June 2024

ကိုယ့်ဘဝမှာ ဖြစ်ချင်တာတွေကိုယုံယုံကြည်ကြည်နဲ့ချရေးထားကြည့်

ကိုယ့်ဘဝမှာ ဖြစ်ချင်တာတွေကိုယုံယုံကြည်ကြည်နဲ့ချရေးထားကြည့်။ဒီ ပါဝါကို လျော့မတွက်ပါနဲ့။ အလုပ်အချစ်ငွေကြေးကျန်းမာရေးလူမှုရေးနေချင်တဲ့နေရာ နေ့တိုင်း အတွေးတွေကို ထုတ်လွတ်။Frequency များများလွတ်။ အရေးကြီးတဲ့အပိုင်းက“ခံစားချက်”။“တွေးတိုင်းပျော်ဖို့လိုတယ်။” တချို့က အနာဂတ်ကိုတွေးရင်စိုးရိမ်နေတတ်တယ်။ကြောက်နေတတ်တယ်။မဖြစ်နိုင်ပါဘူးကွာ။ငါနဲ့ မထိုက်တန်ဘူးလို့ထင်တတ်တယ်။​ ဒါတွေကို ကျော်လွှားဖို့အလေ့အကျင့်လုပ်ဖို့လိုနိုင်တယ်။ စဥ်းစားကြည့်ကြည့်ကိုယ့်ဘဝရဲ့ အကောင်းဆုံးအခြေအနေမှာဘယ်လိုပုံစံဖြစ်နေမလဲ။ဘယ်လို ထိုင်နေမလဲ။ဘယ်လိုအသက်ရှူနေမလဲ။ကိုယ့်ကိုယ်ကိုယ် ဘာစကားပြောနေမလဲ။ဘေးနားမှာဘယ်သူတွေရှိနေမလဲ။ဘယ်နေရာမှာရောက်နေမလဲ။ဘယ်သူတွေနဲ့ တွေ့နေမလဲ။ အဲ့ဒီ အတွေး၊ ခံစားချက်ကိုနေ့တိုင်းတွေး၊နေ့တိုင်းခံစား။ အကြံအစည်နဲ့ အလုပ်ကနောက်က အော်တိုလိုက်လာလိမ့်မယ်။ အရင်လုပ်ကြည့်။နောက်မှ ကျေးဇူးတင်။ Phyo Paing @ Derek

ကိုယ့်ဘဝမှာ ဖြစ်ချင်တာတွေကိုယုံယုံကြည်ကြည်နဲ့ချရေးထားကြည့် Read More »

အောင်မြင်ဖို့ မြင်အောင်လုပ်စို့
လုပ်ငန်းရှင်တို့။

“အောင်မြင်” ဖို့ “မြင်အောင်” လုပ်ပါ။ဟုတ်ပါတယ်။ကိုယ့်လုပ်ငန်းအောင်မြင်ဖို့ကိုယ့်လုပ်ငန်းကို လူသိဖို့လိုတယ်။လူသိဖို့ မြင်အောင်လုပ်ဖို့လိုပါတယ်။ 😀 မြင်မှ စိတ်ဝင်စားပြီး မေးမယ်။ မေးမှ ဝယ်မယ်။ဝယ်ပြီး စိတ်တိုင်းကျမှ ထပ်ဝယ်မယ်။ထပ်ကြိုက်သေးတယ်။ တခြားရောင်းတာတွေပါ ပိုဝယ်မယ်။ပိုဝယ်ပြီး တခြားသူတွေပါ လိုက်ဝယ်ဖို့ညွှန်းမယ်။ ဒါကြောင့် အောင်မြင်ဖို့ မြင်အောင်လုပ်စို့လုပ်ငန်းရှင်တို့။ Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

အောင်မြင်ဖို့ မြင်အောင်လုပ်စို့
လုပ်ငန်းရှင်တို့။
Read More »

ဘိတ်ဆုံးက ထိပ်ဆုံးရောက်ဖို့

ဘိတ်ဆုံးက ထိပ်ဆုံးရောက်ဖို့နေ့တိုင်း ကြိတ်ဝုန်းရတတ်တယ်။တခါတလေ စိတ်ပျက်ပြီးမိတ်ပျက်တာတွေ ကြုံရနိုင်တယ်။ဒါက အောင်မြင်မှုနဲ့စတင်မိတ်ဆက်တယ်လို့လဲဆိုလို့ရတယ်။ Phyo Paing @ Derek

ဘိတ်ဆုံးက ထိပ်ဆုံးရောက်ဖို့ Read More »

