လွတ်မြောက်မှု
ဒုက္ခတွေထဲမှာ လွတ်မြောက်မှုရှိတတ်တယ်။လျစ်လျူရှုဖို့ထက်နည်းနည်းစိတ်ရှည်ရှည်ထားပြီးသေချာကြည့်ကြည့်။ Phyo Paing @ Derek
ဒုက္ခတွေထဲမှာ လွတ်မြောက်မှုရှိတတ်တယ်။လျစ်လျူရှုဖို့ထက်နည်းနည်းစိတ်ရှည်ရှည်ထားပြီးသေချာကြည့်ကြည့်။ Phyo Paing @ Derek
ကိုယ့်လုပ်ငန်းတိုးတက်ရေးက စျေးကွက်မှာပဲရှိတာမဟုတ်ဘူး။ကိုယ့်ဦးနှောက်မှာလဲရှိတယ်။ဒီဦးနှောက်နဲ့ မြင်တတ်ဖို့ ကိုယ့်ကိုယ်ကိုယ်ပေးလို့ရတဲ့အကောင်းဆုံးလက်ဆောင်ကသင်ယူခြင်း learning ပဲ။ Akyanpayကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay
အကောင်းဆုံးလက်ဆောင်က
သင်ယူခြင်း learning ပဲ။ Read More »
စျေးရောင်းတတ်ရင် စီးပွားရေးလုပ်လို့ရတယ်။မားကတ်တင်း လုပ်တတ်ရင်လူများများကို ရောင်းလို့ရမယ်။ အမှတ်တံဆိပ် တည်ဆောက်တတ်ရင်ကိုယ့်လုပ်ငန်းကို အမွေပေးခဲ့လို့ရတယ်။ စီးပွားရေးလုပ်လူတွေကို ထိန်းတတ်ရင် ကိုယ်တိုင် အကုန်လုပ်စရာမလို လူတွေရဲ့ အချိန်နဲ့ ကျွမ်းကျင်မှုကို အသုံးပြုပြီးစီးပွားရှာလို့ရတယ်။ စီမံခန့်ခွဲမှုပါသိရင်အလေအလွင့်နည်းနည်းနဲ့ သုံးတဲ့ အရင်းအမြစ်ထက်ရလဒ်များများယူပေးလို့ရတယ်။ မဟာဗျူဟာကောင်းရင် အန္တရာယ်တွေကို အကောင်းဆုံးရှောင်နိုင်ပြီးဖြစ်လာတဲ့အခြေအနေသံပရာသီးကို Voka နဲ့ ဖျော်သောက်လို့ရနိုင်တယ်။ စီးပွားရေးပညာကို ဆေးမြီးတိုနဲ့ လေ့လာတာအကောင်းဆုံးနည်းတော့ မဟုတ်ဘူး။ Fundamentals အခြေခံတွေသိမှရှင်းလင်းစွာ မြင်နိုင်မှာ။ Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay
စျေးရောင်းတတ်ရင် စီးပွားရေးလုပ်လို့ရတယ်။ Read More »
အခွင့်အလမ်းပေးလဲအရည်အချင်းရှိမနေရင်ဖမ်းယူလို့မရဘူး။ကိုယ်နဲ့ မထိုက်တန်ရင် ဘယ်အရာမှ ကြာကြာမခံတတ်ဘူး။နေ့တိုင်း အခွင့်အလမ်းလာရင်ဖမ်းယူနိုင်တဲ့ထိုက်တန်တဲ့ ကျွမ်းကျင်မှုရှိဖို့သင်ယူ လေ့ကျင့်ချိန်တစ်ခုတော့ ပေးဖို့လိုနိုင်တယ်။ Phyo Paing @ Derek
ကိုယ်နဲ့ မထိုက်တန်ရင်
ဘယ်အရာမှ ကြာကြာမခံတတ်ဘူး။ Read More »
