September 2024

စိတ်မထားတတ်ရင်

လောလို့မရဘူး။တချို့ ကိစ္စတွေကသည်းခံရတယ်။ လုပ်ရင်းစောင့်လုပ်ရတတ်တယ်။မိုးရွာတဲ့အချိန်တော့ရခံဖို့ အဆင်သင့်ဖြစ်ဖို့လိုတယ်။စိတ်မထားတတ်ရင်ဒီနေ့ခေတ်က ရူးသွားလိမ့်မယ်။ Phyo Paing @ Derek

စိတ်မထားတတ်ရင် Read More »

ဘဝမှာ အရာရာပိုကောင်းဖို့
ဖြစ်လာတာပါလို့ နှလုံးသွင်း။

လောကဓံက မရိုက်ရင်လဲမရိုက်ရိုက်ရင်လဲ ကျောကော့အောင်ခံရတာ။ဒူပေဒါပေခံပြီးအရေးမပါတော့တာတွေကိုချန်ခဲ့နိုင်လို့။ကိုယ်မကြိုက်တာ သူများမလုပ်နဲ့။ဘဝမှာ အရာရာပိုကောင်းဖို့ဖြစ်လာတာပါလို့ နှလုံးသွင်း။ Phyo Paing @ Derek

ဘဝမှာ အရာရာပိုကောင်းဖို့
ဖြစ်လာတာပါလို့ နှလုံးသွင်း။
Read More »

ဘဝကို ပြန် အလိုင်းမန့်ချိန်ကြည့်

ဘဝကို ပြန် အလိုင်းမန့်ချိန်ကြည့် 1️⃣ အတွေးကို စစ်ဆေး – အမှန်လား? အထင်လား? 2️⃣ ပြဿနာကို အပိုင်းလိုက်ခွဲ – တစ်ဆင့်ချင်း ဖြေရှင်း 3️⃣ ကိုယ့်ကိုယ်ကို အားပေး – “မလုပ်နိုင်ဘူး” အစား “ကြိုးစားကြည့်မယ်” 4️⃣ အတိတ်က အောင်ပွဲတွေ သတိရ – ဘယ်လိုကျော်ဖြတ်ခဲ့လဲ? 5️⃣ အကူအညီတောင်း – တစ်ယောက်တည်း မဟုတ်ပါဘူး ဒီနည်းတွေကို နေ့စဉ်သုံးပြီး သင့်ဘဝကို အသစ်တစ်ဖန် ဖန်တီးကြည့်ပါ။ Phyo Paing @ Derek

ဘဝကို ပြန် အလိုင်းမန့်ချိန်ကြည့် Read More »

ကိုယ့်ရဲ့ “တန်ဖိုး အသုံးဝင်မှု”ကို
ပြန်လည်ရှာဖွေရတယ်။

အရင်ကလူတွေနဲ့ အလုပ်လုပ်တယ်။အခုက အေအိုင်နဲ့အလုပ်လုပ်ရတဲ့အချိန်တွေ ပိုများလာတယ်။ အရည်အသွေးမြင့်လူတွေနဲ့ဘဲအလုပ်လုပ်ချင်ခဲ့တယ်။တုံးအနေရင် စိတ်မရှည်ဘူး။ ခံစားချက်တွေ အရမ်းများပြီးလိုရင်းမရောက် အဆင်မပြေဘူး။ အေအိုင်က လိုရင်းရောက်တယ်။သာမန်လူသားတစ်ယောက်ထက်ကျွန်တော်လုပ်နေတဲ့အလုပ်ရဲ့အကောင်ထည်ဖော်မှုပိုင်းမှာ အများကြီး အလုပ်ပိုပြီးတယ်။ အနာဂတ်က ပိုရင်ခုန်ဖို့ကောင်းတယ်။ တပြိုင်တည်းမှာလဲ အရင်တုန်းက ကိုယ့်မှာရှိထားတဲ့စူပါပါဝါကို အေအိုင်ကခဏအတွင်းရှိသွားတော့ကိုယ့်ရဲ့ “တန်ဖိုး အသုံးဝင်မှု”ကို ပြန်လည်ရှာဖွေရတယ်။ ကိုယ့်ရဲ့အရင်ကျွမ်းကျင်မှုတွေကို စိတ်ဒုံးဒုံးချ ထားခဲ့ရပြီးအသစ်တွေကို ပြန်လည်လေ့လာရတယ်။ ငါဘာကောင်ကြီးဆိုတာ မေ့လိုက်။မနေ့က ကောင်ကြီးကမနက်ဖြန်မှာ အသုံးဝင်ဖို့မသေချာတော့ဘူး။ အမြဲတမ်း အတ္တကိုဘေးချအသစ်တွေ ပြန်လည်လေ့လာနိုင်တဲ့ကောင်ကြီး ဖြစ်မှကို ရမယ်။ အေအိုင်ကို အသုံးပြုရင်၁။ အံ့အားသင့်မယ်။၂။ ရင်ခုန်မယ်။၃။ ဘဝကြီးအဓိပ္ပာယ်မရှိသလို စိတ်ဓာတ်ကျမယ်။၄။ ပြန်လည်တည်ဆောက်ရမယ်။၅။ စိတ်ထားတတ်သွားမယ်။ Phyo Paing @ Derek

