March 2025

ဘဝမှာ ပထမဆုံး
ဖြေရှင်းရတဲ့ အဓိကပြဿနာက

ဘဝမှာ ပထမဆုံးဖြေရှင်းရတဲ့ အဓိကပြဿနာက“ပျက်စီးနေတဲ့ ကိုယ့်ကိုကိုယ် ပြင်တာ”။ ဒေါသကြီးတာလျော့တာ။စိတ်ခံစားမှုအရှိန်တက်မှုကို မချုပ်ထိန်းနိုင်တာ။ အချိန်ဆွဲတာ။ တစ်ခုခုလုပ်တော့မယ်ဆိုချိတုန်ချတုန်ဖြစ်တာ။ ဦးနှောက်က ဖြစ်ချင်သလောက်မကောင်းတာ။ ပေါင်းသင်းဆက်ဆံရေးညံ့တာ။လူတွေကို ကိုယ့်အတွေးအခေါ်ကောင်းကောင်းမပြောပြနိုင်တာ။ ကျန်းမာကြံ့ခိုင်အောင်မနေပဲစားချင်တာ လျှောက်စား၊လေ့ကျင့်ခန်းမလုပ်၊စည်းကမ်းမရှိတာ။ လုပ်သင့်တာမလုပ်ပဲရှောင်ဖယ်နေတတ်တာ။ တခြားသူတွေကို အားနေအပြစ်တင်ချင်နေတာ။ ကိုယ့်ကိုကိုယ် ပြင်ဖို့ခက်ပြီးသူများကိုပဲ အပြစ်ရှာတတ်တာ။ ဒါကို ဖြေရှင်းပြီးသလောက်ဖြစ်အောင်စိတ်ပညာနဲ့ တိုးတက်ရေးတက်ကျမ်းပေါင်းစုံဖတ်ပြီးပြုပြင်ခဲ့တယ်။ Personal Development အတိုင်းအတာတစ်ခုရောက်တော့ကျန်းမာကြံ့ခိုင်လာတယ်။ပေါင်းသင်းဆက်ဆံရေး၊အချစ်ရေး၊ မိသားစုရေးအဆင်ပြေလာတယ။ ဒုတိယဖြေရှင်းတဲ့ပြဿနာက“တစ်ဖက်ကမ်းခပ် ကျွမ်းကျင်မှု”မရှိတာ။ဆေးကျာင်းနဲ့ဘွဲ့ရတယ်။ ဘယ်အပိုင်းအကျွမ်းကျင်ဆုံးလဲမေးတဲ့အခါ ကိုယ့်မှာမရှိဘူး။ စီးပွားစီမံပညာသင်တယ်။ နောက် အရောင်းသမားလဲလုပ်တယ်။ဆိုင်လဲဖွင့်သလို၊ စာလဲသင်တယ်။ ဖုန်းဆိုင်နဲ့ အီလက်ထရောနစ်တွေလဲလုပ်တယ်။ ငယ်ငယ်တည်းက သီချင်းတိပ်ခွေတွေရောင်းခဲ့ဖူးတော့။ ကိုယ့်ရဲ့ Professional Development အတွက်ငါအဓိက လုပ်ဆောင်မှာဘာတွေဖြစ်မလဲ စဥ်းစားကြည့်တယ်။ ကိုယ်လေ့လာခဲ့တဲ့နယ်ပယ်အစုံကိုပေါင်းအရမ်းကျွမ်းကျင်တယ်လို့ယူဆထားတဲ့လူမှုစိတ်ပညာအခြေပြုမားကတ်တင်းပညာကိုအခြေခံပြီးအကြံပေးခြင်း၊ သင်ကြားခြင်းကိုProfessional Development အဖြစ်တည်ဆောက်ခဲ့တဲ့အခါကိုယ့်နယ်ပယ်မှာ လူရိုသေရှင်ရိုသေဖြစ်လာပြီးဘဝကောင်းကောင်းရပ်တည်လို့ရတဲ့ အသက်မွေးမှုဖြစ်လာတယ်။ တတိယပြဿနာက “ကိုယ်အလုပ်မလုပ်နိုင်ရင်တောင်ငွေရှာပေးနေမည့်လုပ်ငန်း မရှိတာ”။ဒါကို […]

