August 2024

ပညာရပ်တစ်ခုလေ့လာတဲ့အခါ

မပြောင်းလဲတဲ့ အရာတွေရှိတယ်။ပြောင်းလဲသွားတဲ့ အရာတွေရှိတယ်။ အခြေခံသဘောတရားတွေက မပြောင်းလဲဘူး။ ခေတ်ကာလအယူအဆတွေကပြောင်းလဲသွားတယ်။ မပြောင်းလဲတဲ့ အခြေခံသဘောတရားတွေကို“အခြေခံ အမှန်တရား” လို့ခေါ်တယ်။ဒီ fundamental truths တွေကိုနားလည်ဖို့ ပညာသင်ကြတယ်။ ဗုဒ္ဓဘာသာမှာ ဘဝရဲ့ အခြေခံအမှန်တရားကို သစ္စာလေးပါးနဲ့ ဖော်ပြတယ်။သစ္စာဆိုတာ မဖောက်ပြန်တဲ့ အမှန်တရား။ ပညာရပ်တစ်ခုလေ့လာတဲ့အခါဒီ မဖောက်ပြန်တဲ့ အမှန်တရားတွေရှိတယ်။ ဆေးပညာမှာလဲရှိတယ်။ စီးပွားရေးပညာမှာလဲရှိတယ်။ စိတ်ပညာမှာလဲရှိတယ်။နည်းပညာမှာလဲရှိတယ်။ ကိုယ်က မဟာဗျူဟာချမှတ်တဲ့ဦးဆောင်တဲ့သူဆိုရင် ဒီ မဖောက်ပြန်တတ်တဲ့အမှန်တရားတွေကိုတွေးနိုင်၊ ကြည့်နိုင်၊ မြင်နိုင်ဖို့လိုတယ်။ နယ်ပယ်တစ်ခုကို ဖောက်ထွက်တွေးနိုင်တယ်ဆိုတာ ဒီ မဖောက်ပြန်တဲ့ အမှန်တရားတွေကို သေချာ နားလည်သဘောပေါက်လို့။ Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ပညာရပ်တစ်ခုလေ့လာတဲ့အခါ Read More »

လူတိုင်းလုပ်တာ လိုက်လုပ်စရာ မလိုဘူး။

ဒီနေ့ခေတ်ကအလုပ်ချည်းပဲ ဇွတ်လုပ်နေလို့မရဘူး။အခြေနေလေးကြည့်။နည်းလမ်းသစ်လေးရှာလိုက်။လုပ်လိုက်။ဒီနေ့ခေတ် လမ်းတွေကကွေ့ကောက်တယ်။တချို့အရာတွေကလူတိုင်းလုပ်တာ လိုက်လုပ်စရာ မလိုဘူး။ Phyo Paing @ Derek

လူတိုင်းလုပ်တာ လိုက်လုပ်စရာ မလိုဘူး။ Read More »

ကိုယ်မစဉ်းစားပဲ မနေနိုင်တဲ့
အလုပ်လုပ်။

ကိုယ်မစဉ်းစားပဲ မနေနိုင်တဲ့ အလုပ်လုပ်။မစဉ်းစားပဲ မနေနိုင်တဲ့အလုပ်ကိုစီးပွါးရေးအနေနဲ့ပြောင်း။ Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ကိုယ်မစဉ်းစားပဲ မနေနိုင်တဲ့
အလုပ်လုပ်။
Read More »

လူတွေကို ပင်ပန်းစေတဲ့အရာက
“အတွေး”။

လူတိုင်းက တစ်ရက်တစ်ရက်အတွေးပေါင်းများစွာတွေးနေတယ်။အတွေးပေါင်း တစ်သောင်းခြောက်ထောင်ကြားဖူးလိမ့်မယ်။ ဒီအတွေးတွေက “အား” မဖြစ်စေရင်၊ဘဝကို အရသာ “ခါး” စေနိုင်တယ်။ တခါတလေ အလုပ်လုပ်လို့ ပင်ပန်းတာထက်အတွေးကြောင့် ပင်ပန်းတာ ပိုများတယ်။ အတွေးကြောင့် စိတ်ထောင်း၊စိတ်ထောင်းတော့ ကိုယ်ကြေဖြစ်တတ်တယ်။ အတွေးကို စီမံခန့်ခွဲနိုင်ဖို့ အတွေးကို supervise ကြီးကြပ်နိုင်ဖို့လိုတယ်။အတွေးကို သင်ကြားထိန်းကြောင်း train လုပ်ပေးဖို့လိုတယ်။အတွေးကို နေ့စဥ်ကောင်းအောင် လေ့ကျင့် practice လုပ်ဖို့လိုတယ်။ အတွေးအခေါ် ဘေးချော်ရင်အရေးပေါ်ပြင်ဖို့လိုနိုင်တယ်။ Phyo Paing @ Derek

လူတွေကို ပင်ပန်းစေတဲ့အရာက
“အတွေး”။
Read More »