ကိုယ့်ရဲ့ “တန်ဖိုး အသုံးဝင်မှု”ကို
ပြန်လည်ရှာဖွေရတယ်။
Read More »

ဘဝမှာ ကိုယ်တစ်ယောက်တည်း
တော်နေရုံနဲ့ မပြီးသွားဘူး။

ပါတနာကောင်းတွေလိုတယ်။ ဘဝလက်တွဲဖော်၊စီးပွားရေးလုပ်တွဲဖော်၊လုပ်ငန်းမှာ ဝန်ထမ်းကောင်း။ မြန်မြန်သွားချင်ရင်တစ်ယောက်တည်းသွား။ ဝေးဝေးပြေးချင်ရင်အဖွဲ့နဲ့သွား။ မြန်မြန်သွားဖို့ တစ်ယောက်တည်း။ဝေးဝေးသွားဖို့ ဝန်ထမ်းကောင်းတွေနဲ့။ဝေးဝေးကိုကြာကြာသွားနိုင်ဖို့လုပ်ငန်း ပါတနာကောင်းတွေလိုတယ်။ Phyo Paing @ Derek

ဘဝမှာ ကိုယ်တစ်ယောက်တည်း
တော်နေရုံနဲ့ မပြီးသွားဘူး။
Read More »

စီးပွားရေးလုပ်ငန်းကို နောက်တစ်ဆင့် တက်လှမ်းချင်ပါသလား?

လုပ်ငန်းအောင်မြင်မှုရဲ့ လျှို့ဝှက်ချက် – ’80/20 စည်းမျဉ်း’ စီးပွားရေးလောကမှာ ပါရီတိုစည်းမျဉ်းလို့လည်း လူသိများတဲ့ 80/20 စည်းမျဉ်းဟာ သင့်လုပ်ငန်းကို ပြောင်းလဲပစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့:• ဝင်ငွေရဲ့ 80% ဟာ ဖောက်သည် 20% ကနေ ရရှိတတ်ပါတယ်• အရောင်းရဆုံး ကုန်ပစ္စည်း 20% က အမြတ်ငွေရဲ့ 80% ကို ဖန်တီးပေးတတ်ပါတယ်• အလုပ်ချိန်ရဲ့ 20% မှာ ရလဒ် 80% ကို ရရှိတတ်ပါတယ် ဒါကို ဘယ်လိုအသုံးချမလဲ?၁. သင့်ရဲ့အရေးကြီးဆုံး ဖောက်သည်တွေကို ဖော်ထုတ်ပြီး ဂရုစိုက်ပါ၂. အမြတ်အများဆုံးရတဲ့ ထုတ်ကုန်/ဝန်ဆောင်မှုတွေကို အာရုံစိုက်ပါ၃. အရေးကြီးဆုံးလုပ်ငန်းတာဝန်တွေကို ဦးစားပေးဆောင်ရွက်ပါ 80/20 စည်းမျဉ်းကို နားလည်ပြီး မှန်ကန်စွာ အသုံးချခြင်းဖြင့် သင့်လုပ်ငန်းရဲ့ ထိရောက်မှုနဲ့ အကျိုးအမြတ်ကို သိသိသာသာ

