September 2025

အိမ်တွင်းတိုက်ပွဲတွေအောင်မှ
ဘဝတိုက်ပွဲမှာ ပိုအစွမ်းပြနိုင်မှာ။

အိမ်တွင်းတိုက်ပွဲမရှိတော့တဲ့သူတွေကဘဝတိုက်ပွဲမှာ အစွမ်းပိုပြနိုင်တတ်ကြတယ်။ လူတိုင်းကတော့ အနည်းနဲ့အများအိမ်တွင်းတိုက်ပွဲ ဆင်နွဲခဲ့ဖူးကြလိမ့်မယ်။ မိသားစု၊ သားသမီး၊ အမျိုး၊သမီးရည်းစား၊ လင်မယား။ အိမ်တွင်းတိုက်ပွဲတွေအောင်မှဘဝတိုက်ပွဲမှာ ပိုအစွမ်းပြနိုင်မှာ။ ဒါကို တချို့သူတွေပဲသေချာနားလည်မယ်ထင်တယ်။ Phyo Paing @ Derek

အိမ်တွင်းတိုက်ပွဲတွေအောင်မှ
ဘဝတိုက်ပွဲမှာ ပိုအစွမ်းပြနိုင်မှာ။
Read More »

လူတိုင်းသူ့အားသာချက်နဲ့သူ၊
သူ့ပေးထားချက်နဲ့သူ။

မပြည့်စုံတဲ့လောကမှာပြည့်စုံတဲ့ပုံစံဟန်ဆောင်တာကမောပန်းစေတယ်။အရှိအရှိအတိုင်းပေါ့။လူတိုင်းသူ့အားသာချက်နဲ့သူ၊သူ့ပေးထားချက်နဲ့သူ။ကိုယ့်တာဝန်က ဒီဘဝရဲ့ပေးထားချက်ကို အကောင်းဆုံးအသုံးပြုဖို့ပဲ။ Phyo Paing @ Derek

လူတိုင်းသူ့အားသာချက်နဲ့သူ၊
သူ့ပေးထားချက်နဲ့သူ။
Read More »

တိုးတက်ပြောင်းလဲဖို့
အခက်ဆုံးသူကတော့
“ကိုယ့်အထင်အမြင်ကိုကိုယ်
အမြဲမှန်တယ်ထင်တဲ့သူပဲ။”

တိုးတက်ပြောင်းလဲဖို့အခက်ဆုံးသူကတော့“ကိုယ့်အထင်အမြင်ကိုကိုယ်အမြဲမှန်တယ်ထင်တဲ့သူပဲ။” Self-awareness အားနည်းရင်ကိုယ့်ကိုကိုယ် သေချာပြန်မသုံးသပ်နိုင်ဘူး။ကိုယ့်အထင်အမြင်ကိုပြန်မဆန်းစစ်နိုင်ဘူး။ ကိုယ့်အထင်အမြင်ကိုအမှန်လို့ထင်တဲ့အခါတကယ်ဖြစ်နေတဲ့လောကreality နဲ့ အမှန်ဆုံးဖြစ်အောင်မချိန်ငြိနိုင်ဘူး။ လူတိုင်းမှာ ကိုယ့်အထင်အမြင်ရှိတယ်။လောကမှာ တကယ့်လက်တွေ့မြေပြင်အခြေအနေရှိတယ်။ အထင်အမြင်နဲ့ မြေပြင်မတူတဲ့အခါကိုယ်ထင်ထားသလိုဖြစ်မှာမဟုတ်ဘူး။ ကိုယ့်အထင်အမြင်ကမြေပြင်နဲ့ အနီးစပ်ဆုံးဖြစ်ဖို့လိုအပ်ရင် ကိုယ့်အထင်အမြင်ကိုချိန်ငြိ update လုပ်ဖို့လိုနိုင်တယ်။ Phyo Paing @ Derek

တိုးတက်ပြောင်းလဲဖို့
အခက်ဆုံးသူကတော့
“ကိုယ့်အထင်အမြင်ကိုကိုယ်
အမြဲမှန်တယ်ထင်တဲ့သူပဲ။”
Read More »

