June 2024

ကိုယ့်ကို ဘယ်လို treat လုပ်ရမလဲဆိုတာကြိုတင်သတ်မှတ်ထားဖို့လိုတယ်။

ကိုယ့်ကို ဘယ်လို treat လုပ်ရမလဲဆိုတာကြိုတင်သတ်မှတ်ထားဖို့လိုတယ်။ လူတွေ ကိုယ့်ကို ဆက်ဆံတဲ့အခါမကြိုက်တဲ့ ပုံစံတွေ ရှိတတ်တယ်။ကျွန်တော်တို့ကို ဘယ်လို treat လုပ်ရမယ်ဒီ အထာတွေ ရှိတယ်။ တခါတလေ လူမှုရေးအရသတိမပြုမိတဲ့ သူတွေရှိတတ်တယ်။​ ကိုယ်မကြိုက်တဲ့အရာဆိုချက်ချင်း အားမနာပဲ ပြောဖို့လိိိုတတ်တယ်။“ချက်ချင်း” ဆိုတာ အရေးကြီးတယ်။ရင်ထဲမှာ မအောင်းထားဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ကို ဘယ်လို treat လုပ်ရမလဲဆိုတာကြိုတင်သတ်မှတ်ထားဖို့လိုတယ်။ Read More »

ဒုက္ခတွေနဲ့ ပျော်နေတတ်ပြီ။

ဒုက္ခတွေနဲ့ ပျော်နေတတ်ပြီ။ ကျွန်တော်တို့အားလုံးစိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်းသိထားနှလုံးသွင်းထားကြတယ်။ ဒါကတော့ဘဝဆိုတာ ဒုက်ခ။ ဘဝဆိုတာလမ်းပေါ်သွားနေတဲ့ ယာဥ်တစ်စီးဆိုဖောက်ပြန် ပျက်စီးနိုင်တယ်။ဘီးပေါက်နိုင်တယ်။အဲကွန်းပျက်နိုင်တယ်။လမ်းတွေ ပျက်နေတာမျိုးကြုံရနိုင်တယ်။လမ်းမှားသွားမိတာမျိုးကြုံရနိုင်တယ်။ဒါတွေကို ကျွန်တော်တို့အားလုံးဗုဒ္ဓအဆုံးအမကြောင့်ကြိုသိခဲ့ကြတယ်။ ဒုက္ခသစ္စာ ဆိုတာ“ဒုက္ခဟူသော ဆင်းရဲခြင်းတရားသည်အမှန်တကယ်ရှိသည်။” တဲ့။ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားလို့သာဒီနေ့ ဒီလိုအခြေကိုသွေးမပျက် ဖြတ်သန်းနိုင်တာ။ ဒီလို ဒုက္ခကို ဒုက္ခမှန်းသိအမှန်ကို အမှန်၊မှန်ကန်တဲ့အမြင်ထားနိုင်တဲ့အတွက်အဝိဇ္ဇာအဆင့်ကို ကျော်ဖြတ်နိုင်တယ်။ပုထုဇဥ်ဖြစ်နေသေးတာရယ်လောကီရေးရာဖြတ်သန်းမှုကြောင့်ရယ်ကြောင့်ကိလေသာတွေ ငြိတွယ်နေသေးတာကတော့သဘာဝပေမယ့်တဏှာကို တဏှာမှန်းသိအထူးမငြိတွယ်မိတဲ့ခြင်းမှာဗုဒ္ဓရဲ့ အဆုံးအမဖြစ်တဲ့သမုဒယသစ္စာကြောင့်ဆို မမှားဘူး။ သမုဒယသစ်စာ – သမုဒယ (တဏှာ၊ အဝိဇ်ဇာ)သည် ‘ဒုက္ခ’ကို ဖြစ်စေသောအကြောင်းအရင်း အမှန်ဖြစ်သည်။ သံသရာရန်ရှာတဲ့အခါအဖန်တရာမက ကြိုးစားလဲဒုက္ခပင်လယ်တွေ ဖြစ်တတ်တာအားလုံး မျက်မြင်ကိုယ်တွေ့ပဲ။ကိလေသာမီးငြိမ်းမှဖုယောင်းတိုင်မီးကိုလေမှုတ်ငြိမ်းလိုက်သလိုငြိမ်းသွားမယ်။ဒီသံသရာကို Sayonara ဘိုင်းဘိုင်လုပ်နိုင်မယ်။ ကံကောင်းတာတစ်ခုကဒီလို သံသရာထဲကလွတ်မြောက်ခြင်း၊ချုပ်ငြိမ်းခြင်းကို ဗုဒ္ဓကနိဗ္ဗာန်ဆိုပြီး ကျွန်တော်တို့ကိုလမ်းပြခဲ့တယ်။ဒါကတော့ နိရောဓသစ္စာ။“ဒုက္ခ၏ ငြိမ်းအေးရာ နိဗ္ဗာန်သည်အမှန်တကယ်ရှိသည်” တဲ့။ ဒီတော့ သံသရာကို စိတ်ကုန်တဲ့သူတွေအတွက်ဒါက မျှော်လင့်ချက်ရောင်ခြည်ပဲ။တွေ့၊ ဆုံ၊