ဘဝမှာ ပထမဆုံး
ဖြေရှင်းရတဲ့ အဓိကပြဿနာက
Read More Âť

မလောနဲ့။
ဒါပေမယ့် သွက်သွက်လုပ်။

မလောနဲ့။ ဒါပေမယ့် သွက်သွက်လုပ်။ စိတ်ရှည်။ဒါပေမယ့် အချိန်မဆွဲနဲ့။ ရည်မှန်းချက်ကြီးပါ။ဒါပေမယ့် လောဘမကြီးနဲ့။ တူမလိုလိုနဲ့ မတူတဲ့ စကားလုံးတွေ။ Phyo Paing @ Derek

မလောနဲ့။
ဒါပေမယ့် သွက်သွက်လုပ်။
Read More Âť

အပိုအလုပ်တွေလုပ်လို့
ဘဝက အပိုဆုတွေပေးမှာမဟုတ်ဘူး။

အပိုအလုပ်တွေလုပ်လို့ဘဝက အပိုဆုတွေပေးမှာမဟုတ်ဘူး။ အရေးပါတဲ့အလုပ်လုပ်မှအရာရောက်တဲ့နေရာရမှာ။ ရည်ရွယ်ချက်မရှိပဲတွေ့ရာအပင် ပုဆိန်နဲ့ပေါက်နေရင်ပုဆိန်ရာတွေပဲကျန်နေမှာ။ တစ်ခုခုလုပ်မယ်ဆိုရင်ငါဘာကြောင့် ဒီအလုပ်လုပ်သလဲ။ ငါလိုချင်တဲ့အရာကဘာလဲ။ဒါကိုလုပ်ရတဲ့ နောက်ကွယ်အမှန်တကယ်အကြောင်းအရင်းကဘာလဲ။ငါမလိုချင်တဲ့အရာကဘာလဲ။ ဘယ်လောက်ထိ အရှုံးခံနိုင်လဲ။ အောင်မြင်တဲ့ရလဒ်သာရခဲ့မယ်ဆို အကောင်းဆုံးဆို၊ သာမန်ဆိုဘယ်လိုပုံစံမျိုးဖြစ်မလဲ။ ဒါကို စတင်ဖို့ဘာတွေလိုမလဲ။ဘာတွေသတိထားရမလဲ။ ဒီမေးခွန်းတွေမေးကြည့်ပါ။ အပိုအလုပ်တွေလုပ်လို့အပိုဆုတွေ မပေးပါဘူး။ အရေးပါတာကို အရာပေးပါ။ Phyo Paing @ Derek

