March 2025

ရွေးချယ်မှုကောင်းတွေလိုတယ်။

ရွေးချယ်မှုကကြိုးစားမှုထက်ပိုအရေးကြီးတယ်။​ ဒါကြောင့်လဲရွေးချယ်မှုကကြိုးစားမှုမတိုင်ခင်အရင်လာတယ်။ ရွေးချယ်မှုမှားရင်ကြိုးစားမှုကလဲအချည်းနှိးပဲ။ အရှေ့အရပ်ကိုသွားမယ်ဆိုပြီးအနောက်အရပ်ကိုပြေးနေရင်ပြေးလေးဝေးလေပဲ။ ဒါကြောင့် နေ့တိုင်းကရွေးချယ်မှုကောင်းတွေပြုလုပ်ဖို့လိုတယ်။​ နေ့စဥ်၁။ အချိန်ကို ဘယ်လိုအသုံးပြုမလဲ၂။ ဘာကို အာရုံစိုက်မလဲ၃။ ဘယ်အရာတွေကို ခေါင်းထဲထည့်မလဲ၄။ အဖြစ်အပျက်တွေကိုဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ။၅။ ဘာအလုပ်တွေလုပ်မလဲ၆။ ဘယ်လိုလူတွေနဲ့တွေ့မလဲ၇။ ဘယ်လိုအသက်မွေးမှုပြုမလဲ ရွေးချယ်မှုကောင်းတွေလိုတယ်။ Phyo Paing @ Derek

ရွေးချယ်မှုကောင်းတွေလိုတယ်။ Read More »

ဒါလေးက တော်တော်ကောင်းတယ်။

ကိုယ့်ကို မလေးမစားဆက်ဆံရင်ဘယ်လိုတုန့်ပြန််မလဲတဲ့။ Tik Tok က တွေ့လိုက်တဲ့ဗီဒီယိုလေးတစ်ခု။ Jefferson က How to handle difficult people မှာရေးထားတာကို ပြောထားတာလေး။ အဲ့လိုကြုံရင် ၁။ ၁၀ စက္ကန့်စောင့်တဲ့။(ဒီလိုလုပ်ခြင်းက ကိုယ့်ကို တစ်ဖက်လူနဲ့ စည်းခြားလိုက်သလိုရှိတယ်တဲ့။နောက် ပြောတဲ့သူမှာလဲ ဟာတာတာနဲ့ ဖြစ်နေမယ်တဲ့။) ၂။ ပြီးရင် ဒါက ငါတုန့်ပြန်ရမည့်စံနှုန်းထက် အများကြီးနိမ့်ကျနေတယ်။That’s below my standard for response တဲ့။ ဒါလေးက တော်တော်ကောင်းတယ်။ Phyo Paing @ Derek

ဒါလေးက တော်တော်ကောင်းတယ်။ Read More »

မရှောင်နိုင်ရင်တောင် သတိနဲ့
ကန့်သတ်။

အကုသိုလ်များတဲ့သူတွေကိုရှောင်။အကုသိုလ်များတဲ့အလုပ်ကိုရှောင်။အကုသိုလ်များတဲ့နေရာကိုရှောင်။ မရှောင်နိုင်ရင်တောင် သတိနဲ့ကန့်သတ်။ အကုသိုလ်ဆိုတာလောဘ (ကိုယ်နဲ့မထိုက်တန်တာကို ရယူလိုတာ။)ဒေါသ (စိတ်ဆိုး၊ အမြတ်ထွက်လွယ်တာ)မောဟ (မသိမမြင် ငါ ငါ ငါ၊ ငါ့သား၊ သမီး၊မကောင်းတာကို မမြင် အမှောင်ဖုံးတာ)။ Phyo Paing @ Derek

မရှောင်နိုင်ရင်တောင် သတိနဲ့
ကန့်သတ်။
Read More »