ကိုယ့်အသက်ကို တန်ဖိုးထားရင်ကိုယ့်တစ်ရက်ကိုလဲ တန်ဖိုးထားဖို့လိုတယ်။ တစ်ရက်တာကို အဓိပ္ပာယ်မရှိအလဟသ မဖြစ်ဖို့လိုတယ်။ ကိုယ့်ကို ပိုပျော်စေတဲ့၊ ပိုတော်စေတဲ့ ဒီနေ့နဲ့ မနက်ဖြန်ဝင်ငွေ ပိုပွားစေမည့်၊တခြားသူတွေအတွက် အထောက်အကူပြုမည့်အားထုတ်လုပ်ကိုင်ရတဲ့အလုပ်တွေနေ့စဥ်လုပ်ခြင်းနဲ့ ဘဝအဓိပ္ပာယ်ဖန်တီးလို့ရတယ်။ တစ်ရက်၊ တစ်ရက်ရဲ့ စွမ်းပကားကိုလျော့မတွက်ပါနဲ့။ တစ်နှစ်မှာ ၁၂ လ။ရက်သတ္တပတ် ၅၂ ပတ်။ ရက်ပေါင်း ၃၆၅ ရက်။ နာရီပေါင်း ၈၇၆၀။ မိနစ်ပေါင်း ၅ သိန်းကျော်။ (၅၂၅၆၀၀)စက္ကန့်ပေါင်း ၃၁ သန်း။ (၃၁၅၃၆၀၀) အိပ်ချိန်၊ စားချိန်၊ နားချိန်၊ လည်ချိန်၊ မိသားစုတာဝန်တွေနဲ့ဆို ကိုယ့်ဘဝမှာ ဖန်တီးချင်တဲ့အရာတွေအတွက်အချိန် ဘယ်လောက်များရမလဲ။ နှစ်တစ်နှစ်ရဲ့နာရီပေါင်း ၈၇၆၀ ကျော်ကို ဘာအနေနဲ့ ပြောင်းမလဲဒီနေ့နဲ့ ဆိုင်တယ်။ Phyo Paing @ Derek
တစ်ရက်၊ တစ်ရက်ရဲ့ စွမ်းပကားကို
လျော့မတွက်ပါနဲ့။ Read More »
စီးပွါးရေးကြီး ထိုင်လုပ်နေလို့မရဘူး။ခေတ်နဲ့ စနစ်ပေါ်မူတည်ပြီးစီမံကြံဆလုပ်ဆောင်နိုင်မှ။ အတော်ဆုံးသူအောင်မြင်တာမဟုတ်ဘူး။အပေးဆပ်ဆုံးသူ အရဆုံးလဲမဟုတ်ဘူး။ ခေတ်၊ စနစ်နဲ့ ရွေးချယ်မှုကိုက်တဲ့သူက သာမာန်ထက်ရလဒ်ပိုကောင်းတာမျိုးဖြစ်ပြီးဒါကို မဟာဗျူဟာမြောက်စီမံကိန်းချခြင်းStrategic Planning လုပ်နဲ့အခါPESTLE analysis လုပ်ပြီးအချိန်ကိုက် timing လုပ်တာဖြစ်ပါတယ်။ မှန်တာရှိသလို၊ မမှန်တာလဲရှိမယ်။ ပြင်ဆင်မှုနဲ့ အခွင့်အရေးတိုက်ဆိုင်ရင်နောက်တစ်ဆင့်တက်နိုင်မယ်။ Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay
ခေတ်နဲ့ စနစ်ပေါ်မူတည်ပြီး
စီမံကြံဆလုပ်ဆောင်နိုင်မှ။ Read More »
အသက်ကို ခပ်ပြင်းပြင်းရှူသွင်း။ပြန်ရှူထုတ်ကြည့်။ နောက် သေချာစဥ်းစားကြည့်။ စဥ်းစားလေ အရှင်းသားသိလေဖြစ်လိမ့်မယ်။ နေ့စဥ် ဖြတ်သန်းမှုတိုင်းမှာ အဓိပ္ပာယ်တစ်ခုရှိတယ်။ ဟုတ်တယ်။ဒီနေ့၊ ဒီလို၊ ဒီအခြေအနေဖြစ်နေတာ အလဟသမဟုတ်နိုင်ဘူး။ သူ့မှာ အဓိပ္ပာယ်တစ်ခုရှိနိုင်တယ်။ဒီ အဓိပ္ပာယ်ကို မြင်တာနဲ့ မမြင်တာ၊ရှင်းတာနဲ့ ဝေဝါးနေတာပဲဖြစ်ရင်ဖြစ်မယ်။ ဘဝရဲ့ ရုန်းကန်မှု၊ ဖြတ်သန်းမှု၊ကျော်ဖြတ်နိုင်မှု၊ တိုးတက်ပြောင်းလဲမှုတိုင်းမှာအဓိပ္ပာယ်ရှိတယ်။ ဘာကြောင့်လဲဆိုတော့ဘဝရဲ့ ပေးထားချက်ကို အရေးထားမယ်။ပေးထားတဲ့ အဓိပ္ပာယ်တွေကို တူးဆွဖော်ထုတ်မယ်။ နားလည်သလောက် ပေါင်းစပ်မယ်။အဖြေထုတ် လုပ်ဆောင်ကြည့်မယ်ဆိုရင်ကိုယ်မတွေ့သေးတဲ့ ကမ္ဘာကြီးတစ်ခု စောင့်ကြိုနေနိုင်တယ်။ မှန်ပါတယ်။အဖြစ်အပျက်တိုင်းမှာ အဓိပ္ပာယ်တစ်ခုရှိတယ်။လျစ်လျူရှုလို့ရတယ်။သာမန်ကာလျှံကာ ကျော်သွားလို့ရတယ်။ နောက်ပြီး သေချာသတိမူတဲ့အခါဘဝရဲ့ ဖြတ်သန်းမှုတိုင်းမှာဆက်လုပ်လို့ရတဲ့ လမ်းကြောင်း၊ ရွေးချယ်လို့ရတဲ့ လမ်းတွေကို ကွက်ကွက်ကွင်းကွင်းကြီးတွေ့မယ်။ ဒီလိုတွေ့တဲ့အခါ နားလည်လာလိမ့်မယ်။ဘဝမှာ ရွေးချယ်ပိုင်ခွင့်ပေးထားတဲ့အရာတွေရှိတယ်။ဒီရွေးချယ်ပိုင်ခွင့်ပေးထားတဲ့အရာတွေကိုရွေးချယ်မှု တခုချင်းပြုလုပ်ရင်းဒီနေ့ဒီအခြေအနေ ရောက်ခဲ့သလို အနာဂတ်ကမ္ဘာအသစ်ကလဲစောင့်ကြိုနေတယ်။ ဘာကြောင့်လဲဆိုတော့ဘဝရဲ့ ဖြတ်သန်းမှုတိုင်းမှာ အဓိပ္ပာယ်တွေရှိတယ်။သဲလွန်စတွေ ချန်ခဲ့တယ်။ ဒါကို မြင်အောင်ကြည့်။
ဘဝရဲ့ ဖြတ်သန်းမှုတိုင်းမှာ
အဓိပ္ပာယ်တွေရှိတယ်။ Read More »
လမ်းပျောက်တာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး။လူတိုင်းဘဝမှာ အကြိမ်ကြိမ်လမ်းပျောက်တတ်ပါတယ်။ ရည်မှန်းချက်ကြီးလာတာပဲဖြစ်ဖြစ်၊ မသေချာမရေရာမှုနဲ့ ကြုံတွေ့တာဖြစ်ဖြစ်၊လုပ်နေတဲ့အလုပ်ကို ငြီးငွေ့သွားတာဖြစ်ဖြစ်၊ ရှင်းမရတဲ့ ပြဿနာကြီးလာတဲ့အတွက်ပြဿနာအဖြေရှာက ခက်ခဲနေတာဖြစ်ဖြစ်လမ်းပျောက်တတ်ပါတယ်။ လမ်းပျောက်တာ ကောင်းတဲ့အချက်ပါ။ လမ်းပျောက်တာ မသိတာ မကောင်းတဲ့အချက်ပါတယ်။ လမ်းပျောက်တာသိရင်အဖြေရှာလို့ရပါတယ်။လမ်းပျော်တာ မသိရင်အဖြေရှာလို့မရပါ။ ဒါကြောင့် လမ်းပျောက်လို့ စိတ်ညစ်ပြီး စိတ်ဓာတ်မကျလိုက်ပါနဲ့။ Phyo Paing @ Derek
လမ်းပျောက်လို့
စိတ်ညစ်ပြီး စိတ်ဓာတ်မကျလိုက်ပါနဲ့။ Read More »