ရွေးချယ်မှု က ကြိုးစားမှု မတိုင်ခင်အရင်လာတယ်။

ရည်မှန်းချက်ရွေးချယ်မှု ကြိုးစားအားထုတ်မှုပြန်လည်ချိန်ဆပြင်ဆင်မှု။ ဒီလေးခုမှာ ကိုယ်ယုံကြည်ထားတာတစ်ခုက“ပျော်ရာမှာထက် တော်ရာမှာနေ”။ ကိုယ်ရည်မှန်းချက်ကို အမြန်ဆုံး၊အကောင်းဆုံး၊ အလွယ်ကူဆုံးအကောင်အထည်ဖော်ပေးနိုင်တဲ့နေရာမှာ နေဖို့လိုတယ်လို့ထင်တယ်။ ဘဝမှာ အချိန်တွေကုန်တာအရမ်းမြန်တယ်။ ဒီလိုပဲ အသက်တွေက ကြီးသွားတယ်။ ကိုယ့်အချိန်ကိုယ်ဖြုန်းနေတာကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာနဲ့အတူတူပဲလို့ ယူဆထားတယ်။ ဘဝရဲ့ ပေးထားချက်ပေါ်မူတည်ပြီးပြဿနာတွေရဲ့ မေးထားချက်ကိုဖြေရှင်းသွားနိုင်ဖို့လိုနိုင်တယ်။ Phyo Paing @ Derek

ရွေးချယ်မှု က ကြိုးစားမှု မတိုင်ခင်အရင်လာတယ်။ Read More »

ပျော်ချင်ရင်အပြင်ကို မကြည့်နဲ့။
အတွင်းကို ကြည့်။

လောကမှာကိုယ့်ထက် ဒီနေ့မှာရှေ့ပိုရောက်နေတဲ့သူတွေနယ်ပယ်တစ်ခုမဟုတ်တစ်ခုမှာ တွေ့ရနိုင်တယ်။ အပြင်ကို ကြည့်ပြီးပဲနှိုင်းယှဥ်ပြီး စိတ်မညစ်လိုက်နဲ့။ ကိုယ့်ဘဝရဲ့ စိတ်အတွင်းပိုင်းကိုကြည့်။ကိုယ့်ဘဝက ဘာဖြစ်ချင်သလဲ။အပြင်လောက ပယောဂမပါပဲအပြင်က noise ဆူညံသံမပါပဲနှလုံးသားထဲကအသံ voice ကို ပြန်နားထောင်ကြည့်။ အဖြေရလိမ့်မယ်။ဒီအသံအတိုင်းသွားရင် ပျော်လိမ့်မယ်။ Phyo Paing @ Derek

ပျော်ချင်ရင်အပြင်ကို မကြည့်နဲ့။
အတွင်းကို ကြည့်။
Read More »

စာဖတ်တာက စာဖတ်တာမဟုတ်ဘူး။

ရှင်းပြ ပါရစေ။ တချို့က စာဖတ်ရင် တစ်အုပ်ထဲကိုပဲအထပ်ထပ် အခါခါ ဖတ်။ဒီလို အယူအဆရှိတယ်။တချို့က စာအုပ်ကိုမဖတ်နဲ့။လူတချို့ကိုပဲ လေ့လာ။တချို့က စိတ်ဝင်စားတာကိုပဲဖတ်။တချို့က ဖတ်လေ ကောင်းလေ။ ဘယ်လိုပဲ လုပ်လုပ်ပါ။ အားလုံးကကောင်းတယ်။ လူတိုင်းက ကိုယ်လုပ်နိုင်တာကိုယ်နဲ့ ကိုက်တာကိုအကြံပေးကြတယ်။ စာဖတ်တာက စာဖတ်တာတင်မဟုတ်ဘူး။ စိတ်ညစ်နေရင် စာဖတ်လို့မရဘူး။အာရုံတွေ ထွေပြားနေရင်လဲစာဖတ်လို့ မလွယ်ပြန်ဘူး။ စိတ်ညစ်နေရင်လဲ စိတ်မပါရင်စာဖတ်လို့ အဆင်မပြေပြန်ဘူး။ စာဖတ်တယ်ဆိုတာ ၁။ သိချင်တဲ့ အကြောင်းအရာကိုလေ့လာတာ၂။ အဖြေရှာတာ၃။ စိတ်ကို လေ့ကျင့်တာ ခန္ဓာကိုယ်အတွက် အားကစားလုပ်ရသလို၊စိတ်အတွက် အားကစားလဲလုပ်ရတယ်။ ဘာဖတ်ရမှန်းမသိရင် အရောင်းရဆုံး best-seller တွေဖတ်။ ကိုယ့်နယ်ပယ်မှာ အောင်မြင်တဲ့သူတွေပြောတဲ့စာအုပ်တွေ ဖတ်။သူတို့ပြောတာ ဖတ်လို့လဲ ကိုယ်က အလင်းပွင့်ချင်မှ ပွင့်မှာ။ကိုယ့်ရှိနေတဲ့ နေရာ၊ရောက်နေတဲ့ လယ်ဗယ်အလိုက်ပဲ မြင်နိုင်မှာ။ အလယ်တန်းကလေးကို PhD အဆင့်