ဒါန၊ သီလ၊ ဘာဝနာ ဒီသုံးခုလိုတယ်။

တချို့သူတွေရဲ့ဘဝမှာကအကုသိုလ်ကံတွေအရမ်းများနေတတ်တယ်။အပြစ်တင်စိတ်၊အပြစ်မြင်စိတ်တွေအရမ်းများတတ်တယ်။လောကကြီးကို စိတ်တိုင်းမကျ။ စိတ်ပူပန်မှုတွေနဲ့။ စိုးရိမ်သောက ဗျာပါဒတွေနဲ့။ လုပ်တိုင်းလဲမဖြစ်။တခြားသူတွေလွယ်လွယ်ရတာကိုအရမ်းအားထုတ်ရတယ်။ထုတ်သော်လဲမရတာမျိုးဖြစ်တတ်တယ်။ ကိုယ်ရှာသော်လဲကိုယ့်အတွက်မဖြစ်လိုက်တာမျိုးဖြစ်တတ်တယ်။ သူတို့နားနေတဲ့သူတွေက အနားကပ်ရင်ကို ပူလောင်တဲ့ဓာတ်ကိုခံစားရတတ်ကြတယ်။စကားပြောလိုက်ရင်ကိုစိတ်ရှုပ်ထွေး၊ စိတ်ညစ်၊ စိတ်ကသိကအောင့်ဖြစ်သွားတတ်ကြတယ်။ ဒါပေမယ့် ကိုယ့်ကြောင့်ဆိုတာမြင်နိုင်တဲ့ ဥာဏ်ကလဲ အကုသိုလ်ဖုံးနေတတ်တယ်။ မျက်နှာကြည့်လိုက်ရင်စိုးရိမ်ပူပန်မှုအပြည့်။ဘဝကို စိတ်တိုင်းမကျမှုအပြည့်။ စိတ်မှာလဲ မကောင်းတဲ့စေတသိတ်တွေအမြဲခြယ်လှယ်ပြီး ညစ်ညူးနေတတ်တယ်။ ဘုရားစာထိုင်ရွက်တိုင်းလဲဒီအကုသိုလ်ကံက ပျောက်မသွားတတ်ဘူး။ ဒါကို ကျော်လွှားဖို့ကအကုသိုလ်ကံကိုလျော့ဖို့လိုတယ်။ ဒီလိုလုပ်ဖို့ ဒါန၊ သီလ၊ ဘာဝနာ ဒီသုံးခုလိုတယ်။ ကိုယ့်မှာရှိတာလေးကို တကယ်လိုနေသူတွေကို စွန့်ကြဲပေးကမ်းတာမျိုး။ ပညာရှိရင်ပညာ၊ ဥစ္စာရှိရင် ဥစ္စာ။ တခြားသူတွေကို မပြစ်တင်တာ၊အပြစ်မြင်တာကိုလျော့ပြီးမေတ္တာဘာဝနာပွားများဖို့လိုတယ်။ကိုယ့်ကိုကိုယ် နက်နက်နဲနဲထိုးထွင်းသိမြင်ဖို့ဝိပဿနာဘာဝနာကျင့်ဖို့လိုတယ်။ ကိုယ်နဲ့တွေ့တဲ့သူတွေကို မနောကံ စိတ်ဖြင့်အပြစ်တင်ခြင်းဝဇီကံ နှုတ်ဖြင့်အပြင်တစ်ခြင်းကာယကံ ကိုယ်ထိလက်ရောက်စိတ်ညစ်အောင်လုပ်ခြင်းဒါတွေကို လျော့ဖို့၊ ရှောင်ရှားဖို့လိုတတ်တယ်။ Phyo Paing @ Derek

ဒါန၊ သီလ၊ ဘာဝနာ ဒီသုံးခုလိုတယ်။ Read More »

အပြောင်းအလဲတွေက
အရင်ခေတ်တွေထက်
အရမ်းမြန်လိမ့်မယ်။

မူလတန်းနဲ့ အလယ်တန်းမှာအေအိုင်ပညာရေးစသင်ဖို့တရုတ်မှာ စနေကြပြီ။ အေပရယ်ကစပြီးဂျပန်အစိုးရအလုပ်တွေမှာ တစ်ပတ်လေးရက်အလုပ်လုပ်ချိန်အဖြစ်စသတ်မှတ်ဖို့လုပ်နေပြီ။ အပြောင်းအလဲတွေက အရင်ခေတ်တွေထက်အရမ်းမြန်လိမ့်မယ်။ ခေတ်ရှေ့ပြေးရင်ပြေးခေတ်နဲ့လိုက်ရင်လိုက်ဒရွတ်တိုက်လိုက်ရင်လိုက်။နောက်ကျမကျန်ခဲ့ဖို့လိုတယ်။ Phyo Paing @ Derek

အပြောင်းအလဲတွေက
အရင်ခေတ်တွေထက်
အရမ်းမြန်လိမ့်မယ်။
Read More »

ဒီပုံစံက တချို့လူတွေအတွက်တော့
အလုပ်တော်တော်ဖြစ်တတ်တယ်။

မနက်စောစောမှမထရင်အလုပ်များများကမပြီးဘူး။ အဓိက သင်ယူလေ့လာစရာများများ လုပ်လို့မလွယ်ဘူး။ ကိစ္စများမြောင်လူတို့ဘောင်ပဲ။ မနက်စောစောထတာနဲ့မထတာ နှစ်ရှည်လများစမ်းကြည့်တယ်။သတ်မှတ်အချိန်စောစောအိပ်ရာဝင်မနက်စောစောထဦးနှောက်ကြည်လင်တုန်းလေ့လာ။ ဒီပုံစံက တချို့လူတွေအတွက်တော့ အလုပ်တော်တော်ဖြစ်တတ်တယ်။ Phyo Paing @ Derek