လောကအမြင်အရေးကြီးတယ်။

လောကအမြင်မတူရင်ဘဝရဲ့ အမြင့်မတူဘူး။ ငွေရေးကြေးရေးအပေါ်ထားတဲ့အမြင်မတူရင်ပိုင်ဆိုင်မှုအမြင့်မတူဘူး။ပညာရေးပေါ်ထားတဲ့အမြင်မတူရင်ပညာရေး အမြင့်မတူဘူး။ လူတွေရဲ့လောကအမြင်ကကိုယ့်ပတ်ဝန်းကျင်ကလာတတ်တယ်။ကိုယ့်မိဘ၊ ဆွေးမျိုး၊ကျင်လည်ခဲ့တဲ့အသိုင်းအဝိုင်း။ ချမ်းသာတဲ့မိသားစုမှာမွေးပြီးအမွေမရ၊ အထောက်အပံ့မရရင်တောင်အကြီးဆုံးရနိုင်တဲ့အရာကငွေကြေးနဲ့ပတ်သက်တဲ့လောကအမြင်ပဲ။ ကျွန်တော့်ဘဝရဲ့ အကြီးဆုံးအပြောင်းအလဲတစ်ခုက၂၀၁၃ မှာ စတင်တယ်။ ချမ်းသာတဲ့သူတွေရဲ့စဥ်းစားပုံနဲ့ကိုယ်ကျင်လည်နေတဲ့အသိုင်းအဝိုင်းစဥ်းစားပုံကို တော်တော်လေးကွာတာသတိသွားပြုမိတယ်။ ကိုယ်ကျင်လည်နေတဲ့နေရာကသူများအကြောင်း၊ ဘယ်သူဘာဖြစ်အရေးမပါတာတွေနဲ့ပြောဆို အချိန်ကုန်နေတာများတယ်။ သူ့နယ်ပယ်မှာ နေရာကြီးကြီးတစ်ခုမှာရောက်နေတဲ့အသိုင်းအဝိုင်းမှာဒါတွေ ပြောဆိုတာမတွေ့ရဘူး။အများစုက ကိုယ့်လုပ်ငန်းအကြောင်း၊အတုယူလို့ရတဲ့သူတွေအကြောင်းဒီအချက်ကိုတွေ့ရတယ်။ အဲ့နေ့ကစတင်ပြီး MYOB ဆိုတာကိုကျင့်သုံးခဲ့တယ်။Mind Your Own Businessကိုယ့်အလုပ်ကိုယ်အာရုံစိုက်။ အဲ့နေ့ကစတင်ပြီး ဘဝမှာငွေကြေးပိုင်းအရင်ကထက်အများကြီး အဆင်ပြေလာတယ်။ အဲ့နှစ်မှာပဲ ကိုယ့်ငွေနဲ့ကိုယ်ကားဝယ်တယ်။နောက်တစ်နှစ်ကျတော့ဆိုင်ဖွင့်တယ်။နောက်ထပ်တစ်နှစ်June 2015 မှာ YEC ကို စတင်ခဲ့တယ်။ လူတွေဆီက အများကြီးလေ့လာလို့ရတယ်။လူတိုင်းက ကိုယ့်ဆရာပဲ။ရှောင်စရာနဲ့ အတုယူစရာသင်ပေးလိုက်တဲ့ ဆရာကြီးပဲ။ လောကအမြင်အရေးကြီးတယ်။ Phyo Paing @ Derek

လောကအမြင်အရေးကြီးတယ်။ Read More »

အပြစ်မတင်နဲ့ အဖြေရှာကြည့်။

လောကမှာ လူနှစ်မျိုးရှိတယ်။လိုချင်တာကို ရအောင်ယူနိုင်သူနဲ့လိုချင်တာကို ရအောင်မယူနိုင်တဲ့သူ။ ပထမသူက အဖြေရှာတတ်တယ်။ဒုတိယသူက အပြစ်တင်တတ်တယ်။ လိုချင်တာရဖို့ အလားအလာများချင်ရင်အပြစ်မတင်နဲ့ အဖြေရှာကြည့်။ကိုယ့်ကိုကိုယ် အဲ့လိုအမြဲဆုံးမတယ်။ Phyo Paing @ Derek