စာဖတ်တာက စာဖတ်တာမဟုတ်ဘူး။ Read More »

စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ

စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ဘယ်လိုအခြေအနေဖြစ်ဖြစ်ကိုယ့်ပန်းတိုင်တွေအတွက်စိတ်ဓာတ်ဘယ်လောက်ခိုင်မာလဲ။ စည်းကမ်းဘယ်လောက်ရှိသလဲ။ဘယ်လောက် ဇွဲနဘဲရှိလဲ။ ဘယ်လောက်ထိ အမှန်နဲ့အနီးစပ်ဆုံးမြင်ပြီးအမြဲ စူးစမ်းလေ့လာလိုစိတ်ရှိလဲ။ လူတွေကို ဘဝတွေကွာခြားစေတာကံကြမ္မာအပြင်စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပဲ။ ဘဝရဲ့ ပေးထားချက်တွေဖြစ်တဲ့မွေးတဲ့နေရာ၊ ငယ်ဘဝဖြတ်သန်းမှုကရွေးလို့မရဘူး။မေးထားချက်တွေကို အဖြေရှာလို့ရတယ်။ ဘဝဆိုတာ ပေးထားချက်ကိုအသုံးပြုမေးထားချက်ကို အဖြေရှာတဲ့နေရာပဲ။ Phyo Paing @ Derek

စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ Read More »

Lifestyle Entrepreneur

လုပ်ငန်းရှင်ပုံစံတွေအများကြီးထဲမှာLifestyle Entrepreneur ဆိုတာရှိတယ်။ ဘဝနေထိုင်မှုအသားပေး စွန့်ဦးတီထွင်လို့ ဆိုရမလား။ ကိုယ်ကလုပ်ငန်းအတွက်မဟုတ်ပဲလုပ်ငန်းက ကိုယ့်အတွက်ဖြစ်တဲ့စွန့်ဦးတီထွင်လုပ်ငန်းရှင်မျိုး။ အလွတ်တမ်းပညာရှင် Freelancer လဲမဟုတ်ဘူး။လုပ်ငန်းကို ကြီးထွားဖို့အသားပေးတဲ့ Growth-driven entrepreneur လုပ်ငန်းရှင်မျိုးလဲမဟုတ်ဘူး။ ကိုယ့်ဘဝကို ကြိုက်တဲ့နေရာမှာနေမယ်။ကိုယ်မလုပ်ရမနေနိုင်တဲ့ အလုပ်တွေလုပ်မယ်။ကိုယ့်ဝန်းထမ်းတွေက နေရာအစုံမှာ။ရုံးမရှိဘူး။ Remote Team နဲ့ သွားတယ်။ ဒီလိုလုပ်ဖို့၁။ လူမှုကွန်ယက်ကို အသုံးပြုတတ်ဖို့လိုတယ်။၂။ စီးပွားရေးတည်ဆောက်ရေးအကြောင်းသေချာသိဖို့လိုတယ်။ ၃။ ကိုယ့်ကိုယ်ကိုယ် သေချာသိဖို့လိုတယ်။ Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

Lifestyle Entrepreneur Read More »

အရေးအကြီးဆုံးက ဒီဘဝမှာ

ပိုက်ဆံကို မက်တာထက်ပိုက်ဆံကပေးတဲ့ လွတ်လပ်မှုကိုမက်တာ။ ဘဝမှာ မသေခင် သိသွားချင်တဲ့အရာကကိုယ်ရဲ့အစွမ်းအစ ဘယ်လောက်ရှိလဲ။ ကိုယ်မစဥ်းစားပဲ မနေနိုင်တဲ့အလုပ်တွေကိုလုပ်သွားမယ်။ကိုယ်မစဥ်းစားပဲ မနေနိုင်တဲ့ စျေးကွက် ပြဿနာတွေကိုဖြေရှင်းသွားမယ်။ ငွေကြေးက ရွေးချယ်မှုတွေကိုပိုများစေတယ်။ ငွေကြေးက လွတ်လပ်မှုကိုပေးတယ်။ ငွေက လောင်ဆာဆီလိုပဲ။ ရှေ့ဆက်သွားဖို့ အထောက်အကူပြုတယ်။ အရေးအကြီးဆုံးက ဒီဘဝမှာဘယ်နေရာမှာ မွေးမွေး၊ဘယ်ကပဲ လာခဲ့လာခဲ့၊ လူသားအတွေ့အကြုံကို အကောင်းဆုံးယူပြီးလွတ်လပ်မှု၊ ပျော်ရွင်မှု၊ ကြည့်နူးမှု၊ ရင်ခုန်မှု၊ဂုဏ်ယူမှု၊ တက်ကြွမှု၊ ကျေးဇူးတင်မှု၊ ချစ်ခြင်းတရားတွေနဲ့ရှေ့ဆက်သွားချင်တယ်။ Phyo Paing @ Derek

အရေးအကြီးဆုံးက ဒီဘဝမှာ Read More »