ဒုက္ခတွေနဲ့ ပျော်နေတတ်ပြီ။ Read More »

ဒါကို သုတေသနလုပ်ဆောင်ခြင်း
research လို့ခေါ်ပါတယ်။

စီးပွားရှာဖို့ အရင်မစဥ်းစားနဲ့။ ပြဿနာရှာဖို့ အရင်စဥ်းစားကြည့်။ စျေးကွက်ပြဿနာရှာပြီး ဖြေရှင်းနိုင်မှ ထုတ်ကုန်ဆိုတာ ဖြစ်တယ်။ ဒီလို ကုန်ပစ္စည်း၊ ဝန်ဆောင်မှုရှိမှရောင်းလို့ရမယ်။ ရောင်းတိုင်းလဲ မမြတ်ဘူး။ မြတ်ဖို့ ရောင်းမည့်စျေး၊ရောင်းရနိုင်မည့် ပမာဏ၊ဖြန့်ချီမည့်စျေးကို အတွက်အချက်လုပ်ရတယ်။ စီးပွားရှာဖို့စဥ်းစားတိုင်းစျေးကွက်ပြဿနာ ကို အရင်ရှာကြည့်ပါ။ ပြီးရင် ကိုယ်ကစျေးကွက်မှာရှိနေပြီးသား ထုတ်ကုန်တွေထက်ဘာတွေပိုကောင်း၊ဘာတွေပိုပြောင်း၊ဘယ်လို မြန်ဆန်၊ သက်သာ၊ ပျော်ရွင်၊ ကျေနပ်၊ လိုချင်အောင်လုပ်ရမလဲစဥ်းစားပြီးလုပ်ဆောင်တဲ့အခါ စီးပွားရေးဆိုတာ ဖြစ်လာမယ်။ စျေးကွက်မှာ ကွင်းထဲမကန်ခင်အပြင်ကနေ လေ့လာနေတာကလဲအလုပ်လုပ်နေတာပါပဲ။ ဒါကို သုတေသနလုပ်ဆောင်ခြင်းresearch လို့ခေါ်ပါတယ်။ စီးပွားမရှာခင်ပြဿနာ အရင်ရှာပါ။ ပြဿနာရှာပါ။ပြဿနာ မဖန်တီးပါနဲ့။ 😀 Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ဒါကို သုတေသနလုပ်ဆောင်ခြင်း
research လို့ခေါ်ပါတယ်။
Read More »