အပြစ်မတင်နဲ့ အဖြေရှာကြည့်။ Read More »

အာရုံမနောက်ချင်ရင်

အာရုံမနောက်ချင်ရင် ၁။ သူများနဲ့မနှိုင်းယှဥ်နဲ့၂။ တစ်ကြိမ်မှာ ရည်မှန်းချက် တစ်ခုပဲထား၃။​ ဒီရည်မှန်းချက်ကိုပဲ အာရုံစိုက်၄။ ကိုယ့်ရည်မှန်းချက်ကို ရောက်စေမည့်အလုပ်နေ့တိုင်းလုပ်၅။ ဒီအလုပ်ကို ပိုကောင်း၊ ပိုမြန်၊ ပိုထိရောက်အောင်လုပ်နိုင်ဖို့လေ့လာ၆။ အစားအသောက်ကို ဂရုစိုက်၇။ လေ့ကျင့်ခန်းပုံမှန်လုပ်၈။ ကိုယ့်ဘဝအတွက် အရေးကြီးတဲ့သူတွေနဲ့ပုံမှန်ဆက်သွယ်၉။ ကိုယ့်ကိုကိုယ် အမြဲပြန်လည်သုံးသပ် Phyo Paing @ Derek

အာရုံမနောက်ချင်ရင် Read More »

ကိုယ့်ဘဝရဲ့ရည်မှန်းချက်ပန်းတိုင်ကဘာလဲ။
၂၀၂၅ ရဲ့ရည်မှန်းချက်ပန်းတိုင်ကဘာလဲ။

ဟိုယောင်ယောင် ဒီယောင်ယောင်ဆို စိတ်ကို မစုစည်းနိုင်ဘူး။ စုစည်းနိုင်မှုမရှိရင်အာရုံမစူးစိုက်နိုင်ဘူး။ အာရုံမစူးစိုက်နိုင်ရင် စိတ်မကြည်လင်နိုင်ဘူး။ စိတ်မကြည်လင်ရင်အလုပ်လုပ်ရတာ မပျော်နိုင်ဘူး။ ဒါကြောင့် ဟိုယောင်ယောင် ဒီယောင်ယောင်အစားဘဝမှာ တိကျတဲ့ရည်မှန်းချက်ပန်းတိုင်လိုတယ်။ ဗုဒ္ဓအနေနဲ့လဲ သတ္တဝါတွေကယ်တင်ဖို့အချိန်ပေါင်းများစွာ ထပ်တလဲလဲပါရမီဖြည့်ခဲ့တယ်။ ဒီတိကျတဲ့ ရည်မှန်းချက်ပန်းတိုင်ရှိတယ်။ ကိုယ့်ဘဝရဲ့ရည်မှန်းချက်ပန်းတိုင်ကဘာလဲ။ ၂၀၂၅ ရဲ့ရည်မှန်းချက်ပန်းတိုင်ကဘာလဲ။ ကောင်းမွန်တဲ့အရာတစ်ခုကိုတည်ဆောက်ဖို့၊မမြင်ရသေးတဲ့အရာတစ်ခု ပုံပေါ်လာဖို့စိတ်ထဲမှာ အရင်တစ်ခုစဥ်းစားရတယ်။နောက်အပြင်မှာတခါဖြစ်တယ်။ Phyo Paing @ Derek

ကိုယ့်ဘဝရဲ့ရည်မှန်းချက်ပန်းတိုင်ကဘာလဲ။
၂၀၂၅ ရဲ့ရည်မှန်းချက်ပန်းတိုင်ကဘာလဲ။
Read More »

