ဘဝရဲ့ ပျော်ရွင်မှုက
ဘဝရဲ့ ပျော်ရွင်မှုကကိုယ့်ရဲ့ အစွမ်းအစ အကန့်အသတ်ကိုကျော်လွန်ပြီး လုပ်နိုင်တာကလာတတ်တယ်။ နေ့တိုင်း ကိုယ်လုပ်နိုင်တာထက်ပိုလုပ်ကြည့်ကြည့်။ Phyo Paing @ Derek
ဘဝရဲ့ ပျော်ရွင်မှုကကိုယ့်ရဲ့ အစွမ်းအစ အကန့်အသတ်ကိုကျော်လွန်ပြီး လုပ်နိုင်တာကလာတတ်တယ်။ နေ့တိုင်း ကိုယ်လုပ်နိုင်တာထက်ပိုလုပ်ကြည့်ကြည့်။ Phyo Paing @ Derek
စိတ်နဲ့ ခန္ဓာကို နေ့စဥ်ကြို မ train နေရင် လောကဓံစစ်ပွဲမှာကျရှုံးဖို့များတယ်။ ကြိုတင်မစီမံ မကြံဆထားတဲ့အရာတိုင်းကအန္တရာယ် risk ပဲ။ကြိုတင်ပြင်ဆင်၊ ကြံဆ၊ လေ့ကျင့်ထားမှအန္တရာယ်နဲ့ နဖူးတွေ့၊ ဒူးတွေ့လာတဲ့အခါပြန်လည်ခုခံရင်ခံ၊ ထွက်ပေါက်ရှိရင်ရှိမှာ။ Phyo Paing @ Derek
ကြိုတင်မစီမံ မကြံဆထားတဲ့အရာတိုင်းကအန္တရာယ် risk ပဲ Read More »
ငွေကြေး စီမံခန့်ခွဲမှုက အခရာကျတယ်။ ကိုယ့်ရဲ့ တစ်လသုံးဝင်ငွေကကိုယ့်အချိန်နဲ့ လဲစရာမလိုတဲ့နေရာကဝင်တဲ့အခါငွေကြေး လွတ်မြောက်မှုလို့တချို့ကဆိုတယ်။ အမှန်တော့ Passive အစစ်ဖြစ်တဲ့Passive Income ဆိုတာ ရှားပါတယ်။ Website/ App တွေကဝင်ငွေဝင်ဖို့ထိန်းသိမ်းရတယ်။ Social Media တွေက ဝင်ငွေဝင်ဖို့Video တွေ၊ Post တွေတင်ရတယ်။ ငွေကိုငွေနဲ့ ပြန်ပွားဖို့ စျေးကွက် အတက်အကျကိုကြည့်ရတယ်။ရင်းနှီးမြုပ်နှံထားတဲ့အရာတွေကို အမြဲကြည့်နေရတယ်။ကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်းရှိရင်ဦးဆောင်သူတွေနဲ့ တစ်ပတ်တစ်ခါလောက်တော့သွားနေတဲ့ strategic direction အတွက်မီတင်လေး လုပ်ရသေးတယ်။ သေချာတာတစ်ခုက ကိုယ်လုပ်တဲ့လုပ်ငန်းက Passive Income လိုဝင်ဖို့အတွက် ကိုယ့် Passion ချစ်မြတ်နိုးမှုပေါ်အခြေခံလေ ကောင်းလေပဲ။ဒါဆို တကူးတက သွားစဉ်းစားနေစရာမလိုဘူး။ ကိုယ်မစဥ်းစားပဲ မနေနိုင်တဲ့အလုပ်တွေလုပ်။ Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay
နေရာတစ်ခုမှာ လုပ်ငန်းတစ်ခုစတင်တဲ့အခါ ပထမဆုံး ဘယ်လောက်အရှုံးခံမလဲ။ဒီ အရှုံးကို အရင်စတွက်တယ်။ ကိုယ်မသိတဲ့စျေးကွက်မှာ သတင်းအချက်အလက် အကုန်မရှိသေးရင်ပထမဆုံး သတ်မှတ်တာက “အရှုံးခံနိုင်တဲ့ ပမာဏ”ပဲ။ နောက် ဒီ ပမာဏကို အဆင့်လေးဆင့်ခွဲလိုက်တယ်။ ပထမ တစ်ရင်း ရှုံးရင်လုပ်မည့်ဒုတိယ တစ်ရင်း၊တတိယ တစ်ရင်း။နောက်ဆုံးအနေနဲ့ နောက်ဆုံးကျည်ဆံ။ ဘာကြောင့်လဲဆိုတော့ လုပ်ငန်းတိုင်းမှာ Learning curve သင်ယူတဲ့အချိန်တွေရှိတယ်။ ပထမ၊ ဒုတိယ၊ တတိယ မအောင်မြင်တဲ့အချိန်တိုင်းဟာ successful failure အောင်မြင်တဲ့ရှုံးနိမ့်မှုဖြစ်ဖို့လိုတယ်။ အောင်မြင်တဲ့ ကျဆုံးမှုဆိုတာ ကျဆုံးမှုတိုင်းမှာ သင်ခန်းစာကောင်းတစ်ခုရပြီးဒီသင်ခန်းစာပေါ် အခြေပြု အရင်းတည်ပြီးနောက်ပိုကောင်းတဲ့ အရာတစ်ခုတည်ဆောက်လို့ရတာ။ လမ်းကြောင်း ပြောင်းသင့်ရင် ပြောင်းရတာမျိုး။ ဒါကို pivot လုပ်တယ်လို့ စီးပွားရေးလုပ်ငန်းတွေမှာခေါ်တယ်။ ဥပမာ ကိုကာကိုလာဆိုရင် ဆေးကုမ္ပဏီအနေနဲ့စခဲ့တယ်။Tiffany and co ဆို stationery
ကမ္ဘာကြီးကို အပြောင်းအလဲလုပ်ဖို့မလိုဘူး။
ဘာအလုပ် လုပ်လုပ် အရင်း မပြုတ်ဖို့ လိုတယ်။ Read More »
ပျော်ရွင်မှုကို အနာဂတ်မှာမရှာနဲ့။ငါတခြား အလုပ်လုပ်ရင်၊တခြားနိုင်ငံရောက်ရင်၊ရုံးပိတ်ရက်ရောက်ရင်ပျော်လိုက်မယ်။ ပျော်ရွင်မှုက အဲ့လိုမလုပ်ဘူး။ ကြည်နူးမှုရချင်ရင်ဖြစ်ခဲ့တဲ့ အတိတ်မှတ်ဥာဏ်တွေကိုခဏခဏ တူးဆွခံစား။ပျော်ရွင်မှုရချင်ရင်ပစ္စုပ္ပာန်မှာ ကိုယ့်ရဲ့နှာသီးဖျားကဝင်လေထွက်လေကို သတိလေးကပ်ကြည့်။လုပ်နေတဲ့အလုပ်တွေကို သတိလေးကပ်ကြည့်။ငြိမ်းချမ်းမှု၊ ပျော်ရွင်မှုကိုတွေ့လိမ့်မယ်။ရင်ခုန်ချင်ရင် အနာဂတ်ရဲ့အိမ်မက်တွေကို စဥ်းစားကြည့်။ လက်ရှိနဲ့ အနာဂတ်နှိုင်းယှဥ်ရင်စိတ်ညစ်မှုကိုပဲရမယ်။ကိုယ်အကောင်းဆုံး ဖြစ်သင့်တာနဲ့ဖြစ်နေတာနဲ့ကို နှိုင်းယှဥ်ပြီးကိုယ့်ကိုယ်ကိုယ် မပြစ်မတင်နဲ့။အဆိုးဆုံးဖြစ်နိုင်တာနဲ့လက်ရှိကိုယ်လုပ်ခဲ့တာနဲ့ကိုနှိုင်းယှဥ်ကြည့်။မဆိုးဘူးဆို ဒါ အိုကေပြီ။ Phyo Paing @ Derek
ပျော်ပျော်နေချင်ရင်လူတွေရဲ့ အထင်အမြင်ကို သိပ်ဂရုစိုက်ပြီးခံစားမနေနဲ့။လောကကြီး ကိုယ်ဖြစ်စေချင်သလိုမဖြစ်တဲ့ အတွက် စိတ်မညစ်နဲ့။သူ့မှာ ပိုကောင်းတဲ့ ပလန်ရှိနိုင်တယ်။အရာရာပိုကောင်းဖို့ ဖြစ်လာတာလဲဖြစ်နိုင်တာပဲ။ Phyo Paing @ Derek
လူတွေရဲ့ အထင်အမြင်ကို သိပ်ဂရုစိုက်ပြီးခံစားမနေနဲ့။လောကကြီး ကိုယ်ဖြစ်စေချင်သလိုမဖြစ်တဲ့ အတွက် စိတ်မညစ်နဲ့။သူ့မှာ ပိုကောင်းတဲ့ ပလန်ရှိနိုင်တယ်။အရာရာပိုကောင်းဖို့ ဖြစ်လာတာလဲဖြစ်နိုင်တာပဲ။ Phyo Paing @ Derek