လူတွေက ချုပ်နှောင်ခံထားရတယ်။

လူတွေက ချုပ်နှောင်ခံထားရတယ်။ ပထမ အလွှာက ငွေ။ဒုတိယ အလွှာက စိတ်။တတိယ အလွှာက ခန္ဓာ။စတုတ္ထအလွှာက နှလုံးသား။ ၁။ ငွေ ငွေမရှိတဲ့ဆင်းရဲဒုက္ခကိုပထမအလွှာကို ချွတ်ဖို့အတတ်ပညာသင်တယ်။အတတ်ပညာရှိတော့အလုပ်ခွင်ဝင်ငွေရှာလို့ရတယ်။​စီးပွားရေးလုပ်ပြီးငွေလာအောင်လုပ်တယ်။ဒီငွေကို စီမံခန့်ခွဲပွားအောင်လုပ်တယ်။ဒါက ပထမအလွှာကို ချွတ်တယ်။​ ငွေပြတ်လပ်နေတဲ့အခါနဲ့ငွေရှိတဲ့ အခါ လမ်းလျှောက်တာခံစားချက်တောင်မတူဘူး။ဒါကြောင့် ပထမအလွှာငွေကြေးချုပ်နှောင်မှုကို ချွတ်ဖို့လိုတယ်။​ ၂။ စိတ် အတိတ်က အရိပ်လို ဒုက္ခပေးတတ်တယ်။အတိတ်ရဲ့ မှတ်ဥာဏ်ကခံစားချက်တွေကို အရှင်လတ်လတ်ပစ္စုပ္ပာန်ကို ခေါ်ဆောင်လာတယ်။ရံဖန်ရံခါ ခံစားချက်တွေ ပြန်တက်တယ်။ဒီစိတ်ရဲ့ အတိတ်ရဲ့ အချုပ်အနှောင်ကိုပြန်ဖြေဖို့လိုတယ်။ခွင့်လွတ်ရမည့်သူ ခွင့်လွတ်။ကြေငြိမ်းစရာရှိ ကြေငြိမ်း။ ၃။ ခန္ဓာ နေ့စဥ် မရပ်မနားလည်ပတ်နေတယ်။အသက်ရှူနေတယ်။​နှလုံးခုန်နေတယ်။သွေးလည်ပတ်နေတယ်။လက်သည်းခြေသည်းဆံပင်တွေရှည်နေတယ်။ဆဲလ်တွေ သေလိုက်၊ အသစ်ဖြစ်လိုက် ဖြစ်နေတယ်။ဒီခန္ဓာကိုယ်ကြီးရဲ့ ဝေဒနာအချုပ်အနှောင်ကိုလွတ်ဖို့အစားအသောက်၊ခန္ဓာကိုယ်လှုပ်ရှားမှု အထူးဂရုပြုပြီးသူ့အချုပ်အနှောင်က လွတ်ဖို့လုပ်ရတယ်။ ၄။ နှလုံးသား လူတွေ ငွေလဲရှိ၊ စိတ်လဲကျန်းမာ၊ကိုယ်ချမ်းသာပြီးရင် ဘာလုပ်ကြသလဲ။အလှူအတန်းလုပ်လေ့ရှိကြတယ်။ကိုယ့်ပတ်တန်းကျင်ကို ပြန်ပေးကြတယ်။ကိုယ့်မှာမရှိတဲ့အရာကို ပေးဖို့ခက်တယ်။ဒီနှလုံးသား အချုပ်အနှောင်ကကိုယ်၊

လူတွေက ချုပ်နှောင်ခံထားရတယ်။ Read More »

စတင်တဲ့ Day One နဲ့အနာဂတ်မှာဖြစ်မည့် One Dayခံစားချက်တွေ မတူနိုင်ပါတယ်

စတင်တဲ့ Day One နဲ့အနာဂတ်မှာဖြစ်မည့် One Dayခံစားချက်တွေ မတူနိုင်ပါတယ်။ Day One မှာ ခက်ခဲကောင်းခက်ခဲလိမ့်မယ်။Day 10 မှာ ပိုခက်ခဲနိုင်တယ်။Day 100, Day 1000 ဆိုလွယ်သွားနိုင်တယ်။ လူရှေ့သူရှေ့စကားစပြောတဲ့Day One မှာ မျက်နှာငယ်ခဲ့ရတယ်။လုပ်ငန်းစတင်တဲ့Day One မှာ ဘာတွေဖြစ်မလဲစိုးရိမ်မှု ရင်ခုန်မှုနဲ့ စတင်ခဲ့တယ်။ပညာရပ်အသစ်လေ့လာတဲ့Day One မှာ ခေါင်းခြောက်မှုပေါင်း များစွာနဲ့။ကျန်းကျန်းမာမာ စတင်စားသောက်တဲ့Day One က မအီမသာခက်ခဲတယ်။အားကစားစလုပ်တဲ့Day One က အင်မတန်ပင်ပန်းတယ်။​ ဒါပေမယ့် Day One နဲ့အနာဂတ်မှာ ခံစားရမည့် One Day ကမတူပါဘူး။ Day One မှာ ခက်ခဲလို့စိတ်မညစ်လိုက်ပါနဲ့​။One Day မှာ လွယ်သွားပါလိမ့်မယ်။ ဒါကြောင့် ဒီနေ့ပဲ