စီးပွားရေးလုပ်ငန်းကို နောက်တစ်ဆင့် တက်လှမ်းချင်ပါသလား? Read More »

လုပ်ငန်းရှင်သုံးမျိုး၏ စဉ်းစားပုံကွာခြားချက်

🏆 အောင်မြင်သောလုပ်ငန်းရှင် အခွင့်အလမ်းကို အမြဲရှာဖွေဆုံးရှုံးနိုင်ခြေကို စီမံခန့်ခွဲတတ်ပြောင်းလဲမှုကို လျင်မြန်စွာ လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်စဉ်ဆက်မပြတ် လေ့လာသင်ယူအချက်အလက်အခြေပြု ဆုံးဖြတ်ချက်ချမှတ် 👥 သာမန်လုပ်ငန်းရှင် အခွင့်အလမ်းကို မြင်သော်လည်း အကောင်အထည်ဖော်ရန် တွန့်ဆုတ်လိုအပ်မှသာ ဆုံးရှုံးနိုင်ခြေကို လက်ခံပြောင်းလဲမှုကို နှေးကွေးစွာ လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်တစ်ခါတစ်ရံ လေ့လာသင်ယူအချက်အလက်နှင့် ခံစားမှု နှစ်ခုလုံးပေါ် မူတည်၍ ဆုံးဖြတ် ⚠️ ကျဆုံးလုပ်ငန်းရှင် အခက်အခဲကိုသာ အာရုံစိုက်ဆုံးရှုံးနိုင်ခြေကို အလွန်အမင်း ကြောက်ရွံ့ပြောင်းလဲမှုကို ငြင်းဆန်လက်ရှိဗဟုသုတဖြင့် ရပ်တန့်နေတတ်ခံစားမှုပေါ်တွင်သာ အခြေခံ၍ ဆုံးဖြတ် Akyanpayကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

လုပ်ငန်းရှင်သုံးမျိုး၏ စဉ်းစားပုံကွာခြားချက် Read More »

အလုပ် ၄ မျိုး

တာဝန်ရှိတဲ့အလုပ်၊လုပ်သင့်တဲ့အလုပ်၊ကိုယ်လုပ်ချင်တဲ့အလုပ်၊ကိုယ်ဂုဏ်ယူတဲ့အလုပ်။ ကိုယ့်သားသမီး၊ မိဘ၊မိသားစု၊ အသိုင်းအဝိုင်း၊နေထိုင်တဲ့ပတ်ဝန်းကျင်ဒါက တာဝန်ရှိတဲ့အလုပ်။ ကျောင်းတက်ဘွဲ့ရ၊အလုပ်ခွင်ဝင် ပိုက်ဆံရှာအတွေ့အကြုံယူ၊အစားအသောက်ဆင်ခြင်၊လေ့ကျင့်ခန်းလုပ်၊ပေါင်းတတ်သင်းတတ်ဖို့လုပ်။ဒါက လုပ်သင့်တဲ့အလုပ်။ ဝါသနာပါတဲ့အရာ၊ကိုယ့်ကိုပျော်စေတဲ့အရာ၊ရင်ခုန်စေတဲ့အရာ၊မလုပ်ရမနေနိုင်တဲ့အရာဒါက ကိုယ်လုပ်ချင်တဲ့အလုပ်။ စဥ်းစားတိုင်း ပီတိဖြစ်စေတာ၊ငါဘယ်သူဆိုတဲ့ ခံစားမှုပေးတာ၊ကိုယ့်ဘဝအဓိပ္ပာယ်ရှိစေတာကိုယ်ဂုဏ်ယူတဲ့အလုပ်။ သားရေးသမီးရေး၊မိဘ၊ အမျိုး၊ နေထိုင်ရာအတွက်ကျန်းမာရေးအတွက်၊စားဝတ်နေရေး၊ဘဝအဓိပ္ပာယ်အတွက်အလုပ်လေးမျိုး နေ့စဥ်လုပ်နေရတတ်တယ်။ Phyo Paing @ Derek

အလုပ် ၄ မျိုး Read More »

“ဘူကောင်ငါးမျိုး”