Q: စီမံခန့်ခွဲမှုဆိုတာ လိုလို့လားဗျာ။ A: စီ = စီစဥ်တယ်။မံ = မွမ်းမံတယ်။ခန့် = အလုပ်ခန့်အပ်။ခွဲ = တာဝန်ခွဲဝေလွဲပေးတယ်။ Q: ဘာလဲဗျ။ A: အားတီလေး နောက်အပတ်သောကြာနေ့ ညနေ ၅ နာရီအားလား။ Q: ခဏဗျ ကျွန်တော် calender ကြည့်လိုက်အုံးမယ်။ A: အဲ့ဒါ စီစဥျထားတာပဲ။ ပလန်လုပ်တယ်လို့ ခေါ်တယ်။ Q: သောကြာနေ့ ညနေ ၅ နာရီကmeeting လေးတစ်ခု ပြောထားတာတော့ရှိတယ်။ဒီနေ့ confirm လုပ်မယ်ပြောတယ်။ A: အဲ့ဒါ မှမျးမံတာပဲ။ ပလန်ချပြီး မပြီးသွားဘူး။အခြေအနေကြည့်ပြီး ပြန်မွမ်းမံ update လုပ်ရတယ်။ Q: ဒါဆို ကျွန်တော့် meeting ပြန် confirm ပြီးPA
စိတ်ရှည်ပါ။ အနာဂတ်ကို ယုံကြည်ပါ။ကိုယ့်ဘဝ ကိုယ်တာဝန်ယူပါ။တစ်နေရာအဆင်မပြေရင် တစ်နေရာပြောင်းပါ။ ဆင်ခြေမပေးနဲ့။အပြစ်မတင်နဲ့။ အဖြေရှာ။ကိုယ့်ကိုယ်ကိုယ် သနားပြီးအသနားခံ မဖြစ်စေနဲ့။ လူ။ တွေးနိုင်တယ်။ ကြံနိုင်တယ်။ လုပ်နိုင်တယ်။ယုံကြည်ပါ။ဘဝမှာ ဆိုးတာရှိ၊ ကောင်းတာရှိ။ဒုက္ခကို ဖီးလ်ခံပြီး စိတ်ညစ်မနေနဲ့။ကျန်းမာသေးတယ်။အသက်ရှူနိုင်သေးတယ်။လှုပ်ရှားနိုင်သေးတယ်ဆိုဦးနှောက်သုံး အဖြေရှာကြည့်ပါ။ မနက်ဖြန် လည်စင်းအသက်ခံရမည့်ကားပေါ်က အော်နေတဲ့ ဝက်ကလေးထက်ကိုယ့်ဘဝက ပိုကောင်းနိုင်ပါသေးတယ်။ Phyo Paing @ Derek
စိတ်ညစ်တာ နည်းအောင်ကျွန်တော်လုပ်တဲ့ နည်းလေးက အထောက်အကူများဖြစ်မလားမသိဘူး။ ၁။ စိတ်ညစ်စေနိုင်တဲ့အရာတွေကို ကြိုတင်စဥ်းစားအဖြေရှာထား။ ကိုယ့်နာမည်ဖျက်ခံရတဲ့အခါ။အတော်ဆုံးဝန်ထမ်းတွေ ပြိုင်ဖက်ဆီမှာ အလုပ်သွားလုပ်တဲ့အခါ။ ပေးစရာဒေါ်လာအကြွေးတွေကငွေစျေးအပြောင်းလဲလို့ ပိုပေးရတဲ့အခါ။ ကိုယ့်ဘဝမှာ ရှောင်ရှားချင်တာတွေကိုကြိုတင်စဥ်းစား အဖြေရှာထား။ စိတ်ဓာတ်ရေးရာပြင်ဆင်ထား။ ၂။ စိတ်ညစ်စရာကြုံတိုင်း ဖြေ။ စိတ်ညစ်စရာကို ခံစားချက်မထည့်ပဲသင်ခန်းစာအနေနဲ့ ပြောင်းလိုက်တယ်။ စာအဖြစ်ချရေးတာ၊ အတွေးအခေါ် သို့ ဥပဒသ တစ်ခုအဖြစ်ပြောင်းတာ အဲ့လို လုပ်လိုက်တယ်။ ဥပမာ တချို့သူတွေနဲ့ တွေ့တယ်။ အရမ်း အပူဓာတ်များတယ်။ ကိုယ့်ကိုလဲအပူ ဓာတ်အရမ်းကူးစေတဲ့အခါနည်းနည်းခွာခွာနေလိုက်တာမျိုး။ Phyo Paing @ Derek