anticipation

လုပ်ငန်းရှင်တစ်ယောက်အတွက်အရေးအကြီးဆုံး စကေးကဘာများဖြစ်မလဲ? ကိုယ့်လုပ်ငန်းရဲ့ နောက်ထပ်ဖြစ်မည့်အရာတွေကို ကြိုတင်ခန့်မှန်းနိုင်မှု။ ဒါကို anticipation လို့ခေါ်ပါတယ်။ ဒါကို စီးပွားရေးလုပ်ငန်းမှာလုပ်ငန်းလုပ်တာ အချိန်တစ်ခုရောက်လာလို့လုပ်ငန်းရှင်ပါးဝလာရင် ဘာပြီး ဘာဖြစ်မယ် သိတင်ခန့်မှန်းနိုင်လာပြီ။ ကြုံဆုံခဲ့တဲ့ အဖြစ်အပျက်တွေပေါ်မူတည်ပြီးဘယ်အချိန်ဘာလုပ် သိလာပြီ။ Gym သွားနေကျ Trainer တစ်ယောက်လို ဘယ်လိုခန္ဓာကိုယ်မျိုးရဖို့ ဘယ်အချိန်မှာ ဘယ်လောက်စားပြီးဘာလုပ်ရင် ဘာဖြစ်မယ် သိလာတာမျိုး။ ဒီလိုဖြစ်ဖို့ လုပ်ငန်းကျွမ်းကျင်မှုအထူးလိုအပ်တယ်။လုပ်ငန်းကျွမ်းကျင်ဖို့ အာရုံစိုက်မှု အထူးလိုအပ်တယ်။ အမှားတွေက သင်ခန်းစာယူနိုင်ဖို့ အရေးကြီးတယ်။ အောင်မြင်တဲ့လုပ်ငန်းရှင်အများစုကပထမလုပ်ငန်းနဲ့ တခါတည်းအရမ်းအောင်မြင်တာ ရှားတယ်။ Microsoft မတိုင်ခင်က Bill Gates ဆို ကျောင်းသားဘဝကTraf-O-Data ကို သူ့နယ်ကအစိုးရကို ရောင်းခဲ့တယ်။ Mark Zuckerberg ဆိုလဲSynapse Media Player ကိုကျောင်းသားဘဝကတည်းက ဖန်တီးခဲ့တယ်။ ကိုယ့်ရဲ့ ပထမဆုံးလုပ်ငန်းကို ဘဝရဲ့

anticipation Read More »

အချိန်ရောင်းရုံနဲ့ မချမ်းသာနိုင်ဘူး။
ထုတ်ကုန်ရောင်းမှ ချမ်းသာနိုင်တယ်။

အချိန်ရောင်းရုံနဲ့ မချမ်းသာနိုင်ဘူး။ ထုတ်ကုန်ရောင်းမှ ချမ်းသာနိုင်တယ်။ ထုတ်ကုန်သည် ချဲ့ထွင်လို့ရတယ်။ဒီဂျစ်တယ်ထုတ်ကုန်ကထပ်ဆောင်းကုန်ကျစရိတ်အများကြီးမကုန်တော့ပဲ ထုတ်လို့ရတယ်။ ထုတ်ကုန်တိုင်းတော့ အောင်မြင်မှာမဟုတ်ဘူး။ ထုတ်တဲ့ ကုန်ဖို့ ထုတ်ကုန်ကို ၁။ အမှတ်တံဆိပ်တည်ဆောက်ခြင်း၂။ လူသိအောင် မားကတ်တင်းလုပ်ခြင်း၃။ ဝယ်ယူအောင် အရောင်းစနစ်ဖန်တီးခြင်း၄။ ဝယ်သူကို စိတ်ကျေနပ်အောင် ဝန်ဆောင်မှုပေးခြင်း၅။ တော်တဲ့ဝန်ထမ်းများ ခန့်အပ်၊ သင်ကြား၊ ထိန်းသိမ်းခြင်း၆။ လုပ်ငန်းလည်ပတ်မှုများ စီမံခန့်ခွဲခြင်း၇။ ငွေကြေးစီမံခန့်ခွဲခြင်း၈။ ထုတ်ကုန်အသစ်တွေအတွက် လေ့လာစမ်းသပ်ခြင်း၉။ လုပ်ငန်းအတွက် သွားမည့်လမ်း ဒါရိုက်ရှင်ချပေးခြင်း၁၀။ ကိုယ်မပါဘဲလည်ပတ်နိုင်ဖို့ ဦးဆောင်သူယာထားခြင်းဒီအချက်တွေကို လုပ်ဆောင်ဖို့လိုလာတယ်။ မေး – ဝန်ဆောင်မှုကို ထုတ်ကုန်အနေနဲ့ပြောင်းလို့ရပါတယ်။ဖြေ – ရပါတယ်။ KFC, McDonald က စလို့စလုံးက Ya Kun လို လက်ဖက်ရည်ဆိုင်ကစလို ဝန်ဆောင်မှုကို ထုတ်ကုန်အနေနဲ့ပြောင်းပါတယ်။ ဒါကို Productized service