အပိုအလုပ်တွေလုပ်လို့
ဘဝက အပိုဆုတွေပေးမှာမဟုတ်ဘူး။
Read More Âť

အခွင့်အလမ်းတိုင်းက
ကိုယ့်အတွက် မဟုတ်ဘူး။

ငြိမ်းချမ်းမှုရဲ့အရသာကို သိပြီးတဲ့အခါပူလောင်မှုတွေကို မယူချင်တော့ဘူး။ ကိုယ်နောက်ကျကျန်နေတယ်ဆိုတဲ့အတွေးက ပူလောင်မှုပဲ။ တခြားသူတွေလုပ်သွားပြီးကိုယ်မလုပ်လိုက်ရလေခြင်းကပူလောင်မှုပဲ။ လူတွေ သတ်မှတ်ထားတဲ့ဘောင်ထဲမှာသတ်မှတ်ထားတဲ့စံနှုန်းတွေအောက်ရောက်နေတယ်လို့ စဥ်းစားမိတာကပူလောင်မှုပဲ။ ဘဝမှာ အခွင့်အလမ်းတိုင်းကလူတိုင်းအတွက် မဟုတ်ဘူး။ ကိုယ့်ဘဝမှာ ကိုယ့်အတွက်“လမ်း”ဆိုတာ သီးသန့်ရှိပြီးသား။ အတိတ်က ရက်ပေါင်းများစွာဖြည့်ခဲ့တဲ့ ပါရမီတွေတစ်ယောက်နဲ့ တစ်ယောက်မတူကြဘူး။ ဒါကြောင့် တစ်ယောက်ဖြစ်တာကို တစ်ယောက်မဖြစ်လို့ ငြိမ်းချမ်းမှုကို မဖယ်လိုက်နဲ့။ လူတိုင်းက သူ့လမ်းနဲ့ သူ။ အခွင့်အလမ်းတိုင်းက ကိုယ့်အတွက် မဟုတ်ဘူး။ ဘဝမှာ ကိုယ့်ကိုကိုယ်နားလည်တဲ့အရွယ်ရောက်ရင်“no” လို့ ပြောနိုင်တဲ့အရာတွေရှိရမယ်။ Phyo Paing @ Derek

အခွင့်အလမ်းတိုင်းက
ကိုယ့်အတွက် မဟုတ်ဘူး။
Read More Âť

လူတွေကို အတွေးအခေါ်နဲ့
လွတ်မြောက်မှုပေးနိုင်တာ
အတွေးအခေါ်ပညာပဲ။

ကိုယ်အခုရှူရှိုက်နေတဲ့အောက်ဆီဂျင်ရဲ့ဆယ်မိနစ်စာကစိန်ရွှေသန်းပေါင်းများစွာထက်တန်တယ်။ ဘာကြောင့်လဲ။ဆယ်မိနစ် အသက်မရှူရင်ဘယ်လောက် လေ့ကျင့်ထားထားသေဆုံးမှုစတင်မယ်။​ အောက်ဆီဂျင်မရှိရင်အသက်ငင်နေရမယ်။ ကိုယ့်မှာ အကြွေးတွေလဲမရှိဘူး။စားဖို့သောက်လို့လဲဒီနေ့အတွက်သာမကအနာဂတ်အတွက်လဲမပူရဘူး။ဒါဆိုရင် လွတ်လပ်မှုပဲ။ မွန်းကြပ်တဲ့ဒဏ်ကို ခံစားဖူးမှလွတ်လပ်မှုဒဏ်ကို သေချာခံစားတတ်မယ်။ ကျွန်တော်တို့ကို ချုပ်နှောင်ထားတာအတွေးတွေပဲ။လွတ်မြောက်မှုပေးတာကလဲအတွေးတွေပဲ။ လူတွေကို အတွေးအခေါ်နဲ့လွတ်မြောက်မှုပေးနိုင်တာအတွေးအခေါ်ပညာပဲ။ Phyo Paing @ Derek