ဒီပုံစံက တချို့လူတွေအတွက်တော့
အလုပ်တော်တော်ဖြစ်တတ်တယ်။
Read More »

ကိုယ့်ကို ၂၀၂၅ နှစ်ကုန်တဲ့နေ့
ကျေးဇူးတင်နေမည့်
လုပ်ရပ်တွေက ဘာတွေများလဲ။

အသက် ၂၀ လောက်ကငါအသက် ၃၀ ကျရင်ပြန်ကြည့်ပြီး ကျေးဇူးတင်စရာဆိုဘာလုပ်ရပ်တွေဖြစ်နိုင်မလဲ။စွန့်စားတာ၊ အချိန်ကိုအကောင်းဆုံးအသုံးချတာတာဖြစ်မယ်ဆိုပြီးလုပ်ခဲ့တယ်။ အသက် ၃၀ တုန်းကလဲငါအသက်လေးဆယ်ဆိုကျေးဇူးတင်မည့်အရာကိုစဉ်းစားကြည့်တယ်။တစ်သက်လုံးဆက်သွားလို့အဆင်မပြေနိုင်တာတွေကိုရှင်းတယ်။ကျန်းမာရေးလုပ်တယ်။ ကိုယ့်ကို ၂၀၂၅ နှစ်ကုန်တဲ့နေ့ကျေးဇူးတင်နေမည့်လုပ်ရပ်တွေက ဘာတွေများလဲ။ Phyo Paing @ Derek

ကိုယ့်ကို ၂၀၂၅ နှစ်ကုန်တဲ့နေ့
ကျေးဇူးတင်နေမည့်
လုပ်ရပ်တွေက ဘာတွေများလဲ။
Read More »

အကြည်ဓာတ်အပြည့်နဲ့နေဆိုတာဒီငါးခုရှောင်ဖို့ဆိုတာပါ။

အထာကျကျ စျာန်ဝင်ပြီးအလုပ်တွေလုပ်နေတာကိုအတားအဆီးတွေကတော့ နီဝရဏငါးပါး –ကာမစ္ဆန္ဒ (ကာမဂုဏ်လိုချင်ခြင်း)၊ဗျာပါဒ (စိတ်ဆိုးခြင်း)၊ထိန-မိဒ္ဓ (ထိုင်းမှိုင်းငိုက်မျဉ်းခြင်း)၊ဥဒ္ဓစ္စ-ကုက္ကုစ္စ (စိတ်ပျံ့လွင့်ခြင်း)၊ဝိစိကိစ္ဆာ (ယုံမှားခြင်း)ဒီငါးချက်က Flow State (စျာန်)ရဲ့ရန်သူတွေပဲ။ ဒါကြောင့် စျာန်ဝင်ပြီး အလုပ်လုပ်တာကိုအကြည်ဓာတ်လို့ အကြမ်းနားလည်အောင်နာမည်ပေးထားပြီးအကြည်ဓာတ်အပြည့်နဲ့နေဆိုတာဒီငါးခုရှောင်ဖို့ဆိုတာပါ။ Phyo Paing @ Derek

အကြည်ဓာတ်အပြည့်နဲ့နေဆိုတာဒီငါးခုရှောင်ဖို့ဆိုတာပါ။ Read More »

အနာဂတ်ဖန်တီးဖို့အစ

အတိတ်ကို သတိရနေတာထက်အနာဂတ်ကို ရင်ခုန်နေတာမျိုးဖြစ်တတ်တဲ့လူတချို့ရှိလိမ့်မယ်။ အနာဂတ်အမြင်တွေကအတိတ်မှတ်ဥာဏ်တွေထက်ပိုရှင်းလင်းနေခြင်းကပိုကောင်းတဲ့အနာဂတ်ဖန်တီးဖို့အစဖြစ်နိုင်တယ်။ Phyo Paing @ Derek

အနာဂတ်ဖန်တီးဖို့အစ Read More »

Business Coach မလုပ်ခင်Business အရင်လုပ်ပါ။

Business Coach မလုပ်ခင်Business အရင်လုပ်ပါ။Fitness Coach မလုပ်ခင်Fitness အရင်လုပ်ရသလိုပဲ။Marketing Coach မလုပ်ခင်Marketing အရင်လုပ်။Productivity Coach မလုပ်ခင်စွမ်းဆောင်ရည်မြင့်အောင်Productivity အရင်လုပ်။ Business Coach ကိုဘယ်ကစလုပ်ရမလဲကြားလို့။ကျွန်တော့်အမြင်တော့Business အရင်လုပ်။ Phyo Paing @ Derek

Business Coach မလုပ်ခင်Business အရင်လုပ်ပါ။ Read More »