အချိန်ရောင်းရုံနဲ့ မချမ်းသာနိုင်ဘူး။
ထုတ်ကုန်ရောင်းမှ ချမ်းသာနိုင်တယ်။
Read More »

Branding

ရှာစရာမလိုဘဲလာအောင်လုပ်ဖို့နာမည်တစ်လုံးတည်ဆောက်။ ဒါကို အမှတ်တံဆိပ်တည်ဆောက်ခြင်းBranding လို့ခေါ်တယ်။ တချို့နာမည်တစ်လုံးကလမ်းထဲကလူတွေသိတယ်။တချို့က ရပ်ကွက်ထဲကသိတယ်။တချို့က ကိုယ့်မြို့ကသိတယ်။တချို့က ကိုယ်နိုင်ငံကသိတယ်။တချို့က တစ်ကမ္ဘာလုံးကသိတယ်။ နာမည်တစ်လုံးဖြစ်အောင်လုပ်တာBranding အမှတ်တံဆိပ်တည်ဆောက်ခြင်း။နာမည်တစ်လုံး လူသိအောင်လုပ်တာMarketing မားကတ်တင်း။နာမည်ကြီးထမင်းငတ် မဖြစ်အောင်လုပ်တာSales အရောင်း။ထပ်ခါထပ်ခါ ဝယ်အောင်လုပ်ဖို့ကတိတည်၊ စိတ်တိုင်းကျအောင်လုပ်တာCustomer service ဝန်ဆောင်မှု။ ငွေမရှာပဲ လာဖို့လုပ်ငန်းရှင်တွေ၊ စွန့်ဦးတီထွင်တွေ၊မားကတ်တင်းဥာဏ်ကြီးရှင်တွေ၊အမြော်အမြင်ရှိတဲ့သူတချို့ကအမှတ်တံဆိပ်တည်ဆောက်ပြီးသားသမီး၊ မြေး၊ မြစ်ကိုအမွေပေးတတ်ကြတယ်။ ကိုယ်က ဒီနေ့ပိုက်ဆံပဲရှာနေလား။အနာဂတ်ပိုက်ဆံအတွက်ပါရင်းနှီးမြုပ်နှံမှုလုပ်နေသလား။ကွာတတ်တယ်။လူသိပြီး အနှစ်မရှိလို့လဲမရပြန်ဘူး။အနှစ်ရှိပြီး လူမသိပြန်လဲမရပြန်ဘူး။အနှစ်ရှိ လူသိပြီး ဝင်ငွေမရပြန်ရင်လဲ မဟုတ်ပြန်ဘူး။ ခေတ်ပျက်ပေါင်းများစွာဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်တဲ့ အမှတ်တံဆိပ်တွေက ဂုဏ်ယူစရာပဲ။ ဒါကြောင့် ခေတ်ပျက်ကြီးလို့စဉ်းစားမိတိုင်းငါတို့ အနာဂတ်အတွက်ရှေ့ဆက်ရအုံးမယ်လို့သာ စဉ်းစားကြည့်။ Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

Branding Read More »