လူတွေကို အတွေးအခေါ်နဲ့
လွတ်မြောက်မှုပေးနိုင်တာ
အတွေးအခေါ်ပညာပဲ။
Read More Âť

ကိုယ့်အပေါ်ရေရှည်ကောင်းတဲ့သူအတွက်ပေးတာထက် အများကြီးပိုရစေရမယ်။

ကိုယ့်အပေါ်ရေရှည်ကောင်းတဲ့သူအတွက်ပေးတာထက် အများကြီးပိုရစေရမယ်။ ဘာလဲတော့မသိဘူး။ငယ်ငယ်ကတည်းကလူတွေနဲ့ပတ်သက်လာရင်အစပိုင်းကောင်းတယ်။အလယ်ပိုင်းဆိုးတယ်။နောက်ပိုင်းမှာ တစ်သက်စာရင်းနှီးသူဖြစ်သွားကြတယ်။ လူအများစုကဒီ အလယ်ပိုင်းကို မခံနိုင်ဘူး။ သူငယ်ချင်းကောင်း၊အလုပ်စီးပွါးပါတနာကောင်း၊သမီးရည်းစားလင်မယားဒီရွေးချယ်မှုတိုင်းမှာဒုတိယ အဆင့်ကို ဖြတ်သန်းတဲ့အခါမှာလူတွေရဲ့ တုန့်ပြန်မှုနဲ့ကိုယ်နဲ့ ကိုက်မကိုက်ကြည့်ပြီးရေရှည် ဒီဆက်ဆံရေးကိုရင်းနှီးမြုပ်နှံမှု လုပ်သင့်မလုပ်သင့်စဉ်းစားကြည့်လို့ရတယ်။​ ဘဝမှာ လက်ကိုင်ထားတဲ့အယူအဆတစ်ခုရှိတယ်။ကိုယ့်အပေါ် “ရေရှည်ကောင်းတဲ့သူ”ပေးတာထက် အများကြီးပိုရစေရမယ်။ ကျွန်တော်တို့ကို သည်းခံသူတွေကိုတန်ဖိုးထားဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်အပေါ်ရေရှည်ကောင်းတဲ့သူအတွက်ပေးတာထက် အများကြီးပိုရစေရမယ်။ Read More »

တိုးတက်မှု > အောင်မြင်မှု

ကိုယ်လိုချင်တာကိုရတာလဲအောင်မြင်မှုလို့ခေါ်တယ်။ အများလိုချင်တာကိုရထားတာကိုလဲတချို့ကအောင်မြင်မှုလို့သတ်မှတ်တယ်။ ကိုယ့်နယ်ပယ်မှာ သာမန်ထက်ကျော်ပြီးထိပ်တန်းထဲပါဝင်ရင်လဲအောင်မြင်မှုလို့သတ်မှတ်တယ်။ တချို့က ကိုယ့်ထက်ရလဒ်ပိုကောင်းရင်လဲအောင်မြင်မှုလို့သတ်မှတ်ပြန်တယ်။ တချို့ကလဲလူတွေအသိအမှတ်ပြုအားပေးတာကိုအောင်မြင်မှုလို့သတ်မှတ်တယ်။ အောင်မြင်မှုရဲ့ အဓိပ္ပာယ်ကကြည့်သူပေါ်မူတည်တယ်။Subjective ဖြစ်လွန်းတယ်။ အောင်မြင်မှုထက် တိုးတက်မှုကကျွန်တော့်အတွက်လက်တွေ့ပိုကျတယ်။ လူတိုင်းမွေးလာကတည်းကနောက်ခံရေမြေ ပေးထားချက်တွေမတူဘူး။ဘဝရဲ့ပြဿနာ မေးထားချက်တွေမတူဘူး။ ဘဝရဲ့ပေးထားချက်တွေကိုအခြေခံပြီးမေးထားချက်တွေကိုဖြေရှင်းရင်းလူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲတာ၊တစ်နည်းအားဖြင့်ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းပုံစံတည်ဆောက်တာကဘဝရဲ့ အဓိပ္ပာယ်လို့ခံယူထားတယ်။ ဒါကြောင့် အောင်မြင်မှုထက်တိုးတက်မှုကို တန်ဖိုးပိုထားတယ်။ဘာကြောင့်လဲဆိုအောင်မြင်မှုဆိုတဲ့ အိမ်မှာနေဖို့တိုးတက်မှုလို့ခေါ်တဲ့အိမ်ငှါးခပေးရမှာမို့ပါ။​ တိုးတက်မှု > အောင်မြင်မှု Phyo Paing @ Derek

တိုးတက်မှု > အောင်မြင်မှု Read More »

