာဗျူဟာကျကျ စဉ်းစားနိုင်စွမ်း။လမ်းကြောင်းတွေ ချပြနိုင်စွမ်း။ ၂။ Tactics ဗျူဟာ ကိုယ်ပေးတဲ့ အကြံဥာဏ်ကိုအသုံးချလို့ရတဲ့ အသေးစိတ် ဗျူဟာချပေးနိုင်စွမ်း ၃။ Analytical skills သုံးသပ်ဆန်းစစ်မှုစွမ်းရည် အကောင်းကြီးမြင်လို့မရဘူး။အရှိကို အရှိအတိုင်း အနီးစပ်ဆုံးမြင်ပြီးဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်နိုင်စွမ်း ၄။ Research သုတေသန လုပ်နိုင်စွမ်း ဆုံးဖြတ်ချက်ချဖို့ သတင်းအချက်လိုတယ်။ဆုံးဖြတ်ချက်ချဖို့လိုတဲ့ သတင်းအချက်အလက်စုစောင်းရှာဖွေနိုင်စွမ်းလိုတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay
ကိုယ့်အပေါင်းအသင်းတွေရဲ့အောင်မြင်မှုကို မုဒိတာ မပွားနိုင်ရင်အဲ့လူတွေနဲ့ သူငယ်ချင်းမလုပ်နဲ့။ ကိုယ့်အတွက် မုဒိတာ မပွားနိုင်ရင်လဲသူငယ်ချင်း မလုပ်နဲ့။ Phyo Paing @ Derek
တစ်ယောက်တည်း ဘဝမှာ လုပ်မယ်လို့ တကယ်သံဓိ ဌာန်ချပြီးရင်မဖြစ်ဖြစ်အောင် လုပ်ဖို့ဖြစ်နိုင်တယ်။ လုပ်ပြီးမဖြစ်တဲ့အရာတချို့ကတစ်ဖက်လူရဲ့ အားထုတ်မှုပါတဲ့ကိစ္စတွေ။ ဒါကြောင့် တဖက်လူပေါ်မှာမှီခိုပြီးမှအကောင်အထည်ဖော်နိုင်မယ့်ကိစ္စကတိပေးတဲ့အခါ တော်တော်စဥ်းစားရတယ်။ Phyo Paing @ Derek
သံဓိ ဌာန်ချပြီးရင်
မဖြစ်ဖြစ်အောင် လုပ်ဖို့ဖြစ်နိုင်တယ်။ Read More »
လမ်းလွဲပြီး ပြေးနေရင်ပြေးလေး ဝေးလေ ဖြစ်နေတတ်တယ်။ မဟာဗျူဟာဆိုတာ ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကိုစိုက်စိုက်မက်မက်နဲ့ မြန်မြန်ဆန်ဆန်ရောက်ဖို့ ဘယ်လမ်းကို ပြေးမလဲ ကြံစဥ်တာဖြစ်တယ်။ လူတွေကို အပြောင်းအလဲဖြစ်စေတာ အတွေး၊ အကြံ၊ အလုပ်ဖြစ်တယ်။ ကြံစဥ်တဲ့အခါ အတွေးအခေါ်တွေလိုတယ်။ စီးပွားရေးစီမံခန့်ခွဲမှုမှာ မဟာဗျူဟာဆိုတာ ၁၉၅၀ နောက်ပိုင်းလောက်မှရေရေရာရာ ပေါ်လာတာဖြစ်တယ်။ ဟာဗတ်စီးပွားရေး ပရော်ဖက်ဆာလဲဖြစ်Competitive Advantage စာအုပ်ကိုရေးခဲ့တဲ့Michael Porter တို့လို ဆရာကြီးတွေကသုတေသနတွေနဲ့ သီအိုရီတွေကစီးပွားရေး မဟာဗျူဟာတည်ဆောက်ရေးမှာအများကြီး အထောက်အကူပြုတယ်။ Southwest Airline တို့၊ Ikea တို့၊ Xiaomi တို့၊ Air Asia တို့၊နောက် Grab နဲ့ Gojek လုပ်ငန်းတိုင်းဟာမဟာဗျူဟာကောင်းအသုံးပြုနိုင်ရင်ပန်းတိုင်ရောက်အောင်သွားနိုင်တဲ့ သာဓကတွေ တွေ့လိမ့်မယ်။ ရှေးနှစ်ထောင်ပေါင်းများစွာကတော့ဆွန်ဇူးဆိုတဲ့ စစ်သူကြီးကမဟာဗျူဟာ အတွေးအခေါ်နဲ့ The Art of