Winning formula

အလုပ်ဖြစ်တာကို ဖိလုပ်။ လူတိုင်းမှာ Winning formula ရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက်မတူကြဘူး။ သူများတော့ မသိဘူး။ ကျွန်တော့်ရဲ့ Winning formula ကတော့ ၁။ လေ့ကျင့်၊ လေ့လာ (Practice and Learn) ၂။ စမ်းသပ်၊ လုပ်ဆောင်၊ တွေ့ရှိ (Experiment and Execute) ၃။ ရေးသား၊ အကြံပေး၊ သင်ကြား (Share, Advise and Teach) ဒီသုံးခုကို နေ့တိုင်း၊ ဘယ်နေရာရောက်ရောက်ထပ်ခါထပ်ခါ  repeat လုပ်တယ်။ Phyo Paing @ Derek

Winning formula Read More »

3 M

လူတိုင်းအတွက် အသုံးကျချင်မှကျလိမ့်မယ်။ ကျွန်တော့်အတွက်တော့ အသုံးကျပြီးကိုယ့်အတွက်ကိုယ် ထုတ်ထားတဲ့ ဘဝကို အထာကျကျနေဖို့ ဘဝတည်ဆောက်ရေး 3M conceptual framework လေးအကြောင်းပြောပြချင်တယ်။ ၁။ Mastery တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှု ဘဝမှာ လမ်းမပျောက်ဖို့ ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို ထုတ်ပြလိုက်ရင်လူတွေ wow ခနဲဖြစ်သွားတဲ့ magic လိုတယ်။ဒီလို တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှုကို Mastery လို့ခေါ်ပါတယ်။ ဒီစာလေးကို ဖတ်နေတဲ့သူမှာ၊လူတိုင်းမှာ စူပါပါဝါရှိပြီးသားဖြစ်ပါတယ်။ဒါကို သိအောင်ရှာဖွေဖို့နဲ့ပျိုးထောင်ရင် တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့Mastery တွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ၂။ Marketing မားကတ်တင်း တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့ အလုပ်ရှိပြီးငွေကြေး ချို့တဲ့တဲ့ဘဝ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့လိုနိုင်ငံမှာပါ။ ဒီလို မဖြစ်ဖို့အတွက် ကိုယ့်ဖန်တီးမှု၊ ကိုယ့်ကျွမ်းကျင်မှုကို လူတွေအားပေးဖို့လိုပါတယ်။ ကိုယ့်ကို မသိသေးတဲ့ သူစိမ်းတွေကို သိအောင်၊သိတဲ့သူတွေကို ဝယ်အောင်၊ ဝယ်တဲ့သူတွေကို

3 M Read More »

Intuition

နည်းနည်းရူးကြောင်ကြောင်နိုင်လိမ့်မယ်။ယူနီဗာ့ပဲခေါ်ခေါ်Intuition ပဲခေါ်ခေါ်သူ့ရဲ့ မက်ဆေ့အတိုင်း လိုက်လုပ်တတ်တဲ့သူတွေရှိတယ်။နေရမည့်နေရာ၊သွားရမည့်နေရာ၊အတိတ်အကြောင်းသိချင်ရင် ဒေတာကို ကြည့်တယ်။အနာဂတ်အကြောင်းဆုံးဖြတ်ဖို့နှလုံးသား intuition ကို ကြည့်တယ်။ဒီနေ့ထိ မှားခဲ့တာတော့ မရှိသေးဘူး။မသိတာလဲ ဖြစ်နိုင်တယ်။ Phyo Paing @ Derek

Intuition Read More »

မြင်အောင်ကြည့်

ဒုက္ခတိုင်းရဲ့ နောက်ကွယ်မှာတန်ဖိုးကြီးတဲ့ အဓိပ္ပာယ်တွေရှိတတ်တယ်။မြင်အောင်ကြည့်၊ကြားအောင်နားထောင်၊ရင်ဘတ်နဲ့ခံစားတတ်ဖို့လိုနိုင်တယ်။ကျွန်တော်တို့ရဲ့ဘဝတွေကိုအောက်ကျနောက်ကျဖြစ်စေနိုင်တာလဲဒုက္ခ၊နောက်တစ်ဆင့်ရောက်စေနိုင်တာလဲဒုက္ခ။ Phyo Paing @ Derek

မြင်အောင်ကြည့် Read More »