ကိုယ့်အတွက်အရေးမပါသူတွေရဲ့အထင်အမြင်ကကိုယ့်အတွက် အရေးမပါဘူး။

ကိုယ့်အတွက်အရေးမပါသူတွေရဲ့အထင်အမြင်ကကိုယ့်အတွက် အရေးမပါဘူး။ နည်းနည်းရှင်းပြပါရစေ။ တခါတလေ လူတော်တော်များများကလူတွေရဲ့အထင်အမြင်ကိုလိုတာထက် ဂရုစိုက်တတ်ကြတယ်။ တခါတလေလဲ လူတွေရဲ့အထင်အမြင်ကအရေးမကြီးဘူးဆိုပြီးလဲလုပ်မိတတ်ကြပြန်တယ်။ အဲ့တော့ ဒီနှစ်ခုကြားထဲကကြားနေ အတွေးအခေါ်တစ်ခုဖန်တီးပြီး ဘဝမှာ ကျင့်သုံးကြည့်တယ်။ ကိုယ့်အတွက် အရေးမပါတဲ့သူတွေရဲ့အထင်အမြင်က အရေးမပါဘူး။ ဘယ်လိုလူတွေက ကိုယ့်အတွက်အရေးမပါဘူးလဲ။ ကိုယ့်ရဲ့အောင်မြင်မှုကိုသူတို့ရဲ့ကျဆုံးမှုလို့ ယူဆတဲ့သူတွေ။ကိုယ့်ရဲ့တိုးတက်မှုကိုသူတို့ရဲ့ဆုတ်ယုတ်မှုလို့ ယူဆတဲ့သူတွေ။ကိုယ့်ရဲ့အကျိုးစီးပွါးကသူတို့အတွက် ဆုံးရှုံးမှုလို့ထင်တဲ့သူတွေ။ဒါတွေက ကိုယ့်အတွက်အရေးမပါတဲ့သူတွေပဲ။ ဒါကြောင့်ကိုယ့်အတွက် အရေးမပါတဲ့သူတွေရဲ့အထင်အမြင်ကကိုယ့်အတွက် အရေးမပါဘူး။ ဒါကတော့ ကျွန်တော်စဉ်းစားမိတဲ့အတွေးလေးတစ်ခု။လိုရင်လဲယူသုံးကြည့်။မလိုရင်လဲ ကျော်သွားပေါ့။လူတိုင်းအတွက် အသုံးတည့်ချင်မှတည့်မှာပေါ့။ Phyo Paing @ Derek

ကိုယ့်အတွက်အရေးမပါသူတွေရဲ့အထင်အမြင်ကကိုယ့်အတွက် အရေးမပါဘူး။ Read More »

ဘဝမှာ အခက်အခဲဆုံးကဘာလဲ။

ဘဝမှာ အခက်အခဲဆုံးကဘာလဲ။ သူများအတွက်တော့ မသိဘူးကိုယ့်အတွက်ကတော့ကိုယ့်ကိုကိုယ် ထိန်းကျောင်းရတာအခက်ဆုံးပဲ။ ကိုယ့်စကားကိုယ်နားထောင်ဖို့၊ကိုယ့်အမိန့်ကိုယ်နာခံဖို့ကအခက်အခဲဆုံးပဲ။ ကိုယ့်စကားကိုယ်နားထောင်တာကိုစည်းကမ်းရှိတယ်လို့လူအများစုကဆိုကြတယ်။ ဥပမာမစားသင့်တာမစားတာ။လုပ်သင့်တဲ့အလုပ်ကိုစိတ်မပါလဲလုပ်တာ။ အမှန်တော့ကိုယ့်စကားကိုယ်နားထောင်ဖို့ကိုယ့်ကိုကိုယ် နားလည်ဖို့လိုတယ်။ ကိုယ့်ကိုကိုယ် အမှန်တကယ်နားလည်ရင်ဘဝရဲ့ ပြဿနာတော်တော်များများရှင်းသွားပြီ။ ဒါကြောင့်လဲ တရားရှာခန္ဓာတွေ့လို့ဆိုကြတာဖြစ်တယ်လို့ထင်တယ်။ လောကရဲ့ပြဿနာအများစုကကိလေသာတွေကြောင့်ဖြစ်တာ။ကိုယ်နဲ့မထိုက်တာကို ရချင်တဲ့လောဘ။လိုချင်တာမရ၊ ရထားတာမလိုဖြစ်စေချင်သလိုမဖြစ်တဲ့အခါ ဖြစ်တဲ့ဒေါသ၊အမှန်ကိုမမြင်တဲ့အတွက် မောဟ၊မာန၊ ဒိဋ္ဌိ (မှားယွင်းသော အယူအဆ)၊သံသယတွေများ အတွေးအခေါ်မရှင်းတဲ့ဝိစိကိစ်ဆာ။ဒီကိလေသာတွေ လိုတာထက်ပိုကပ်နေတာကိုယ့်ကိုကိုယ် နားမလည်သေးလို့။ ဒါတွေကိုပယ်ဖို့သီလ၊ သမာဓိ၊ ပညာလိုတယ်။ လိုက်နာရမည့်ကျင့်ဝတ်ကိုလိုက်နာရမည့် သီလ။ဒါကိုလဲတော်တော်လေးကြိုးစားပြီး ထိန်းတော့နေတယ်။အများကြီးလိုသေးတယ်။အာရုံစူးစိုက်နိုင်တဲ့ သမာဓိ။အကောင်းအဆိုး၊အကြောင်းအကျိုးပေါ်မူတည်ပြီးထိုးထွင်းသိမြင်တဲ့ပညာ။ဒီသုံးခုကို နေ့စဉ်ပြုစုပျိုးထောင်ဖို့လိုတယ်။ ကိုယ့်ကိုကိုယ် ထိန်းကျောင်းရတာလွယ်မလိုနဲ့ မလွယ်ပါဘူး။ Phyo Paing @ Derek