စတင်တဲ့ Day One နဲ့အနာဂတ်မှာဖြစ်မည့် One Dayခံစားချက်တွေ မတူနိုင်ပါတယ် Read More »

လူတိုင်းအတွက် No.1ဖြစ်စရာမလိုဘူး။

လူတိုင်းအတွက် No.1ဖြစ်စရာမလိုဘူး။ လူတစ်စုအတွက် No.1ဖြစ်ရင် ရပြီ။ အကြီးဆုံး မားကတ်တင်းသင်တန်း၊အကြီးဆုံး စီးပွားရေးသင်တန်း၊အကြီးဆုံး စွမ်းဆောင်ရည်မြင့်သင်တန်း၊အကြီးဆုံး Online Learning Platformအကြီးဆုံး Software companyအကြီးဆုံး Digital Book Libraryဖြစ်စရာမလိုဘူး။ဖြစ်လဲ မဖြစ်ချင်ဘူး။ ဘဝမှာ ရည်မှန်းချက်ကြီးဥာဏ်ရည်မြင့်ပြီးတကယ်နားလည်ချင်တယ်။သင်ယူမယ်။လုပ်မယ်။ ချမယ်။သင်ခန်းစာယူမယ်။​အောင်မြင်အောင်ဆက်လုပ်မယ်။ဒီလိုလူတွေအတွက် No.1 ဖြစ်ရင်ရပြီ။ လူတိုင်းအတွက် အလုပ်လုပ်စရာမလိုဘူးလို့နက်နက်ရှိုင်းရှိုင်း ယုံကြည်ခံယူထားတယ်။ မတူတဲ့သူတွေမှာ မတူညီတဲ့ရသာခံ အာရုံနဲ့ ဦးနှောက်လှိုင်းတွေရှိတယ်။အုတ်ရောရော ကျောက်ရောရောလုပ်လို့မရဘူး။ ဒါကြောင့် နောက်ပိုင်းလူတိုင်းကို ရောင်းဖို့ ဘယ်တော့မှ မကြိုးစားဘူး။ Phyo Paing @ Derek

လူတိုင်းအတွက် No.1ဖြစ်စရာမလိုဘူး။ Read More »

အစကောင်းမှ အနှောင်းသေချာ။

အစကောင်းမှ အနှောင်းသေချာ။ ဖြစ်နိုင်ရင် အမျိုးတွေနဲ့ အလုပ်မလုပ်နဲ့။ ဒါကတော့ ကိုယ့်ကိုယ်ကိုယ်ထားတဲ့ဥပဒေသပဲ။ ဘာကြောင့်လဲဆိုတော့ လုပ်ငန်းက စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ကိစ္စပဲဖြစ်ဖြစ်၊ အကြောင်းအရာတစ်ခုကြောင့်တစ်ခုခု ဖြစ်ခဲ့သည်ရှိသော် မျက်နှာပျက်ရမှာ။ ဒါကြောင့် ကိုယ်တိုင် စီမံနေတဲ့လုပ်ငန်းမှာအမျိုးခန့်တာ မလုပ်ဘူး။ လုပ်ငန်းဆိုတာ မိသားစု မဟုတ်ဘူး။ရည်မှန်းချက်တူ၊ တန်ဖိုးထားတဲ့ သူတစ်စု ဖွဲ့စည်းထားပြီးအနာဂတ်အမြင်တစ်ခုအတွက်အလုပ်လုပ်နေကြတဲ့ အဖွဲ့အစည်းတစ်ခုပဲ။ ခံစားချက်တွေအရေးကြီးတာမှန်ပေမယ့်သွားမည့် လမ်းကြောင်းပိုအရေးကြီးတယ်။ အားကိုးရတဲ့ ညီအစ်ကိုမောင်နှမတွေရှိတာတော့တစ်မျိုး။ Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

အစကောင်းမှ အနှောင်းသေချာ။ Read More »