ဒီနေ့က တစ်သက်တာမှာ
အသက်အငယ်ဆုံးနေ့ပဲ။

သန်တုန်းမြန်တုန်းအလုပ်လုပ်နိုင်တုန်းအလုပ်ကိုသေချာလုပ်ရမှာ။ တစ်သက်လုံး အသက်ငယ်နေမှာမဟုတ်သလိုအခုလိုပဲ နုပျိုသန်မာနေမှာမဟုတ်ဘူး။ အချိန်နှောင်းရင်တချို့အလုပ်တွေက လုပ်လို့မလွယ်တော့ဘူး။ ငယ်ရွယ်တုန်းအလုပ်လုပ်ငွေပြန်ပွားပေးနိုင်တဲ့ ပိုင်ဆိုင်မှုတွေရှိထားရင်ဘယ်အချိန် နားနားနားလို့ရနိုင်တယ်။ ဘဝမှာ ပိုင်ဆိုင်မှုတွေ၊ အစွမ်းအစတွေ၊ပညာတွေက ပိုနေရင်ကောင်းတဲ့အရာတွေပဲ။ ဒီနေ့က တစ်သက်တာမှာအသက်အငယ်ဆုံးနေ့ပဲ။ နေသလိုဖြစ်တဲ့ဘဝမှာ သန်တုန်းမြန်တုန်းမှာ ဖြစ်သလိုနေရင်အသက်ကြီးမှ နောင်တရလိမ့်မယ်။ Phyo Paing @ Derek

ဒီနေ့က တစ်သက်တာမှာ
အသက်အငယ်ဆုံးနေ့ပဲ။
Read More »

မတန်တာ မလုပ်နဲ့။

အမောင့်တစ်ခု သတ်မှတ်ထားလိုက်။ဒီအမောင့်တစ်ခုအောက်ဆိုဘာကိစ္စဖြစ်ဖြစ် အကြည်ဓာတ်မပျက်စေနဲ့။ ဥပမာ ကိစ္စတစ်ခုကြောင့်ဒေါသထွက်ရမယ်ဆိုဒီကိစ္စက ဘယ်လောက်တန်မလဲ။ မတန်တာ မလုပ်နဲ့။ Phyo Paing @ Derek

မတန်တာ မလုပ်နဲ့။ Read More »

ကိုယ့်လုပ်ငန်းက
ကိုယ်ပါမှ “လည်ပတ်” နေရင်
ချဲ့ထွင်လို့မရဘူး။

စဥ်းစားကြည့် ကိုယ်တိုင်စျေးရောင်းနေရင်။ကိုယ်တိုင်ပဲ ပစ္စည်းထည့်နေရင်။ကိုယ်တိုင်ပဲ စာရင်းဇယားအကုန်လုပ်နေရင်။ ကိုယ်တိုင်ပဲ ပစ္စည်းစစ်နေရင်။စားသောက်ဆိုင်မှာ ကိုယ်တိုင်ပဲချက်ပြုတ်နေရင်။ နိစ္စဓူဝ လည်ပတ်တဲ့အလုပ်က သူ့စနစ်နဲ့ သူဝန်ထမ်းနဲ့သူလုပ်။ ကိုယ်က လုပ်ငန်းမှာ ဝင်ငွေတိုးဖို့၊ဖောက်သည်အသစ်တွေလာဖို့စဥ်းစားကြံဆဖို့အဓိက လုပ်ရမှာ။ လည်ပတ်တာကလဲ ခေတ်ပြောင်းရင် စနစ်ပြောင်းတာရှိမယ်။မြန်မာပြည်မှာဆို တစ်နှစ်ကို သုံးခေါက်လောက်လေးလ တစ်ခါတော့ နည်းနည်း adjust လုပ်ရနိုင်တယ်။ လည်ပတ်တာကို မလွဲနိုင်ရင်ချဲ့ဖို့မလွယ်ဘူး။ တကယ်လို့ ကိုယ်က သိန်းထောင်၊ သောင်းချီ ဖောက်သည် ၁၀၀ အတွင်းလောက်ပဲသွားတဲ့ high-ticket ဆိုရင်တော့စနစ်ချစရာလိုချင်မှ လိုမယ်။ ချဲ့ချင်ရင်တော့ luxury brand တွေလိုအလုပ်အများကြီးတော့ လုပ်ရနိုင်တယ်။ Phyo Paing @ Derek

ကိုယ့်လုပ်ငန်းက
ကိုယ်ပါမှ “လည်ပတ်” နေရင်
ချဲ့ထွင်လို့မရဘူး။
Read More »