Facebook မရရင် ဘာလုပ်ကြမလဲ။ ကျွန်တော့်အမြင်လေး ပြောပြပါရစေ။ တင်၊ မြင်၊ မေး၊ ဝယ်၊ ထပ်ဝယ်၊ ညွှန်း။ဒီ စက်ဝိုင်းအကုန်လုံးရပြီးအသုံးလဲများတာကတော့ လူမှုကွန်ယက်မှာFacebook, Instagram, Tik Tok နဲ့ LinkedIn ပါ။Facebook ပိတ်ရင် Instagram လဲပါမယ်။ LinkedIn က အလုပ်အတွက်သီးသန့်။ ဒါဆို Tik Tok ကျန်တယ်။ Messaging အသားပေးတဲ့ထဲမှာViber, Telegram ကသတင်းထုတ်ပြန်တာ၊မေး၊ ဝယ် လုပ်လို့ရကြတယ်။ ဒါပေမယ့် လုပ်ငန်းရှင်တွေအတွက်တင်၊ မြင်၊ မေး ဒီသုံးခုအရေးကြီးတယ်။ YouTube မှ တင်၊ မြင်ပြီးWebsite ကိုလွတ် မေး၊ ဝယ် လို့ရအောင်တော့လုပ်လို့ရတယ်။ ဒီ Facebook နဲ့ Tik Tok တွေကသူများစူပါမားကတ် မောလ်မှာဆိုင်ဖွင့်ရသလိုဖြစ်တဲ့အတွက်Shared
Facebook မရရင် ဘာလုပ်ကြမလဲ။ Read More »
ဘဝကို ပိတ်မိနေတယ်ခံစားရသလားဒီ ငါးချက်ကို လုပ်ကြည့်ပါ။ ၁။ ကိုယ့်ရဲ့ရုန်းကန်မှုကိုအဓိပ္ပာယ်ရှိတဲ့ ပုံပြင်အဖြစ်ပြောင်းပါ။Creating meaningful story လူတွေရဲ့ ရုန်းကန်မှုတိုင်းမှာအဓိပ္ပာယ်လိုတယ်။ဒါကို Dr. Viktor Frankl ကစိတ်ပညာအခွဲတစ်ခုအဖြစ်Logotherapy ကို တီထွင်ခဲ့တယ်။ ၂။ ကိုယ့်ကိုယ်ကိုယ် အထင်မသေးလိုက်နဲ့။ ကိုယ့်ကိုယ်ကိုယ် အထင်သေးရင်လုပ်ရပ်တွေကလဲ ပေါ့သွားမယ်။လူဖြစ်ဖို့ မလွယ်ဘူး။ကျန်းကျန်းမာမာ အနာကင်းကင်းမွေးဖို့ ပိုမလွယ်ပါဘူး။လူဖြစ်ရတာလဲ မလွယ်ပါဘူး။ဒီအခြေအနေထိ ဒူပေဒါပေခံခဲ့ပြီဆိုစိတ်ရောဂါ မဖြစ်သေးဘူးဆိုဒါက သင်တော်တော် သန်မာတဲ့သူဖြစ်လို့ပဲ။သာမာန်လူအများစုဆိုဖြတ်သန်းလာတဲ့ အခြေအနေတွေကြောင့်သွေးပျက်သွားလောက်တယ်။ရေမလာ၊ မီးပျက်၊ ရန်သူမျိုးငါးပါးကြားမှာရှင်သန်နိုင်တယ်ဆိုတာနည်းတဲ့ ဖြတ်သန်းမှု မဟုတ်ပါဘူး။ကိုယ့်ရဲ့ ဖြစ်တည်မှုကိုဘာအကြောင်းကြောင့်ဖြစ်ဖြစ်အထင်မသေးလိုက်ပါနဲ့။ ၃။ အပေါင်းအသင်းတွေကို ဂရုစိုက်ပါ။ ဓာတ်ကူးတတ်ပါတယ်။တချို့က ဘူဓာတ်ကို ဖြန့်တတ်တယ်။တချို့က အကြည်ဓာတ်ကို ယူဆောင်လာတယ်။တချို့နဲ့ တွေ့ရင် ဥာဏ်ပွင့်တယ်။တချို့နဲ့တွေ့ရင် ရှင်းနေတာတောင် ရှုပ်နိုင်တယ်။တချို့က အားပေးတယ်။တချို့က ဘတ်ထရီထဲက အင်နာဂျီတွေစုပ်ယူသွားသလိုenergy vampireဒီတော့ ကိုယ့်ဘေးနားကလူတွေကိုဂရုစိုက် ရွေးချယ်ပေါင်းသင်းပါ။
ဘဝကို ပိတ်မိနေတယ်ခံစားရသလားဒီ ငါးချက်ကို လုပ်ကြည့်ပါ Read More »