ဒီနေ့ခေတ် လုပ်ငန်းတွေမှာ
အရေးအကြီးဆုံးအရာ ၃ ခုရှိတယ်။

ဒီနေ့ခေတ် လုပ်ငန်းတွေမှာ အရေးအကြီးဆုံးအရာ ၃ ခုရှိတယ်။ ၁။ အိုင်ပီ (Intellectual Property)၂။ မီဒီယာအက်ဆက် (Media Assets)၃။ ဆော့ဝဲ နဲ့ ဒေတာ (Software & Data) ၁။ အိုင်ပီ (Intellectual Property) အိုင်ပီဆိုတဲ့ နေရာမှာ နောက်ဥာဏမူပိုင်ခွင့်နဲ့ပတ်သက်လို့ ကိုယ့်အမှတ်တံဆိပ်တွေပါမယ်။ တခြားသူတွေလိုက်လုပ်ရခက်တဲ့ လျှို့ဝှက်ချက်တွေပါမယ်။ တချို့လုပ်ငန်းတွေအတွက်ဘယ်မှာဝယ်၊ ဘယ်မှာလွဲ၊ ဒီလျှို့ဝှက်လေးတွေကလဲ IP ပဲ။လူတိုင်းကို အသိပေးလို့မရဘူး။ နောက် ကိုယ့်ဝက်ဆိုက်ရဲ့ဒိုမိန်းနာမည်ပါမယ်။ ၂။ မီဒီယာအက်ဆက် (Media Assets) လူမှုကွန်ယက်နဲ့ မီဒီယာတွေမှာရှိတဲ့အရင်းအနှီးတွေ။ ဥပမာ Facebook, Tik Tok, Instagram,Youtube, Linkedin အစရှိတဲ့Social Media တွေမှာရှိနေတဲ့Followers, Organic Engagement တွေ။ ၃။

ဒီနေ့ခေတ် လုပ်ငန်းတွေမှာ
အရေးအကြီးဆုံးအရာ ၃ ခုရှိတယ်။
Read More »

ကမ္ဘာပေါ်မှာ လူတိုင်းနဲ့ကိုက်ညီတဲ့
တစ်ခုတည်းသော မဟာဗျူဟာမရှိဘူး။

စီးပွားရေးမှာ ၁။ စျေးပေါလေကောင်းလေ၊ ၂။ ကြီးလေ ကောင်းလေ၊ ၃။ မတူလေကောင်းလေ၊ ၄။ လူတစ်စုအတွက် သီးသန့်လုပ်ဆောင်ပေးလေကောင်းလေလေ လေးလေ ရှိကြတယ်။ ၁။ စျေးပေါလေ ကောင်းလေ ကိုယ့်လုပ်ငန်းက ဘယ် “လေ” နဲ့ကိုက်လဲကြည့်ရမယ်။စျေးပေါတာကို ရွေးမယ်ဆို ကိုယ့်မှာ စျေးပေါအောင် ရောင်းနိုင်တဲ့ စူပါပါဝါရှိရမယ်။ ငွေကြေးအင်အား၊ အချိပ်အဆက် အင်အား၊ ထုတ်လုပ်နိုင်မှု အင်အား။ လူများများကို ရောင်းလို့ရနိုင်တဲ့အင်အား။ဒီစူပါပါဝါတွေရှိရမယ်။ ၂။ ကြီးလေကောင်းလေ ကြီးလေကောင်းလေ ဖြစ်ဖို့အတွက်လူများများကို ရောင်းရမယ်။ စျေးအပေါဆုံး ဖြစ်စရာမလိုဘူး။ ကြီးလေ ကောင်းလေဖြစ်ဖို့အတွက်ကိုယ်ဘယ်လုပ်ငန်းနယ်ပယ်ကိုပဲလုပ်မယ်အထူးပြု အာရုံစိုက်ရတယ်။ အရင်းအမြစ်အကုန်လုံးကိုဒီအထဲ ထည့်ရတယ်။နိုင်ငံရေး၊ စီးပွားရေး အခြေအနေတည်ငြိမ်မယ်။ စျေးကွက်အကြိုက်နဲ့ လိုက်ပြောင်းနိုင်မယ်။အရင်းအနှီးတွေလဲ ကောင်းကောင်းရှိမယ်ဆို ဒီ မဟာဗျူဟာက အကောင်းဆုံးဖြစ်နိုင်တယ်။ ၃။ မတူလေ ကောင်းလေ

ကမ္ဘာပေါ်မှာ လူတိုင်းနဲ့ကိုက်ညီတဲ့
တစ်ခုတည်းသော မဟာဗျူဟာမရှိဘူး။
Read More »