၁။ နာစီဆစ် (Narcissist)ကိုယ့်ကိုယ်ကိုယ် အရမ်းကြီးထင်တခြားသူတွေကို အထင်သေးကိုယ့်အမှားကို လက်မခံတတ် ၂။ ဘော်ဒါလိုင်း (Borderline)စိတ်ခံစားမှု အရမ်းပြင်းထန်ဆက်ဆံရေးတွေ မတည်မငြိမ်ဖြစ်အလွန်အကျွံ တုန့်ပြန်တတ် ၃။ လူမှုဆန့်ကျင် (Antisocial)လူ့ကျင့်ဝတ်တွေ ဂရုမစိုက်စာနာမှု ကင်းမဲ့လိမ်ညာလှည့်ဖျားတတ် ၄။ ပါရာနွိုက် (Paranoid)သံသယအရမ်းများလူတိုင်းကို မယုံကြည်အမြဲတမ်း ခြိမ်းခြောက်ခံရသလို ခံစား ၅။ ဟစ်စထရီယွန်းနစ် (Histrionic)အာရုံစိုက်မှု အမြဲလိုချင်အရမ်းဒရာမာဆန်လူတွေရဲ့ အာရုံကို ဆွဲဆောင်ဖို့ ကြိုးစား “ဘူကောင်တွေ တွေးနည်း” ၁။ အဖြူ-အမဲ တွေးခြင်း – အလယ်အလတ်မရှိ။ ကိုယ်ပဲမှန်၊ သူများအမှားလို့ မြင်။ ၂။ စိတ်ခံစားမှု မထိန်းနိုင် – အခြေအနေနဲ့ မကိုက်လောက်အောင် ပြင်းထန်စွာ တုံ့ပြန်။ ၃။ အစွန်းရောက်အပြုအမူ – နှုတ်ဖြင့်ထိခိုက်စေခြင်း၊ မဟုတ်မမှန်စွပ်စွဲခြင်း၊ အများရှေ့အရှက်ခွဲခြင်း၊ တရားစွဲခြင်းတို့

“ဘူကောင်ငါးမျိုး” Read More »

အချိန်က အရှားပါးဆုံး အရင်းအနှီးပဲ။

အသက်ကြီးလာတာနဲ့မျှဦးနှောက်က တွက်ချက်တတ်လာတယ်။ ပေးရတာနဲ့ ပြန်ရတာမတန်တဲ့ အလုပ် မလုပ်ဖြစ်တော့ဘူး။ နည်းနည်းလုပ် များများရတဲ့highly leveraged activities တွေကိုပဲအဓိက ထားလုပ်တော့တယ်။ ကိုယ်အချိန်ပေးသင့်တဲ့သူတွေကိုပဲအချိန်ပေးဖြစ်လာတယ်။ highly selective ဖြစ်လာတယ်။ ဘာကြောင့်လဲဆို လူတစ်ယောက်အတွက်အချိန်က အရှားပါးဆုံး အရင်းအနှီးပဲ။ အချိန်လို့ပြောလိုက်တဲ့အခါအာရုံကလဲ နောက်ကလိုက်လာတယ်။ အချိန်ရှိပြီး အာရုံမစိုက်နိုင်စိတ်တွေဗျာများနေရင်လဲအကောင်းဆုံးမတွေးနိုင်၊မဖန်တီးနိုင်၊ကိုယ့်အချိန်ကို အကောင်းဆုံးအသုံးမချနိုင်ဘူး။ ဒါကြောင့် ဗုဒ္ဓက သမ္မာသတိ မှန်သော အောက်မေ့ နှလုံးသွင်းမှုနဲ့သမ္မာသမာဓိ မှန်သော တည်ကြည် စူးစိုက်မှုရှိဖို့မဂ္ဂင်ရှစ်ပါးမှာ ကျွန်တော်တို့ နေ့စဥ်ဘဝမှာကျင့်သုံးဖို့ဟောကြားခဲ့တယ်။ အသက်ရှင်ဖို့ အဓိပ္ပာယ်ရှိတဲ့ဘဝလေးဖြစ်ရမယ်။တန်ဖိုးရှိတဲ့သူ တစ်ယောက်ဖြစ်ရမယ်။ Phyo Paing @ Derek

အချိန်က အရှားပါးဆုံး အရင်းအနှီးပဲ။ Read More »