ဘဝမှာ အခက်အခဲဆုံးကဘာလဲ။ Read More »

ကိုယ်သေချာနားမလည်တဲ့အရာကို“မမုန်းပါနဲ့။”

ကိုယ်သေချာနားမလည်တဲ့အရာကို“မမုန်းပါနဲ့။” မနေ့က လူတစ်ယောက်ဝတ်ထားတဲ့T-shirt လေးတွေ့လိုက်တယ်။Don’t hate what you don’t understand တဲ့။ကိုယ်နားမလည်တာကို မမုန်းပါနဲ့တဲ့။ စဉ်းစားခြင်းက ခက်ခဲတယ်။ဒါကြောင့်လူအများစုကအထင်အမြင်နဲ့ဆုံးဖြတ်ချက်ချကြတယ်။ ဝမ်းနည်းဖို့ကောင်းတာလူမှုအဖွဲ့အစည်းတစ်ခုမှာပညာဥာဏ်နည်းပါးလေလေအထင်အမြင်နဲ့ ဆုံးဖြတ်ချက်ချလေလေ။ယုတ္တိနဲ့ ဆုံးဖြတ်ချက်နည်းလေလေ။ဆုံးဖြတ်ချက်အမှားတွေချလေလေ။ လူအများစုက နားလည်ဖို့နားမထောင်ဘူး။ပြန်ပြောဖို့ပဲ နားထောင်တတ်ကြတယ်။ ဘဝမှာ ဥပဒသတစ်ခုထားတယ်။ကိုယ်သေချာနားမလည်တဲ့အရာကိုမမုန်းပါနဲ့။ လူတွေက ကိုယ့်ကိုဖျက်ဆီးနေတဲ့အရာတွေကို ချစ်တတ်ကြပြီးကိုယ့်အတွေးအခေါ်နဲ့ဆန့်ကျင်တဲ့အရာတွေကိုမုန်းတီးတတ်ကြတယ်။ ကိုယ်သေချာနားမလည်တာကိုမမုန်းလိုက်ပါနဲ့။ အထင်အမြင်နဲ့ဆုံးဖြတ်ချက်ချမည့်အစားအတွေးအခေါ်နဲ့ ဆုံးဖြတ်ချက်ချပါ။ဘာကွာလဲ အတွေးအခေါ်နောက်မှာအချက်အလက်၊ လောဂျစ်နဲ့စဉ်းစားတဲ့အဆင့်တွေရှိတယ်။ Phyo Paing @ Derek

ကိုယ်သေချာနားမလည်တဲ့အရာကို“မမုန်းပါနဲ့။” Read More »